၁၃၄ ဘုရားသခင်နှင့်အတူ ကျွန်ုပ် ထာဝရ ရှိပါစေ
၁ ဇိအုန်ထံ ကိုယ်တော် မကြာခင် ပြန်သွားရမည်ဖြစ်ကာ ကျွန်ုပ်၏ စိတ်နှလုံး ဝမ်းနည်းမိပေ။ ကျွန်ုပ် စိတ်နှလုံးထဲ ကိုယ်တော့်ကို ပြောပြချင်သည့် စကားများစွာ ရှိသော်လည်း မည်သည့်နေရာမှ အစပြုရမည်ကို ကျွန်ုပ် မသိပေ။ အကြွေးဆပ်ဖို့ အကြွေးများစွာ ရှိလေခြင်း။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်နိုင်ခဲ့ဘဲ၊ နောင်တဖြင့် ကျန်ရစ်လေသည်။ ထိုသို့ အချိန်အလွန်ကုန်လွယ်မည်ကို မည်သူ သိနိုင်ခဲ့သနည်း။ နောင်တ မျက်ရည်များ မရပ်မနား ကျဆင်းပေ။ ကိုယ်တော်၏ ကျေးဇူးတော်ကို ကျွန်ုပ် အလွန် မွေ့ပျော်ကာ ကိုယ်တော့်ကို ကျွန်ုပ် ပြန်မပေးဆပ်နိုင်သေးသောကြောင့် ကျွန်ုပ်၏ စိတ်နှလုံး သောကဖိစီးပေ။ အို ဘုရားရှင်၊ ကိုယ်တော် စွန့်ခွာတော့မည်- ကိုယ်တော် ထွက်သွားဖို့ အဘယ်သို့ ကျွန်ုပ် လိုလိုလားလား ခွင့်ပြုနိုင်မည်နည်း။
၂ အတိတ်၏ ဖြစ်ရပ်များကို အဘယ်သူ မေ့ပျောက်နိုင်မည်နည်း။ ခံစားချက်ဟောင်းများ ၏ စွဲလမ်းငြိတွယ်မှုကို အဘယ်သူ စွန့်လွှတ်နိုင်မည်နည်း။ ဤနှစ်များစွာတစ်လျှောက်တွင် ကိုယ်တော် မကြာခဏ ကျွန်ုပ်တို့နှင့်အတူ စုဝေးပေ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို အမြဲတမ်း ရေလောင်းကာ ထောက်ပံ့ပေ။ မာနထောင်လွှားမှု၊ ခက်ထန်မှုနှင့် ပုန်ကန်မှုတို့ကို ကျွန်ုပ်တို့ ထုတ်ဖော်ပြပေ၊ ကိုယ်တော် ကျွန်ုပ်တို့ကို ပြုပြင်သည်၊ ကျွန်ုပ်တို့ကို ကိုင်တွယ်ဖြေရှင်းသည်၊ ရိုက်နှက်ကာ ပဲ့ပြင်ဆုံးမသည်။ ကိုယ်တော် ကျွန်ုပ်တို့ကို အကြိမ်များစွာ တရားစီရင်ကာ ပြင်းပြင်းထန်ထန် ပြစ်တင်ဆုံးမပြီး၊ ထိုသို့ဖြင့် ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးမှု သန့်စင်ခံရပေ။ ကျွန်ုပ်တို့အတွက် ကိုယ်တော်၏နှလုံးသွေးများစွာကို ကိုယ်တော် ပေးပြီးဖြစ်သည်။ ထို့ကြောင့်သာလျှင် ယခု ကျွန်ုပ်တို့ ဖြစ်သကဲ့သို့ ပြောင်းလဲနိုင်ကြသည်။ ကျွန်ုပ်သည် သမ္မာတရားကို လိုက်စားပြီး ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းမည်။ ကိုယ်တော့်ကို တစ်ကြိမ်တစ်ခါမျှ ကျွန်ုပ် စိတ်ကျေနပ်စေဖို့ရာ၊ ကိုယ်တော့်ထံ မိမိကိုယ်ကိုယ် ကျွန်ုပ် လုံးဝ ဆက်ကပ်အပ်နှံမည်။
၃ ကိုယ်တော်ကို နေဖို့ ကျွန်ုပ် မဖျောင်းဖျနိုင်သည်ကို ကျွန်ုပ် ကောင်းစွာ သိသည်နှင့်အညီ ကျွန်ုပ်၏ ပါးပြင်များပေါ် မျက်ရည်များ တိတ်ဆိတ်စွာ ကျဆင်းလာ။ ဘယ်သောအခါမျှ သက်သာရာမရခဲ့သည့် နောင်တများဖြင့် ကျွန်ုပ် ကျန်ရစ်ရပေ၊ ကျွန်ုပ်၏ စိတ်နှလုံး နာကျင်မှုနှင့် နောင်တတို့ဖြင့် ပြည့်ပေ။ ကျွန်ုပ်တို့ အတူကုန်ဆုံးခဲ့သည့် အချိန်တိုတောင်းသော်လည်း၊ ကိုယ်တော်၏ မျက်နှာနှင့် အသံတို့ ကျွန်ုပ်၏ စိတ်နှလုံးထဲ ထွင်းထုထားပေ။ ကိုယ်တော်၏ အသံကို ကျွန်ုပ် တွေးမိနေ၊ ကိုယ်တော်၏ ချစ်ခြင်းကို ကျွန်ုပ် တောင့်တ၊ လူသားအတွက် ကိုယ်တော်၏ ချစ်ခြင်းက နက်ရှိုင်းကာ ခိုင်မာပေ။ အံ့သြဖွယ် အတိတ်က အောက်မေ့သတိရစရာအဖြစ် ပြောင်းလဲခဲ့ပြီ၊ ယင်းကို စွန့်ထားဖို့ ကျွန်ုပ် အဘယ်ကြောင့် ဝန်မလေးဘဲ နေနိုင်မည်နည်း။ ကိုယ်တော်၏ လေးနက်သော သွန်သင်မှုတို့ကို ကျွန်ုပ် မည်သို့ မေ့ပျောက်နိုင်မည်နည်း။ ကိုယ်တော့်အတွက် ကျွန်ုပ်၏ တောင့်တမှုများကို ကျွန်ုပ် စိတ်နှလုံးအတွင်း မြှုပ်နှံနိုင်ရုံသာ ရှိပေ။ ကိုယ်တော့်ကို မည်သည့်အချိန် ပြန်ဆုံမည်ကို ကျွန်ုပ် မသိ၊ ကိုယ်တော်နှင့်အတူ ကျွန်ုပ် ထာဝရ ရှိပါစေ။