ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ ပြန်လည် မွေးဖွားကြသည်
အတွဲအဖက်- ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ ပြန်လည် မွေးဖွားကြသည်၊ ခေတ်ကာလများတစ်လျှောက် သန့်ရှင်းသူများ ပြန်လည် မွေးဖွားကြသည်
၁ ခေတ်ကာလများတစ်လျှောက်ရှိ သန့်ရှင်းသူများ၏ အခက်အခဲနှင့် အကျဉ်းချခံရခြင်းတို့ကို စဉ်းစားရင်း ကျွန်ုပ်တို့ မငိုကြွေးဘဲ မနေနိုင်ပါ။ သူတို့သည် လူကြားတွင် နှိပ်စက်ညှင်းပန်းခြင်းနှင့် ဒုက္ခဝေဒနာ မျိုးစုံ သူတို့ ခံစားကြလေပြီ။ သူတို့မှာ နင်းခြေခံရပြီး အသရေဖျက်ခံရပေပြီ။ မျိုးဆက်များစွာ နာကျင်မှုနှင့် အရှက်ကွဲခြင်း၊ အလွန်များစွာသော ထိုးနှက်မှုများ၊ အလွန်များစွာသော ကျာပွတ်ဒဏ်များ၊ များလှစွာသော အပျက်အစီးနှင့် ညှင်းပန်းမှု၊ ကျောက်ခဲဖြင့် အပစ်ခံရခြင်းများနှင့် သတ်ဖြတ်မှုများတို့ကိုလည်း သူတို့ ကြံ့ကြံ့ခံခဲ့ကြပြီ။ အလင်းမရှိဘဲ အမှောင်ထဲတွင် နှစ်များစွာ ရှိခဲ့သည်။
၂ အရှေ့အရပ်မှ ဖြောင့်မတ်ခြင်းတရား၏ နေ ပေါ်ထွန်းသည်။ ယင်းသည် စကြဝဠာတစ်လျှောက် ထွန်းလင်းပြီး အရာအားလုံး ချက်ချင်း ပြန်လည်အသစ်ဖြစ်ကာ ပြောင်းလဲသည်။ အသစ်သော ရောင်ဝါလက္ခဏာသည် ကုန်းမြေတစ်လျှောက် ဖြန့်ကျက်သည်။ ကောင်းမြတ်သော ခါနန်မြေသို့ ကျွန်ုပ်တို့ လာကြသည်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများက ဝမ်းမြောက်မှုနှင့်ပြည့်ပြီး နောက်ထပ် မစိုးရိမ်တော့ပေ။ လတ်ဆတ်သော ရနံ့က ကမ္ဘာလောကတစ်လျှောက် ပျံ့နှံလေသည်၊ ယင်းက ကျွန်ုပ်တို့၏ နှလုံးသားများထဲတွင် မျောပါနေသည်။ ကျွန်ုပ်တို့မှာ တတိယကောင်းကင်တွင် ရှိကြသည့်အလား၊ အထူးဝမ်းမြောက်မှုက ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ပြည့်စေသည်။ ဘုရားနှုတ်ကပတ်တော်များ၏ ချိုမြိန်မှုကို ကျွန်ုပ်တို့ မြည်းစမ်းပြီး ဘုရားသခင်၏ နွေးထွေးမှုကို ကျွန်ုပ်တို့ ရရှိကာ ကျွန်ုပ်တို့၏ စိတ်နှလုံးများတွင် ကြီးမားသော ဝမ်းမြောက်ခြင်း ရှိပေသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးများကို ဘုရားသခင် အစဉ်အမြဲ ပိုင်ဆိုင်လိမ့်မည်၊ သူသည် ကျွန်ုပ်တို့ စိတ်နှလုံးများ၏ ရှင်ဘုရင်၊ သူသည် ကျွန်ုပ်တို့ စိတ်နှလုံးများ၏ ရှင်ဘုရင် ဖြစ်ပေ။
၃ နောက်ဆုံးသောကာလ၏ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြလေပြီ၊ ထာဝရအသက်လမ်းကို သူယူဆောင်လာပြီ။ သူ့နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို တရားစီရင်သည်၊ စစ်ဆေးသည်၊ သန့်စင်စေသည်၊ ပြောင်းလဲစေသည်။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများကို ရာနှင့်ချီ ကျွန်ုပ်တို့ ခံစားကြပြီး နာကျင်မှုတွင် ချိုမြိန်မှုကို ကျွန်ုပ်တို့ ရှာတွေ့ကြပြီ။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့၏ အသက်ဖြစ်လာကာ ကျွန်ုပ်တို့ အသစ်တစ်ဖန် အသက်ရှင်ကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သန့်စင်ပေးခြင်း ခံရသည်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းမှ လွတ်မြောက်သည်၊ ကျွန်ုပ်တို့၏ စိတ်နှလုံးများ ယခင်နှင့် လုံးဝမတူ လွတ်လပ်လေသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ရရှိကြပြီး သေခြင်းမှ ပြန်လည်မွေးဖွားကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်ုပ်တို့ကို ကယ်တင်ပြီ၊ ကျွန်ုပ်တို့ ပြန်လည် မွေးဖွားကြသည်၊ ကျွန်ုပ်တို့ ပြန်လည် မွေးဖွားကြသည်။