အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

အခန်း ၃၉

နေ့စဉ်ငါသည် ငါ့လက်ဖြင့်ဖန်ဆင်းထားခဲ့သော အရာအားလုံးကို အကဲခတ်ကြည့်ရှုလျက် စကြဝဠာများ၏အထက်တွင် လှုပ်ရှား၏။ ကောင်းကင်၏အထက်အရပ်သည် ငါ၏အနားယူရာအရပ်ဖြစ်၍ ကောင်းကင်၏အောက်အရပ်သည် ငါလှုပ်ရှားသော နယ်မြေဖြစ်၏။ ရှိရှိသမျှအရာခပ်သိမ်းတို့ကို သဘာဝ၏ဖြစ်စဉ်ကို လိုက်နာစေပြီးလျှင် သဘာဝ၏ စေခိုင်းမှုကို ဝန်ခံလိုက်နာစေလျက် တည်ရှိနေသမျှသော အရာခပ်သိမ်းတို့အထဲမှ အရာတစ်ခုစီတိုင်းကို ငါအုပ်စိုးသည်၊ ထိုအရာအားလုံးတို့အထဲက အရာတစ်ခုစီတိုင်းကို ငါအမိန့်ပေးသည်။ ငါသည် နာခံမှုမရှိသူများကို ရွံရှာမုန်းတီးပြီး ငါ့ကိုဆန့်ကျင်၍ အံမဝင်ဂွင်မကျသူများကို စက်ဆုပ်သဖြင့် ငါသည်အရာရာတိုင်းကို ငါ၏အစီအမံအောက်တွင် သက်ရောက်စေမည်ဖြစ်ပြီး ဆန့်ကျင်ပုန်ကန်မှုကင်းစွာဖြင့် ငါသည် စကြဝဠာအတွင်းရှိ အရာအားလုံးကို စနစ်တကျရှိစေရန်ပြုမည်။ မည်သူမည်ဝါသည် သူတို့စိတ်ရှိတိုင်း ငါ့ကိုခုခံဝံ့သနည်း။ မည်သူသည် ငါ့လက်၏ စီမံခန့်ခွဲမှုများကို မလိုက်နာဘဲနေဝံ့သနည်း။ လူသည်မည်သည့်နည်းဖြင့် ငါ့ကိုဆန့်ကျင်ပုန်ကန်ခြင်း၌ “စိတ်ဝင်စားမှု” တစ်စုံတစ်ရာရှိနိုင်မည်နည်း။ ငါသည် လူတို့ကို မိမိတို့၏ “ဘိုးဘေးများ” ရှေ့မှောက်သို့ ပို့ဆောင်မည်ဖြစ်ပြီး သူတို့ဘိုးဘေးများက သူတို့ကို မိမိတို့၏မိသားစုများဆီသို့ ပြန်လည်ပို့ဆောင်စေမည်ဖြစ်ရာ သူတို့သည် မိမိတို့ဘိုးဘေးများကို ဆန့်ကျင်ပုန်ကန်ဖို့ အခွင့်ရမည်မဟုတ်ဘဲ ငါ့ထံပါးသို့ ပြန်လာကြလိမ့်မည်။ ဤသည်မှာ ငါ့စီမံကိန်းဖြစ်၏။ ယနေ့တွင် ငါ၏ဝိညာဉ်သည် လူသားမျိုးနွယ်အားလုံးတို့အတွက် ကိန်းဂဏန်းများကို သတ်မှတ်ပေးခြင်း၊ လူတစ်ဦးစီအပေါ်တွင် ခြားနားသော သင်္ကေတများ အမှတ်အသားပြုခြင်းတို့ကိုပြုလျက် မြေတပြင်လုံးလှုပ်ရှားသည်။ ထိုသို့အားဖြင့် သူတို့၏ဘိုးဘေးများက သူတို့ကို မိမိတို့မိသားစုများထံသို့ အောင်မြင်စွာ ပြန်လည်လမ်းညွှန်မှုပေးနိုင်ရန်နှင့် ငါ့အနေဖြင့် သူတို့အတွက် ဆက်လက်ပြီး “စိုးရိမ်ပူပန်” နေစရာမလိုအပ်တော့ရန်ဖြစ်သည်၊ ယင်းမှာ အနှောင့်အယှက်ဖြစ်လှ၏။ ဤသို့ဖြင့် ငါသည် လုပ်ငန်းကိုပါ ခွဲဝေပြီးလျှင် အားထုတ်မှုများကို ဖြန့်ဝေလိုက်သည်။ ဤသည်မှာ ငါ့စီမံကိန်း၏ အစိတ်အပိုင်းဖြစ်ပြီး မည်သူမျှ မနှောင့်ယှက်နိုင်ပေ။ ငါ့ရှေ့မှောက်သို့ အားလုံး၏ အစီအစဉ်တကျ အပ်နှံဆက်ကပ်မှုကို ဆောင်ရွက်စေလျက် ငါသည် အရာခပ်သိမ်းကို စီမံခန့်ခွဲဖို့ရန် အားလုံးထဲမှ သင့်လျော်သော ကိုယ်စားလှယ်များကို ရွေးချယ်မည်။ ငါသည် ကောင်းကင်အထက်တွင် မကြာခဏ လှည့်လည်သွားလာပြီး ကောင်းကင်အောက်တွင်လည်း မကြာမကြာ လမ်းလျှောက်သည်။ လူများသွားလိုက်လာလိုက် ပြုကြသော ကမ္ဘာကြီးကို စောင့်ကြည့်ရင်း မြေကြီးပေါ်တွင် သိပ်သည်းစွာထူထပ်နေသော လူသားမျိုးနွယ်တို့ကို အကဲခတ်ရင်း ကမ္ဘာဂြိုလ်ပေါ်တွင် သက်ရှင်နေထိုင်ကြသော ငှက်များနှင့်သားယဉ်သားရဲများကို ကြည့်ရှုရင်း ငါသည် စိတ်မထိန်းနိုင်ဘဲ နှလုံးသားတွင် စိတ်လှုပ်ရှားမှုခံစားရသည်။ အကြောင်းမှာ ဖန်ဆင်းခြင်းကာလတွင် ငါသည်အရာခပ်သိမ်းကို ပြုလုပ်ခဲ့သည်ဖြစ်ရာ ရှိရှိသမျှအရာရာတိုင်းသည် မိမိတာဝန်ကို မိမိကိုယ်ပိုင်နေရာဌာနအသီးသီး၌ ငါ၏စီစဉ်မှုများအောက်တွင် လုပ်ဆောင်ကြ၏။ ငါသည် အထက်အမြင့်ဆီမှ ရယ်မောလိုက်ရာ ငါ၏ရယ်မောသံကို ကောင်းကင်အောက်ဘက်ဆီမှ အားလုံးက ကြားရသောအခါ သူတို့သည် ချက်ချင်းပင် အားပြည့်ရှင်သန်လာကြသည်၊ အကြောင်းမှာ ထိုအခိုက်အတန့်တွင်ပင် ငါ၏လုပ်ငန်းကြီးသည် ပြီးပြည့်စုံသွားပြီဖြစ်၏။ လူကို အရာခပ်သိမ်းတို့အထဲတွင် ငါ့ကို ကိုယ်စားပြုစေလျက် ငါသည်လူ၏အထဲတွင် ကောင်းကင်၏ ဉာဏ်ပညာကို ထည့်သွင်းထားလိုက်သည်။ အကြောင်းမှာ ငါသည်လူကို ငါ့ကိုယ်စားလှယ်ဖြစ်ဖို့ ဖန်ဆင်းထားခဲ့သည်ဖြစ်ပြီး ငါ့ကိုဆန့်ကျင်ဖို့မဟုတ်ဘဲ သူ၏အနက်ရှိုင်းဆုံးနှလုံးသားထဲမှ ငါ့ကို ချီးမွမ်းနေဖို့ဖြစ်သည်။ သို့ဖြစ်၍ ဤရိုးစင်းသော နှုတ်ကပတ်တော်များကို မည်သူက လက်ခံရရှိခြင်းငှာ တတ်နိုင်သနည်း။ အဘယ်ကြောင့် လူသည် မိမိအတွက် မိမိစိတ်နှလုံးကို အမြဲတမ်းထိန်းသိမ်းနေသနည်း။ သူ့စိတ်နှလုံးသည် ငါ့အတွက်မဟုတ်သလော။ ငါသည် လူ၏ဥစ္စာကို လုံးလုံးလျားလျား အကြောင်းမဲ့ တောင်းဆိုနေသည်မဟုတ်ဘဲ သူသည် ငါနှင့် အမြဲသက်ဆိုင်နေခဲ့သည့်ကြောင့်သာ တောင်းခြင်းဖြစ်၏။ ငါနှင့်သက်ဆိုင်သည့် ဥစ္စာများကို ငါသည် သူတစ်ပါးကို မည့်ကဲ့သို့ သာမန်ကာလျှံကာ ပေးပစ်လိုက်နိုင်မည်နည်း။ ငါပြုလုပ်ထားသော “အဝတ်အစား” ကို တစ်စုံတစ်ဦးအား မည်ကဲ့သို့ ငါပေးဝတ်နိုင်မည်နည်း။ လူတို့၏အမြင်တွင် ငါသည် စိတ်မနှံ့သူဖြစ်လျက် စိတ်ဝေဒနာခံစားနေပြီး လူတို့၏ဓလေ့ကို ဘာမျှနားမလည်သူတစ်ဦးအလား မြင်နေကြပြီး ငါသည် အရူးအနှမ်းတစ်ဦးပမာ ဖြစ်နေသည်။ ထိုသို့ဖြစ်နေသဖြင့် လူတို့သည် ငါ့ကို အမြဲပင် ကျပ်မပြည့်သူတစ်ဦးကဲ့သို့ ကြည့်မြင်လေ့ရှိသည်ဖြစ်သော်လည်း သူတို့သည် ငါ့ကို ဘယ်သောအခါမျှ စစ်မှန်စွာ မချစ်ကြပေ။ လူလုပ်ဆောင်သမျှ အားလုံးသည် ငါ့ကို တမင်တကာ အရူးလုပ်ဖို့သာ ဖြစ်နေသဖြင့် ငါသည် လူသားမျိုးနွယ်အားလုံးကို အမျက်ဒေါသ ပေါက်ကွဲမှုနှင့် ဖျက်ဆီးသုတ်သင်သည်။ ငါဖန်ဆင်းထားခဲ့သမျှ အားလုံးတို့အထဲတွင် လူသားမျိုးနွယ်သည်သာလျှင် ငါ့ကို လှည့်စားဖို့နည်းလမ်းများနှင့်အတူ အမြဲတမ်း ကြိုးစားနေလေ့ရှိတတ်သည်ဖြစ်၍ ဤအကြောင်းကြောင့်ပင် လူသည် အရာခပ်သိမ်းကို “အုပ်စိုးသူ” ဖြစ်သည်ဟု ငါပြောဆိုခြင်းဖြစ်၏။

ယနေ့တွင် ငါသည် လူအားလုံးကို “မီးဖိုကြီး” ထဲသို့ စစ်ဆေးခြင်းခံဖို့အတွက် ပစ်ထည့်၏။ ငါသည် အမြင့်တွင် မတ်တပ်ရပ်လျက် လူတို့ မီးထဲတွင် လောင်မြိုက်နေသည်ကို အနီးကပ်ကြည့်ရှုနေရာ လူတို့သည် မီးတောက်၏ အနိုင်ကျင့်မှုကိုခံရင်း အမှန်တရားများကို ဖော်ထုတ်လာကြ၏။ ဤသည်မှာ ငါအမှုပြုသည့် နည်းများထဲမှ တစ်ခုဖြစ်၏။ အကယ်၍ ထိုသို့မဟုတ်ခဲ့လျှင် လူတို့သည် ကိုယ့်ကိုယ်ကိုယ် “နှိမ့်ချ” ဖို့ရန် လုပ်ဆောင်လာကြမည်ဖြစ်ပြီး မိမိတို့၏ ကိုယ်တွေ့ အတွေ့အကြုံများကို ပြောထုတ်ဖို့ရန် မိမိတို့၏ ပါးစပ်များကို ပထမဦးဆုံး ဖွင့်မည့်သူ မည်သူမျှ ဖြစ်ချင်ကြမည်မဟုတ်ဘဲ အားလုံး တစ်ဦးကိုတစ်ဦး ကြည့်နေကြမည်ဖြစ်သည်။ ဤသည်မှာ ငါ့ဉာဏ်ပညာ၏ ပုံပေါ်လာခြင်း အတိအကျဖြစ်ပေသည်။ အကြောင်းမှာ ယနေ့ကာလ၏ ကိစ္စရပ်များကို ခေတ်ကာလများမတိုင်မီကတည်းက ငါသည် ခွဲခန့်မှတ်သားထားခဲ့ပြီးဖြစ်၏။ သို့ဖြစ်၍ လူတို့သည် ကြိုးတစ်ချောင်းဖြင့် ထိုနေရာသို့ ခေါ်ဆောင်သွားခြင်းခံရဘိသည့်အလား၊ ထုံထိုင်းလာကြသည့်အလား မီးဖိုကြီးထဲသို့ ဘာမျှသိရှိခြင်းမရှိဘဲ ဝင်ရောက်ကြသည်။ မည်သူမျှ မီးလျှံ၏တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိကြဘဲ သူတို့သည် အချင်းချင်း “တိုက်ခိုက်” လိုက် “၀မ်းမြောက်ခြင်းထဲ၌ တိုးဝှေ့” လိုက်ဖြင့် မီးဖိုကြီးထဲတွင် မိမိတို့၏ ကိုယ်ပိုင်ကံကြမ္မာနှင့်ပတ်သက်၍ သောကရောက်နေကြရင်း သူတို့သည် သေသည့်တိုင်အောင် မီးရှို့သတ်ခံလိမ့်မည်ကို အလွန်ကြောက်ရွံ့နေကြ၏။ ငါသည်မီးကို ဆွမွှေပေးလိုက်သောအခါ မီးလျှံသည် ရုတ်တရက်ထတက်လာရာ မိုးကောင်ကင်ထက်သို့ လိပ်တက်သွားပြီး မီးလျှံများသည် မကြာခဏပင် ငါ့ဝတ်ရုံများကို လာကပ်စွဲပြီး ယင်းတို့ကို မီးဖိုထဲသို့ပင် ဆွဲငင်သွားမည့်အလားဖြစ်နေ၏။ လူတို့သည် ငါ့ကို မျက်လုံးအဝိုင်းသား ကြည့်ရှုနေကြသည်။ ငါသည် မီးဖိုထဲကမီးထဲသို့ တည့်တည့်လိုက်သွားရာ ထိုအခိုက်တွင် မီးတောက်များကြီးထွားလာပြီး လူများအော်ဟစ်နေလေ၏။ ငါသည် မီးအလယ်တွင် လှည့်လည်သွားလာသည်။ မီးလျှံများသည် လွှမ်းမိုးလာသော်လည်း ငါ့ကိုထိခိုက်စေဖို့ ရည်ရွယ်ချက်မရှိကြ၊ ငါသည် ငါ့ခန္ဓာကိုယ်အပေါ်က ငါ့ဝတ်ရုံများကို မီးလျှံများဆီသို့တစ်ဖန် လွှဲပြောင်းပေးလိုက်သည့်တိုင်အောင် မီးလျှံတို့သည် ငါထံမှ အဝေးဆီသို့ ခွာသွားနေကြ၏။ ထိုအခါကျမှသာ လူတို့သည် မီးလျှံများ၏ အလင်းရောင်ဖြင့် ငါ့မျက်နှာအစစ်အမှန်ကို ရှင်းလင်းစွာ မြင်တွေ့ရကြတော့သည်။ သူတို့သည် မီးဖိုထဲ လှော်မြိုက်ခြင်းအလယ်တွင် ရှိနေကြသောကြောင့်၊ ငါ့မျက်နှာကြောင့် နေရာအနှံ့ပြေးထွက်သွားကြ၏။ ထို့နောက် မီးဖိုသည် ချက်ချင်း စတင် “ဆူနပ်” လာလေတော့သည်။ မီးလျှံထဲရှိနေသူအားလုံးသည် မီးထဲတွင် စစ်ဆေးခြင်းခံယူသူ လူ၏သားတော်ကို ကြည့်ရှုနေကြ၏။ သူ၏ကိုယ်ခန္ဓာမှ အဝတ်အစားများမှာ သာမန်မျှသာဖြစ်သော်လည်း အဆုံးစွန် လှပနေလေသည်။ သူ၏ခြေနင်းဖိနပ်များမှာ ဘာမျှထူးဆန်းမှုရှိမနေသော်လည်း ထိုသူတို့သည် ကြီးစွာ အားကျမှု မနာလိုမှု ဖြစ်နေကြ၏။ မီးလျှံပမာ ရောင်ခြည်တန်းတစ်ခုသည် သူ့မျက်နှာမှ ဖြာထွက်တောက်ပလျက်ရှိသည်။ သူ၏မျက်လုံးများမှာ တောက်ပထွန်းလင်းလျက်ရှိ၏။ သူ၏မျက်လုံးများထဲမှ အလင်းရောင်ကြောင့် လူတို့သည် သူ့မျက်နှာအစစ်အမှန်ကို ရှင်းလင်းစွာမြင်တွေ့နိုင်ပုံရလေသည်။ လူများသည် အံ့ဩမိန်းမောလျက် ငေးကြည့်နေကြစဉ်တွင် သူ့ကိုယ်ခန္ဓာပေါ်တွင် ဝတ်ရုံဖြူတစ်ခုလွှမ်းခြုံထားသည်ကို မြင်တွေ့ကြသည်။ သူ၏ဆံပင်သည် သိုးမွေးပမာဖြစ်ပြီး ပုခုံးသို့ဖားလျားကျနေကြသည်။ ထင်ရှားစွာပင် ရွှေစလွယ်တစ်ကုံးသည် သူ့ရင်ဘတ်ကို သိုင်းထားလျက်ရှိပြီး မျက်စိကျိန်းလောက်သော အလင်းရောင်ဖြင့် ထွန်းတောက်နေချိန်တွင် ခြေဖဝါးထက်တွင် စွပ်ထားသော ဖိနပ်တစ်စုံသည် အတိုင်းထက်အလွန် ပနံရလျက်ရှိနေ၏။ ထို့အပြင် လူ၏သားတော် စီးသောဖိနပ်များသည် မီးအလယ်တွင် ဘာမျှမဖြစ်ဘဲ ပကတိအတိုင်းရှိနေရစ်သဖြင့် လူတို့သည် ၎င်းတို့ကို အံ့သြဖွယ်အဖြစ် ယုံကြည်ကြလေသည်။ နာကျင်ကိုက်ခဲသည့်ကြားထဲမှသာလျှင် လူတို့သည် လူ၏သားတော်၏ နှုတ်ခမ်းကို မြော်ကြည့်နေကြ၏။ လူတို့သည် မီး၏စစ်ဆေးခြင်းအလယ်တွင် ရှိနေကြသည့်တိုင်အောင် သူတို့အနေဖြင့် လူ၏သားတော်၏ နှုတ်မှထွက်လာသော နှုတ်ကပတ်တော်တို့ကို နားမလည်နိုင်ကြချေ။ ဤသို့ဖြင့် ထိုအခိုက်အတန့်တွင်ပင် သူတို့သည် လူ၏သားတော်၏ နှစ်လိုဖွယ်အသံကို နောက်ထပ်မကြားရတော့ဘဲ သူ၏ခံတွင်းထဲတွင် ထက်မြက်သော ဓားရှည်တစ်လက် ပါရှိနေသည်ကို မြင်တွေ့ရကြလေတော့သည်။ ထိုအခါသူသည် နောက်ထပ်ဘာမျှ ပြောဆိုခြင်း မပြုတော့သော်လည်း သူ၏ဓားရှည်သည် လူကိုထိခိုက်နာကျင်စေသည်။ မီးတောက်မီးလျှံများ လွှမ်းမိုးထားခြင်းကြောင့် လူတို့သည် နာကျင်စွာနေကြရ၏။ သူတို့သည် မိမိတို့၏ သိချင်ဇောဖြင့် လူ၏သားတော်၏ အံ့ဩမင်သက်မိဖွယ် ပေါ်ထွန်းခြင်းအပေါ် ဆက်လက်၍ကြည့်ရှုနေစဉ် ထိုခဏအခိုက်အတန့်တွင်ပင် သူ၏လက်တွင်ရှိနေသော ကြယ်ခုနစ်လုံးသည် ပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ကြရသည်။ လူ၏သားတော်သည် မီးဖိုအလယ်၌ ရှိနေပြီး မြေကြီးပေါ်မဟုတ်သဖြင့် သူ့လက်မှ ကြယ်ခုနစ်လုံးသည် သိမ်းယူခံလိုက်ရ၏။ အကြောင်းမှာ ၎င်းတို့သည် ပုံဆောင်မှုတစ်ခုသာ ဖြစ်သောကြောင့်တည်း။ ထိုအခိုက်အတန့်တွင် ထိုကြယ်များကို ဖော်ပြခြင်းမရှိတော့ဘဲ လူ၏သားတော်၏ ခန္ဓာကိုယ်အနှံ့တွင် နေရာချထားလိုက်သည်။ လူတို့၏ မှတ်ဉာဏ်များထဲတွင် မှတ်မိနေကြသည်မှာ အဆိုပါ ကြယ်ခုနစ်လုံးရှိနေခြင်းက မသက်မသာဖြစ်ခြင်းကို ယူဆောင်လာခြင်းပင်ဖြစ်၏။ ယနေ့တွင် ငါသည် လူတို့အတွက် အမှုအရာများကို ခက်ခဲအောင် နောက်ထပ်မပြုတော့ပေ၊ ငါသည် ထိုကြယ်ခုနစ်လုံးကို လူ၏သားတော်ထံမှ သိမ်းထားလိုက်ပြီး လူ၏သားတော် အစိတ်အပိုင်းအားလုံးကို တစ်ကိုယ်လုံးတည်းထဲသို့ ဖွဲ့စပ်ထားလိုက်ပြီဖြစ်၏။ ယခုအချိန်အခိုက်အတန့်၌သာလျှင် လူသည် ငါ၏အသွင်သဏ္ဌာန် တစ်ခုလုံးကို မြင်တွေ့ရခြင်းဖြစ်သည်။ လူသားတို့သည် ငါ၏ဝိညာဉ်တော်ကို ငါ့ဇာတိခန္ဓာမှ ဘယ်သောအခါ၌မျှ ကွဲကွာစေလိမ့်မည်မဟုတ်တော့ချေ။ အကြောင်းမှာ ငါသည် မြေကြီးပေါ်မှ အမြင့်ဘဝဂ်ဆီသို့ တက်ရောက်သွားခဲ့ပြီဖြစ်၏။ လူတို့သည် ငါ့မျက်နှာအစစ်အမှန်ကို မြင်တွေ့ခဲ့ကြရပြီဖြစ်ရာ သူတို့သည် ငါ့ကို ပိုင်းစိတ်ခြင်းမပြုကြတော့ဘဲ ငါသည်လည်း လူ၏ ပြစ်တင်ရှုတ်ချမှုကို သည်းမခံတော့ချေ။ ငါသည်လူနှင့်ယှဉ်လျက် မီးဖိုကြီးထဲသို့ ဝင်ခဲ့သဖြင့် လူသည်ငါ့ကို အားကိုးနေဆဲဖြစ်ပြီး ငါ၏တည်ရှိခြင်းကို သူ၏သိစိတ်ထဲတွင် အာရုံရလျက်ရှိသည်။ ဤသို့ဖြင့် ရွှေစင်ဖြစ်သော အရာအားလုံးသည် လောင်မြိုက်နေသောမီး၏အလယ်တွင် တဖြည်းဖြည်းချင်း ငါနှင့်အတူ စုရုံးလာနေကြသည်ဖြစ်၏။ ထိုအခိုက်အတန့်သည် အရာတစ်ခုစီတိုင်း အမျိုးအစားအလိုက် အမျိုးခွဲခံရသည့်အချိန်ဖြစ်၏။ ငါသည် “သတ္တု” တစ်ခုစီအလိုက် အမျိုးခွဲလျက်ရှိရာ သူတို့အားလုံး မိမိတို့မိသားစုများဆီသို့ အသီးသီး ပြန်လာစေ၏။ ယခုမှသာလျှင် အရာခပ်သိမ်းတို့သည် ပြန်လည်ရှင်သန်သက်ဝင်ဖို့ စတင်လာလေတော့သည်။

ဤသို့ဖြစ်ရသည်မှာ လူသည် အလွန်စွန်းထင်းနေသောကြောင့် ငါသည်သူ့ကို မီးဖိုကြီးထဲသို့ လောင်ကျွမ်းဖို့ရန် ပစ်ချလိုက်ခြင်းဖြစ်၏။ သို့တိုင်အောင် သူသည် မီးတောက်မီးလျှံများအားဖြင့် သေကြေပျက်ဆီးသွားခြင်းမရှိဘဲ ငါသည်သူ့ကို နှစ်သက်နိုင်စိမ့်သောငှာ သန့်စင်ခြင်းခံရလေသည်။ အကြောင်းမှာ ငါအလိုရှိသည့်အရာမှာ ညစ်ပေ၍ စွန်းထင်းနေသော အရာများမဟုတ်ဘဲ အညစ်အကြေးကင်းစင်သည့် ရွှေစင်စစ်စစ်ဖြင့်ပြီးသောအရာဖြစ်သည်။ လူတို့သည် ငါ၏စိတ်နေစိတ်ထားကို နားမလည်ကြ၊ ထို့ကြောင့် သူတို့သည် ခွဲစိတ်ခန်းထဲရှိ “ခွဲစိတ်စားပွဲ” ပေါ်သို့ မတက်မီတွင် သူတို့ကို ခွဲခြမ်းစိတ်ဖြာပြီးလျှင် ခွဲစိတ်စားပွဲပေါ် သူတို့လဲလျောင်းနေကြစဉ် ငါသည်သူတို့ကို သတ်ဖြတ်ပစ်လိုက်မည့်အလား စိုးရိမ်မှုဖြင့် ပြည့်နေလျက်ရှိကြသည်။ ငါသည် လူတို့၏စိတ်နေစိတ်ထားကို သိရှိနားလည်သဖြင့် ငါသည် လူသားအဖွဲ့ဝင်တစ်ဦးကဲ့သို့ ဖြစ်နေပေ၏။ ငါ၌ လူ၏ “ကံမကောင်းခြင်း” အတွက် ကြီးမားသောကရုဏာ ရှိပေသည်။ လူသည် အဘယ်ကြောင့် “ဖျားနာ၍လဲနေ” ရပါကြောင်းကို ငါမသိပေ။ အကယ်၍ သူသည်ကျန်းမာပြီး ချို့ယွင်းခြင်းကင်းနေသည်ဆိုလျှင် အဖိုးအခပေးရန်နှင့် ခွဲစိတ်စားပွဲပေါ်တွင် အချိန်ဖြုန်းဖို့ရန် အဘယ်မှာ လိုအပ်သေးသနည်း။ သို့ရာတွင် အမှန်တရားကို ငြင်းဆန်ပစ်ပယ်၍ မရပါချေ။ မည်သူသည် လူသားကို “အစားအစာသန့်ရှင်းမှု” ကို လျစ်လျူရှုထားဖို့ ပြောထားခဲ့သနည်း။ ကျန်းမာနေဖို့အရေး ဂရုစိုက်စရာမလိုပါဟု မည်သူကသူ့ကို ပြောထားခဲ့သနည်း။ ယနေ့တွင် ငါ၌ အခြားနည်းလမ်းများ ရှိသေးသလော။ လူကို ငါ၏ ကရုဏာပြသဖို့ရန် ငါသည်သူနှင့်အတူ “ခွဲစိတ်ခန်း” ထဲသို့ ဝင်ရောက်သည်ဖြစ်ရာ လူကိုချစ်ဖို့ ငါ့ကို မည်သူက ပြောထားသနည်း။ ဤသို့ဖြင့် ငါကိုယ်တိုင် “ခွဲစိတ်သမားတော်သုံးဓား” ကို ကောက်ကိုင်လိုက်ပြီး နောက်ဆက်တွဲရောဂါတစ်စုံတစ်ခုကို တားဆီးကာကွယ်ဖို့ လူကိုစတင်၍ “ခွဲစိတ်”တော့သည်။ လူသားအပေါ် ငါ၏သစ္စာရှိမှုကြောင့် လူတို့သည် ငါ့အပေါ် ကျေးဇူးတင်ကြောင်း ပြသဖို့ရန် နာကျင်မှုဝေဒနာကြားမှ မျက်ရည်ပေါက်များ သွန်းလောင်းခဲ့ကြသည်။ ငါသည် ဖြောင့်မတ်သစ္စာရှိခြင်းကို တန်ဖိုးထားသည်ဖြစ်၍ ငါသည် ကိုယ့် “မိတ်ဆွေများ” ဒုက္ခရောက်နေချိန်တွင် ကူညီလိမ့်မည်ဖြစ်ကြောင်းကို လူတို့သည် ယုံကြည်ကြသည့်အပြင် ငါ၏အကြင်နာအတွက် ပို၍ပင် ကျေးဇူးတင်နေကြပြီး သူတို့၏ နားမကျန်းဖြစ်မှုများ ပျောက်ကင်းသွားသောအခါ ငါ့ကို “လက်ဆောင်များ” ပင် ပို့ပေးမည်ဟု ပြောကြ၏။ သို့သော်လည်း ငါသည် သူတို့၏ ဖော်ပြမှုများအပေါ် အာရုံမထားပါ။ ထိုအစား လူကို ခွဲစိတ်ကုသရေးအပေါ်၌သာ အာရုံထား၏။ လူ၏ ကိုယ်ခန္ဓာ အားနည်းချက်ကြောင့် ဓား၏သက်ရောက်မှုအောက်တွင် လူသည်မျက်လုံးများကို တင်းကျပ်စွာမှိတ်ထားပြီး ခွဲစိတ်စားပွဲထက်ဝယ် ကြောက်လန့်လျက် လဲလျောင်းနေ၏။ သို့တိုင်အောင် ငါသည် ဂရုစိုက်ခြင်းမပြုဘဲ ငါ၏လက်ဖြင့် လုပ်လက်စအမှုကို ရိုးစင်းစွာ ဆက်လက်ဆောင်ရွက်သည်။ ခွဲစိတ်ခြင်းပြီးဆုံးသောအခါ လူတို့သည် “ကျားပါးစပ်” မှ လွတ်မြောက်လာခဲ့၏။ ငါသည်သူတို့ကို ထူးကဲသောအာဟာရများဖြင့် အားဖြည့်ပေးလေ၏။ သူတို့အနေဖြင့် ယင်းကို မသိကြသော်လည်း သူတို့အထဲတွင် အာဟာရတို့သည် တဖြည်းဖြည်းတိုးပွားလာလေသည်။ ထိုအခါငါသည် သူတို့ကို ပြုံးပြသည်။ ဤတွင် သူတို့သည် မိမိတို့ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည့်အခါကျမှသာ ငါ့မျက်နှာအစစ်အမှန်ကို ဖူးမြင်နိုင်ကြလေသည်။ ထိုအခါသူတို့သည် ငါ့ကို ပို၍ချစ်ခင်လာကြပြီး သူတို့၏ ဖခင်အဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ကောင်းကင်နှင့်မြေကြီးကြား ဆက်နွှယ်မှုဖြစ်သည်မဟုတ်တုံလော။

၁၉၉၂ ခုနှစ်၊ မေလ ၄ ရက်

ယခင်က:အခန်း ၃၈

နောက်တစ်ခုသို့:အခန်း ၄၀

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ