အခန်း ၁၉

ငါ၏ နှုတ်ကပတ်တော်များအား ၎င်းတို့၏ ရှင်သန်မှုအတွက် အခြေခံ အဖြစ် ခံယူခြင်း- ဤသည်မှာ လူသားမျိုးနွယ်၏ ဝတ္တရားဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ အစိတ်အပိုင်း တစ်ခုစီတိုင်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ဝေစုကို တည်ဆောက်ရမည်။ ထိုသို့မလုပ်ဆောင်ခြင်းသည် မိမိတို့၏ ကိုယ်ပိုင်ပျက်စီးခြင်းကို ရှာဖွေနေခြင်းနှင့် အထင်သေးခြင်းကို ကမ်းလင့်ခြင်း ဖြစ်ပေလိမ့်မည်။ လူသားမျိုးနွယ်သည် ငါ့အား သိကျွမ်းခြင်းမရှိပေ၊ ဤအရာကြောင့် အလဲအလှယ်ဖြင့် ပူဇော်ဖို့ မိမိတို့၏ ကိုယ်ပိုင် အသက်တာများအား ဆောင်ယူခြင်း အစား၊ ၎င်းတို့ လုပ်ဆောင်သမျှမှာ ၎င်းတို့၏ လက်များတွင် အမှိုက်ဖြင့် ငါ၏ရှေ့တွင် စီတန်းလှည့်လည်ကာ၊ ထိုသို့ဖြင့် ငါ့ကို စိတ်ကျေနပ်မှုပေးဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။ သို့သော် အမှုအရာများ၏ လက်ရှိအခြေအနေများကို စိတ်ကျေနပ်ဖို့ဝေးလျက်၊ ငါသည် လူသားမျိုးနွယ်အပေါ် တောင်းဆိုချက်များ ဆက်လက် ပြုလုပ်လေသည်။ ငါသည် လူတို့၏ ကူညီထောက်ပံ့မှုများကို နှစ်သက်သော်လည်း၊ ၎င်းတို့၏ တောင်းဆိုချက်များကို မုန်းသည်။ လူသားအားလုံးသည် လောဘနှင့် ပြည့်သည့် နှလုံးသားများ ရှိကြသည်။ ယင်းသည် လူသား၏ နှလုံးသားကို နတ်ဆိုးက ထိန်းချုပ်ထားသည့်အလားဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက် မလွတ်မြောက်နိုင်သကဲ့သို့၊ မိမိတို့၏ နှလုံးသားကို ငါ့ထံ မဆက်ကပ်နိုင်ကြပေ။ ငါစကားပြောသောအခါ၊ လူတို့သည် ငါ၏ အသံကို မမှိတ်မသုန် အာရုံစိုက်မှုဖြင့် နားထောင်ကြသည်။ ငါ နှုတ်ဆိတ်သောအခါတွင်၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် “လုပ်ငန်းများ” အား တစ်ဖန်စတင်ကြပြီး ငါ၏ နှုတ်ကပတ်တော်များက ၎င်းတို့ “လုပ်ငန်းများ” ၏ အဖြည့်သက်သက် ဖြစ်သည့်အလား ၎င်းတို့သည် ငါ၏ နှုတ်ကပတ်များအား ဂရုပြုမှုကို လုံးဝရပ်တန့်လိုက်ကြသည်။ ငါသည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ မပေါ့လျော့ခဲ့ဘဲ၊ လူသားမျိုးနွယ်အပေါ် ငါသည် စိတ်ရှည်ကာ သည်းလည်းခံပြီးဖြစ်သည်။ ထိုသို့ဖြင့် ငါ၏ သက်ညှာမှု အကျိုးဆက်အနေဖြင့်၊ လူသားများအားလုံးသည် မိမိတို့ကိုယ်ကိုယ် ပိုလွန် ခန့်မှန်းကြပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းငှာ မတတ်စွမ်းနိုင်ကြချေ။ ၎င်းတို့သည် ငါ့ကို လှည့်ဖြားရန်သာ ငါ၏ သည်းခံမှုအား အခွင့်ကောင်းယူ ကြသည်။ ၎င်းတို့အထဲမှ တစ်ဦးတစ်ယောက်ကမျှ ငါ့အား စိတ်ရင်းမှန်ဖြင့် ဂရုမစိုက်ဖူးကြသကဲ့သို့၊ တစ်ဦးတစ်ယောက်ကမျှ ငါ့အား ၎င်းတို့၏နှလုံးသားက ချစ်မြတ်နိုးရသော အရာအဖြစ် အမှန်တကယ် တန်ဖိုး မထားဖူးကြချေ။ ၎င်းတို့ ပေးနိုင်သည့် လုပ်စရာ မရှိသော အခိုက်အတန့်များ ရှိသည့်အခါမှသာ၊ ငါ့အား ၎င်းတို့၏ ဝတ်ကျေတမ်းကျေ အလေးထားမှု ပေးကြလေသည်။ လူသားမျိုးနွယ်အပေါ် ငါ စိုက်ထုတ်ပြီးဖြစ်သည့် အားထုတ်မှုသည် အတိုင်းအတာကို ကျော်လွန်နှင့်ပြီးဖြစ်သည်။ ထို့အပြင် ငါသည် လူသားအပေါ် မကြုံစဖူးသော နည်းလမ်းများဖြင့် အမှုပြုပြီး ဖြစ်ကာ၊ ဤအရာအပြင် ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းထဲမှ ၎င်းတို့အနေဖြင့် အသိပညာအချို့ ရရှိပြီး ပြောင်းလဲမှုအချို့ ကြုံရဖို့အလို့ငှာ၊ ငါသည် ၎င်းတို့အား နောက်ထပ်ဝန်ထုပ်များကို ပေးထားပြီးဖြစ်သည်။ ငါသည် လူတို့အား “သုံးစွဲသူများ” မျှသာ ဖြစ်ရန် မတောင်းဆိုပေ။ ၎င်းတို့အား စာတန်ကို အနိုင်ယူသည့် “ထုတ်လုပ်သူများ” ဖြစ်ရန်လည်း ငါတောင်းဆိုသည်။ ငါသည် လူသားမျိုးနွယ်အား တစ်ခုတစ်လေကို လုပ်ဆောင်ရန် မတောင်းဆိုကောင်း မတောင်းဆိုနိုင်သော်ငြားလည်း၊ မည်သို့ပင် ဆိုစေကာမူ ငါပြုသောအရာ၌ ရည်ရွယ်ချက်များ ရှိသည့်အပြင် ငါ၏ လုပ်ရပ်များအတွက် အခြေခံအကြောင်းရင်း တစ်ခုရှိသည့် အတွက်၊ ငါသည် ငါ ပြုလုပ်သော တောင်းဆိုမှုများအတွက် စံနှုန်းများ ရှိလေသည်။ လူတို့ စိတ်ကူးသကဲ့သို့၊ ငါသည် ဖြစ်ကတတ်ဆန်း လျှောက်လုပ်နေခြင်း မဟုတ်သကဲ့သို့၊ ကောင်းကင်၊ မြေကြီးနှင့် မြောက်မြားလှစွာသော ဖန်ဆင်းခြင်း အရာများကို ငါဆန္ဒရှိသည့် မည်သည့်ပုံစံကိုမဆို ပုံသွင်းခဲ့ခြင်း လည်းမဟုတ်ပေ။ ငါ၏ အမှုတွင်၊ လူသားများသည် တစ်စုံတစ်ရာကို မြင်သင့်ပြီး၊ တစ်စုံတစ်ရာကို ရရှိသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ ငယ်ရွယ်နုပျိုမှု အထွတ်အထိပ် ရောက်ချိန်ကို မဖြုန်းတီးသင့်ပေ၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် အသက်တာများကို ဂရုမစိုက်ဘဲ ဖုန်တက်ခွင့် ပေးထားသည့် အဝတ်များပမာ သဘောမထားသင့်ပေ။ ယင်းထက် ၎င်းတို့သည် ငါ့ကြောင့် စာတန်ထံသို့ မလှည့်ပြန်နိုင်သည်အထိ၊ ပြီးလျှင် ငါ့ကြောင့် စာတန်အား တိုက်ခိုက်မှုများ အစပြုသည်အထိ၊ မိမိတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက် ထောက်ပံ့ရန် ငါ၏ ကြွယ်ဝမှုမှ ယူဆောင်လျက်၊ မိမိတို့ကိုယ်ကိုယ် တင်းကျပ်စွာ စောင့်ကြပ်သင့်ကြပေသည်။ လူသားမျိုးနွယ်နှင့်ဆိုင်သည့် ငါ၏ တောင်းဆိုချက်များသည် အလွန်ရိုးရှင်းသည် မဟုတ်လော။

အရှေ့အရပ်တွင် အလင်းရောင် ခပ်ရေးရေးမျှ စပေါ်လာသည့်အခါ၊ စကြာဝဠာအတွင်းရှိ လူအားလုံးသည် ယင်းကို အနည်းငယ် သာ၍ အာရုံစိုက်ကြလေသည်။ ငိုက်မြည်းခြင်းတွင် နစ်မြုပ်မနေတော့ဘဲလျက်၊ လူသားများသည် ဤအရှေ့အရပ်မှ အလင်းရောင်၏ ရင်းမြစ်ကို လေ့လာရန် ထွက်သွားကြသည်။ ၎င်းတို့၏ တတ်စွမ်းနိုင်မှု နည်းပါးသောကြောင့်၊ မည်သူကမျှ အလင်းရောင် ပေါ်လာသောနေရာဌာနကို မတွေ့မြင် နိုင်ကြသေးပေ။ စကြဝဠာအတွင်းရှိ အရာခပ်သိမ်းသည် အပြည့်အဝ ထွန်းလင်းခံရပြီးချိန်တွင်၊ လူတို့သည် အိပ်စက်ခြင်းနှင့် အိပ်မက်တို့မှ နိုးထကြပြီး၊ ထိုအခါမှသာ ငါ၏နေ့ရက်သည် ၎င်းတို့အပေါ် တဖြည်းဖြည်း ရောက်ရှိလာပြီးဖြစ်သည်ကို သဘောပေါက်ကြလေသည်။ လူသားမျိုးနွယ် အားလုံးသည် အလင်းရောင် ရောက်လာခြင်းကြောင့် ချီးကျူးဂုဏ်ပြုကြပြီး၊ ထို့ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း မရှိကြတော့ပေ၊ သို့မဟုတ် မိန်းမောခြင်း၌ မရှိကြတာ့ပေ။ ငါ့အလင်း၏ ထွန်းလင်းမှု အောက်တွင် လူသားမျိုးနွယ်အားလုံးသည် စိတ်နှင့် အမြင်အာရုံတို့ ရှင်းလင်းလာကြပြီး၊ ရုတ်တရက် အသက်ရှင်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်မှုကို သတိပြုမိလာလေသည်။ ပိတ်ဖုံးနေသည့် မြူခိုး၏ ခြုံလွှမ်းမှုအောက်တွင်၊ ငါသည် ကမ္ဘာလောကတစ်ဝန်းလုံးကို ကြည့်ရှုစစ်ဆေးသည်။ တိရစ္ဆာန်များအားလုံး အနားယူနေကြ၏။ မှိန်သော မှုန်ဝါးဝါး အလင်းရောင် ရောက်ရှိလာခြင်းကြောင့်၊ အရာရာတိုင်းသည် အသစ်သော အသက်တစ်ခု ချဉ်းကပ် လာနေသည်ကို သတိပြုမိလာကြပြီး ဖြစ်သည်။ ဤအကြောင်းကြောင့်၊ တိရစ္ဆာန်များ အားလုံးသည်လည်း အစာကို ရှာဖွေရင်း၊ ၎င်းတို့၏ တွင်းများမှ တွားသွားလျက် ထွက်လာ နေကြလေသည်။ ဟုတ်ပေ၏၊ အပင်များသည်လည်း ခြွင်းချက် မရှိပေ၊ အလင်းရောင်၏ ထွန်းလင်းဝင်းပခြင်းတွင် ၎င်းတို့၏ စိမ်းသောအရွက်များသည် ကမ္ဘာမြေပေါ်၌ ငါရှိနေစဉ် ငါ့အတွက် ၎င်းတို့၏ ကဏ္ဍကို လုပ်ဆောင်ဖို့ စောင့်ဆိုင်းရင်း၊ အရောင်စိုသော တောက်ပြောင်မှုတစ်ခုဖြင့် ရွှန်းစိုကြလေသည်။ လူသားများ အားလုံးသည် အလင်းရောင် ရောက်လာခြင်းကို ဆန္ဒပြုကြသော်ငြားလည်း၊ ၎င်းတို့သည် အလင်း၏ ပေါ်ထွန်းမှုကို ကြောက်ရွံ့ကြသည်၊ မိမိတို့၏ ကိုယ်ပိုင် အကျည်းတန်မှုကို ဝှက်ထား၍ မရနိုင်တော့မည်ကို အလွန်အမင်း စိုးရိမ်ကြလေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားများသည် လုံးလုံးလျားလျား ဗလာကျင်းလျက်ရှိကြပြီး ၎င်းတို့ကို ဖုံးကွယ်ရန် မည်သည့်အရာမျှ မရှိကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ အလင်းရောင်၏ ရောက်လာခြင်း အကျိုးဆက်တစ်ခုအနေဖြင့် လူများစွာသည် အထိတ်တလန့်ဖြစ်သွားကြပြီး ယင်း၏ ပေါ်ထွန်းခြင်းကြောင့် တုန်လှုပ်သည့် အခြေအနေတစ်ခုတွင် ရှိကြလေသည်။ ထို့ကြောင့် အလင်းရောင်အား မြင်သည်နှင့်၊ များစွာသော လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ မသန့်ရှင်းခြင်းကို စက်ဆုပ်ရွံရှာရင်း၊ အကန့်အသတ်မဲ့ နောင်တဖြင့် ပြည့်ကြသော်လည်း၊ အမှန်တရားများကို ပြောင်းလဲရန် စွမ်းအားမဲ့ကြသည်၊ ငါစီရင်ချက်ချမှတ်သည်ကို စောင့်နေရုံမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်နိုင်ကြချေ။ ထို့ကြောင့် အမှောင်ထဲတွင် ဆင်းရဲဒုက္ခအားဖြင့် စစ်ဆေးခံရလျက်၊ များလှစွာသော လူတို့သည် အလင်းရောင်အား မြင်သည်နှင့်၊ ယင်း၏ နက်နဲသိမ်မွေ့သော အဓိပ္ပာယ်အားဖြင့် ရုတ်တရက် အံ့အားသင့်သွားကြကာ၊ ထိုအချိန်မှစ၍ အလင်းရောင်အား တစ်ဖန် ဆုံးရှုံးရမည်ကို အလွန်အမင်း ကြောက်ရွံ့လျက်၊ ယင်းကို ၎င်းတို့၏ ရင်ခွင်များသို့ နီးနီးကပ်ကပ် ပွေ့ဖက်ထားကြလေသည်။ ထို့ကြောင့် လူများစွာတို့သည် အလင်းရောင်၏ ရုတ်ခြည်း ပေါ်ထွက်လာမှုအားဖြင့် ကစဉ့်ကလျား ဖြစ်ရမည့်အစား၊ ၎င်းတို့သည် နှစ်ကာလများကြာ မျက်စိကန်းကြပြီး ဖြစ်သောကြောင့်၊ အလင်းရောင် ရောက်ရှိလာသည်ကို သတိမပြုမိသည်သာမက၊ ယင်းအားဖြင့် ဝမ်းမြောက်ခြင်းလည်း မရှိကြသောကြောင့်၊ ဆောင်ရွက်ဆဲဖြစ်သည့် နေ့စဉ်အလုပ်ကိုသာ ရိုးရှင်းစွာ လုပ်ဆောင်ကြလေသည်။ လူသားများ၏ နှလုံးသားများထဲတွင် ငါသည် မမြင့်မားသကဲ့သို့၊ နိမ့်ကျလည်း မနိမ့်ကျပေ။ ၎င်းတို့၏ သဘောထားအယူအဆတွင် ငါ တည်ရှိသည်၊ မတည်ရှိသည်မှာ မထူးခြားပေ။ ယင်းသည် ငါမတည်ရှိပါက၊ လူတို့၏ အသက်တာများ သာ၍ အထီးကျန်သွားမည် မဟုတ်သည့်အလား ဖြစ်သကဲ့သို့၊ အကယ်၍ ငါတည်ရှိပါကလည်း၊ ၎င်းတို့၏ အသက်တာများ မည်သို့မျှ သာ၍ ဝမ်းမြောက်ဖွယ်ဖြစ်လာမည် မဟုတ်သည့်အလားပင် ဖြစ်သည်။ လူသားများသည် ငါ့ကို အမြတ်တနိုး မထားကြသောကြောင့်၊ ၎င်းတို့ကို ငါပေးသည့် ပျော်ရွှင်မှုများသည် နည်းပါး၏။ သို့သော် လူသားမျိုးနွယ်သည် ငါ့အား ကြည်ညိုလေးစားမှုကိုပင် တစ်စက်မျှသာ ပေးသည်နှင့် တစ်ပြိုင်နက်၊ ငါသည်လည်း ၎င်းတို့အပေါ် ခံယူသော ငါ၏သဘောထားတွင် ပြောင်းလဲမှုတစ်ခု ပြုလုပ်မည်ဖြစ်သည်။ ဤအကြောင်းကြောင့် လူသားများသည် ဤနိယာမကို သဘောပေါက်နိုင်သည့်အခါမှသာ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ငါ့အား ဆက်ကပ်အပ်နှံပြီး ငါ၏လက်၌ ကိုင်ထားသော အရာများကို တောင်းဆိုရလောက်အောင် အခွင့်သာပေလိမ့်မည်။ ငါ့အတွက် ၎င်းတို့၏ ချစ်ခြင်းသည် ဧကန်မုချ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးများအဖို့ လုံးဝဥဿုံ လုပ်ဆောင်ရခြင်း ဖြစ်သည် မဟုတ်လော။ ငါ၌ ထားရှိသော ၎င်းတို့၏ ယုံကြည်ခြင်းသည် ဧကန်မုချ ၎င်းတို့ကို ငါပေးသော အရာများအဖို့သာ လုံးဝဥဿုံ လုပ်ဆောင်ခြင်းဖြစ်သည် မဟုတ်လော။ ငါ၏ အလင်းရောင်ကို ၎င်းတို့ မမြင်ရပါက၊ လူသားများသည် ငါ့အား ၎င်းတို့၏ ယုံကြည်ခြင်းအားဖြင့် ရိုးသားစစ်မှန်စွာ မချစ်နိုင်သည်များ ဖြစ်နိုင်မည်လော။ ၎င်းတို့၏ အစွမ်းအစနှင့် အားမာန်သည် ဧကန်မုချ ယနေ့၏ အခြေအနေများဖြင့် အမှန်တကယ် ကန့်သတ်ခံရသည် မဟုတ်လော။ လူသားမျိုးနွယ်သည် ငါ့အား ချစ်ရန်အလို့ငှာ သတ္တိလိုနေသည်များ ဖြစ်နိုင်မည်လော။

ငါ၏ တည်ရှိမှုခြင်း အကျိုးဆက်အနေဖြင့်၊ မြောက်မြားလှစွာသော ဖန်ဆင်းခြင်းအရာများသည် ၎င်းတို့ နေထိုင်သည့် နေရာများတွင် နာခံမှုရှိသော ကျိုးနွံမှုကို ပြုကြပြီး၊ ငါ၏ ဆုံးမပဲ့ပြင်ခြင်း မရှိခိုက်၊ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့သည့် စိတ်လွတ်လက်လွတ် ဖြစ်ခြင်းတွင် မမွေ့လျော်ကြချေ။ ထို့ကြောင့် တောင်များသည် ကုန်းမြေပေါ်ရှိ တိုင်းနိုင်ငံများကြား နယ်နိမိတ်များ ဖြစ်လာကြသည်၊ ရေများသည် မတူညီသည့် ကုန်းမြေများထဲက လူတို့အားခွဲခွာထားရန် အတားအဆီးများဖြစ်လာကြပြီး၊ လေသည်လည်း ကမ္ဘာမြေအထက် ကောင်းကင်တွင် လူတစ်ဦးမှ တစ်ဦးဆီသို့ စီးဆင်းသည့်အရာ ဖြစ်လာသည်။ လူသားမျိုးနွယ်သည်သာ ငါ့အလို၏သတ်မှတ်ချက်များကို အမှန်တကယ် နာခံနိုင်စွမ်း မရှိချေ။ ဤသည်မှာ ဖန်ဆင်းခြင်း အားလုံးထဲတွင် လူတစ်မျိုးတည်းသာ နာခံခြင်းမရှိသည့် အတန်းအစားနှင့် သက်ဆိုင်သည်ဟု ငါပြောရခြင်း အကြောင်းအရင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် မည်သည့်အခါတွင်မျှ ငါ့အား အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိဖူးသကဲ့သို့၊ ဤအကြောင်းကြောင့် ငါသည် လူသားများကို တစ်ချိန်လုံး တင်းကျပ်သည့် ဆုံးမပဲ့ပြင်ခြင်း အောက်တွင် ထားရခြင်းဖြစ်သည်။ အကယ်၍ လူသားမျိုးနွယ် အလယ်၌ ငါ၏ ဘုန်းအသရေသည် စကြဝဠာတစ်ခွင်လုံးသို့ တိုးချဲ့သည်မှာ ဖြစ်လာသင့်ပါက၊ ငါသည် ငါ၏ ဘုန်းအသရေအားလုံးကို ဧကန်မုချ ယူဆောင်ကာ လူသားမျိုးနွယ်၏ ရှေ့တွင် ထင်ရှားစေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ညစ်ညူးခြင်း၌ လူသားများသည် ငါ၏ဘုန်းအသရေကို မျှော်ကြည့်ရန် မသင့်တော်သောကြောင့် ဖြစ်သည်၊ နှစ်ပေါင်း ထောင်ချီကြာ ငါသည် မည်သည့်အခါတွင်မျှ ဖွင့်ဟလာဖူးခြင်း မရှိဘဲ၊ ယင်းအစား ကွယ်ဝှက်မြဲ ကွယ်ဝှက်နေခဲ့သည့်အတွက် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ ငါ၏ဘုန်းအသရေသည် ၎င်းတို့၏ ရှေ့တွင် မည်သည့်အခါကမျှ မထင်ရှားဖူးသကဲ့သို့၊ ၎င်းတို့သည် အပြစ်၏ တွင်းနက်ကြီးထဲ အမြဲ ကျဆင်းကြပြီး ဖြစ်သည်။ ငါသည် လူသားမျိုးနွယ်ကို ၎င်းတို့၏ မဖြောင့်မတ်မှုများ အတွက် ခွင့်လွှတ်ပေးပြီး ဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်ကဲ့သို့ ထိန်းသိမ်းစောင့်ရှောက် ရမည်ကို မသိကြသကဲ့သို့၊ ယင်းအစား ၎င်းတို့ကို ထိခိုက်ခွင့်ပေးလျက်၊ မိမိတို့ကိုယ်ကိုယ် အပြစ်ကို အမြဲ လိုလိုလားလား လက်ခံရစ် နေစေကြလေသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ မိမိကိုယ်ကိုယ် လေးစားမှုနှင့် မိမိကိုယ်ကိုယ် ချစ်ခြင်းတို့ ကင်းမဲ့ခြင်းကို ပြသည် မဟုတ်လော။ လူသားမျိုးနွယ်အလယ်တွင်၊ တစ်ဦးတစ်လေသည် အမှန်တကယ် ချစ်နိုင်ပါသလော။ လူသားမျိုးနွယ်၏ ဆက်ကပ် အပ်နှံခြင်းသည် အောင်စမည်မျှ လေးသနည်း။ လူတို့၏ စစ်မှန်မှုဟုခေါ်သော အရာထဲတွင် မသမာသည့်ပစ္စည်းများ ရောထားသည် မဟုတ်လော။ ၎င်းတို့၏ ဆက်ကပ်အပ်နှံခြင်းသည် လုံးဝ ရောကောသောကော ဖြစ်သည် မဟုတ်လော။ ငါလိုအပ်သည့် အရာမှာ ၎င်းတို့၏ မမှိတ်မသုန်သော ချစ်ခြင်း ဖြစ်၏။ လူသားများသည် ငါ့ကို မသိကျွမ်းကြသကဲ့သို့၊ သူသည် ငါ့အား သိကျွမ်းရန် ကြိုးစားကောင်း ကြိုးစားနိုင်သော်လည်း၊ ငါ့ကို ၎င်းတို့၏ စစ်မှန်ပြီး လေးနက်သော နှလုံးသားကို ပေးလိမ့်မည် မဟုတ်ပေ။ လူသားများထံမှ ၎င်းတို့ မပေးလိုသော အရာကို ငါ အတင်းမတောင်းဆို။ အကယ်၍ ၎င်းတို့သည် ငါ့အား ၎င်းတို့၏ ဆက်ကပ်အပ်နှံခြင်းကို ပေးမည်ဆိုပါက၊ ငါသည် မဆိုင်းမတွ လက်ခံမည်။ သို့သော် ၎င်းတို့က ငါ့အား မယုံကြည်သကဲ့သို့၊ မိမိတို့ကိုယ်ကိုယ်၏ မြူမှုန်လေးကိုမျှပင် ငါ့အား ပူဇော်ရန် ငြင်းပယ်မည်ဆိုပါက၊ ထိုကိစ္စနှင့်ပတ်သက်၍ တိုး၍ စိတ်ဆိုးသည်ထက်၊ ငါသည် ၎င်းတို့ကို အခြားနည်းလမ်းအချို့ဖြင့် နှင်ထုတ်မည်ဖြစ်ပြီး၊ ၎င်းတို့အတွက် သင့်တော်သည့် ခရီးပန်းတိုင်တစ်ခုကို စီစဉ်မည်ဖြစ်သည်။ ကောင်းကင် တစ်လျှောက် မြည်ဟည်းနေသည့် မိုးကြိုးသည် လူသားများကို ပစ်ချလိမ့်မည်။ မြင့်မားသော တောင်များသည် ယင်းတို့ ပြိုလဲသည်နှင့်အမျှ လူသားများကို မြှုပ်နှံလိမ့်မည်။ ဆာလောင်မှုဖြင့် ရိုင်းစိုင်းသော သားရဲများသည် ၎င်းတို့ကို ဝါးမြိုကြလိမ့်မည်။ ပြီးလျှင် သမုဒ္ဒရာများသည်လည်း တစ်ဟုန်ထိုး စီးဆင်းလျက်၊ ၎င်းတို့၏ဦးခေါင်းများပေါ် ဖုံးအုပ်သွားလေသည်။ လူသားမျိုးနွယ်သည် ညီအစ်ကိုချင်းသတ်ဖြတ်သည့် ပဋိပက္ခ၌ ပါဝင်ပတ်သက်သည်နှင့်အမျှ၊ လူသားများအားလုံးသည် ၎င်းတို့အလယ်မှ ပေါ်ထွက်လာနေသည့် ဘေးဒုက္ခများထဲ၌ ၎င်းတို့ကိုယ်တိုင်၏ ပျက်စီးခြင်းကို ရှာဖွေကြလိမ့်မည်။

နိုင်ငံတော်သည် လူသားမျိုးနွယ် အလယ်တွင် တိုးချဲ့လျက်ရှိသည်၊ ယင်းသည် လူသားမျိုးနွယ်၏ အလယ်တွင် ဖွဲ့စည်းလျက် ရှိပြီး၊ လူသားမျိုးနွယ်၏ အလယ်တွင် မားမားမတ်မတ်ရပ်လျက် ရှိသည်။ ငါ၏ နိုင်ငံတော်ကို ဖျက်ဆီးနိုင်သည့် အင်အားစု မရှိပေ။ ယနေ့၏ နိုင်ငံတော်ထဲ ရှိနေကြသော ငါ၏လူများထဲတွင် သင်တို့ထဲမှ မည်သူသည် လူသားများထဲက လူသားများ မဟုတ်ကြသနည်း။ သင်တို့ထဲမှ မည်သူသည် လူသားအခြေအနေ၏ ပြင်ပတွင် တည်ရှိသနည်း။ ငါ၏ အသစ်သော စမှတ်ကို လူထုထံ ကြေညာလိုက်သည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်ကဲ့သို့ တုံ့ပြန်မည်နည်း။ လူသားမျိုးနွယ်၏ အခြေအနေကို သင်တို့၏ ကိုယ်ပိုင်မျက်စိများဖြင့် သင်တို့ တွေ့မြင်ပြီး ဖြစ်သည်။ ဤလောကထဲတွင် အစဉ်ထာဝရ ကြံ့ကြံ့ခံမည်ဟူသော မျှော်လင့်ချက်များကို သင်သည် ဧကန်မုချ သိုထားဆဲ မဟုတ်လော။ ယခုတွင် ငါ့လူများ၏ အလယ်၌ ငါသည် အနှံ့အပြား လျှောက်လှမ်းနေပြီး၊ ၎င်းတို့အလယ်တွင် ငါနေသည်။ ယနေ့တွင် ငါ့အတွက် စစ်မှန်သည့် ချစ်ခြင်းမေတ္တာ သယ်ဆောင်သူများ- ထိုသို့သောသူများသည် မင်္ဂလာရှိကြ၏၊ ငါ့ကို ကျိုးနွံနာခံကြသည့် သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏နိုင်ငံတော်တွင် ဧကန် နေကြရလိမ့်မည်။ ငါ့အား သိကျွမ်းသော သူများသည် မင်္ဂလာရှိကြ၏၊ ၎င်းတို့သည် ငါ၏ နိုင်ငံတော်တွင် တန်ခိုးကို ဧကန်မုချ ကိုင်စွဲကြရလိမ့်မည်။ ငါ့အား ရှာဖွေသော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် စာတန်၏ ချည်နှောင်ခြင်းများမှ ဧကန်မုချ လွတ်မြောက်လိမ့်မည် ဖြစ်ပြီး၊ ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားကြလိမ့်မည်။ မိမိတို့ကိုယ်ကိုယ် ပစ်ပယ်နိုင်သော သူတို့သည် မင်္ဂလာရှိကြ၏၊ ထိုသူတို့သည် ငါ၏ ပိုင်ဆိုင်မှုထဲသို့ ဧကန်ဝင်ကြ ရလိမ့်မည်ဖြစ်ပြီး၊ ငါ့နိုင်ငံတော်၏ ကြွယ်ဝမှုကို အမွေခံကြရလိမ့်မည်။ ငါ့အတွက် ဟိုဟိုသည်သည် အလုပ်ရှုပ်ကြသော သူတို့အား ငါအောက်မေ့မည်၊ ငါ့အတွက် အသုံးခံမှုများပြုသောသူတို့ကို ဝမ်းမြောက်စွာ ငါထွေးပိုက်မည်၊ ပြီးလျှင် ငါ့ထံ ပူဇော်မှုများ ပြုကြသော သူတို့အား ငါသည် ပျော်ရွှင်မှုများ ပေးသနားမည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် မွေ့လျော်မှု ရှာတွေ့သော သူများကို ငါကောင်းချီးပေးမည်။ ထိုသူတို့သည် ငါ့နိုင်ငံတော်ရှိ ခေါင်တိုင်အား ထောက်ထားသည့် မဏ္ဍိုင်များ ဧကန်ဖြစ်ကြလိမ့်မည်၊ ထိုသူတို့သည် ငါ၏ အိမ်တော်ထဲ၌ အတိုင်းအဆမဲ့သော ကြွယ်ဝမှုကို ရကြလိမ့်မည် ဖြစ်ပြီး၊ မည်သူမျှ ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ကြ။ သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၁၉ ရက်

အရှေ့သို့- အခန်း ၁၈

နောက်တစ်ခုသို့- အခန်း ၂၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။