၃၉၁ ဘုရားသခင်၌ ယုံကြည်ခြင်း၏ ထိပ်တန်း ဦးစားပေးချက်

၁ ဘုရားသခင်လုပ်ဆောင်သမျှတိုင်းကို သင်သည် ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး ဘုရားသခင်ဘက်တွင် ရပ်တည်ရင်း ဘုရားနှုတ်ကပတ်တော်၏ ရှုထောင့်မှတစ်ဆင့် အဖြစ်အပျက်များကို သိမြင်နိုင်ပါက၊ သင်၏အမြင်များ မှန်ကန်လာပြီးဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်သူ မည်သူမဆိုအဖို့ အဆုံးစွန် အရေးကြီးသောအရာ ဖြစ်သည်။ အယောက်တိုင်းသည် ယင်းကို ၎င်းတို့ဘဝတွင် ပဓာန အရေးကြီးသည့်တာဝန်တစ်ခုနှင့် အကြီးမားဆုံးသော ဖြစ်ရပ်အဖြစ် မှတ်ယူသင့်သည်။ သင်လုပ်ဆောင်သမျှ အရာတိုင်းကို သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိမရှိဆိုသည့်အရာဖြင့် တိုင်းတာပေသည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် ပုံမှန်ဖြစ်ပြီး သင်၏ရည်ရွယ်ချက်များ မှန်ပါက၊ ဆောင်ရွက်လော့။ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ထိန်းသိမ်းရန်၊ သင်သည် ပုဂ္ဂိုလ်ရေးရာ အကျိုးများ ဆုံးရှုံးခြင်း ခံစားရဖို့ မစိုးရွံ့နှင့်။ စာတန်ကို အနိုင်ယူခွင့် သင်ပေး၍မရ၊ စာတန်အား သင့်အပေါ် အခိုင်အမာတွယ်ခွင့် ပေး၍မရသကဲ့သို့၊ စာတန်က သင့်အား ရယ်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်စေခွင့် ပေး၍မဖြစ်ပေ။

၂ ထိုသို့သော ရည်ရွယ်ချက်များရှိခြင်းသည် သင်နှင့် ဘုရားသခင်၏ဆက်ဆံရေး ပုံမှန်ဖြစ်သည့် လက္ခဏာဖြစ်သည်- ၎င်းသည် ဇာတိပကတိအတွက် မဟုတ်ဘဲ စိတ်ဝိညာဉ်ငြိမ်သက်ခြင်းအတွက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိခြင်းအတွက်နှင့် ဘုရားသခင်၏ အလိုကို ကျေနပ်စေခြင်းအတွက် ဖြစ်သည်။ မှန်ကန်သည့် အခြေအနေသို့ ဝင်ရောက်ရန်၊ သင့်အနေဖြင့် ဘုရားသခင်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် သင်၏အမြင်ကို မှန်ကန်စေရမည်။ ဤသည်မှာ ဘုရားသခင်က သင့်ကို ရရှိနိုင်ဖို့၊ သူ၏နှုတ်ကပတ်တော်များ၏ အသီးအပွင့်များကို သင့်အထဲတွင် သူဖော်ထုတ်ပြနိုင်ဖို့နှင့် သင့်ကို သာ၍ပင် ဉာဏ်အလင်းပေးပြီး အလင်းပြနိုင်ဖို့အလို့ငှာ ဖြစ်သည်။ ဤနည်းလမ်းဖြင့်၊ သင်သည် မှန်ကန်သည့် အမူအကျင့်ထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များကို ဆက်လက် စားသောက်လော့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်လုပ်ခြင်းနည်းဟန်ထဲသို့ ဝင်ရောက်လော့၊ ဘုရားသခင်၏ ယနေ့ တောင်းဆိုချက်များအတိုင်း ဆောင်ရွက်လော့၊ ခေတ်နောက်ကျသော လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များကို မလိုက်နာနှင့်၊ အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် နည်းလမ်းဟောင်းများကို မဖက်တွယ်နှင့်၊ ပြီးလျှင် ယနေ့ အလုပ်လုပ်ခြင်း နည်းဟန်ထဲသို့ ဖြစ်နိုင်သမျှမြန်မြန် ဝင်ရောက်လော့။ ထိုသို့ဖြင့် ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးသည် လုံးဝ ပုံမှန်ဖြစ်လာလိမ့်မည်ဖြစ်ပြီး သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ် တက်လှမ်းပြီးဖြစ်လိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၉၀ ယုံကြည်သူများအတွက် လူ့အမူအကျင့်စည်းမျဉ်းများကျူး

နောက်တစ်ခုသို့- ၃၉၂ လူတို့သည် ဘုရားကိုကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဘုရားကို ယုံကြည်သင့်၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၈၈၆ ဘုရားရဲ့ချစ်ခြင်းမေတ္တာကို အဘယ်ဖန်ဆင်းခြင်းသတ္တဝါမှ မပိုင်ဆိုင်

၁ဘုရားရဲ့နှုတ်ကပတ်တော်သည် အသက်နဲ့ပြည့်စုံ၊ လျှောက်ရမယ့်လမ်းကို ညွှန်ပြ သမ္မာတရားကို နားလည်သဘောပေါက်စေကျွန်ုပ်တို့ သူ့နှုတ်ကပတ်တော်ကို...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။