ဘုရား၏ကယ်တင်ခြင်းကို ရရှိသူတို့သာ အသက်ရှင်သူများ ဖြစ်ကြ၏ကျူး
၁ အမှောင်၏စွမ်းအားအောက်တွင် အသက်ရှင်သောသူတို့သည် သေခြင်းတရား၏အလယ်တွင် အသက်ရှင်သောသူများ ဖြစ်ကြပြီး၊ သူတို့သည် စာတန်ပိုင်ဆိုင်သည့်သူများ ဖြစ်ကြသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းမခံရဘဲ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမခံရဘဲ၊ လူများသည် သေခြင်းတရား၏စွမ်းအားမှ လွတ်မြောက်ခြင်းငှာ မစွမ်းနိုင်ပါ၊ သူတို့သည် အသက်ရှင်သူများ ဖြစ်မလာနိုင်ပါ။ ဤလူသေများက ဘုရားသခင်ကို သက်သေမခံနိုင်သကဲ့သို့၊ ဘုရားသခင်၏ အသုံးပြုခြင်းလည်း မခံနိုင်ပါ၊ နိုင်ငံတော်ကို ဝင်ရောက်ဖို့ဆိုလျှင် ဝေလာဝေးဖြစ်သည်။ ဘုရားသခင်သည် အသက်ရှင်သူများ၏ သက်သေခံခြင်းကို အလိုရှိပြီး၊ လူသေတို့၏ သက်သေခံခြင်းကို အလိုမရှိ၊ လူသေတို့ မဟုတ်ဘဲ အသက်ရှင်သူများကသာ သူ့အတွက်အလုပ်လုပ်ရန် သူတောင်းဆိုသည်။ “လူသေတို့” သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောသူများဖြစ်ကြသည်၊ သူတို့သည် ဝိညာဉ်၌ ထုံထိုင်းနေသောသူများဖြစ်ကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်ကြပါ၊ သူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများဖြစ်ကြပြီး ဘုရားသခင်ကို သစ္စာစောင့်သိခြင်း စိုးစဉ်းမျှပင် မရှိသောသူများ ဖြစ်ကြသည်၊ ထို့ပြင် သူတို့သည် စာတန်၏ အုပ်စိုးမှုအောက်တွင် အသက်ရှင်သောသူများ ဖြစ်ကြပြီး စာတန်၏အသုံးချခြင်းကို ခံကြရသည်။
၂ အကယ်၍ လူတို့သည် အသက်ရှင်သောသတ္တဝါများ ဖြစ်လာရန်၊ ဘုရားသခင်ကို သက်သေခံရန်နှင့် ဘုရားသခင်၏ သဘောကျခြင်းခံရရန် ဆန္ဒရှိကြသည်ဆိုလျှင် သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရမည်၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ဝမ်းမြောက်စွာ ကျိုးနွံနာခံရမည်ဖြစ်သည်သာမက ဘုရားသခင်၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ဝမ်းမြောက်စွာ လက်ခံရမည်။ ထိုမှသာ သူတို့သည် ဘုရားသခင်သတ်မှတ်ပြဋ္ဌာန်းထားသည့် သမ္မာတရားများအားလုံးကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိလိမ့်မည်၊ ထိုမှသာ သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဖြစ်ပြီး အသက်ရှင်သောသတ္တဝါများ အမှန်တကယ် ဖြစ်လာကြလိမ့်မည်။ အသက်ရှင်သူများမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံကြရပြီး၊ သူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ခံကြရကာ၊ သူတို့သည် သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် ဆက်ကပ်ရန်ဆန္ဒရှိကြပြီး အသက်ပေးဖို့ရန်ပင် လိုချင်ကြသည်၊ ထို့ပြင် သူတို့သည် ဘုရားသခင်အတွက် သူတို့၏အသက်တာတစ်ခုလုံးကို ဝမ်းမြောက်စွာ နှစ်မြှုပ်ထားကြလိမ့်မည်။ အသက်ရှင်သူများက ဘုရားသခင်ကို သက်သေခံကြသောအခါမှသာလျှင် စာတန်အရှက်ရနိုင်မည်၊ အသက်ရှင်သူများကသာ ဧဝံဂေလိတရားအလုပ်ကို ပျံ့နှံ့စေနိုင်မည်၊ အသက်ရှင်သူများသာ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်ကြပြီး၊ အသက်ရှင်သူများသာလျှင် စစ်မှန်သောလူများ ဖြစ်ကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သက်ဝင်လှုပ်ရှားလာပြီလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။