၂၉၅ ရင်းနှီးသူများကို ရှာဖွေခြင်း
၁
ကိုယ်တော်ဟာ ဥယျာဉ်ထဲ အချိန်ကြာစွာ အလုပ်လုပ်ခဲ့
ကိုယ်တော့်အချစ်ကို နက်ရှိုင်းစွာ စိုက်ပျိုးခဲ့
ကိုယ်တော်က အဖိုးအခတိုင်းကိုပေး၊ ရင်းနှီးသူများကို ရှာဖွေခဲ့
ကိုယ်တော်က အလွန်ကြာရှည်စွာရှာခဲ့
ကိုယ်တော်က အလွန်များတဲ့ အချစ်စစ်ကို ရင်းနှီး မြှုပ်နှံခဲ့တာ
ကိုယ်တော့် သောကကို ဘယ်သူသိနိုင်မလဲ
ဘယ်သူမှ သခင့်ကို နှစ်သိမ့်မှုမပေး
ကျွန်ုပ်နှလုံးသားမှာ ကိုယ်တော့်ကိုချစ်ရန်တောင့်တနေသည်...
ကျွန်ုပ်သည် ပေတရုရဲ့စိတ်ဓာတ်ကိုအတုယူပါမည်
ကျွန်ုပ်ဘဝတစ်လျှောက်လုံး သခင့်
အလိုတော်အတိုင်း လုပ်ဆောင်ပါမည်
စိတ်ရောကိုယ်ပါနှစ်ကာ ကိုယ်တော်နောက် လိုက်ပါမည်
၂
သခင့်ရဲ့အချိန်ကာလနီးကပ်လာပြီ
အကြီးမားဆုံး အားထုတ်မှုနှင့် ကျွန်ုပ်တို့ ကြိုးပမ်းနေ
သခင့်ရဲ့ရင်းနှီးသူများ ကျွန်ုပ်တို့ ဖြစ်ချင်
လေပြင်းမုန်တိုင်းများ ကြားထဲမှာပေါ့
သခင်သည် ဥယျာဉ်မှ မကြာခင် ထွက်ခွာတော့မည်
အစေခံများမှာ နှလုံးသားကြေကွဲလျက်ရှိနေ
ထိုသို့ သော အကြွေးမှာ အသေးဆုံးသော အပိုင်းတောင်
ပြန်ဆပ်ရန် ခက်ပါသည်
ကျွန်ုပ်နှလုံးသားမှာ ကိုယ်တော်ကိုချစ်ရန် တောင့်တနေသည်
ကျွန်ုပ်သည် ပေတရုရဲ့စိတ်ဓာတ်ကိုအတုယူပါမည်
ကျွန်ုပ်ဘဝတစ်လျှောက်လုံး သခင့်
အလိုတော်အတိုင်း လုပ်ဆောင်ပါမည်
စိတ်ရောကိုယ်ပါနှစ်ကာ ကိုယ်တော်နောက် လိုက်ပါမည်
၃
သခင့် ရဲ့ နှလုံးသားထဲ နှစ်သိမ့်မှု မရှိသေး
လူတိုင်းမှာ စိုးရိမ်မှုဖြင့် ပြည့်နှက်နေ
သခင့်ကိုနက်ရှိုင်းစွာ မချစ်မှာကိုကျွန်ုပ်စိုးရိမ်မိ
အနည်းဆုံးတော့ ပေါ့ပေါ့တန်တန် မဖြစ်လိုပါ
ကျွန်ုပ်နှလုံးသားမှာ ကိုယ်တော့်ကိုချစ်ရန်တောင့်တနေသည်...
ကျွန်ုပ်သည် ပေတရုရဲ့စိတ်ဓာတ်ကိုအတုယူပါမည်
ကျွန်ုပ်ဘဝတစ်လျှောက်လုံး သခင့်အလို တော်အတိုင်းလုပ်ဆောင်ပါမည်
စိတ်ရောကိုယ်ပါနှစ်ကာ ကိုယ်တော့်နောက် လိုက်ပါမည်
စိတ်ရောကိုယ်ပါ...စိတ်ရောကိုယ်ပါပေါ့