၃၃၇ ဘုရားအတွက် အဘယ်အရာကို သင်ရင်းနှီးမြှုပ်နှံပြီးပြီနည်းကျူး
၁ အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။ နှိုင်းယှဉ်ခြင်းအရ၊ သင်တို့သည် ထိုသို့ ကြီးမားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် အရည်အချင်း လုံးဝ မပြည့်မီကြပေ။ သင်တို့ကိုယ်သင်တို့ အထင်မကြီးကြလွန်းနှင့်။ သင်၌ ဝါကြွားစရာ မည်သည့်အရာမျှ မရှိပေ။ ထိုသို့သော ကြီးမားသည့် ကယ်တင်ခြင်း၊ ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို သင်တို့အား အခမဲ့ပေးထားခြင်းဖြစ်သည်။ သင်တို့သည် မည်သည့်အရာကိုမျှ စွန့်လွှတ်ရခြင်း မရှိသော်လည်း၊ ကျေးဇူးတော်ကို အခမဲ့ မွေ့လျော်ခံစားကြသည်။ သင်တို့ မရှက်ကြသလော။
၂ ဤမှန်သော လမ်းခရီးသည် သင်တို့ဘာသာ ရှာဖွေကာ တွေ့ရှိခဲ့သည့် အရာတစ်စုံတစ်ခု ဖြစ်သလော။ ထိုလမ်းခရီးကို လက်ခံရန် သင်တို့ကို လှုံ့ဆော်ခဲ့သည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်လော။ သင်တို့သည် သမ္မာတရားကို ရှာဖွေကာ တောင့်တသော စိတ်နှလုံးများ ရှိဖို့မပြောနှင့်၊ ရှာဖွေသော စိတ်နှလုံးများပင် မည်သည့်အခါမျှ မရှိခဲ့ပေ။ သင်တို့သည် အခံ့သားထိုင်နေခဲ့ကာ ထိုအရာကို မွေ့လျော်ခံစားနေခဲ့သည်။ သင်တို့သည် အနည်းငယ်မျှ အားထုတ်ခြင်းမရှိဘဲ ဤသမ္မာတရားကို ရရှိထားကြသည်။ သင်တို့သည် စောဒကတက်ရန် မည်သည့် အခွင့်အရေး ရှိသနည်း။ သင်သည် အထိုက်တန်ဆုံးသောသူ ဖြစ်သည်ဟု ထင်သလော။ မိမိတို့၏ အသက်များကို စွန့်ခဲ့ပြီး မိမိတို့၏ အသွေးကိုသွန်းခဲ့သော သူများနှင့် နှိုင်းယှဉ်ပါက၊ သင်တို့သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်တို့သည် နာခံကာ လိုက်လျှောက်ဖို့မှအပ ရွေးချယ်စရာမရှိပေ။ သင်တို့သည် တကယ်ကို ထိုက်တန်ခြင်း မရှိကြပေ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်