အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၄၃

ငါ့နှုတ်ကပတ်တော်များကို လူတို့ “လွန်စွာစိတ်ဝင်စားမှု” ရှိနေခြင်းမှာ ငါ၏ စီမံခန့်ခွဲမှုအမိန့်များကြောင့်သာ ဖြစ်ကောင်းဖြစ်လိမ့်မည်။ ၎င်းတို့သည် ငါ၏ စီမံခန့်ခွဲမှုအမိန့်များ၏ အုပ်စိုးခြင်း မခံခဲ့ရပါက ၎င်းတို့အားလုံးသည် ခုတင် နှောင့်ယှက်ခံလိုက်ရသည့် ကျားများကဲ့သို့ ဟိန်းဟောက်နေကြပေလိမ့်မည်။ ငါ၏ စီမံခန့်ခွဲမှုအမိန့်များအားဖြင့် ငါ၏ချုပ်ထိန်းခြင်းခံထားရပြီး ကမ္ဘာမြေကိုဖုံးလွှမ်းထားသော လူသားတို့သည် ပျာယာခတ် လှုပ်ရှားနေသည်ကို ငါကြည့်ရှုလျက် နေ့စဉ် ငါသည် တိမ်များအပေါ်တွင် လှည့်ပတ်သွားလာ၏။ ဤနည်းအားဖြင့် လူသားမျိုးနွယ်ကို စနစ်တကျဖြစ်သော အခြေအနေတစ်ခု၌ ထိန်းသိမ်းထားခြင်းဖြင့် ငါ၏ စီမံခန့်ခွဲမှုအမိန့်များကို ငါဆက်လက်တည်တံ့စေသည်။ ဤအချိန်မှစ၍ ကမ္ဘာပေါ်ရှိ ထိုသူတို့သည် ငါ၏ စီမံခန့်ခွဲမှုအမိန့်များကြောင့် ပြစ်တင်ဆုံးမခြင်း အမျိုးမျိုးကို လက်ခံရရှိပြီး၊ ထိုပြစ်တင်ဆုံးမခြင်းများ ၎င်းတို့ အပေါ်သို့ ဆင်းသက်လာခြင်းကြောင့် လူသားလုံးသည် ကျယ်လောင်သော ပွက်လောညံခြင်းကို ပြုကြပြီး အရပ်ရပ်သို့ ထွက်ပြေးကြသည်။ ဤတစ်ခဏတွင် ကမ္ဘာမြေရှိ တိုင်းပြည်များသည် ချက်ချင်းပျက်စီးသည်၊ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည်ကြားရှိ အတားအဆီးများ မတည်ရှိတော့ပေ၊ နေရာတစ်နေရာနှင့် တစ်နေရာ ပိုင်းခြားထားခြင်းများ မရှိတော့၊ ထို့ပြင် လူတစ်ဦးနှင့် တစ်ဦးခွဲသည့် မည်သည့်အရာမျှ မရှိတော့ပေ။ လူတို့ တစ်ဦးနှင့်တစ်ဦး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရန်၊ ရန်ပွဲများ ထပ်မဖြစ်တော့စေရန် ငါသည် လူသားမျိုးနွယ်အလယ်တွင်ရှိသော “အတွေးအမြင်စနစ်ဆိုင်ရာအလုပ်” ကို လုပ်ဆောင်ရန် စတင်သည်။ ထို့ပြင် ငါသည် လူသားတို့၏ အလယ်တွင် ပေါင်းကူးတံတားများကို ဆောက်လုပ်ပေးပြီး ချိတ်ဆက်ပေးခြင်းများကို တည်ထောင်ပေးသည်နှင့် လူတို့သည် စည်းလုံးလာသည်။ ကမ္ဘာပေါ်ရှိအရာအားလုံး ငါ့အာဏာအောက်တွင် ပျပ်ဝပ်ကြစေရန်အလို့ငှာ ငါသည် အမြင့်ဆုံး ကောင်းကင်ဘုံကို ငါ့လုပ်ဆောင်ပုံ သရုပ်သကန်များနှင့်အတူ ဖြည့်ဆည်းမည်၊ “ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှု” အတွက် ငါ့အစီအစဉ်ကို အကောင်ထည်ဖော်ပြီး ငါ၏ ဤဆန္ဒတစ်ခုကို အသီးအပွင့် ဖြစ်ထွန်းစေမည်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားတို့သည် ကမ္ဘာမြေပေါ်တွင် “ခြေဦးတည့်ရာ သဝေထိုးခြင်း” ထပ်မရှိတော့ဘဲ သင့်လျော်သော ပန်းတိုင်တစ်ခုကို ဆိုင်းငံ့ခြင်းမရှိ ရှာတွေ့ရန်ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်အတွက် နည်းလမ်းမျိုးစုံ စဉ်းစားတွေးတောပေးပြီး ၎င်းကို ပြုလုပ်ရခြင်းမှာ လူသားအားလုံး ငြိမ်းချမ်း ပျော်ရွှင်ရာ နယ်မြေတွင် မကြာခင် နေလာစေနိုင်ရန်၊ ထိုသူတို့၏ အသက်တာ နေ့ရက်များတွင် ဝမ်းနည်းခြင်းနှင့် ညှိုးငယ်ခြင်းများ မရှိတော့စေရန်နှင့် ငါ့အစီအစဉ်သည် ကမ္ဘာမြေပေါ်တွင် အချည်းနှီးသက်သက် ဖြစ်မလာစေရန် အလို့ငှာဖြစ်သည်။ လူသည် ထိုနေရာတွင် တည်ရှိသောကြောင့် ငါသည် ငါ၏နိုင်ငံကို ကမ္ဘာမြေပေါ်တွင် တည်ဆောက်မည်။ အကြောင်းမှာ ငါ့ဘုန်း၏ သရုပ်သကန် အစိတ်ပိုင်းတစ်ခုသည် ကမ္ဘာမြေပေါ်တွင် ရှိသောကြောင့်ဖြစ်သည်။ အထက်ကောင်းကင်တွင် ငါသည် ငါ၏ မြို့များကို တည့်မတ်စေမည်ဖြစ်ပြီး အထက်နှင့် အောက်အရပ် နှစ်မျိုးလုံးရှိ အရာအားလုံးကို အသစ်ဖြစ်စေသည်။ ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ကောင်းကင်ပေါ်ရှိ အရာအားလုံးနှင့် တစ်စုတစ်စည်းတည်း ဖြစ်စေရန်အလို့ငှာ ငါသည် ကောင်းကင် နှင့် ကောင်းကင်အောက်တွင်ရှိသော အရာအားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်စေလိမ့်မည်။ ဤသည်မှာ ငါ၏ အစီအစဉ်ဖြစ်ပြီး ၎င်းသည် နောက်ဆုံးခေတ်တွင် ငါပြီးမြောက်စေမည့် အရာဖြစ်သည်။ မည်သူမျှ ငါ့အလုပ်၏ ဤအပိုင်းကို ဝင်မစွက်ဖက်စေနှင့်။ တစ်ပါးအမျိုးသားများ၏ နိုင်ငံများဆီသို့ ငါ့အလုပ်ကို ချဲ့ထွင်ခြင်းသည် ကမ္ဘာပေါ်ရှိ ငါ့အလုပ်၏ နောက်ဆုံးသော အပိုင်းဖြစ်သည်။ မည်သူ တစ်ဦးတစ်ယောက်မျှ ငါလုပ်ဆောင်မည့် အလုပ်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိနိုင်သောကြောင့် လူတို့သည် လုံးဝ စိတ်ရှုပ်ထွေးကြသည်။ ထို့ပြင် ငါသည် ကမ္ဘာပေါ်ရှိ ငါ့အလုပ်ဖြင့် အလုပ်ရှုပ်ပြီး မအားလပ်သောကြောင့် လူတို့သည် “ပြက်တီးပြက်ချော်လုပ်ရန်” အခွင့်အရေးယူကြသည်။ လွန်စွာထိန်းမနိုင်သိမ်းမရ ဖြစ်ခြင်းမှ ၎င်းတို့ကို ထိန်းရန် ငါသည် ၎င်းတို့အား မီးအိုင်၏ ဆုံးမပဲ့ပြင်ခြင်းကို ကြံ့ကြံ့ခံနိုင်ရန်အတွက် ငါ၏ ပြစ်တင်ဆုံးမခြင်းအောက်တွင် ဦးစွာ နေရာချထားသည်။ ဤသည်မှာ ငါ့အလုပ်ရှိ အဆင့်တစ်ခုဖြစ်ပြီး ငါသည် မီးအိုင်ကို ငါ၏ အလုပ်ကို ပြီးမြောက်စေရန် အသုံးချမည်။ ထိုသို့မဟုတ်လျှင် ငါ့အလုပ်ကို လုပ်ဆောင်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ငါသည် စကြဝဠာတစ်ဝန်းရှိ လူသတ္တဝါတို့ကို ငါ့ပလ္လင်ရှေ့မှောက်တွင် နာခံစေမည်။ ငါ၏ တရားစီရင်ခြင်းအရ သူတို့ကို မတူညီသော အမျိုးအစားများအဖြစ် ခွဲခြားပြီး ၎င်းတို့ကို ထိုအမျိုးအစားများအရ အဆင့်သတ်မှတ်ကာ ထို့နောက်တွင် ၎င်းတို့ကို မိသားစုများအဖြစ် အမျိုးတူစုမည်။ ထိုသို့အားဖြင့် လူသားအားလုံးတို့သည် ငါ့အား မနာခံခြင်းကို ရပ်တန့်စေရန်အလို့ငှာဖြစ်သည်။ ငါအမည်ပေးထားသော အမျိုးအစားများအရ သေသပ်ပြီး စနစ်တကျဖြစ်သော အစီအစဉ်ထဲသို့ ကျရောက်ကြလိမ့်မည်။ မည်သူမျှ ကြုံသလို လှုပ်ရှားခြင်း မရှိစေရ။ စကြဝဠာအနှံ့အပြားတွင် ငါသည် အသစ်သော အလုပ်ကို ပြုခဲ့သည်။ စကြဝဠာအနှံ့အပြားတွင် လူသားအားလုံးသည် ငါ၏ ရုတ်တရက် ပေါ်ထွန်းခြင်းကြောင့် မိန်းမော ဆွံ့အကြသည်။ ငါ၏ မြင်သာစွာ ပေါ်ထွန်းခြင်းကြောင့် သူတို့၏ မိုးကုတ်စက်ဝိုင်းများသည် တစ်ခါမျှမကြုံးစဖူး ပေါက်ကွဲသည်။ ယနေ့အချိန်သည် ထိုကဲ့သို့ တိကျစွာတူညီနေသည် မဟုတ်ပါလော။

ပထမခြေလှမ်းကို ငါလှမ်းခဲ့ပြီး ငါ့အလုပ်၏ ပထမအပိုင်းကို တိုင်းနိုင်ငံနှင့် လူမျိုးအားလုံးအကြားတွင် အစပြုခဲ့ပြီး ဖြစ်သည်။ အသစ်တစ်ဖန် အစပြုရန် ငါ၏ အကြံအစည်ကို ငါဖျက်မည်မဟုတ်။ တစ်ပါးအမျိုးသားတိုင်းနိုင်ငံများ အကြားရှိ အလုပ်အစီအစဉ်သည် ကောင်းကင်ဘုံရှိ ငါ့အမှု၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တည်ထောင်ထားခြင်း ဖြစ်သည်။ လူသတ္တဝါအားလုံးသည် ငါ၏ အမူအရာတိုင်းနှင့် ငါ၏ လှုပ်ရှားမှုတိုင်းကို မျှော်ကြည့်ရန် မိမိတို့၏ မျက်လုံးများကို ချီပင့်ကြသည့်အချိန်မှာ ငါသည် လောကတစ်ခုလုံးကို မြူဆိုင်းစေမည့် အချိန်ဖြစ်သည်။ လူသားတို့၏ မျက်လုံးများသည် ချက်ချင်းပင် ဝေဝါးကာ ကန္တာရက သိုးကဲ့သို့ ဦးတည်ချက်ကို မရှာနိုင်ဘဲရှိသည်။ ထို့အပြင် လေပြင်းမုန်တိုင်း စတင်တိုက်ခတ်သောအခါ ထိုအသံများသည် သူတို့၏ ငိုကြွေးသံများကို ဖုံလွှမ်းသွားသည်။ လေလှိုင်းများ၏ အလယ်တွင် လူသားသဏ္ဌာန်များကို ရေးရေးမျှသာ တွေ့မြင်ရသည်။ သို့သော်လည်း လူသားတို့၏ အသံကို မကြားရ။ အဆုံးစွန်သော အသံဖြင့် လူသားတို့ အော်ဟစ်သော်လည်း သူတို့၏ အားထုတ်မှုသည် အချည်းနှီးပင် ဖြစ်သည်။ ထိုအချိန်တွင် လူသားတို့သည် မိုးကောင်းကင်မှ ကယ်တင်ရှင် ရုတ်ချည်းကျလာပြီး အတိုင်းမသိ ကျယ်ပြောလှသော ကန္တာရမှ ဦးဆောင်ကာ ကယ်ထုတ်လိမ့်မည်ဟု မျှော်လင့်လျက် ကျယ်လောင်စွာ ငိုကြွေး မြည်တမ်းကြသည်။ သို့သော်လည်း ထိုသူတို့၏ ယုံကြည်ခြင်းသည် မည်မျှပင် အားကြီးစေကာမူ၊ ကယ်တင်ရှင်သည် မလှုပ်ရှားသောကြောင့် လူသား၏ မျှော်လင့်ခြင်းတို့သည် ပြိုကွဲပျက်ပြားကုန်သည်။ ထွန်းညှိထားသော ယုံကြည်ခြင်း မီးသည် ကန္တာရမှ တိုက်ခတ်လာသော လေပြင်းမုန်တိုင်း၏ ငြှိမ်းသတ်ခြင်းကို ခံရပြီး လူသားသည် လူသူမနေထိုင်သော ကျတ်တီးမြေအရပ်တွင် လဲလျောင်းကာ နောင်ဘယ်သောအခါမှ တောက်ပသော မီးတုတ်ကို မထွန်းညှိနိုင်တော့ဘဲ သတိလစ်မေ့မြောသွားသည်။ ထိုအခိုက်အတန့်ကို အရယူလျက် ငါသည် လူ၏ မျက်စိရှေ့တွင် အိုအေစစ်တစ်ခုကို အလျင်အမြန် ဖြစ်ပေါ်စေသည်။ သို့သော်လည်း သူ၏ စိတ်သည် အလွန့်အလွန် ဝမ်းသာကောင်း ဝမ်းသာနေစဉ်တွင် လူသား၏ခန္ဓာကိုယ်သည် လေးဘက်ထောက်လျက်ရှိနေပြီး အားအင်ချည့်နဲ့လှသည်။ အိုအေစစ်ထဲတွင် နှစ်သက်ဖွယ်ကောင်းသော အသီးများကို သူတွေ့မြင်ရသော်လည်း ထိုအသီးများကို ခူးဆွတ်နိုင်သောအားအင် သူ၌မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ “အတွင်းတွင်ရှိသော အားအင်များ” အားလုံးမှာ ဘာမျှမကျန်တော့သည်အထိ အသုံးခံလိုက်ရသောကြောင့် ဖြစ်သည်။ ငါသည် လူသားလိုအပ်သောအရာများကို ယူကာပေးသော်လည်း သူလုပ်သည့်အရာဆို၍ ပျော်ရွှင်ခြင်းကင်းမဲ့သော မျက်နှာဖြင့် တစ်ခဏသာခံသည့်အပြုံးကို လျှပ်တပြက် ပြုံးပြခြင်းပင် ဖြစ်သည်။ လူသားမျိုးနွယ်၏ ခွန်အားတစ်ခုမကျန်သည် အရိပ်အယောင်လုံးဝမကျန်ဘဲ တိုက်ခတ်နေသောလေနှင့်အတူ လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ထိုအကြောင်းကြောင့် လူသား၏ မျက်နှာသည် အမူအရာ လုံးဝကင်းမဲ့လျက် မိမိ၏ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်နေသာ မိခင်တစ်ဦး၏ နူးညံ့သိမ်မွေ့သော စေတနာမေတ္တာ ပါဝင်သည့် နီရဲနေသော လူသား၏ မျက်လုံးများမှ ချစ်ခင်မှု၏ ရောင်ခြည်တန်း တစ်ခုသာလျှင် ဖြာထွက်နေပေသည်။ မကြာမကြာဆိုသကဲ့သို့ လူသား၏ ခြောက်သွေ့ကွဲအက်နေသော နှုတ်ခမ်းသည် စကားပြောတော့မည့်အလား ရိုးတိုးရွတ လှုပ်ရှားသော်လည်း ထိုသို့ ပြောဆိုရန်ပင် အားအင်မရှိပေ။ ငါသည် လူသားကို ရေအချို့ပေးသော်လည်း သူသည် ခေါင်းခါလျက်သာနေ၏။ ထိုကဲ့သို့ အပြောင်းအလဲမြန်ပြီး အစိုးမရသော အမူအရာများမှ ငါနားလည်သဘောပေါက်လိုက်သော အရာမူကား လူသားသည် မိမိကိုယ်တိုင်တွင် မျှော်လင့်ခြင်းအားလုံး ပျောက်ဆုံးနှင့်ပြီးဖြစ်ကာ၊ ငါ့ကိုသာ အသနားခံသော မျက်လုံးများဖြင့် ကြည့်လျက် တစ်စုံတစ်ခုသော အရာအတွက် တောင်းပန်နေသကဲ့သို့ရှိသည်။ သို့သော်လည်း လူသားတို့၏ ထုံးတမ်းများနှင့် ဓလေ့စရိုက်များကို မသိနားမလည်သောကြောင့် လူသားတို့၏ မျက်နှာသွင်ပြင်များနှင့် အမူအရာများသည် ငါ၏ စိတ်ကို ရှုပ်ထွေးစေသည်။ လူသားဖြစ်တည်မှု၏ နေ့ရက်များသည် အဆုံးသို့နီးကပ်လာနေကြောင်းကို ထိုအခိုက်အတန့်၌သာလျှင် ရုတ်တရက် ငါသိလိုက်ရပြီး သူ့အပေါ် ကရုဏာသက်သော အမြင်နှင့် ငါကြည့်သည်။ ထိုအခိုက်အတန့်၌သာလျှင် လူသားသည် သူ၏ ဆန္ဒတိုင်းကို သူဖြည့်ဆည်းပြီးသွားသည့်အလား ရွှင်လန်းသောအပြုံးကို ပြလေသည်။ လူသားတို့သည် ဝမ်းမနည်းကြတော့။ ကမ္ဘာပေါ်တွင် လူတို့သည် ဘဝ၏ဟာလာဟင်းလင်းဖြစ်မှုကို ညည်းညူခြင်း မပြုကြတော့ဘဲ “အသက်” နှင့် အဆက်အဆံပြုခြင်းအားလုံးကို ရပ်တန်းက ရပ်ကြသည်။ ထိုအချိန်မှစ၍ ကမ္ဘာပေါ်တွင် သက်ပြင်းချခြင်းများ ရှိတော့မည် မဟုတ်ဘဲ လူသားမျိုးနွယ်တို့ နေထိုင်သော နေ့ရက်များသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်လိမ့်မည်။

ငါ၏အလုပ်ကို လူသားတို့ ဝင်ရောက်မစွက်ဖက်စေရန် ငါ၏အလုပ်ကို မလုပ်ဆောင်မီ လူသားတို့၏ အမှုကိစ္စများကို သင့်တင့်လျောက်ပတ်စွာ စီစဉ်ထားမည်။ လူသားတို့၏ အမှုကိစ္စများသည် ငါ၏ ပင်မအရာ မဟုတ်သည့်အပြင် လူသားမျိုးနွယ်၏ အမှုကိစ္စများသည် အလွန်အရေးမပါသော အရာများဖြစ်သည်။ လူသားတို့၏ လုပ်နိုင်စွမ်းအားသည် အလွန်နည်းပါးသောကြောင့် လူသားတို့သည် ပုရွက်ဆိတ်တစ်ကောင်ကိုပင် သနားကြင်နာမှု မပြသလိုပုံရသည်၊ သို့မဟုတ် ပုရွက်ဆိတ်များသည် လူသားများ၏ ရန်သူဟု ဆိုကြသည်၊ လူသားတို့အကြားတွင် အမြဲတမ်း ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။ လူတို့ပြုသည့် ထိုကဲ့သို့သော ရုတ်ရုတ်သဲသဲအသံများကို နားထောင်လျက် ငါသည် နောက်တစ်ကြိမ် စွန့်ခွာကာ ထိုသူတို့၏ ဇာတ်လမ်းများကို အရေးမစိုက်တော့ပေ။ လူသားတို့၏ အမြင်တွင်မူ၊ ငါသည် “ဒေသခံများ” ထဲမှ “မိသားစုကြား အငြင်းပွားဖွယ် ပြသနာများ” ကို ဖြေရှင်းရာတွင် ကျွမ်းကျင်သော “ဒေသခံကောမတီ” တစ်ဦး ဖြစ်သည်။ လူတို့သည် ငါ့ရှေ့မှောက်သို့ လာသောအခါ ကိုယ်ပိုင် အကြာင်းပြချက်များကို သူတို့နှင့်အတူ အစဉ်သဖြင့် ယူဆောင်လာကြပြီး နိုင်ထက်စီးနင်းကျသော စိတ်အားထက်သန်မှုများနှင့် သူတို့ “ရှားပါးသော အတွေ့အကြုံများ” ကို ပြန်လည်ရေတွက်ရင်း၊ ပြောရင်းဆိုရင်းနှင့် သူတို့ကိုယ်တိုင်၏ ရှင်းလင်းချက်များကို ထည့်ပြောကြသည်။ ငါသည် လူသားတို့၏ ထူးခြားလှသော အမူအရာများကို ကြည့်လိုက်သောအခါ၊ သူတို့၏ မျက်နှာသည် မြေမှုန့်နှင့် ပေကျံနေပြီး ထိုမြေမှုန့်မှာ “တသွင်သွင်စီးနေသော” ချွေးအောက်တွင် ချွေးနှင့် ချက်ချင်းရောနှောသွားသောကြောင့် မိမိ၏ “လွတ်လပ်ခြင်း” ကို ဆုံးရှုးသွားသည့် မြေမှုန့်ဖြစ်သည်။ ထိုသို့အားဖြင့် လူသားတို့၏ မျက်နှာသည် ခြေရာများကို ရံဖန်ရံခါ တွေ့မြင်ရနိုင်သော ကမ်းခြေသောင်ယံတို့တွင်ရှိသော သဲများကဲ့သို့ တိုး၍ “တန်ဖိုးတက်” လာသည်။ သူတို့၏ ဆံပင်များသည် သေဆုံးပြီးသော တစ္ဆေတို့၏ ဆံပင်များနှင့်တူကာ အရောင်စိုခြင်း ကင်းမဲ့လျက် ကမ္ဘာလုံးထဲသို့ စိုက်ဝင်နေသည့် ကောက်ရိုးအပိုင်းအစများကဲ့သို့ တည့်တည့် ထောင်မတ်နေကြသည်။ ရှူးရှူးရှားရှား အမျက်ထွက်သည်အထိ မိမိကိုယ်ကို ဒေါသထွက်စေသည်ထိတိုင် သူသည် ဒေါသအလွန်ကြီးသောကြောင့် သူ၏ မျက်နှာသည် ချွေးတဒီးဒီးကျသကဲ့သို့ “အငွေ့” ကို ပြတ်တောင်းပြတ်တောင်း ထုတ်လွှတ်သည်။ သူ့ကို စေ့စေ့ကြည့်ရှုသောအခါ လူသား၏မျက်နှာသည် ချစ်ချစ်တောက်ပူသော နေမင်းကဲ့သို့ “မီးတောက်များ” နှင့် ဖုံးလွှမ်းနေသည်ကို ငါမြင်ရသည်။ ထို့အတွက်ကြောင့်ပင် ထိုမျက်နှာမှ အငွေ့ပူများ အလုံးလိုက် အလုံးလိုက် တထောင်းထောင်းထနေခြင်းဖြစ်ပြီး သူကိုယ်တိုင်ကမူ ဂရုမစိုက်သော်လည်း သူ၏ ဒေါသသည် သူ့မျက်နှာကို လောင်ကျွမ်းသွားမည်ကို ငါသည် အကယ်ပင်စိုးရိမ်၏။ ထိုအဆင့်တွင် ငါသည် လူသားကို သူ၏ ဒေါသကို အနည်းငယ်မျှ လျှော့ရန်တိုက်တွန်းသည်။ ထိုအရာမှာ အဘယ်ကောင်းကျိုး ပြုသနည်း။ အဘယ်ကြောင့် ဤသို့နေမည်နည်း။ စိတ်ဆိုးဒေါသထွက်သောကြောင့် ဤ “ကမ္ဘာလုံး” ၏ မျက်နှာပြင်ပေါ်ရှိ ကောက်ရိုးမျှင်တံများသည် နေမင်း၏ မီးတောက်များကြောင့် လောင်ကျွမ်းကုန်သလောက် ဖြစ်သွားသည်။ ဤကဲ့သို့သော အခြေအနေများတွင် “လမင်း” သည်ပင်လျှင် အနီရောင်သို့ ပြောင်းလဲသည်။ လူသား၏ ဒေါသကို အစွန်းမရောက်စေရန် သူ့အား ငါတိုက်တွန်း၏။ သူ၏ ကျန်းမာရေးကို စောင့်ရှောက်ရန် အရေးကြီးသည်။ သို့သော်လည်း လူသားသည် ငါ၏ အကြံပြုချက်ကို နားမထောင်သည့်အပြင် ငါ့ကို “ညည်းညူတိုင်တန်းခြင်းများ” ကို ဆက်ပြုလျက်ပင်ရှိသည်။ ထိုအရာသည် အဘယ် အသုံးဝင်သနည်း။ ငါ၏ ဆုလာဘ်သည် လူသားတို့၏ ခံစားရန်အတွက် မလောက်ငှသောကြောင့် မဟုတ်သည်ကား သေချာသည်မဟုတ်လော။ ထိုသို့မဟုတ်က သူသည် ငါပေးသောအရာကို ငြင်းပယ်ခြင်းကြောင့်လော။ ရုတ်တရက် ဒေါသအလွန်ထွက်သော အချိန်တွင် ငါသည် စားပွဲကို လှန်ချလိုက်သောကြောင့် လူတစ်စုံတစ်ဦးမျှ သူတို့၏ စိတ်လှုပ်ရှားဖွယ်ရာကောင်းသော ဇာတ်လမ်းမှ အပိုင်းများကို ပြန်လည် မပြောပြရဲတော့ဘဲ ငါသည် သူ့ကို ရက်အတန်မျှ စောင့်ဆိုင်းထားစေရန် “ထိန်းသိမ်းရေးစခန်း” သို့ ခေါ်ဆောင်သွားမည်ကို ကြောက်ရွံ့ပြီး ငါဒေါသူပုန်ထခြင်းကြောင့် ရလာသည့် အခွင့်အရေးကို ထွက်ပြေးလွတ်မြောက်ရန် အရယူလေသည်။ ထိုသို့မှမဟုတ်လျှင် လူသားသည် မည်သည့် အရာကိုမျှ အနားပေးလိုလိမ့်မည် မဟုတ်ဘဲ သူကိုယ်တိုင်၏ ရွှန်းရွှန်းဝေစကားများကို သွက်လက်ချက်ချာစွာ ဆက်ပြောနေလိမ့်ဦးမည်ဖြစ်သည်။ ငါသည် ထိုအသံများကြောင့် အလွန်စိတ်ကုန်လှပြီ။ အဘယ်ကြောင့် လူသားတို့၏ အတွင်းစိတ်နှလုံးများသည် အလွန်ရှုပ်ထွေးသနည်း။ လူသားတို့၏ ပင်ကိုသဘောထဲသို့ အလွန်များပြားသော “အပိုအစိတ်အပိုင်းများ” ကို ငါထည့်ခဲ့ခြင်းကြောင့်များ ဖြစ်နိုင်သလော။ အဘယ့်ကြောင့် သူသည် ငါ့ရှေ့တွင် အမြဲတမ်း ပုံကြီးချဲ့ပြနေသနည်း။ ငါသည် “တရားမရေးရာ အငြင်းပွားမှုများ” ကို ဖြေရှင်းရန်အတွက် “အတိုင်ပင်ခံပုဂ္ဂိုလ်” မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ ငါသည် လူသားတို့ကို ငါ့ထံသို့လာရန် တောင်းဆိုခဲ့ပါ၏လော။ ငါသည် အောက်ရုံးတရားသူကြီး မဟုတ်သည်ကား သေချာသည် မဟုတ်လော။ လူတို့အကြားမှ အမှုကိစ္စများကို အဘယ့်ကြောင့် ငါထံသို့ အမြဲကြားလျှောက်ကြသနည်း။ ငါမျှော်လင့်သော အရာမူကား ငါ့ကို အနှောင့်အယှက်မပြုဘဲ လူသားတို့သည် မိမိကိုယ်ကို ကြည့်ရှု စောင့်ရှောက်ကြရန် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ငါ၌ လုပ်ဆောင်စရာ အလုပ်များစွာ ရှိသောကြောင့် ဖြစ်သည်။

၁၉၉၂ ခုနှစ်၊ မေလ ၁၈ ရက်

ယခင်က:အခန်း ၄၂

နောက်တစ်ခုသို့:အခန်း ၄၄

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ လက်ရွေးစင်များ သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ