အခန်း ၄၀

ငါသည် ကောင်းကင်ဘုံကို သက်ဆင်းစေတော့မည့်အလား၊ လူတို့သည် ငါ၏ လှုပ်ရှားမှုတိုင်းအပေါ် အစွဲအလမ်းကြီးကြပြီး ငါ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့အဖို့ လုံးဝ နားမလည်နိုင်စရာ ဖြစ်သည့်အလား၊ ၎င်းတို့သည် ငါ၏ လုပ်ဆောင်ချက်များအားဖြင့် အမြဲ စိတ်ရှုပ်ထွေးကြလေသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံကို ပုန်ကန်ပြစ်မှားမိကာ “သေမျိုးတို့၏ လောက” ထဲသို့ ပစ်ချခံရမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ၎င်းတို့ လုပ်ဆောင်သမျှအားလုံးတွင် ငါ့ထံမှ ၎င်းတို့၏ အရိပ်နိမိတ်များကို ယူကြသည်။ လူတို့ကို ဆန့်ကျင်၍အသုံးပြုနိုင်သည့် မည်သည့်အရာကိုမှ ငါ ရှာဖွေရန် သို့မဟုတ် ၎င်းတို့၏ အားနည်းချက်များကို ငါ့အမှု၏ ပစ်မှတ်ဖြစ်စေဖို့ မကြိုးစားပေ။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် လွန်စွာပျော်ရွှင်နေကြပြီး ငါ့ကို အားကိုးလာကြသည်။ ငါသည် လူသားကို ပေးသောအခါ လူတို့သည် ၎င်းတို့၏ဘဝများကိုချစ်သကဲ့သို့ ငါ့ကို ချစ်ကြသည်။ သို့သော် ၎င်းတို့ထံမှ အမှုအရာများ ငါ တောင်းဆိုသောအခါ ၎င်းတို့ ငါ့ကိုရှောင်ဖယ်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ လူ့လောက၏ “တရားမျှတခြင်းနှင့် သင့်တင့်ခြင်း”ကို ၎င်းတို့ လက်တွေ့မလုပ်ဆောင်နိုင်ကြသလော။ ငါသည် အဘယ့်ကြောင့် လူတို့နှင့်သက်ဆိုင်၍ ထိုသို့သောတောင်းဆိုမှုများကို အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်သနည်း။ ငါသည် မည်သည့်အရာမျှ မရှိဆိုသည်မှာ အမှန်လော။ လူတို့သည် ငါ့ကို သူဖုန်းစားတစ်ဦးကဲ့သို့ ဆက်ဆံကြသည်။ ၎င်းတို့ထံမှ ငါသည် အမှုအရာများသည် တောင်းဆိုသောအခါ ၎င်းတို့သည် “အကြွင်းအကျန်များ”ကို ငါ “မွေ့လျော်ရန်”အတွက် ငါ့ရှေ့တွင် ကိုင်မြှောက်ကြပြီး ငါ့ကို အထူးတလည်ဂရုစိုက်နေကြသည်ဟုပင် ၎င်းတို့ပြောဆိုကြသည်။ ၎င်းတို့၏ အကျည်းတန်သော မျက်နှာများနှင့် ထူးဆန်းသော အခြေအနေများကို ကြည့်ပြီး လူသားထံမှ နောက်တစ်ဖန် ငါ ထွက်ခွာသည်။ ထိုသို့သော အခြေအနေများအောက်တွင်၊ လူတို့သည် သဘောမပေါက်မြဲရှိနေကြပြီး၊ ငါ၏ ပြန်လာခြင်းကို စောင့်ဆိုင်းရင်း၊ ငါ ငြင်းပယ်ပြီးသောအရာများကို နောက်ထပ်တစ်ကြိမ် ပြန်ယူကြသည်။ ငါသည် လူသားအတွက် အချိန်များစွာ သုံးစွဲပြီးဖြစ်ကာ ကြီးမားသော အဖိုးအခကို ပေးပြီးဖြစ်သည်- သို့သော် ဤအချိန်တွင်၊ မသိသည့် အကြောင်းပြချက်တစ်ခုအတွက်၊ လူတို့၏ အသိစိတ်များသည် ၎င်းတို့၏ မူလ လုပ်ငန်းဆောင်တာကို ထမ်းဆောင်နိုင်စွမ်းမရှိမြဲ ဖြစ်နေသည်။ အကျိုးဆက်အနေဖြင့်၊ ငါသည် အနာဂတ်မျိုးဆက်များအတွက် “ရည်ညွှန်းချက်” အဖြစ် အသုံးတော်ခံရန် “နက်နဲမှု နှုတ်ကပတ်တော်များ”ထဲတွင် ဤ “မကြာခဏ ပေါ်ပေါက်သော သံသယ”ကို စာရင်းပြုစုထားသည်။ အဘယ့်ကြောင့်ဆိုသော် ဤအရာများသည် လူတို့၏ “အားထုတ်မှု”မှ ပေါက်ဖွားသည့် “သိပ္ပံနည်းကျ သုတေသန ရလဒ်များ” ဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းတို့ကို ငါသည် အဘယ်သို့ သာမန်ကာလျှံကာ ပယ်ဖျက်ပစ်နိုင်မည်နည်း။ ဤသည်မှာ လူတို့၏ကောင်းမွန်သော ရည်ရွယ်ချက်များကို “အယုံအကြည်မဲ့အောင်လုပ်ခြင်း” ဖြစ်မည် မဟုတ်လော။ အမှန်တွင်တော့၊ ငါသည် အသိစိတ်တစ်ခု ရှိ၏၊ ထို့ကြောင့် ငါသည် လူသားနှင့်အတူ ကောက်ကျစ်ခြင်း၊ သူတစ်ပါးကို ဒုက္ခပေးသော အပြုအမူများတွင် ပါဝင်ခြင်းမရှိပေ- ငါ၏ လုပ်ဆောင်ချက်များသည် ထိုသို့ ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားက ပြောဆိုသော “တရားမျှတခြင်းနှင့် သင့်တင့်ခြင်း” မဟုတ်လော။ လူသားအလယ်တွင် ငါသည် လက်ရှိအချိန်အထိ မရပ်မနား အလုပ်လုပ်လေပြီ။ ယနေ့ကဲ့သို့ အချိန်များ ရောက်ရှိခြင်းနှင့်အတူ၊ လူတို့သည် ငါ့ကို မသိကြသေးချေ၊ ၎င်းတို့သည် ငါ့ကို သူစိမ်းတစ်ဦးကဲ့သို့ ဆက်ဆံကြဆဲ ဖြစ်ကာ၊ ငါသည် ၎င်းတို့ကို “လမ်းဆုံး”သို့ ခေါ်ဆောင်လာပြီးဖြစ်သောကြောင့်၊ ငါ့အပေါ် တိုး၍ပင် မုန်းတီးလာကြသည်။ ဤအချိန်တွင်၊ ၎င်းတို့နှလုံးသားထဲက ချစ်ခြင်းမေတ္တာသည် သဲလွန်စမရှိဘဲ အချိန်ကြာမြင့်စွာက ပျောက်ကွယ်ပြီး ဖြစ်သည်။ ငါသည် လူသားကို သိမ်ငယ်စေဖို့ မဆိုထားနှင့်၊ ကြွားဝါနေခြင်း မဟုတ်ပေ။ ငါသည် လူသားကို ထာဝရကာလကြာ ချစ်နိုင်ပြီး၊ ထာဝရကာလကြာလည်း မုန်းနိုင်သည်။ ငါသည် ဇွဲလုံ့လရှိသောကြောင့် ဘယ်သောအခါမျှ ဤအရာ ပြောင်းလဲလိမ့်မည်မဟုတ်။ သို့သော် လူသားသည် ဤဇွဲလုံ့လကို မပိုင်ဆိုင်ပေ။ သူသည် ငါ့အပေါ် စိတ်သဘောထား အမြဲပြောင်းလဲနေသည်။ ငါ၏ နှုတ်ကို ဖွင့်သောအခါ၊ သူသည် ငါ့ကို အစဉ် အနည်းငယ်သာ အာရုံစိုက်ပြီး၊ ငါ၏ နှုတ်ကို ပိတ်ပြီး၊ မည်သည့်အရာမျှ မပြောသောအခါ၊ သူသည် ကြီးမားသော လောက၏ လှိုင်းလုံးများအလယ်တွင် မကြာမီ ပျောက်ဆုံးလာလေသည်။ ထို့ကြောင့် ငါသည် ဤအရာကို နောက်ထပ် ဆောင်ပုဒ်တစ်ခုအဖြစ်သို့ အကျဉ်းချုံးမည်။ လူတို့သည် ဇွဲလုံ့လ မရှိကြ၊ ထို့ကြောင့် ၎င်းတို့သည် ငါ၏ စိတ်နှလုံးကို ဖြည့်ဆည်းနိုင်စွမ်း မရှိကြချေ။

လူသားများ အိပ်မက်မက်နေကြစဉ်တွင်၊ ငါသည် လူသားအလယ် ငါ၏ လက်ထဲက “သေခြင်း ရနံ့” ကို ဖြန့်ဝေရင်း၊ ကမ္ဘာလောက၏ နိုင်ငံများကို ခရီးနှင်သည်။ လူအားလုံးသည် အသက်ပါမှုကို ချက်ချင်း ချန်ထားပြီး လူ့ဘဝ၏ နောက်ထပ် အဆင့်တစ်ခုထဲသို့ ဝင်ရောက်ကြသည်။ လူသားမျိုးနွယ်ထဲတွင်၊ သက်ရှိအရာများ တစ်ခုတစ်လေကိုမျှ မြင်တွေ့ မရနိုင်တော့ပေ။ အလောင်းကောင်များ နေရာတကာ ပြန့်ကျဲနေသည်။ အသက်ပါမှုဖြင့် ပြည့်သော အရာများသည် သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားပြီး အလောင်းကောင်များ၏ မွန်းကြပ်လှသော အနံ့သည် နယ်မြေကို စိမ့်ဝင်ပျံ့နှံ့နေသည်။ ငါသည် အသက်ရှင်သန်လျက် လာကြပြီးသူများကို နေထိုင်စရာနေရာတစ်ခု ပေးရင်းနှင့် အကောင်းဆုံး နယ်မြေတစ်ခုတွင် လူအားလုံးကို နေထိုင်စေရင်း၊ အမှု၏ နောက်တစ်ဆင့်ကို ငါစတင်နေသည့်အတွက်၊ ငါသည် ရုတ်တရက် မျက်နှာကို ဖုံးအုပ်ပြီး လူသားထံမှ ထွက်ခွာသည်။ ဤသည်မှာ လူသားအတွက် ငါ ပြင်ဆင်ပေးထားသော- ဝမ်းနည်းခြင်း သို့မဟုတ် သက်ပြင်းချသံများမရှိသည့် နယ်မြေတစ်ခု- ကောင်းချီးခံစားရာ နယ်မြေ ဖြစ်သည်။ ချိုင့်ဝှမ်းမှ စိမ့်စမ်းများမှ ပန်းထွက်လျက်ရှိသော ရေများသည် အောက်ခြေထိ ကြည်လင်သန့်ရှင်းနေသည်၊ ယင်းသည် မရမနား စီးဆင်းကာ ဘယ်သောအခါမျှ ခမ်းခြောက်သွားခြင်း မရှိပေ။ လူတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်လျက် နေထိုင်ကြသည်။ ငှက်များ တေးသီကျူးနေပြီး နူးညံ့သော လေပြေနှင့် နွေးထွေးသော နေတို့အကြားတွင် ကောင်းကင်နှင့် မြေကြီးနှစ်ခုလုံး အနားယူလျက် ရှိသည်။ ယနေ့တွင်၊ ဤနေရာ၌ လူအားလုံး၏ အလောင်းကောင်များသည် ဖရိုဖရဲ လဲလျောင်းနေသည်။ လူတို့မသိရှိဘဲနှင့်၊ ငါ၏ လက်က ကပ်ရောဂါများကို ငါ ထုတ်လွှတ်လိုက်ပြီး လူသား၏ ခန္ဓာကိုယ်များသည် ဦးခေါင်းမှ ခြေချောင်းထိ သွေးသား အရိပ်အယောင်တစ်ခုမျှ မချန်ထားဘဲ ယိုယွင်းပျက်စီးသွားပြီး၊ ငါသည် လူသားနှင့် ဝေးရာသို့ သွား၏။ ငါ၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးအဆင့်သည် အဆုံးသတ်သို့ ရောက်လာပြီဖြစ်သည့်အတွက်၊ ငါသည် မည်သည့်အခါတွင်မျှ လူသားနှင့် တစ်ဖန် စုရုံးလိမ့်မည် မဟုတ့်၊ ငါသည် လူသားအလယ် မည်သည့်အခါတွင်မျှ တစ်ဖန် လာလိမ့်မည် မဟုတ်သကဲ့သို့၊ ငါသည် လူသားမျိုးနွယ်ကို တစ်ဖန် ဖန်ဆင်းလိမ့်မည်မဟုတ်၊ လူသားကို တစ်ဖန် အလေးဂရုပြုမှု တစ်ခုတစ်လေ ငါပေးလိမ့်မည်မဟုတ်။ ငါ၏ နှုတ်မှနှုတ်ကပတ်တော်များကို အဓိပ္ပါယ်ကောက်ယူပြီးနောက် လူအားလုံးသည် မသေချင်ကြသည့်အတွက် မျှော်လင့်ချက်များ ပျောက်ဆုံးကြသည်- သို့သော် အဘယ်သူသည် “အသက်ရှင်လာခြင်း” အတွက် မ“သေဆုံး” သနည်း။ လူတို့ကို ၎င်းတို့အား အသက်ရှင်လာစေဖို့ မှော်အတတ် ငါ့တွင် မရှိဟု ငါပြောသည့်အခါ၊ ၎င်းတို့သည် နာကျင်မှုဖြင့် ရုတ်တရက်ငိုကြွေးကြသည်။ ဧကန်အမှန်၊ ငါသည် ဖန်ဆင်းရှင်ဖြစ်သော်လည်း၊ ငါသည် လူတို့ကို သေဆုံးစေသော တန်ခိုးသာ ရှိပြီး ၎င်းတို့ကို ရှင်လာစေဖို့ အစွမ်းအစ ကင်းမဲ့၏။ ဤတွင်၊ ငါ လူသားကို တောင်းပန်သည်။ ထို့ကြောင့် “ငါသည် မပေးဆပ်နိုင်သော အကြွေးသူ့အပေါ်တွင် တင်မိသည်” ဟု ငါ သူ့ကို ကြိုတင် ပြောခဲ့သည်- သို့သော် သူသည် ငါ ယဉ်ကျေးနေခဲ့ခြင်းသာဖြစ်သည်ဟု တွေးထင်ခဲ့သည်။ ယနေ့တွင်၊ အမှန်တရားများ ဖြစ်ပေါ်လာမှုနှင့်အတူ၊ ဤအရာကို ငါပြောနေဆဲဖြစ်သည်။ ငါ စကားပြောသည့်အခါတွင် အမှန်တရားများကို ငါ ထုတ်ပြောမည်မဟုတ်ပေ။ ၎င်းတို့၏ အယူအဆများတွင် ငါ စကားပြောဆိုသည့် နည်းလမ်းအလွန်များလှသည်ဟု ယုံကြည်ကြပြီး ထို့ကြောင့် ၎င်းတို့သည် အခြားတစ်စုံတစ်ခုကို မျှော်လင့်နေစဉ် ၎င်းတို့အား ငါပေးသော စကားများကို အမြဲ ဆုပ်ကိုင်ထားကြသည်။ ဤသည်တို့မှာ လူသား၏ မှားယွင်းသော ကြံရွယ်ချက်များ မဟုတ်လော။ လူသားသည် ငါ့ကို အမှန်တကယ် မချစ်ဟု “ရဲဝံ့စွာ” ငါ ပြောဆိုဝံ့သည်မှာ ဤအခြေအနေများအောက်တွင် ဖြစ်သည်။ ငါသည် လူတို့ကို ၎င်းတို့၏ အကောင်းဆုံး တိုင်းပြည်ထဲသို့ ခေါ်ဆောင်သွားလိမ့်မည် မဟုတ်သည့်အတွက်၊ ငါသည် အသိစိတ်ကို ကျောခိုင်းကာ အချက်အလက်များကို လိုရာဆွဲ၍ မမှန်မကန်ပြောလိမ့်မည် မဟုတ်။ အဆုံးတွင်၊ ငါ၏အမှု အပြီးသတ်သည့်အခါ၊ ငါသည် ၎င်းတို့ကို သေခြင်း တိုင်းပြည်ဆီသို့ ဦးဆောင်သွားမည်။ ထို့ကြောင့် လူတို့သည် ငါနှင့်ပတ်သက်၍ စောဒကမတက်သင့်ပေ- ယင်းမှာ လူတို့သည် ငါ့ကို “ချစ်”သောကြောင့် မဟုတ်လော။ ယင်းမှာ ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ စိတ်ဆန္ဒ အားကောင်းလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ လူတို့သည် ကောင်းချီးမင်္ဂလာများကို မရှာဖွေချင်ခဲ့ပါက၊ ဤ“ကံအကြောင်းမလှသည့်ဖြစ်ရပ်” အဘယ်သို့ရှိနိုင်မည်နည်း။ ငါ့အပေါ် လူတို့၏ “သစ္စာစောင့်သိမှု”ကြောင့်၊ ၎င်းတို့သည် မည်သည့် အထောက်အပံ့မျှ လုံးဝ မပြုသော်လည်း၊ အလုပ်ကြိုးစားရင်း နှစ်ပေါင်းများစွာ ငါ့နောက်လိုက်ကြပြီး ဖြစ်သောကြောင့်၊ “လျှို့ဝှက်အခန်း”ထဲတွင် ဖြစ်ပျက်နေသည့်အရာနှင့်သက်ဆိုင်၍ အနည်းငယ်ကို ၎င်းတို့ထံ ငါ ထုတ်ဖော်ပြ၏- ယနေ့တွင် ငါ၏ အမှုသည် အဆင့်တစ်ခုကို ရောက်ရှိဖို့လိုသေးသကဲ့သို့ လူတို့သည် မီးတွင်းထဲသို့ ပစ်ချမခံရသေးသည်ကို ထောက်ဆသော်၊ ၎င်းတို့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြရန် ငါသည် ၎င်းတို့ကို အကြံပြု၏- ကျန်ရှိသူအားလုံးသည် ကံအကြောင်းမလှသည့် ဖြစ်ရပ်နှင့် ကံအနည်းငယ်ကို ခံစားရနိုင်ဖွယ်ရှရှိပြီး၊ အဆုံးတွင် သေဆုံးခြင်းကို ၎င်းတို့ ရှောင်ရှားနိုင်ကြလိမ့်ဦးမည် မဟုတ်ပေ။ ၎င်းတို့အတွက် “ချမ်းသာကြွယ်ဝမှုများဆီသို့ တံခါး”ကို ငါ ကျယ်ကျယ်ဖွင့်ပေးသည်။ ထွက်ခွါသွားရန် လိုလားလျက်ရှိသူ မည်သူမဆိုသည် တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်သည်- ပြစ်တင်ဆုံးမခြင်း ရောက်ရှိသည်အထိ ၎င်းတို့ စောင့်ဆိုင်းပါက၊ နောက်ကျလွန်းသွားပေလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ရယ်သွမ်းသွေးစရာ မဟုတ်ပေ- ယင်းတို့သည် စစ်မှန်သော အချက်များ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ကောင်းသော အသိစိတ်ဖြင့် လူသားထံ ပြောဆိုထားပြီး၊ ယခုအချိန် သင်တို့ မသွားပါက၊မည်သည့်အချိန် သွားမည်နည်း။ ငါ၏ နှုတ်ကပတ်တော်များကို လူတို့ အမှန်တကယ် ယုံကြည်နိုင်သလော။

ငါသည် လူသား၏ ကံကြမ္မာကို ဘယ်သောအခါမျှ သိပ်မစဉ်းစားဖူးပေ။ ငါသည် လူတို့၏ ဘောင်ခတ်ခြင်းမခံရဘဲ၊ ငါ၏ ကိုယ်ပိုင်အလိုနောက် သက်သက် ငါ လိုက်လျှောက်သည်။ ငါသည် ၎င်းတို့၏ ကြောက်ရွံမှုများကြောင့် ငါ၏လက်ကို မည်သို့ ရုပ်နိုင်မည်နည်း။ ငါ၏စီမံခန့်ခွဲမှု အစီအစဉ် တစ်ခုလုံး တစ်လျှောက်တွင်၊ ငါသည် လူသား၏ အတွေ့အကြုံများအတွက် အပို အစီအစဉ်များ တစ်ခုတစ်လေကို လုံးဝ ငါ မပြုလုပ်ဖူးပေ။ ငါ၏ မူလအစီအစဉ်အတိုင်း ငါ ဆောင်ရွက်ရုံမျှ ဆောင်ရွက်သည်။ အတိတ်တွင်၊ လူတို့သည် ငါအတွက် မိမိတို့ကိုယ်ကိုယ် “ပူဇော်” ခဲ့ကြပြီး၊ ငါသည် ၎င်းတို့အပေါ် အအေးမဟုတ်၊ အပူမဟုတ် ဖြစ်ခဲ့သည်။ ယနေ့တွင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် “စွန့်လွှတ်” ကြပြီးဖြစ်ကာ၊ ငါသည် ၎င်းတို့အပေါ် အအေးမဟုတ်၊ အပူမဟုတ် ဖြစ်မြဲဖြစ်နေသည်။ လူတို့သည် ငါ့အတွက် ၎င်းတို့၏ ဘဝများကို စွန့်လွှတ်ကြသောကြောင့် မိမိဘာသာ အားရကျေနပ်ခြင်းမရှိသကဲ့သို့၊ ကြီးမားသော ဝမ်းမြောက်မှုဖြင့် မွှန်ထူသွားခြင်းလည်း မရှိဘဲ၊ ငါ၏အစီအစဉ်နှင့်အညီ ကွပ်မျက်ရာကွင်းဆီသို့ ၎င်းတို့ကို ဆက်လက် စေလွှတ်သည်။ ဝန်ချမှုအတွင်းတွင် ငါသည် ၎င်းတို့၏ သဘောထားကို အလေးဂရုမပြုပေ- ငါ၏ အေးစက်အေးခဲနေသော နှလုံးသားသည် လူသား၏ နှလုံးသားများအားဖြင့် အဘယ်သို့ တို့ထိခံရနိုင်မည်နည်း။ ငါသည် လူသားမျိုးနွယ်များအနက် စိတ်လှုပ်ရှားထိခိုက်လွယ်သော သတ္တဝါများထဲမှ တစ်ဦးဖြစ်သလော။ ငါသည် စိတ်ခံစားမှုမရှိဟု လူတို့ကို ကြိမ်ဖန်များစွာ ငါသတိပေးပြီးဖြစ်သော်လည်း ငါသည် ယဉ်ကျေးနေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြလျက်၊ ၎င်းတို့ ပြုံးရုံမျှပြုံးကြလေသည်။ “ငါသည် ရှင်သန်ခြင်းအတွက် လူသားမျိုးနွယ်၏ အတွေးအခေါ်များကို မသိနားမလည်ပါ” ဟု ငါပြောပြီးဖြစ်သော်လည်း၊ လူတို့သည် ထိုသို့ ဘယ်သောအခါမျှ မတွေးထင်ဖူးသကဲ့သို့၊ ငါ စကားပြောသည့်နည်းများ အလွန်များပြားသည်ဟု ပြောဆိုခဲ့ကြသည်။ လူသား၏ ဤအယူအဆ အကန့်အသတ်များကြောင့်၊ မည်သည့် အသံအနေအထားနှင့် မည်သည့်နည်းများဖြင့် လူတို့အား စကားပြောဆိုရမည်ကို ငါမသိပေ- ထို့ကြောင့် အခြားရွေးချယ်စရာ မရှိဘဲ ငါသည် ငါသည် တဲ့တိုး ပြောဖို့သာ တတ်နိုင်သည်။ အခြား မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ လူတို့ စကားပြောဆိုသောနည်းများ အလွန်များပြား၏- ၎င်းတို့က၊ “ငါတို့သည် စိတ်ခံစားမှုများအပေါ် အမှီမပြုသင့်ဘဲ၊ ဖြောင့်မတ်ခြင်းကို လက်တွေ့လုပ်ဆောင်သင့်သည်” ဟု ပြောဆိုကြသည်၊ ယင်းမှာနှစ်ပေါင်းများစွာ ၎င်းတို့ ဟစ်အော်ပြီးဖြစ်သည့် ဆောင်ပုဒ် မျိုးတစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ၎င်းတို့၏ စကားများနှင့်အညီ မဆောင်ရွက်နိုင်ကြချေ၊ သူတို့၏ စကားများသည် အနှစ်မဲ့ကြ၏- ထို့ကြောင့် လူတို့သည် “၎င်းတို့၏စကားများနှင့် အောင်မြင်မှုများကို တပြိုင်တည်းဖြစ်စေ”နိုင်စွမ်း မရှိဟု ငါဆိုသည်။ ၎င်းတို့၏ နှလုံးသားများထဲတွင် ထိုသို့ ပြုမူခြင်းသည် ငါ့ကို အတုယူခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်- သို့သော် ၎င်းတို့၏ အတုယူခြင်းကို ငါစိတ်မဝင်စားပေ၊ ထိုအရာကို ငါစိတ်ကုန်ကာ ငြီးငွေ့သည်။ လူတို့သည် ၎င်းတို့ကို ကျွေးမွေးသောသူကို အဘယ့်ကြောင့် အမြဲတမ်း ဆန့်ကျင်ကြသနည်း။ ငါသည် လူတို့ကို အလွန် နည်းပါးစွာ ပေးပြီလော။ ငါ၏ နောက်ကွယ်တွင် လူတို့သည် အဘယ့်ကြောင့် စာတန်ကို အမြဲတိတ်တဆိတ် ကိုးကွယ်ကြသနည်း။ ယင်းသည် ၎င်းတို့သည် ငါအတွက် အလုပ်လုပ်ကြပြီး ၎င်းတို့အား ငါပေးသော လစာသည် ၎င်းတို့၏ နေထိုင်စရိတ်အဖို့ လောက်ငခြင်းမရှိသည့်အလားဖြစ်ပြီး၊ ယင်းကြောင့် ၎င်းတို့သည် လုပ်အားခ နှစ်ဆဖြစ်စေဖို့အလို့ငှာ အလုပ်ချိန်ပြင်ပတွင် အခြားအလုပ်တစ်ခုကို ရှာဖွေကြ၏- အကြောင်းမှာ လူတို့၏ အသုံးစရိတ်သည် အလွန်များပြားသကဲ့သို့၊ မည်သို့ အဆင်ပြေစေရမည်ကို ၎င်းတို့ သိရှိပုံမရကြသည့်အတွက် ဖြစ်သည်။ ယင်းသည် ထိုသို့ အမှန်တကယ်ဖြစ်ခဲ့ပါက၊ ငါ၏ “အလုပ်ရုံ” ကို စွန့်ခွါရန် ၎င်းတို့ကို တောင်းဆိုမည်။ အချိန်ကြာမြင့်စွာက၊ ငါ့အတွက် အလုပ်လုပ်ခြင်းတွင် အထူးဆက်ဆံခံရခြင်း တစ်ခုတစ်လေ မရှိဟု လူသားကို ငါရှင်းပြခဲ့သည်။ ခြွင်းချက်မရှိ၊ “အလုပ်ကြိုးကြိုးစားစားလုပ်လေလေ များများရလေလေဖြစ်မည်၊ အလုပ်နည်းနည်း လုပ်လေလေ နည်းနည်းရလေလေဖြစ်မည်၊ အလုပ်မလုပ်လျှင် မည်သည့်အရာမှရရှိမည်မဟုတ်” ဟူသော စနစ်ကို ကျင့်သုံးလျက်၊ ငါသည် လူတို့ကို တရားမျှတစွာနှင့် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံသည်။ ငါ စကားပြောဆိုသောအခါ၊ မည်သည့်အရာကိုမျှ မချုပ်တည်းပေ။ တစ်ဦးတစ်လေက ငါ၏ “အလုပ်ရုံစည်းမျဉ်းများ” တင်းကြပ်လွန်းသည်ဟု ယုံကြည်ပါက၊ ၎င်းတို့ ချက်ချင်း ထွက်သွားသင့်သည်။ ၎င်းတို့၏ မြို့ပြင်“ခရီးစရိတ်”ကို ငါပေးလိုက်မည်။ ထိုသို့သော လူများနှင့်သက်ဆိုင်၍ ငါ၏ ကိုင်တွယ်ခြင်းတွင် ငါသည် “သက်ညှာ”၏၊ ၎င်းတို့ကို ငါ အတင်းအကျပ် မနေစေပေ။ မရေမတွက်နိုင်သော ဤလူများထဲတွင်၊ ငါ၏ စိတ်နှလုံးနှင့် ညီညွတ်သော “အလုပ်သမား” တစ်ဦးကို ငါ ရှာမတွေ့နိုင်မည်လော။ လူတို့သည် ငါ့ကို အထင်မသေးသင့်ပေ။ လူတို့သည် ငါကို မလိုက်နာကြသေးသကဲ့သို့၊ အခြားတစ်နေရာတွင် “အလုပ်အကိုင်”ကို ရှာဖွေလိုသေးပါက၊ ၎င်းတို့ကို ငါသည် အတင်းအကျပ်ပြုမည် မဟုတ်- ငါကြိုဆိုလက်ခံမည်၊ ငါ့မှာ ရွေးချယ်စရာမရှိပေ။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ငါသည် “စည်းမျဉ်းစည်းကမ်းများ” အလွန်များလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။

၁၉၉၂ ခုနှစ်၊ မေလ ၈ ရက်

အရှေ့သို့- အခန်း ၃၉

နောက်တစ်ခုသို့- အခန်း ၄၁

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

လူသားသည် ယနေ့အမှုနှင့် အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာ နားလည်၏၊ သို့ရာတွင် သူသည် လူသားမျိုးနွယ် ဝင်ရောက်မည့် ပန်းတိုင်ကို နားမလည်ပေ။...

အခန်း ၁၀၃

စကြဝဠာ တစ်ခွင်လုံးကို လှုပ်ခါလျက်၊ တစ်ဖြောင်းဖြောင်း မြည်ဟည်းသော အသံတစ်သံ ပေါ်ထွက်၏။ ယင်းသည် အလွန်ကျယ်လောင်လွန်းသဖြင့် လူတို့သည်...

နိုင်ငံတော်ခေတ်သည် နှုတ်ကပတ်တော်ခေတ်ဖြစ်သည်

နိုင်ငံတော်ခေတ်တွင် ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးရန်၊ သူအမှုပြုသည့် နည်းလမ်းကို ပြောင်းလဲရန်နှင့် ခေတ်တစ်ခေတ်လုံး၏ အမှုကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။