ဒုက္ခဘေးဆိုးမှတဆင့် ဘုရားသခင်အတွက် ကျွန်ုပ်၏ချစ်ခြင်းမေတ္တာ အားကောင်းလာသည်

၁ ကျွန်ုပ်သည် ရဲများ၏ ကြမ်းကြုတ်ရက်စက်ပြီး သရဲစီးသော မျက်နှာများကို ရင်ဆိုင်ရလျက် မကောင်းဆိုးဝါးဆန်သော စီစီပီ၏ ထောင်တစ်ခုထဲသို့ ထည့်ခြင်းခံခဲ့ရသည်။ သူတို့၏ ရက်စက်သော ညှင်းပန်းနှိပ်စက်မှုများကို ကျွန်ုပ် ခံနိုင်မည်၊ မခံနိုင်မည်ကို မသိဘဲ ကျွန်ုပ် ကြောက်လန့်ကာ အားငယ်ခဲ့သည်။ အသင်းတော်အသက်တာကို ကျွန်ုပ် အသက်ရှင်ပြီး ကျွန်ုပ်၏တာဝန်ကို ဆောင်ရွက်ဖို့ နောက်တစ်ဖန် အခွင့်အရေးရှိမည် မရှိမည်ကို မသိခဲ့။ ညီအစ်ကို မောင်နှမများနှင့် နောက်တစ်ဖန် အတူတူအလုပ်လုပ်ပြီး ဘုရားသခင်ကို အစေခံကာ စိတ်ကျေနပ်စေနိုင်စွမ်းရှိမည်၊ မရှိမည်ကို ကျွန်ုပ်မသိခဲ့။ ဘုရားသခင်အား စာတန်၏ ပိုက်ကွန်မှ ကျွန်ုပ်ကို ကယ်တင်ရန် တောင်းလျှောက်ရင်း ကျွန်ုပ်၏ စိတ်နှလုံးက ဘုရားသခင်ကို အသည်းအသန် ပန်ကြားခဲ့သည်။ စာတန်၏ ရိုင်းစိုင်းကြမ်းကြုတ်သော ရက်စက်မှုရှိလင့်ကစား ကျွန်ုပ်၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တော်တွင် ရှိပေသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ် နားလည်သောအခါ ကြောက်ရွံ့မှု သို့မဟုတ် စိုးရွံ့မှု ကျွန်ုပ် မခံစားရတော့ပါ၊ ထို့ပြင် သူတို့၏ ရက်စက်သော ညှင်းပန်းမှုဒဏ်ကို ရင်ဆိုင်ဖို့ ကျွန်ုပ်၌ ယုံကြည်ခြင်း ရှိခဲ့သည်။ ကျွန်ုပ် ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်၏ စီမံခန့်ခွဲမှုများကို ကျွန်ုပ်နာခံမည်ဖြစ်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်အသက် ဆုံးရှုံးခြင်း ကျရောက်နိုင်သော်လည်းဘုရားသခင်အတွက် ထူးကဲသောသက်သေကို ကျွန်ုပ်ခံမည်။

၂ မကောင်းဆိုးဝါးဆန်သော စီစီပီသည် ကြမ်းကြုတ်ရက်စက်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည်၊ ယင်းသည် ကျွန်ုပ်ကို အတင်းအဓမ္မ ဘုရားသခင်အား သစ္စာဖောက်စေဖို့ ကြိုးစားရင်း အကြမ်းနှင့် အနုနည်းစနစ်များ နှစ်ခုလုံးကို အသုံးပြုခဲ့သည်။ ကျွန်ုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်၍ လျှပ်စစ်ရိုက်သည့်အချိန်တွင် မကြာမီ ကျွန်ုပ် အသက်ရှူကျပ်မည်ကဲ့သို့ ခံစားရသည်။ ကျွန်ုပ်၏ လက်ချောင်းများထဲသို့ အပ်များထိုးစိုက်ခံရသောအခါ စူးရှသော နာကျင်မှုသည် သေခြင်းက ရှင်ခြင်းထက် ပိုနှစ်သက်စရာဖြစ်ပုံ ရစေသည်။ ကျွန်ုပ်၏ ဝေဒနာကြားတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထိုအရာအားလုံးကို ရင်ဆိုင်ဖို့ ကျွန်ုပ်ကို ယုံကြည်ခြင်း၊ ခွန်အားနှင့် ခံနိုင်ရည်ပေးခဲ့သည်။ ယခင်က ဘုရားသခင်အား ကျွန်ုပ် စစ်မှန်စွာ မချစ်ခဲ့ပုံကို တွေးမိပြီး စိတ်မကောင်းခြင်းများစွာဖြင့် ကျွန်ုပ်ကျန်ရစ်ခဲ့ရသည်။ ထိုအခိုက်တွင် ဘုရားသခင်ထံ ကျွန်ုပ်၏စိတ်နှလုံးကို ရည်စူးဆက်ကပ်ထားဖို့ရန်သာ ကျွန်ုပ်ဆန္ဒရှိခဲ့ပြီး ဘုရားသခင် ကျွန်ုပ်ကို လက်ခံခဲ့လျှင် ကျွန်ုပ်၏ စိတ်နှလုံးသည် သက်သာရာရပြီး ငြိမ်းချမ်းပေလိမ့်သည်။ အို ဘုရားရှင်၊ အချိန်ကို ကျွန်ုပ် ရပ်တန့်စေချင်လိုက်တာ။ ကိုယ်တော့်ကို နည်းနည်းပို၍ ချစ်ပါရစေ။ ကျွန်ုပ်တွင် မနက်ဖြန်ရှိခဲ့လျှင်၊ သမ္မာတရားကို ရှာဖွေလိုက်စားပြီး ကိုယ်တော့်ကို ပို၍ နက်နက်နဲနဲချစ်ဖို့ ကျွန်ုပ် အစွမ်းကုန် မုချလုပ်ဆောင်မည်။

၃ ကျွန်ုပ် အသက်ဘေးမှ သီသီကလေးလိုသည်အထိ နတ်ဆိုးများက ကျွန်ုပ်ကို နာကျင်စေသော်လည်း ဘုရားသခင်သည် ကျွန်ုပ်ကို ဆိုးရွားသော အန္တရာယ်မှ တိတ်တဆိတ် ကွယ်ကာခဲ့သည်။ ဘေးဒုက္ခက ကျွန်ုပ်၏နှလုံးသားကို ကိုယ်တော့်ထံ ပိုမိုနီးကပ်စေသည်။ ကျွန်ုပ်ဘေးတွင် ဘုရားသခင်ရှိသဖြင့် နာကျင်မှုက ချိုမြိန်မှုအဖြစ်သို့ ပြောင်းလဲသည်။ သေရေးရှင်ရေး အကျပ်အတည်းတွင် ဘုရားသခင်နှင့် ကျွန်ုပ် မျက်နှာချင်းဆိုင်လာရပြီး ဘုရားသခင်၏ သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းကို ခံခဲ့ရသည်။ စီစီပီ၏ ရက်စက်သော ညှင်းပန်းနှိပ်စက်မှုများကို ခံရရင်း ယင်း၏ ဘီလူးသရဲစီးနေသော ကြောက်မက်ဖွယ် မျက်နှာထားကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ တရားမျှတမှုနှင့် မကောင်းမှုတို့ကြား ကျွန်ုပ် ခွဲခြားသိမြင်လာခဲ့ရပြီး ဘုရားသခင်သည်သာ ချစ်ခြင်းမေတ္တာဖြစ်ကြောင်း ကျွန်ုပ် သာ၍ပင် မြင်တွေ့ခဲ့ရသည်။ အဆင်းနီသော နဂါးကြီးကို ကျွန်ုပ် ပို၍ပင် မုန်းတီးပြီး ကျိုးနွံနာခံဖို့ထက် သေရန်ပင်လိုလားမိသည်။ ကျွန်ုပ်သည် သံမဏိစိတ်ဓာတ်ဖြင့် ဘုရားသခင်နောက် လိုက်သည်ပင်။ အို ဘုရားရှင်၊ ကောင်းကင်ဘုံသို့ သွားရာလမ်းသည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် အန္တရာယ်များဖြင့် ပြည့်လျက် ခက်ခဲကြမ်းတမ်းပေသည်။ ကျွန်ုပ်ကိုလမ်းပြမည့် ကိုယ်တော်၏ နှုတ်ကပတ်တော်များနှင့်အတူ ကျွန်ုပ်သည် ကိုယ်တော့်ကို အမြဲ နီးကပ်စွာမှီခိုဖို့ ဆန္ဒရှိပြီး ကိုယ်တော့်အတွက် ကျွန်ုပ်၏ချစ်ခြင်း ဘယ်သောအခါမျှ မပြောင်းလဲပါပေ။

အရှေ့သို့- ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ ပြန်လည် မွေးဖွားကြသည်

နောက်တစ်ခုသို့- ရိုးသားသော လူတစ်ဦးဖြစ်ဖို့ စိတ်ဆုံးဖြတ်သည်

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

I ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ် သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ ကယ်တင်နိုင်သမျှသောသူတို့အား ကယ်တင်တော်မူသည်။...

ဘုရားသခင်၌သာ အသက်လမ်းရှိ

Ⅰ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူး လူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူး အသက်မှာ ဘုရားဆီကသာ လာသည်မို့ ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲ ဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲ များစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေများ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်