အခန်း ၂၀

ငါ့အိမ်ထောင်၏ ချမ်းသာကြွယ်ဝမှုများသည် မရေမတွက်နိုင်အောင် ဖြစ်ပြီး ဉာဏ်မမီနိုင်လောက်အောင် ဖြစ်သည်၊ သို့သော်လည်း လူသည် ယင်းတို့ကို ပျော်မွေ့ခံစားရန် ငါ့ထံသို့ မည်သည့်အခါမျှ မလာဖူးပေ။ လူသားသည် မိမိဘာသာ တစ်ကိုယ်တည်း မွေ့လျော်ခံစားနိုင်စွမ်းမရှိသကဲ့သို့၊ မိမိ၏ အားထုတ်မှုများ အသုံးပြုလျက် မိမိကိုယ်ကိုယ်လည်း ကာကွယ်နိုင်စွမ်း မရှိပေ။ ထိုအစား သူသည် အခြားသူများ၌ သူ၏ယုံကြည်ကိုးစားမှုကို အမြဲ ထားရှိပြီးဖြစ်သည်။ ငါကြည့်ရှုသည့် သူများ အားလုံးထဲတွင်၊ ငါ့အား တမင်တကာနှင့် တိုက်ရိုက်ရှာဖွေသူ တစ်ယောက်မျှမရှိ။ ၎င်းတို့အားလုံးသည် အခြားသူများ၏ တိုက်တွန်းမှုဖြင့်၊ လူအများစုနောက် လိုက်ရင်း၊ ငါ၏ ရှေ့မှောက်သို့ ရောက်လာကြခြင်း ဖြစ်ပြီး၊ ၎င်းတို့သည် အဖိုးအခပေးရန် သို့မဟုတ် ၎င်းတို့၏ အသက်တာ များကို ကြွယ်ဝစေရန် အချိန်ကို အသုံးပြုဖို့ လိုလားခြင်း မရှိကြချေ။ ထို့ကြောင့် လူအလယ်တွင် မည်သူမျှ လက်တွေ့အရှိတရားထဲတွင် အသက်မရှင်ဖူးကြသကဲ့သို့၊ လူအားလုံးသည် အဓိပ္ပာယ်မရှိသော အသက်တာများကို အသက်ရှင်ကြလေသည်။ လူသား၏ ကြာမြင့်စွာ အခြေခိုင်ခဲ့သည့် နည်းလမ်းများနှင့် ဓလေ့ထုံးတမ်းများကြောင့်၊ လူအားလုံး၏ ခန္ဓာကိုယ်များသည် မြေကြီးနှင့်ဆိုင်သော မြေဆီလွှာ၏ အနံ့ဖြင့် ယှက်သန်းလေသည်။ အကျိုးဆက်အနေဖြင့်၊ လူသည် လောကကြီး၏ ဆိတ်သုဉ်းမှုကို မခံစားတတ်တော့ဘဲ တိုး၍ ထုံထိုင်းပြီးဖြစ်ကာ၊ ထိုအစား သူသည် ဤအေးခဲသော ကမ္ဘာလောကထဲတွင် မိမိကိုယ်ကိုယ် ပျော်မွေ့ခံစားခြင်း အလုပ်ဖြင့် မိမိဘာသာ အလုပ်များလေသည်။ လူ၏ အသက်တာသည် နွေးထွေးမှု စိုးစဉ်းမျှ မရှိသကဲ့သို့၊ လူ့သဘာဝ သို့မဟုတ် အလင်း၏ အရိပ်အယောင် တစ်ခုမျှ မရှိပေ- သို့သော် သူသည် မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်းမရှိဘဲ၊ အလောတကြီး လုပ်သည့် တန်ဖိုး ကင်းမဲ့သော တစ်သက်တာကို နေထိုင်ရင်း ယခင်ထက် မိမိကိုယ်ကိုယ် အလိုလိုက်ထားပြီး ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းတွင်၊ သေခြင်းနေ့ရက် နီးကပ်လာပြီး၊ လူသည် ခါးသီးသော သေခြင်းဖြင့် သေဆုံးသွားသည်။ ဤလောကတွင် သူသည် မည်သည့်အရာကိုမျှ လုံးဝ မပြီးမြောက်သေးပေ သို့မဟုတ် မည်သည့်အရာကိုမျှ မရရှိဖူးပေ- သူသည် အလျင်စလိုဖြင့် ဤနေရာသို့ ရောက်ရှိကာ အလျင်စလို ထွက်ခွာသွားသည်။ ငါ၏ အမြင်တွင်ရှိသည့် သူများထဲမှ မည်သူမျှ မည်သည့်အရာကိုမျှ ယူဆောင်မလာဖူးပေ သို့မဟုတ် မည်သည့်အရာကိုမျှ ယူငင်မသွားဖူးပေ၊ ထို့ကြောင့် လောကကြီးက မတရားဟု လူက ခံစားရသည်။ သို့သော် မည်သူကမျှ အလျင်စလို ထွက်သွားရန် လိုလားမနေကြချေ။ ၎င်းတို့သည် ၎င်းတို့ လမ်းလွဲ သွားသည့် အချိန်တွင်၊ နောက်တစ်ဖန် ထာဝရအသက်၏ လမ်းခရီးကို ၎င်းတို့အား ရှုမြင်ခွင့်ပေးရင်း၊ ကောင်းကင်ဘုံမှ ငါ၏ကတိတော်သည် လူသားအလယ် ရုတ်တရက် ရောက်လာမည့် နေ့ရက်ကို စောင့်ဆိုင်းရုံမျှစောင်းဆိုင်းကြလေသည်။ ထို့ကြောင့် ငါသည် သူ့အဖို့ ငါ၏ကတိတော်ကို ငါ အမှန်တကယ် တည်ပြီးခြင်း ရှိ မရှိဆိုသည်ကို မြင်ဖို့ရန် လူသည် ငါ၏ လုပ်ဆောင်ချက်နှင့် လုပ်ရပ်တိုင်းအပေါ် စိတ်စွဲလမ်းလေသည်။ သူသည် ဒုက္ခအလယ်၌ သို့မဟုတ် လွန်ကဲသော နာကျင်မှု၌ရှိချိန်တွင် သို့မဟုတ် စမ်းသပ်မှုများက ဝန်းရံဖိစီးခံရပြီး လဲကျတော့မည့်အချိန်တွင်၊ သူသည် သူ၏ ဒုက္ခများမှ စောစော လွတ်မြောက်ပြီး၊ နောက်ထပ် အကောင်းဆုံးသော နေရာတစ်ခုသို့ ပြောင်းရွှေ့ရန်အလို့ငှာ လူသည် သူဖွားမြင်ရာနေ့ကို ကျိန်ဆဲလေသည်။ သို့သော် စမ်းသပ်မှုများ ကျော်လွန်သွားသောအခါတွင်၊ လူသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်လေသည်။ သူသည် ကမ္ဘာမြေပေါ်၌ သူ၏ ဖွားမြင်ရာနေ့ကို ကျင်းပပြီး သူ၏ ဖွားမြင်ရာနေ့ကို ကောင်းချီးပေးရန် ငါ့ကို တောင်းဆိုလေသည်။ ဤအချိန်တွင် လူသည် သေခြင်းတရားက ဒုတိယအကြိမ် သူ့အပေါ် ကျရောက်လာမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ အတိတ်ကာလ၏ ကျိန်ဆိုမှုများကို ပြောဆိုခြင်း မရှိတော့ပေ။ ငါ၏လက်များသည် ကမ္ဘာလောကကို ချီမသောအခါ လူများသည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကြသည်၊ ၎င်းတို့သည် ဝမ်းမနည်းကြတော့ဘဲ၊ ငါ့အပေါ် ၎င်းတို့အားလုံး မှီခိုအားထားကြလေသည်။ ငါ၏မျက်နှာကို ငါ့လက်များနှင့် ဖုံးကွယ်ကာ၊ လူတို့ကို မြေကြီးအောက်သို့ ဖိနှိပ်သောအခါတွင်၊ ၎င်းတို့သည် ချက်ချင်း အသက်ရှူကျပ် သွားကြပြီး၊ ရှင်သန်ရန် အနိုင်နိုင် ဖြစ်ကြလေသည်။ ၎င်းတို့အား ငါဖျက်ဆီးမည်ကို ကြောက်လှန့်ကြလျက်၊ ငါ ဘုန်းထင်ရှားမည့် နေရက်ကို ရှုမြင်ရန် ၎င်းတို့ ဆန္ဒ ရှိကြသည့်အတွက်၊ ၎င်းတို့ အားလုံးသည် ငါ့ထံ ဟစ်အော်ကြလေသည်။ လူသားသည် ငါ၏ နေ့ရက်ကို သူ၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရင်းအနှီးအဖြစ် သဘောထားပြီး၊ လူသားမျိုးနွယ်အနေဖြင့် ယနေ့ထိ ရှင်သန်နိုင်ကြပြီးဖြစ်သည်မှာ ငါ၏ ဘုန်းအသရေ ရောက်ရှိမည့်နေရက်ကို လူတို့ တောင့်တကြသောကြောင့်သာ ဖြစ်သည်။ နောက်ဆုံးသော ကာလအတွင်း မွေးဖွားလာသော သူများသည် ငါ၏ ဘုန်းအသရေ အားလုံးကို ရှုမြင်ရလောက်အောင် အခွင့်သာသော သူများဖြစ်သည် ဆိုခြင်းမှာ ငါ၏နှုတ်ဖြင့် ထုတ်ပြန်ကြေညာသည့် ကောင်းချီးမင်္ဂလာဖြစ်ပေသည်။

ခေတ်ကာလများ တစ်လျှောက်တွင်၊ များစွာသောသူတို့သည် ဤလောကမှ စိတ်ပျက်မှုနှင့် မလိုလားခြင်းဖြင့် ထွက်ခွာသွားကြပြီးဖြစ်ကာ၊ များစွာသောသူတို့သည် မျှော်လင့်ချက်နှင့် ယုံကြည်ခြင်းတို့ဖြင့် ဝင်လာကြပြီးဖြစ်သည်။ ငါသည် များစွာသောသူတို့ လာကြဖို့ စီမံပြီးဖြစ်ကာ များစွာသောသူတို့ကို အဝေးပို့လိုက်ပြီးဖြစ်သည်။ မရေတွက်နိုင်သော လူများသည် ငါ၏ လက်များမှတစ်ဆင့် ဖြတ်သန်းသွားကြပြီးဖြစ်သည်။ ဝိညာဉ်များစွာတို့ သည် မရဏနိုင်ငံထဲသို့ ပစ်ချခြင်း ခံကြရပြီးဖြစ်သည်၊ များစွာ သောသူတို့သည် ဇာတိပကတိထဲတွင် အသက်ရှင်ကြပြီးဖြစ်ကာ များစွာသောသူတို့သည် ကမ္ဘာမြေပေါ်တွင် သေဆုံးကြပြီး၊ ပြန်လည်မွေးဖွားကြပြီး ဖြစ်သည်။ သို့သော် ၎င်းတို့အထဲမှ မည်သူကမျှ ယနေ့ နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို ပျော်မွေ့ခံစားရန် မည်သည့်အခါမျှ အခွင့်အရေး မရရှိကြဖူးပေ။ စာတန်၏ အင်အားစုများ၏ ပြင်းထန်သော တိုက်ခိုက်မှုသည် သူ့ကို ငါ၏ ချမ်းသာကြွယ်ဝမှုများ အားလုံးအား မွေ့လျော်မခံစားနိုင်ဖို့ ကျန်ရစ်စေပြီး ဖြစ်သည့်အတွက်၊ ငါသည် လူကို များစွာ ပေးထားပြီးဖြစ်သော်လည်း၊ သူသည် အနည်းငယ်မျှသာ ရရှိပြီးဖြစ်သည်။ သူသည် မျှော်ကြည့်ရန် ကောင်းမွန်သော အခွင့်အလမ်းသာ ရှိခဲ့သော်လည်း၊ မည်သည့်အခါမျှ ယင်းတို့ကို အပြည့်အဝ မမွေ့လျော် မခံစားနိုင်ဖူးပေ။ လူသည် ကောင်းကင်ဘုံ၏ ကြွယ်ဝ ချမ်းသာမှုများကို ရရှိရန်အလို့ငှာ သူ၏ ခန္ဓာထဲရှိ ဘဏ္ဍာတိုက်ကို မည်သည့်အခါကမျှ ရှာဖွေတွေ့ရှိခြင်း မရှိဖူးပေ၊ ထိုကြောင့် သူ့အပေါ် ငါအပ်နှင်းထားပြီးဖြစ်သော ကောင်းချီးမင်္ဂလာများကို သူဆုံးရှုံးရလေပြီ။ လူ၏ စိတ်ဝိညာဉ်သည် ငါ၏ဝိညာဉ်တော်နှင့် သူ့ကို ဆက်သွယ်ပေးသော တကယ့် အစွမ်းအစ ဖြစ်သည် မဟုတ်လော။ အဘယ့်ကြောင့် လူသည် ငါ့အား သူ၏ဝိညာဉ်ဖြင့် မည်သည့်အခါမျှ ထိတွေ့ဆက်ဆံခြင်း မရှိရသနည်း။ အဘယ့်ကြောင့် သူသည် ငါ့ထံသို့ ဇာတိပကတိဖြင့် တိုးဝင်ချဉ်းကပ်သော်လည်း၊ ဝိညာဉ်ဖြင့် ထိုသို့လုပ်ဆောင်နိုင် စွမ်း မရှိရသနည်း။ ငါ၏ စစ်မှန်သော မျက်နှာသည် ဇာတိပကတိနှင့်ဆိုင်သည့် မျက်နှာတစ်ခုလော။ လူသည် အဘယ့်ကြောင့် ငါ၏ အနှစ်သာရကို မသိရှိသနည်း။ လူ၏ စိတ်ဝိညာဉ်ထဲတွင် ငါ၏ အရိပ်လက္ခဏာ တစ်ခုတစ်လေမျှ အမှန်တကယ် မရှိဖူးပါသလော။ လူ၏ စိတ်ဝိညာဉ်မှ ငါသည် လုံးဝ ပျောက်ကွယ်သွားပြီလော။ အကယ်၍ လူသည် ဝိညာဉ်လောကထဲသို့ ဝင်ရောက်ခြင်း မရှိပါက၊ ငါ၏ ရည်ရွယ်ချက်များကို မည်သို့ သဘောပေါက်နိုင်မည်နည်း။ လူ၏ အမြင်တွင်၊ ဝိညာဉ်လောကကို တိုက်ရိုက် ထွင်းဖောက်နိုင်သော အရာ ရှိသလော။ ငါသည် လူသားကို ငါ၏ ဝိညာဉ်တော်ဖြင့် ကြိမ်ဖန်များစွာ ခေါ်ဆိုပြီးဖြစ်သော်လည်း၊ လူသားက ငါ့ကို အဝေးမှ လေ့လာလျက်၊ သူ့ကို အခြားလောကထဲသို့ ငါ ဦးဆောင်ခေါ်သွားမည်ကို အလွန်ကြောက်ရွံ့မှုဖြင့်၊ ငါ့အားဖြင့် စိတ်အနှောင့်အယှက် ဖြစ်သည့်အလား ပြုမူလေသည်။ ကြိမ်ဖန်များစွာ ငါသည် လူ၏ စိတ်ဝိညာဉ်ထဲတွင် မေးမြန်းခဲ့သော်ငြားလည်း၊ ငါသည် သူ၏ အိမ်အထဲသို့ ဝင်ရောက်၍ သူ၏ ပိုင်ဆိုင်မှုများ အားလုံးကို သူ့ထံမှ ယူဆောင်သွားရန် အခွင့်အရေးအား မလွတ်တမ်း အသုံးချမည်ကို အကြီးအကျယ် ကြောက်ရွံ့လျက်၊ လုံးဝ သတိမမူဘဲရှိလေသည်။ ထို့ကြောင့် သူသည် အေးစက်ကာ တင်းတင်းကျပ်ကျပ် ပိတ်ထားသော တံခါးကိုသာ ငါ့အား ရင်ဆိုင်စေခဲ့လျက်၊ ငါ့ကို အပြင်တွင် ပိတ်ထားလေသည်။ ကြိမ်ဖန်များစွာ လူသည် လဲကျပြီးဖြစ်ကာ ငါသည် သူ့ကို ကယ်တင်ပြီးဖြစ်ကာ၊ သို့သော် နိုးထပြီးနောက်တွင် သူသည် ငါ့ကို ချက်ချင်း စွန့်ခွာသွားပြီး၊ ငါ၏ ချစ်ခြင်းမေတ္တာဖြင့် တို့ထိခံရခြင်းမရှိဘဲ၊ ငါ့ကို သတိထားသော အကြည့်ဖြင့် ကြည့်လေသည်။ ငါသည် လူ၏နှလုံးသားကို မည်သည့်အခါမျှ မနွေးထွေးစေဖူးပေ။ လူသည် ခံစားချက်ကင်းမဲ့သည့်၊ သွေးအေးသတ္တဝါ ဖြစ်သည်။ သူသည် ငါ၏ ထွေးပွေ့မှုအားဖြင့် နွေးထွေးရသော်လည်း၊ ယင်းဖြင့် အလွန်အမင်း တို့ထိခံရခြင်း မရှိဖူးပေ။ လူသည် တောင်ပေါ်လူရိုင်း တစ်ဦးကဲ့သို့ ဖြစ်သည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ငါ၏ ချစ်မြတ်နိုးမှု အားလုံးကို သူ မည်သည့်အခါတွင်မျှ တန်ဖိုးမထားဖူးပေ။ သူသည် သားရဲအရိုင်းအစိုင်းများ၏ ခြိမ်းခြောက်မှုကို ကြံ့ကြံ့ခံနေရသည့် တောင်များထဲတွင် နေထိုင်ရန် သာ၍ နှစ်သက်လျက် ငါ့ထံ ချဉ်းကပ်ရန် လိုလားခြင်းမရှိပေ- သို့တိုင် သူသည် ငါ၌ ခိုလှုံဖို့ လိုလားနေခြင်းမရှိသေး။ ငါသည် မည်သည့် လူကိုမျှ အတင်းအကျပ်မပြု။ ငါ၏ အမှုကို ငါ လုပ်ဆောင်ရုံမျှ လုပ်ဆောင်သည်။ လူသားသည် ကမ္ဘာမြေပေါ်က ကြွယ်ဝချမ်းသာမှု အားလုံးကို မွေ့လျော်ခံစားဖို့နှင့် ပင်လယ်၏ ဝါးမျိုခြင်း ခံရမည့်ဘေးကို ချန်ထားခဲ့နိုင်ရန်အလို့ငှာ၊ အားကြီးသော သမုဒ္ဒရာ၏ အလယ်မှ လူသည် ငါ့ဘက်သို့ ကူးခတ်သည့်နေ့ရက် ရောက်လာလိမ့်မည်။

ငါ၏နှုတ်ကပတ်တော်များ ပြီးပြည့်စုံသည်နှင့်အမျှ၊ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် တဖြည်းဖြည်း ပုံဖော်လာသကဲ့သို့၊ လူသည် ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်သွားသည်၊ ထို့ကြောင့် ငါ၏စိတ်နှလုံးထဲက နိုင်ငံတော်ကို ကမ္ဘာမြေပေါ်တွင် တည်လေသည်။ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ လူများအားလုံးသည် ပုံမှန်လူ၏ အသက်တာကို ပြန်လည်ရရှိကြသည်။ အလွန်အေးသော ဆောင်းရာသီသည် ကုန်ဆုံးသွားပြီး၊ နွေဦးရာသီက တစ်နှစ်ပတ်လုံး ကြာသည့် နွေဦးမြို့တော်များနှင့်ဆိုင်သော လောကတစ်ခုဖြင့် အစားထိုး လိုက်သည်။ လူတို့သည် မှုန်မှိုင်းနေသော၊ စိတ်ပျက်ဖွယ်ကောင်းသည့် လူ့လောကကို ရင်မဆိုင်ရတော့ဘဲ၊ လူ့လောက၏ အေးသော အအေးဓာတ်ကို ကြံ့ကြံ့မခံရတော့ပေ။ လူတို့သည် တစ်ဦးနှင့်တစ်ဦး မတိုက်ခိုက်ကြပေ၊ နိုင်ငံများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်မတိုက်ကြ၊ အစုလိုက်အပြုံလိုက်လူသတ်ခြင်းနှင့် အစုလိုက်အပြုံလိုက် လူသတ်ခြင်းမှ သွေးချောင်းစီးခြင်းလည်း မရှိတော့ပေ။ မြေတစ်ပြင်လုံးသည် ပျော်ရွှင်မှုနှင့်ပြည့်နေပြီး၊ နေရာတိုင်းတွင် လူများအကြား၌ နွေးထွေးမှုများနှင့် ပြည့်လျှံနေသည်။ ငါသည် ကမ္ဘာမြေအနှံ့ သွားသည်၊ ငါသည် ငါ့ပလ္လင်ထက်မှ မွေ့လျော်ခံစားပြီး၊ ကြယ်များအလယ်တွင် ငါ နေထိုင်သည်။ ကောင်းကင်တမန်များသည် ငါ့ကို အသစ်သောသီချင်းများနှင့် အသစ်သောအကများကို ပူဇော်ကြသည်။ ၎င်းတို့၏ ထိခိုက်လွယ်ခြင်းသည် ၎င်းတို့၏ မျက်နှာများတွင် မျက်ရည်များ မယိုစီးစေတော့ပေ။ ငါ၏ ရှေ့မှောက်တွင် ကောင်းကင်တမန်များ၏ ငိုကြွေးသံကို ငါမကြားရတော့သကဲ့သို့၊ မည်သူကမျှ ငါ့ထံသို့ ဆင်းရဲဒုက္ခနှင့်သက်ဆိုင်၍ မညည်းတွားတော့ပေ။ ယနေ့တွင် သင်တို့အားလုံးသည် ငါ့ရှေ့မှောက်တွင် အသက်ရှင်ကြသည်။ မနက်ဖြန်တွင် သင်တို့အားလုံးသည် ငါ၏ နိုင်ငံတော်ထဲတွင် တည်ရှိကြလိမ့်မည်။ ဤသည်မှာ လူသားအပေါ် ငါအပ်နှင်းသည့် အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာ ဖြစ်သည် မဟုတ်လော။ ယနေ့ သင်တို့ပေးသော အဖိုးအခကြောင့်၊ သင်တို့သည် အနာဂတ်၏ ကောင်းချီးမင်္ဂလာများကို အမွေခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ဘုန်းအသရေအလယ်တွင် အသက်ရှင်ကြရလိမ့်မည်။ သင်တို့သည် ငါ့ဝိညာဉ်တော်၏ အနှစ်သာရဖြင့် ထိတွေ့ဆက်ဆံရန် ဆန္ဒမရှိသေးသလော။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် သတ်ဖြတ်ရန် ဆန္ဒရှိသေးသလော။ လူတို့သည် ကတိများက ပေါ်ပင်ဖြစ်သော်လည်း ယင်းတို့နောက်ကိုလိုက်ရန် လိုလားကြသည်၊ သို့သော် မနက်ဖြန်နေ့၏ ကတိများမှာမူ ထာဝရကာလကြာ တည်တံ့မည်ဖြစ်သော်လည်း၊ ယင်းတို့ကို လက်ခံရန် မည်သူမျှ ဆန္ဒမရှိကြချေ။ လူသားဖို့ မြင်၍ရသည့်အရာများသည် ငါ အမြစ်ဖြတ်ချေမှုန်းမည့် အရာများ ဖြစ်ပြီး၊ လူသားဖို့ စမ်းသပ်ထိတွေ့၍ မရသောအရာများသည် ငါပြီးမြောက်မည့်အရာများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် လူကြားက ကွဲပြားခြားနားချက် ဖြစ်သည်။

လူသည် ငါ့နေ့ရက် မည်သည့်အချိန် ရောက်လာလိမ့်မည်ကို ရေတွက်ပြီးဖြစ်သော်လည်း၊ ရက်စွဲအတိအကျကို မည်သူမျှ မသိကြဖူးပေ၊ ထို့ကြောင့် လူသည် မိန်းမောခြင်းအလယ်၌သာ အသက်ရှင်နိုင်သည်။ လူ၏ တောင့်တမှုများသည် အကန့်အသတ်မဲ့သော ကောင်းကင်များအနှံ့ ပဲ့တင်ထပ်ပြီးနောက်တွင် ပျောက်ကွယ် သွားသောကြောင့်၊ လူသည် ထပ်ခါတလဲလဲ မျှော်လင့်ချက် ပျောက်ဆုံးပြီးဖြစ်သည်၊ သူသည် သူ၏ လက်ရှိအခြေအနေများဆီသို့ ကျဆင်းလာပြီးဖြစ်သည်။ ငါ၏ မိန့်မြွက်ချက်များ၏ ရည်မှန်းချက်မှာ လူအား ရက်စွဲများကို လိုက်စားစေရန် မဟုတ်သကဲ့သို့၊ သူ၏ စိတ်ပျက်ခြင်း အကျိုးဆက်အနေဖြင့် သူ၏ ကိုယ်ပိုင် ပျက်စီးခြင်းဆီသို့ တွန်းပို့ရန်လည်း မဟုတ်ပေ။ ငါ၏ ကတိတော်ကို လူသား လက်ခံစေရန် ငါဆန္ဒရှိပြီး၊ ကမ္ဘာလောကတစ်ဝှမ်းလုံးမှ လူများအားလုံးအား ငါ့ကတိတော်၏ ဝေစုတစ်စုကို ရကြစေရန်အတွက် ငါဆန္ဒရှိသည်။ ငါလိုချင်သော အရာမှာ အသက်နှင့် ပြည့်ဝသော ရှင်သန်နေသည့် သတ္တဝါများဖြစ်သည်၊ သေခြင်းတရားထဲတွင် နစ်မြှုပ်ကြပြီးဖြစ်သည့် အလောင်းကောင်များ မဟုတ်ပေ။ နိုင်ငံတော်၏ စားပွဲ၌ ငါသည် လဲလျောင်းသည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်ရှိ လူအားလုံးကို ငါ၏ စစ်ဆေးခြင်းအား လက်ခံရရှိရန် ငါကွပ်ကဲမည်။ ငါ၏ ရှေ့မှောက်တွင် မသန့်ရှင်းသော မည်သည့်အရာမဆို၏ တည်ရှိခြင်းကို ငါ ခွင့်မပြု။ ငါ့အမှုတော်၌ လူ၏ မည်သည့် တားဆီးနှောင့်ယှက်မှုကိုမျှ ငါသည် သည်းညည်းမခံ။ ငါ့အမှုတော်၌ တားဆီးနှောင့်ယှက်သော သူအားလုံးသည် မြေအောက် အကျဉ်းခန်းများထဲသို့ ပစ်ချခြင်းခံကြရပြီး၊ ၎င်းတို့ လွတ်လာသည့် နောက်တွင်၊ ၎င်းတို့သည် ကမ္ဘာမြေကြီး၏ ချစ်ချစ်တောက်ပူနေသော မီးလျှံများကို လက်ခံရရှိရင်း၊ ဘေးဒုက္ခများ၏ ဝိုင်းရံဖိစီးခြင်းခံရဆဲ ဖြစ်သည်။ ငါသည် လူ့ဇာတိ၌ ရှိချိန်တွင်၊ ငါ၏လူ့ဇာတိဖြင့် ငါ၏ အမှုတော်ကို ငြင်းခုံသောသူ မည်သူကိုမဆိုသည် ငါ၏ စက်ဆုပ်ခြင်း ခံရလိမ့်မည်။ ငါသည် ကမ္ဘာမြေပေါ်တွင် ဆွေမျိုးသားချင်း မရှိဟု လူအားလုံးကို ကြိမ်ဖန်များစွာ ငါသတိပေးပြီးဖြစ်သကဲ့သို့၊ ငါ့ကို တန်းတူအဖြစ် မှတ်ယူသော မည်သူမဆိုနှင့်၊ ငါနှင့်အတူ အတိတ်အချိန်ကာလများနှင့်ပတ်သက်၍ စားမြုံ့ပြန်နိုင်ဖို့အလို့ငှာ ငါ့အား ၎င်းတို့ထံ ဆွဲခေါ်သော မည်သူမဆို ဖျက်ဆီးခြင်းခံရလိမ့်မည်။ ဤသည်မှာ ငါမိန့်ကြားသော အရာဖြစ်သည်။ ထိုသို့သော ကိစ္စရပ်များတွင် ငါသည် လူသားအပေါ် စိုးစဉ်းမျှ သက်ညှာခြင်း မရှိ။ ငါ၏အမှု၌ တားဆီးနှောင့်ယှက်ပြီး၊ ငါ့ကို သြဝါဒပေးသော သူအားလုံးတို့သည် ငါ၏ ပြစ်တင် ဆုံးမခြင်းကို ခံရပြီး၊ မည်သည့်အခါမျှ ငါ၏ ခွင့်လွှတ်ခြင်းကို ခံရလိမ့်မည်မဟုတ်။ အကယ်၍ ငါသည် ထင်ထင်ရှားရှား မပြောဆိုပါက၊ လူသည် မည်သည့်အခါမျှ အသိတရား ဝင်လာလိမ့်မည်မဟုတ်သကဲ့သို့၊ ငါ၏ ပြစ်တင်ဆုံးမခြင်း အထဲသို့ အမှတ်တမဲ့ ကျရောက်သွားလိမ့်မည် ဖြစ်သည်- အကြောင်းမှာ လူသည် ငါ့ကို ငါ၏လူ့ဇာတိဖြင့် မသိသောကြောင့် ဖြစ်ပေသည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၀ ရက်

အရှေ့သို့- အခန်း ၁၉

နောက်တစ်ခုသို့- အခန်း ၂၁

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အခန်း ၁

ချီးမွမ်းခြင်းသည် ဇိအုန်သို့ရောက်လာပြီဖြစ်ကာ ဘုရားသခင်၏ ကျိန်းဝပ်တော်မူရာအရပ်သည် ပေါ်ထွန်းလာပြီးဖြစ်သည်။ လူမျိုးခပ်သိမ်း၏...

ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏

သင်တို့စွမ်းဆောင်ရရှိရန် ငါမျှော်လင့်ထားသည့်အရာများ မြောက်မြားစွာရှိ၏၊ သို့သော်လည်း သင်တို့၏လုပ်ရပ်များအားလုံးနှင့်...

အခန်း ၁၀

နိုင်ငံတော်ခေတ်သည် စင်စစ်မူကား အတိတ်က အချိန်ကာလများနှင့် ကွဲပြားခြားနားသည်။ ယင်းသည် လူတို့၏လုပ်ဆောင်ပုံနှင့် မသက်ဆိုင်ပေ၊ ယင်းအစား ငါသည်...

နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

ဘုရားသခင်သည် ဤလူစုတွင် မည်သည့်အမှု ပြီးမြောက်စေမည်ကို သင်တို့ တွေ့မြင်ပြီးကြပြီလော။ အနှစ်တစ်ထောင် နိုင်ငံတော်ထဲ၌တွင်ပင် လူများသည် သူ၏...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်