၅၁၈ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်

၁ သမ္မာတရားကို လူတို့ အမှန်တကယ် နားလည်ကြသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ ဖြစ်တည်မှုအခြေအနေများကို သိမြင်နိုင်ကြသည်၊ ရှုပ်ထွေးသည့် ကိစ္စရပ်များ၏ အကြောင်းရင်းကို မြင်နိုင်ကြပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ သင့်တော်သည့် နည်းလမ်းကို သိရှိနိုင်ကြလေသည်။ သမ္မာတရားကို သင် နားမလည်ပါက၊ သင်၏ဖြစ်တည်မှု အခြေအနေကို သင် သိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ပုန်ကန်ချင်လိမ့်မည် ဖြစ်သော်လည်း၊ မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့်အရာကို သင် ပုန်ကန်နေသည်ကို သိလိမ့်မည် မဟုတ်ပေ။ သင်၏ အတ္တအလိုဆန္ဒကို သင် စွန့်လွှတ်ချင်လိမ့်မည် ဖြစ်သော်လည်း၊ သင်၏ အတ္တအလိုဆန္ဒသည် သမ္မာတရားနှင့် ကိုက်ညီသည်ဟု သင်ထင်ပါက၊ ယင်းကို အဘယ်သို့ သင် စွန့်လွှတ်နိုင်မည်နည်း။ ဤအကြောင်းကြောင့်၊ လူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ခြင်းမရှိပါက၊ ၎င်းတို့၏ အတ္တလိုအင်ဆန္ဒ၊ ၎င်းတို့၏ လူသား မစင်ကြယ်မှုများနှင့် ကောင်းမွန်သော ရည်ရွယ်ချက်များ၊ ၎င်းတို့၏ လူသား မရေရာသော ချစ်ခြင်းမေတ္တာနှင့် လူသား ကျင့်ကြံမှုများမှ ထွက်ပေါ်သည့် မည်သည့်အရာမဆိုသည် မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု တွေးထင်ကြဖို့ အလွန်ဖြစ်ဖွယ် ရှိလေသည်။ သို့ဆိုလျှင် ဤအရာများကို သင် မည်သို့ ပုန်ကန်နိုင်မည်နည်း။

၂ သမ္မာတရားကို သင် နားမလည်ပါက သို့မဟုတ် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသည်ကို မသိပါက၊ ပြီးလျှင် သင်၏ မျက်လုံးများ မကြည်မလင်ဖြစ်ပြီး မည်သည့်လမ်းသို့ လှည့်ရမည်ကို သင်မသိသောကြောင့် သင် မှန်သည် ထင်သည့်အရာပေါ် အခြေခံ၍သာ အမှုအရာများကို လုပ်ဆောင်ပါက၊ သင်သည် လွဲချော်ပြီး မှားယွင်းမည့် အပြုအမူတချို့ကို ကျူးလွန်မိလိမ့်မည်။ ဤအပြုအမူတချို့သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းလိမ့်မည်၊ တချို့သည် စိတ်အားထက်သန်မှုမှ ထွက်ပေါ်လာလိမ့်မည်၊ တချို့သည် စာတန်ထံမှ အစပြုမည်ဖြစ်ကာ အနှောင့်အယှက်များ ဖြစ်စေလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို မပိုင်ဆိုင်သော လူတို့သည် ဤသို့ ပြုမူကြလိမ့်မည်- လက်ဝဲဖက် အနည်းငယ်၊ ပြီးနောက် လက်ျာဖက်အနည်းငယ် လုပ်ဆောင်ကာ၊ တစ်ခဏ မှန်ကန်ပြီး၊ နောက်တစ်ခဏ သွေဖည်လျက်ရှိမည်ဖြစ်ပြီး တိကျမှန်ကန်မှု လုံးဝ မရှိပေ။ သမ္မာတရားကို မပိုင်ဆိုင်သောသူတို့သည် အမှုအရာများအပေါ် အဓိပ္ပာယ်မရှိသော အမြင်များကို ခံယူကြသည်။ ထိုသို့ဖြစ်သဖြင့်၊ ၎င်းတို့သည် ကိစ္စရပ်များကို မည်သို့ မှန်ကန်စွာ ကိုင်တွယ်နိုင်မည်နည်း။ ပြဿနာတစ်စုံတစ်ရာကို ၎င်းတို့ မည်သို့ ဖြေရှင်းနိုင်မည်နည်း။

၃ သမ္မာတရားကို နားလည်ခြင်းသည် လုပ်ဆောင်ဖို့ လွယ်ကူသောအရာ တစ်ခု မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သဘောပေါက်နိုင်ခြင်းသည် သမ္မာတရားကို သိနားလည်နိုင်ခြင်းပေါ် မူတည်ပြီး လူတို့ နားလည်နိုင်စွမ်းရှိသည့် သမ္မာတရား၌ မိမိ၏ အကန့်အသတ်များ ရှိပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို မိမိတို့၏ အသက်တာတစ်ခုလုံးတွင် ယုံကြည်လျှင်ပင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ သိနားလည်ခြင်းသည် အကန့်အသတ် ရှိနေဦးမည် ဖြစ်သည်။ တော်တော် အတွေ့အကြုံရှိသူတို့သည်ပင် အကောင်းဆုံးအနေဖြင့် ဘုရားသခင်ကို သိသိသာသာ ခုခံသည့်အရာများကို လုပ်ဆောင်ခြင်းနှင့် သိသိသာသာ ဆိုးယုတ်သောအရာများကို လုပ်ဆောင်ခြင်းအား ရပ်တန့်နိုင်သည့်နေရာအထိ ရောက်ရှိနိုင်ကြသည်။ ၎င်းတို့အတွက် မိမိတို့၏ အတ္တအလိုဆန္ဒ ဘာမျှမရောနှောသည့် အခြေအနေတစ်ခုကို ရရှိဖို့ မဖြစ်နိုင်ပေ။ သို့သော်၊ အဓိကသော့ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်းကို ဆန့်ကျင်သည့် အတ္တအလိုဆန္ဒ၏ အစိတ်အပိုင်းများကို သိမြင်ဖို့ ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိရှိဖို့ အားထုတ်မှု ပြုရမည်ဖြစ်ပြီး၊ သမ္မာတရားကို နားလည်ခြင်းဖြင့်သာ သင်၌ သိမြင်မှု ရှိနိုင်ပေသည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၁၇ တိုးတက်မှုဖြစ်စေဖို့ အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေလော့

နောက်တစ်ခုသို့- ၅၁၉ သမ္မာတရားကို ရရှိရန်မှာ အဘယ်နည်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၆၀၉ ဘုရားရဲ့ ရင်းနှီးသူသာ သူ့ကိုဆက်ကပ်ဖို့ ထိုက်တန်

၁ဘုရားကိုဆက်ကပ် တဲ့သူဟာ သူ့ရဲ့ရင်းနှီးသူဖြစ်ရမယ်ဘုရားကချစ်တဲ့သူ၊ ဘုရားကိုသစ္စာရှိတဲ့သူ။လူအရှေ့ မှာဖြစ်ဖြစ် နောက်ကွယ်မှာဖြစ်ဖြစ် ဆက်...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။