သေအံ့မူးမူးအချိန်မှ သမ္မာတရားကို သတိပြုမိခြင်းသည် နောက်ကျလွန်းပေပြီကျူး
၁ ဤလမ်းစဉ်တွင် လူများစွာက အသိပညာ ဗဟုသုတဆိုင်ရာ စကားများစွာ ပြောနိုင်သည်။ သို့သော်လည်း ထိုသူတို့ သေသည့်အချိန် ရောက်သောအခါ အရွယ်အိုသည်ထိ အလဟာသ အချိန်ဖြုန်းခဲ့သည့် မိမိတို့၏ အသက်တာကြောင့် မျက်ရည်မျက်ခွက် အပြည့်နှင့် ယူကျုံးမရ၊ ကိုယ့်ကိုယ်ကိုယ် မုန်းနေစမြဲပင် ဖြစ်သည်။ သူတို့သည် သြဝါဒများကိုသာ သဘောပေါက်မှုရှိခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံခြင်း မလုပ်နိုင်ပေ၊ ယင်းအစား သူတို့သည် ပျားတစ်ကောင်ကဲ့သို့ အလုပ်များကာ ဟိုဟိုသည်သည် ပြေးလွှားနေကြသည်၊ သူတို့ သေအံ့ဆဲဆဲအချိန်ရောက်လျှင် သူတို့၌ စစ်မှန်သော သက်သေခံချက် မရှိကြောင်းနှင့် ဘုရားသခင်ကို လုံးဝ မသိခဲ့ကြောင်းတို့ကို နောက်ဆုံးတွင် သိမြင်လာသည်။ ၎င်းအချိန်သည် နောက်ကျလွန်းပြီ မဟုတ်ပါလား။ အချိန်ကောင်းကို လက်မလွှတ်တမ်း အသုံးမချဘဲ သင်ချစ်မြတ်နိုးသော သမ္မာတရားကို အဘယ်ကြောင့် မရှာဖွေဘဲနေသနည်း။ မနက်ဖြန်ကို အဘယ်ကြောင့် စောင့်ဆိုင်းသနည်း။ အသက်ရှင်သည့်အချိန်တွင် သမ္မာတရားအတွက် အနစ်နာမခံရလျှင် သို့မဟုတ် သမ္မာတရားကို ဆည်းပူးရယူရန် မရှာဖွေလျှင်၊ သေအံ့ဆဲဆဲအချိန်တွင်မှ နောင်တတရားကို သင်ခံစားလိုသည်မှာ ဖြစ်နိုင်ပါသလား။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။
၂ အကယ်စင်စစ်၊ လူသည် အနည်းငယ် အားစိုက်၍ ဆက်ကပ်မှုရှိလျှင် ဘုရားသခင်ကို ကျေနပ်စေနိုင်သည့်အရာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သည့် အရာများ ရှိပေ၏။ လူ့စိတ်နှလုံးသည် အစဉ်မပြတ် နတ်ဆိုးများ ဖိစီးနှိပ်စက်နေသောကြောင့် ဘုရားသခင်အတွက် လူသည် မလုပ်မဆောင်နိုင်ခြင်း ဖြစ်သည်။ နောက်ဆုံး အကျိုးအမြတ် ဘာမျှ မဖြစ်စေသော ဇာတိပကတိအတွက် မနားမနေ ခရီးနှင်တော့သည်။ ဤအကြောင်းများကြောင့် လူ၌ ဒုက္ခများ၊ ဝေဒနာများနှင့် အမြဲတွေ့ကြုံနေရခြင်း ဖြစ်၏။ ၎င်းသည် စာတန်၏ ညှဉ်းဆဲခြင်းပင် မဟုတ်ပေလော။ ဇာတိပကတိ၏ ယိုယွင်းပျက်စီးခြင်းလည်း မဟုတ်ပေလော။ ဘုရားသခင်ကို နှုတ်ခမ်း အပြောသက်သက်နှင့် အစေခံခြင်းဖြင့် အပြောင်အပြက် မလုပ်သင့်ပါ။ လက်ဆုပ်လက်ကိုင် ပြနိုင်သော လုပ်ဆောင်မှုကို သင်သည်လုပ်ရမည်။ မိမိကိုယ်ကို မလှည့်စားပါနှင့်၊ ထိုသို့ပြုလျှင် မည်သည့်အဓိပ္ပာယ် ရှိသနည်း။ သင်၏ ဇာတိပကတိအတွက် အသက်ရှင်ခြင်း၌လည်းကောင်း၊ ကျော်ကြားမှုနှင့် အခွင့်လမ်းကောင်းအတွက်လည်းကောင်း ပင်ပင်ပန်းပန်း ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် သင်သည် အဘယ်မည်သော အကျိုးအမြတ် ရရှိနိုင်သနည်း။ သို့ဖြစ်လျှင်၊ အဘယ်ကြောင့် ဘုရားသခင်ကို သင်ယုံကြည်သနည်း။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်သော သင်သည် သမ္မာတရားအတွက် အသက်ရှင်သင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။