၅၁၉ သမ္မာတရားကို ရရှိရန်မှာ အဘယ်နည်း

၁ သမ္မာတရားကို ရရှိခြင်းဆိုသည်မှာ သူပြောကြားသည့် နှုတ်ကပတ်တော်တိုင်းမှတစ်ဆင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခြင်း ဖြစ်သည်။ ယင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် အသက်ရှင်နေထိုင်နိုင်ပြီး ထိုနှုတ်ကပတ်တော်များသည် သင်၏ လက်တွေ့အရှိတရား ဖြစ်လာစေနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားလည် ပြီးသည်နှင့်တစ်ပြိုင်နက် ထိုနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်ကို ဆိုလိုခြင်းဖြစ်ပေသည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သမ္မာတရားကို သေချာပေါက် နားလည်ပြီး ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်ခြင်းမရှိပါက၊ သင်ရရှိသည့်အရာများသည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သမ္မာတရားကို ရရှိခြင်းသည် မည်သည့်အရာကို ဆိုလိုမှန်း သင်မသိပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ လက်ဖဝါးထဲတွင် ကိုင်ထားနိုင်သော်လည်း၊ ထိုနှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက် ဘုရားသခင်၏ အလိုတော်ကို သင်နားမလည်နိုင်သေးဘဲ၊ သင်သည် ကျမ်းဟောင်းတရားနှင့် အယူဝါဒ အချို့ကိုသာ ရရှိသည်။

၂ ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းခြင်း မရှိသည်ကို သင်သဘောပေါက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံးလျားလျား နက်နဲပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဝါကျတစ်ကြောင်းသည်ပင် သင် ပြည့်ဝစွာ တွေ့ကြုံခံစားရန် သင်၏တစ်သက်တာ လိုအပ်လိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သော်လည်း၊ ဘုရားသခင်၏ အလိုတော်ကို နားမလည်ချေ။ ဘုရားနှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်များ၊ ၎င်းတို့၏ မူလဇာစ်မြစ်၊ ၎င်းတို့ရရှိဖို့ ကြိုးစားသည့် အကျိုးသက်ရောက်မှု သို့မဟုတ် ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားသည့် အရာတို့ကို သင်နားမလည်ချေ။ သမ္မာတရားကို သင်မည်သို့ နားလည်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနိုင်လောက်ကာ၊ ကျမ်းချက်များစွာကိုပင် အလွတ်ရွတ်ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သော်လည်း၊ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့၊ မည်သည့်တိုးတက်မှု တစ်ခုမျှလည်း မပြုလုပ်ရသေးပေ။ ဘုရားသခင်နှင့် သင်၏ ပေါင်းသင်းဆက်ဆံရေးသည် ယခင်ကကဲ့သို့ပင် ဝေးကွာပြီး ခပ်တန်းတန်း ဖြစ်နေသည်။ ယခင်ကကဲ့သို့ပင်၊ သင်နှင့် ဘုရားသခင်တို့ကြားတွင် အတားအဆီးများ ရှိနေဆဲဖြစ်ပြီး၊ သူ့ကို သင် သံသယရှိနေဆဲ ဖြစ်လေသည်။ သင်သည် ဘုရားသခင်ကို နားမလည်ရုံမျှသာမက၊ သူ့ကို ဆင်ခြေများပေးကာ၊ သူနှင့် သက်ဆိုင်သည့် အယူအဆများ သင်၌ရှိနေသည်။ သင်သည် သူ့ကို အာခံပြီး၊ သူ့ကို ပြစ်မှားစော်ကားခြင်းပင် ပြုလေသည်။ ဤအရာက သင်သည် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု မည်သို့ဆိုလိုနိုင်သနည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၁၈ သမ္မာတရားကို သိနားလည်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်

နောက်တစ်ခုသို့- ၅၂၀ သမ္မာတရားအား စစ်မှန်စွာ လိုက်စားသူများကို ဘုရားကောင်းချီးပေးလိမ့်မည်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။