အခန်း ၄၂

အမှုသစ်စလျှင်စချင်း လူအပေါင်းတို့သည် ဝင်ရောက်မှု အသစ်တစ်ခုကို ရကြပြီး ငါနှင့်အတူ လက်ချင်းချိတ်လျက် ရှေ့ဆက်ကြမည် ဖြစ်သည်။ ငါတို့သည် နိုင်ငံတော်၏ ကြီးမားသောလမ်းမကြီးပေါ် အတူတကွ လျှောက်လှမ်းကြကာ လူသားနှင့်ငါ့အကြားတွင် နက်ရှိုင်းသောရင်းနှီးကျွမ်းဝင်မှု ရှိလေမည်။ လူသားအပေါ် ငါ၏ခံစားချက်များကို ပြရန်နှင့် ငါ၏သဘောထားကို ဖော်ပြရန် ငါသည် လူသားကို အမြဲစကားပြောနေခဲ့သည်။ သို့သော်လည်း ဤနှုတ်ကပတ်တော်ထဲမှ အချို့တို့သည် လူတို့ကို နာကျင်စေနိုင်လင့်ကစား အချို့တို့မှာ ၎င်းတို့အတွက် ကြီးစွာအထောက်အကူ ဖြစ်စေနိုင်သောကြောင့် ငါ၏နှုတ်မှထွက်သော နှုတ်ကပတ်တော်တို့ကို ပို၍မကြာမကြာ နားထောင်ကြရန် လူတို့အား ငါအကြံပြု၏။ ငါ၏မိန့်မြွက်ချက်များမှာ အထူးရည်မွန်ခြင်း မရှိကောင်းမရှိနိုင်သော်လည်း ၎င်းတို့အားလုံးမှာ ငါ၏စိတ်နှလုံးထဲမှ အရင်းခံ ထွက်ပေါ်လာသော နှုတ်ကပတ်တော်များဖြစ်သည်။ လူသားမျိုးနွယ်သည် ငါ၏မိတ်ဆွေဖြစ်ခြင်းကြောင့် ငါသည် ငါ၏အမှုကို လူသားအကြားတွင် ဆက်၍ လုပ်ဆောင်နေခဲ့ခြင်းဖြစ်ပြီး လူသားသည်လည်း ငါ၏အမှုအား အနှောင့်အယှက်ပေးမိမည်ကို လွန်စွာစိုးရိမ်လျက် ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် သူ၏အစွန်းကုန် လုပ်ဆောင်၏။ ဤအခိုက်အတန့်တွင် ငါသည် လူတစ်စုကို ရခဲ့ပြီးသောကြောင့် ငါ၏စိတ်နှလုံးသည် ကြီးစွာသော ဝမ်းမြောက်ခြင်းနှင့် ပြည့်လျက်ရှိပြီး ငါ၏ “လုပ်ငန်း” သည် ဆုတ်လျော့ကျဆင်းခြင်း မရှိတော့ပေ၊ ၎င်းမှာ အဓိပ္ပာယ်မရှိသော စကားလုံးများ မဟုတ်တော့ပေ၊ ထို့ပြင် ငါ၏ “အထူးထုတ်ကုန်စျေးကွက်” မှာ နှေးကွေးလေးလံစွာ လည်ပတ်နေခြင်း မဟုတ်တော့ပေ။ စင်စစ်အားဖြင့် လူတို့သည် အသိတရားရှိကြပေသည်- ၎င်းတို့အားလုံးသည် ငါ၏နာမနှင့် ငါ၏ဘုန်းအသရေအတွက် “၎င်းတို့ကိုယ်ကို ဆက်ကပ်” လိုကြသည်၊ ထို့အပြင် ဤနည်းဖြင့်သာ ငါ၏ “အထူးစတိုးဆိုင်” သည် “ကုန်ပစ္စည်း” အသစ်အချို့ကို ရရှိလာခြင်းဖြစ်ပြီး၊ ထိုသို့အားဖြင့် ဝိညာဉ်ရေးရာ နယ်ပယ်တွင် များစွာသော “ဖောက်သည်များ” သည် ငါ၏ “ကုန်ပစ္စည်းများ” ကို ဝယ်ယူရန် လာကြသည်။ ဤအခိုက်အတန့်မှစ၍သာ ငါသည် ဘုန်းအသရေကို အမှန်ရပြီး၊ ထိုအချိန်တွင်သာ ငါ၏နှုတ်မှပြောသော နှုတ်ကပတ်တော်များမှာ အချည်းနှီး မဟုတ်တော့ခြင်း ဖြစ်သည်။ ငါသည် အောင်ပန်းဆွတ်ခဲ့ကာ အောင်မြင်မှုဖြင့် ပြန်လာခဲ့၍၊ လူအပေါင်းတို့သည် ငါ့ကို ချီးကျူးဂုဏ်ပြုကြလေမည်။ ငါ့အပေါ် ၎င်း၏လေးစားမှုကို ပြရန်၊ ၎င်းသည် ငါ၏ခြေအောက်၌ အညံ့ခံကြောင်းကို ပြရန်၊ ဤအခိုက်အတန့်တွင် အဆင်းနီသော နဂါးကြီးသည်လည်း “ချီးကျူးဂုဏ်ပြုရန်” လာပြီး၊ ယင်းကို ငါ ဘုန်းအသရေအဖြစ် ရှုမြင်သည်။ ဖန်ဆင်းခြင်းအချိန်မှစ၍ ယနေ့တိုင်အောင် ငါသည် အောင်မြင်သော တိုက်ပွဲများစွာကို တိုက်ခဲ့ပြီးဖြစ်၍ ချီးမွမ်းဖွယ်ကောင်းသော အမှုအရာများစွာကို ပြုခဲ့ပြီးဖြစ်သည်။ လူများစွာတို့သည် တစ်ချိန်က ငါ့ကို ချီးကျူးဂုဏ်ပြုကြပြီး ငါ့ကို ချီးမွမ်းကြ၍ ငါ့အတွက် ကခုန်ခဲ့ကြသည်။ ဤအရာများမှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းပြီး မမေ့လျော့နိုင်သော မြင်ကွင်းများ ဖြစ်သော်လည်း၊ ငါသည် ငါ၏အပြုံးကို မည်သည့်အခါမျှ မပြခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ငါသည် လူသားကို မသိမ်းပိုက်ရသေးခြင်းကြောင့်ဖြစ်ပြီး ဖန်ဆင်းခြင်းနှင့်ဆင်တူသော အမှု၏တစ်စိတ်တစ်ပိုင်းကို ပြုနေခဲ့ခြင်းမျှသာ ဖြစ်သောကြောင့်ပေတည်း။ ယနေ့သည် အတိတ်နှင့် မတူညီပေ။ ငါသည် ပလ္လင်ပေါ်မှနေ၍ ပြုံးနေ၏၊ ငါသည် လူတို့ကို သိမ်းပိုက်ပြီးဖြစ်၍ လူအပေါင်းသည် ငါ့ရှေ့တွင် ပျပ်ဝပ်၍ ကိုးကွယ်ကြသည်။ ယနေ့ကာလမှ လူများသည် အတိတ်က လူများမဟုတ်ပေ။ ငါ၏အမှုသည်လည်း မည်သို့လျှင် ပစ္စုပ္ပန်အတွက်မဟုတ်ဘဲ နေမည်နည်း။ ၎င်းမှာ မည်သို့လျှင် ငါ၏ဘုန်းအသရေအတွက် မဟုတ်ဘဲနေမည်နည်း။ ပို၍တောက်ပသော မနက်ဖြန်အဖို့အလို့ငှာ၊ ငါ၏ဘုန်းအသရေအလုံးစုံသည် ဖန်ဆင်းခံရသော လူသား၌ “တည်” နေစေရန်၊ ငါသည် ငါ၏အမှုအားလုံးကို လူသားအား ကြိမ်ဖန်များစွာ ရှင်းလင်းပြမည်။ ငါသည် ဤအရာကို ငါ့အမှု၏ အခြေခံသဘောတရားအဖြစ် မှတ်ယူမည်။ ငါနှင့်ပူးပေါင်းဆောင်ရွက် လိုသူတို့၊ ပိုများသော ငါ၏ဘုန်းအသရေသည် မိုးမျက်နှာကြက်ကို ပြည့်သွားစေရန် ထ၍ ကြိုးစားလုပ်ဆောင်ကြလော့။ ယခုအချိန်မှာ ကြီးမားသော အစီအစဉ်များကို လုပ်ဆောင်ရန် အချိန်ဖြစ်သည်။ ငါ့ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်၌ ရှိသောသူအပေါင်းတို့သည် ငါနှင့်အတူ ဤနေရာတွင် ၎င်းတို့၏ စွမ်းရည်များကို အသုံးပြုရန် အခွင့်အရေးရကြသည်ဖြစ်၍၊ အမှုအရာအားလုံးကို ငါ၏အမှုအတွက် “လည်စေရန်” ငါကိုင်တွယ်ထိန်းသိမ်းမည်။ ကောင်းကင်တွင် ပျံသန်းနေသော ငှက်များမှာ ကောင်းကင်ပေါ်မှ ငါ၏ဘုန်းအသရေဖြစ်သည်၊ မြေကြီးပေါ်မှ ပင်လယ်များမှာ မြေကြီးပေါ်တွင် ငါ၏လုပ်ဆောင်ချက်များဖြစ်သည်၊ အရာခပ်သိမ်း၏ သခင်မှာ အရာခပ်သိမ်းအကြားရှိ ငါ၏သရုပ်သကန်ဖြစ်သည်၊ ထို့ပြင် အရာခပ်သိမ်းတို့ကို ပွားများစေ၍ ရှင်သန်ဖွံ့ဖြိုးစေကာ အသက်ဖြင့် တောက်ပစေလျက် မြေကြီးပေါ်၌ ရှိရှိသမျှတို့ကို ငါ၏စီမံခန့်ခွဲမှုအတွက် အရင်းအဖြစ် ငါအသုံးပြု၏။

ကမ္ဘာမြေကြီးပေါ်မှ ငါ၏အမှုသည် နောက်ဆုံးသောခေတ်တွင် လုံးဝအဆုံးသတ်လိမ့်မည်ဟု ဖန်ဆင်းခြင်းအချိန်တွင် ငါဆုံးဖြတ်ထားနှင့်ပြီး ဖြစ်သည်။ ငါ၏အမှုအဆုံးသတ်သောအချိန်မှာ ငါ၏လုပ်ဆောင်ချက်အားလုံးကို မိုးမျက်နှာကြက်တွင် ထင်ရှားစေမည့် အချိန်ပင်ဖြစ်သည်။ ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်ရှိ လူများအသိအမှတ်ပြုစေရန် ငါပြုမည်၊ ထို့ပြင် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ အလျှော့ပေးကြရမည့် လူအပေါင်းတို့က အသိအမှတ်ပြုကြစေရန် ငါသည် “တရားပလ္လင်” ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်။ ထို့ကြောင့် ဤနောက်ပိုင်းတွင် ငါသည် အတိတ်က ခေတ်ကာလများ၌ မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိသော လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်မည်။ ငါ၏ဉာဏ်ပညာ၊ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီအောင် နက်နဲခြင်းတို့သည် လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးတွင် အသိအမှတ်ပြုခံရပြီး သက်သေထင်ရှားစေရန် ယနေ့မှစတင်ကာ ငါ၏လုပ်ဆောင်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်းစေမည်။ အထူးသဖြင့် ငါ၏လုပ်ရပ်များကို “တရားသူကြီးများ” က တရားစီရင်ကြပြီး “ရှေ့နေများ” က “ခုခံချေပ” ကြသည်အထိ ကမ္ဘာမြေကြီးကို အစိုးရသောအဖွဲ့အားလုံးက ငါ၏လုပ်ဆောင်ချက်များကို အသိအမှတ်ပြုလာကြရမည်၊ ဤသို့ဖြင့် ငါ၏လုပ်ရပ်များသည် အသိအမှတ်ပြုခြင်းကို ခံကြရမည်ဖြစ်ပြီး လူအပေါင်းတို့ ခေါင်းငုံ့ အလျှော့ပေးရန်အကြောင်း ဖြစ်စေမည်။ ဤအချိန်မှစတင်၍ ငါ၏လုပ်ဆောင်ချက်များကို လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးက အသိအမှတ်ပြုကြမည်ဖြစ်ပြီး၊ ဤအခိုက်အတန့်သည် ကမ္ဘာမြေကြီးပေါ်၌ ဘုန်းအသရေအလုံးစုံကို ငါရသော အခိုက်အတန့်ဖြစ်လိမ့်မည်။ ထိုအချိန်တွင် ငါသည် လူသားထံ ပေါ်ထွန်းလာမည်ဖြစ်ပြီး ပုန်းကွယ်နေတော့မည် မဟုတ်ပေ။ လက်ရှိတွင် ငါ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ အထွတ်အထိပ်သို့ မရောက်သေးပေ။ ငါ၏အမှုသည် ရှေ့သို့တိုးတက်နေပြီး၊ ထိုအမှုသည် အထွတ်အထိပ်သို့ ရောက်သွားသောအခါ အဆုံးသတ်သွားမည်ဖြစ်သည်။ ငါသည် တိုင်းနိုင်ငံအပေါင်းရှိ လူတို့ကို လုံးလုံးသိမ်းပိုက်မည်၊ ကြမ်းကြုတ်ရက်စက်သော သားရဲများကို ငါ့ရှေ့တွင် သိုးသငယ်များကဲ့သို့ ယဉ်ပါးစေရန် ငါပြုမည်ဖြစ်ပြီး အဆင်းနီသောနဂါးကြီးအား ကမ္ဘာမြေကြီးပေါ်ရှိ လူများကဲ့သို့ ငါ့ရှေ့တွင် အရှုံးပေးစေရန် ငါပြုမည်။ ငါသည် ကောင်းကင်ဘုံရှိ ငါ၏ရန်သူအပေါင်းကို အနိုင်ယူမည်ဖြစ်ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏ရန်ဘက်အပေါင်းတို့ကို သိမ်းပိုက်ခြင်းကို ခံရစေရန် ငါပြုမည်။ ဤသည်မှာ ငါ၏အစီအစဉ်ဖြစ်ပြီး ငါ့လုပ်ဆောင်ချက်များ၏ အံ့သြဖွယ်ကောင်းခြင်းဖြစ်သည်။ လူသားသည် သဘာဝတရား၏ လွှမ်းမိုးမှုအောက်၊ ငါ၏လမ်းညွှန်မှုအောက်၌သာ အသက်ရှင်နိုင်သည်၊ သူသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို မချမှတ်နိုင်ပေ။ ငါ၏လက်မှ မည်သူလွတ်မြောက်နိုင်သနည်း။ ငါသည် သဘာဝတရားအားလုံးကို အတန်းအစားအမျိုးမျိုး ခွဲဝေသတ်မှတ်ထား၍ ၎င်းကို နိယာမများအတွင်း တည်ရှိနေစေ၏၊ ဤအရာကြောင့်သာလျှင် ကမ္ဘာမြေကြီးပေါ်တွင် နွေဦးရာသီ၏ အနွေးဓာတ်နှင့် ဆောင်းဦးရာသီ၏ အအေးဓာတ်ကဲ့သို့သော နိယာမများ ရှိနေခြင်းဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ပန်းများသည် ဆောင်းရာသီ၌ ညှိုးနွမ်းပြီး နွေရာသီ၌ ဖူးပွင့်ရသည့်အကြောင်းရင်းမှာ ငါ့လက်၏ အံ့သြဖွယ်ကောင်းခြင်းကြောင့် ဖြစ်သည်၊ ငန်းများသည် ဆောင်းရာသီ၌ တောင်အရပ်သို့ ပျံသန်းကြသည့်အကြောင်းရင်းမှာ ငါသည် အပူချိန်ကို ချိန်ညှိခြင်းကြောင့်ဖြစ်ပြီး၊ ပင်လယ်များ မြည်ဟည်းရသည့် အကြောင်းရင်းမှာ ရေမျက်နှာပြင်ပေါ်တွင်ရှိသော အရာများကို ငါနစ်မြုပ်စေလိုခြင်းကြောင့်ဖြစ်သည်။ မည်သည့်အရာသည် ငါ၏စီစဉ်ခြင်းကို မခံရသနည်း။ ဤအခိုက်အတန့်မှစ၍ ငါ၏နှုတ်ကပတ်တော်များသည် လူသား၏ “သဘာဝဘောဂဗေဒ” ကို လုံးလုံးလျားလျား နှိမ်နင်းပစ်မည်ဖြစ်ပြီး၊ လူတို့သည် “သဘာဝနိယာမများ” တည်ရှိခြင်းကြောင့် ငါရှိနေခြင်းကို ဖျက်ဆီးကြတော့မည် မဟုတ်ပေ။ အရာခပ်သိမ်းကို အုပ်စိုးသောအရှင်၏ တည်ရှိခြင်းကို မည်သူသည် နောက်ထပ် ငြင်းဆန်လိမ့်မည်နည်း။ ကောင်းကင်ဘုံတွင် ငါသည် ဦးခေါင်းဖြစ်၏၊ အရာခပ်သိမ်းအလယ်၌ ငါသည် အရှင်ဖြစ်ပြီး လူအားလုံးအလယ်တွင် ငါသည် အထင်ရှားဆုံးဖြစ်သည်။ မည်သူသည် ဤအရာကို “ဆေးရောင်” ဖြင့် ပေါ့ပေါ့တန်တန် သုတ်လိမ်းဝံ့သနည်း။ မုသားများသည် သမ္မာတရား၏တည်ရှိခြင်းကို နှောင့်ယှက်နိုင်သလော။ အဖိုးတန်သော ဤအခွင့်အခါတွင် ငါသည် လူသား၏ ဝင်ရောက်စွက်ဖက်ခြင်းကို မခံတော့ဘဲ စက်ယန္တရားများကို ဆက်၍ “လည်ပတ်” နေစေကာ ငါ၏လက်ထဲ၌ရှိသော အမှုကို နောက်ထပ်တစ်ကြိမ် စတင်မည်ဖြစ်သည်။

ငါ၏နှုတ်ကပတ်တော်များထဲသို့ အမျိုးမျိုးသော "ဟင်းခတ်အမွှေးအကြိုင်များ" ကို ငါထည့်သွင်းထားပြီးဖြစ်၏၊ ဤအကြောင်းကြောင့် ငါသည် လူသား၏ အကြီးတန်းစားဖိုမှူးများထဲမှ တစ်ဦးဖြစ်သည့်အလား ထင်ရပေမည်။ လူတို့သည် မိမိတို့၏အစားအစာအား မည်သို့ဟင်းခတ်ရမည်ကို မသိကြသော်လည်း၊ ၎င်းတို့သည် ထိုအရသာကို ခံတွင်းတွေ့ကြသည်၊ ၎င်းတို့သည် “ပန်းကန်” ကို ကိုင်လျက် ငါပြင်ဆင်ထားသော “ဟင်းလျာများ” ကို အရသာခံကြသည်။ အဘယ်ကြောင့်မှန်း ငါမသိသော်လည်း လူတို့သည် ငါကိုယ်တိုင်ပြင်ဆင်သော ဟင်းလျာများကို အမြဲပို၍စားလိုကြသည်။ ၎င်းတို့သည် ငါ့ကို အလွန်အမင်း အထင်ကြီးနေကြဘိသကဲ့သို့၊ အရသာရှိရန် ထည့်စားသောအရာ အားလုံးအနက် ငါ့ကို အမြင့်ဆုံးအဖြစ် မြင်ကြပြီး အခြားလူများကို လုံးဝ အလေးမထားဘိသကဲ့သို့ ဖြစ်သည်။ ငါ့ထံ၌ မိမိကိုယ်ကို လေစားမှု ရှိလွန်းခြင်းကြောင့် ငါ၏ကိုယ်ပိုင် အကြောင်းရင်းများအတွက်နှင့် အခြားသူများ၏ “သံထမင်းပန်းကန်လုံး” ရိုက်ခွဲရန် ငါအလိုမရှိပေ။ ထို့ကြောင့် ငါသည် “မီးဖိုချောင်” မှ နောက်ပြန်ဆုတ်ရန် အခွင့်အရေးယူပြီး အခြားသူများအား ၎င်းတို့ကိုယ်ကို ထင်ရှားကျော်ကြားအောင် လုပ်ခွင့်ပေး၏။ ဤနည်းအားဖြင့်သာ ငါ၏စိတ်နှလုံးသည် တည်ကြည်ခိုင်မာမည် ဖြစ်သည်၊ လူတို့အား ငါ့ကို လေးစားပြီး အခြားသူများကို အထင်သေးစေရန် ငါမပြုလိုပေ၊ ထိုသို့ပြုလျှင် တရားလိမ့်မည် မဟုတ်ချေ။ လူတို့၏စိတ်နှလုံးထဲတွင် ရာထူးဂုဏ်သိမ်ရှိခြင်း၏ တန်ဖိုးမှာအဘယ်နည်း။ ငါသည် အမှန်တကယ်ပင် အလွန်ရိုင်းစိုင်းပြီး အကျိုးသင့်အကြောင်းသင့် မရှိသလော။ ငါသည် ရာထူးဂုဏ်သိမ်ကို တောင်းဆိုရန် အမှန်တကယ် လိုလားနေသလော။ လိုလားနေသည်ဆိုလျှင် ငါသည် အဘယ်ကြောင့် ဤမျှကြီးမားသော လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်သနည်း။ ငါသည် အခြားသူများကို ဆန့်ကျင်၍ ကျော်ကြားမှုနှင့် ချမ်းသာမှုအတွက် ကြိုးစားလိုခြင်း မရှိပေ၊ ထို့ပြင် ငါသည် လောကီဆိုင်ရာ ကျော်ကြားမှုနှင့် ချမ်းသာမှုတို့ကို စက်ဆုပ်ရွံရှာ၏၊ ဤအရာမှာ ငါလိုက်စားသော အရာမဟုတ်ချေ။ ငါသည် လူသားကို စံနမူနာထားထိုက်သူအဖြစ် မမြင်ပေ၊ ငါသည် ရန်ဖြစ်ခြင်း၊ သို့မဟုတ် လုယူခြင်းတို့ မပြုဘဲ ငါ၏ “အတတ်ပညာ” ကို အမှီပြု၍ အသက်မွေးကာ မလျော်ကန်သော လုပ်ရပ်များကိုလည်း မကျူးလွန်ပေ။ ထို့ကြောင့် မြေကြီးအနှံ့ ငါလျှောက်သွားသောအခါ ငါသည် အရင်ဦးစွာ လုပ်ဆောင်ပြီး “ငါ့လက်ရာအတွက် အခကြေးငွေ” ကို နောက်မှ တောင်းသည်၊ ဤအရာသည်သာ လူသားပြောဆိုသော တရားမျှတခြင်းနှင့် ဆင်ခြင်တုံတရားရှိခြင်း ဖြစ်၏။ ဤတွင် ချဲ့ကားပြောဆိုခြင်း မရှိသကဲ့သို့ လျှော့ချပြောဆိုထားခြင်းလည်း စိုးစဉ်းမျှ မရှိပေ၊ ငါသည် အဖြစ်မှန်များ၏ အဓိပ္ပာယ်မှန်နှင့်အညီ ပြောခြင်းဖြစ်သည်။ ငါသည် တရားမျှတပြီး ဆင်ခြင်တုံတရားရှိသောသူများကို ရှာလျက် လူသားအလယ်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်သော်လည်း မည်သည့်အသီးအပွင့်မျှ မဖြစ်ထွန်းခဲ့ပေ။ ထို့အပြင် လူတို့သည် စျေးဆစ်ရသည်ကို နှစ်သက်ကြသဖြင့် စျေးနှုန်းမှာ များလွန်းလျှင် များလွန်း၊ မများလွန်းလျှင်လည်း နည်းလွန်းလှ၏၊ ထို့ကြောင့် ငါသည် “ငါ့ခေါင်းပေါ်ကျလာသော” ငါ၏လက်ထဲရှိအမှုကို ဆက်၍ လုပ်ဆောင်နေဆဲဖြစ်သည်။ လူသားသည် မိမိ၏တာဝန်ကို အဘယ်ကြောင့် မလိုက်နာကြောင်း၊ ထို့ပြင် သူ၏ဝိညာဉ်အသက်တာမှာ မည်မျှထူးကဲပုံအား အဘယ်ကြောင့် သူမသိကြောင်းကို ယနေ့တိုင် ငါမသိသေးချေ။ လူတို့သည် ၎င်းတို့၏ ဝိညာဉ်အသက်တာမှာ ဂရမ်အချို့၊ သို့မဟုတ် လီယန်က အချို့ အလေးချိန်ရှိကြောင်းကိုပင်လျှင် မသိကြပေ။ ထို့ကြောင့် ၎င်းတို့သည် ငါ့ကို ဆက်၍ နှုတ်ချိုသွေးကြသည်။ ငါ၏အမှုအားလုံးမှာ အချည်းနှီးဖြစ်နေခဲ့ဘိသည့်အလား၊ ငါ၏ နှုတ်ကပတ်တော်များမှာ ဧရာမတောင်များ၌ ပဲ့တင်ထပ်သံ တစ်သံကဲ့သို့သာ ဖြစ်နေဘိသည့်အလား ငါ၏နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များ၏ အရင်းအမြစ်များကို မည်သူကမျှ သတိပြုမိခဲ့ဖူးခြင်းမရှိပေ။ ထို့ကြောင့် ငါသည် တတိယဆောင်ပုဒ်ကို အကျဉ်းရုံးရန် အခြေခံအုတ်မြစ်အဖြစ် ဤအရာကို အသုံးပြုသည်- “လူတို့သည် ငါ့ကို မမြင်ကြခြင်းကြောင့် ငါ့ကို မသိကြ။” ယင်းမှာ ငါ၏နှုတ်ကပတ်တော်များကို စားပြီးနောက် လူတို့သည် အစာကြေလွယ်ရန် ဆေးအချို့ကို သောက်ဘိသကဲ့သို့ဖြစ်ပြီး ဆေး၏ဘေးထွက်ဆိုးကျိုးများသည် အလွန်ပြင်းထန်သောကြောင့် ၎င်းတို့သည် မှတ်ဉာဏ်ဆုံးရှုံးခြင်းကို ခံစားကြရ၏၊ ထို့ကြောင့် ငါ၏နှုတ်ကပတ်တော်များမှာ လူသားမျိုးနွယ်၏ အမေ့လျော့ခံအရာ ဖြစ်လာပြီး ငါရှိသောနေရာသည် ၎င်းတို့မေ့လျော့သည့် ချောင်ကျသော အရပ် ဖြစ်လာသည်။ ဤအရာကြောင့် ငါသက်ပြင်းချ၏။ ငါသည် အမှုမြောက်မြားစွာကို ပြုခဲ့ပြီးဖြစ်သော်လည်း လူတို့အထဲတွင် သက်သေအထောက်အထား မရှိခြင်းမှာ အဘယ်ကြောင့်နည်း။ ငါသည် လုံလောက်စွာ လုံ့လစိုက်ထုတ်ခြင်း မရှိခဲ့သလော။ သို့မဟုတ် ငါသည် လူသားလိုအပ်သောအရာများကို နားလည်သဘောပေါက်ထားခြင်း မရှိသောကြောင့်လော။ ဤကိစ္စနှင့်ပတ်သက်၍ ငါလုပ်နိုင်သောအရာ ဘာမျှမရှိတော့ပေ၊ ထို့ပြင် ငါရွေးချယ်စရာမှာ ငါ၏စီမံခန့်ခွဲမှုအမိန့်များကို အသုံးပြုကာ လူအပေါင်းတို့ကို သိမ်းပိုက်ရန်သာ ရှိတော့သည်။ ငါသည် ချစ်ခင်ကြင်နာတတ်သော မိခင်တစ်ဦးဖြစ်တော့မည် မဟုတ်ဘဲ ခက်ထန်သော ဖခင်တစ်ဦးအနေဖြင့် လူသားမျိုးနွယ်အပေါင်းကို ကိုင်တွယ်ပေတော့မည်။

၁၉၉၂ ခုနှစ်၊ မေလ ၁၅ ရက်

အောက်ခြေမှတ်စု(များ)-

က။ “လီယန်” ဆိုသည်မှာ တရုတ်အလေးချိန် အတိုင်းအတာတစ်ခု ဖြစ်သည်၊ တစ်လီယန်သည် ဂရမ် ၅၀ နှင့်ညီ၏။

အရှေ့သို့- အခန်း ၄၁

နောက်တစ်ခုသို့- အခန်း ၄၃

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။