နိုင်ငံတော်အားဂုဏ်ပြုခြင်းအသံကျယ်လောင်စွာထွက်ပေါ်လာသောအခါ
၁
နိုင်ငံတော်ခေတ်ဟာအတိတ်ကာလတွေလိုမဟုတ်။
လူတွေ လုပ်ဆောင်သောအရာများနှင့် မဆိုင်။
(အဘယ့်ကြောင့်ဆိုသော်) ဘုရားသခင် ဆင်းကြွပြီးအမှုတော်ကိုသူကိုယ်တိုင်ဆောင်ရွက်။
ထိုအမှုတော်ကိုလူတို့ မကြံစည်၊ မပြီးမြောက်စေနိုင်။
နိုင်ငံတော်ထူထောင်ခြင်းစတင်ချိန်၊
ဘုရား၏ လူ့ဇာတိခံယူထားသောခန္ဓာသည် သူ၏အမှုတော်မြတ် စတင်။
ထိုရှင်ဘုရင်သည် အချုပ်အခြားအဏာတန်ခိုးကိုယူဆောင်။
ကမ္ဘာလောကသို့ နိုင်ငံတော် ဆင်းသက်ရောက်လာခဲ့ပြီ
၂
လူသားအားလုံးဘုရား၏ချစ်ခြင်း၊ ကရုဏာအပြင်၊
သူ၏ တရားစီရင်ခြင်း နှင့် စမ်းသပ်ခြင်းအမှုအောက်တွင် ရှိ၏။
လူသားများဖောက်ပြန်ပျက်ဆီခဲ့ချိန်ပင် သူဟာလူသားအပေါ် ကရုဏာ၊ ချစ်ခြင်းမေတ္တာရှိခဲ့၏။
လူသားအားလုံးသူ့ကိုကျိုးနွံသောအချိန်တွင်ပင် ဘုရား ပြစ်တင်ဆုံးမခဲ့သည်
သို့သော်ဘုရားသခင် ပေးသောဒုက္ခဆင်းရဲ၊ စစ်ဆေးခြင်းမခံရသူအဘယ်သူရှိသနည်း။
နိုင်ငံတော်ကိုအလေးပြုသံထွက်ပေါ်သောအခါ
မိုးကြိုးသံခုနစ်ချက်လည်း မြည်၏။
ကောင်းကင်နှင့်မြေကြီးကိုတုန်လှုပ်စေကာ
အမြင့်ဆုံးကောင်းကင်ကိုလှုပ်ခါ၏။
လူသား၏အသည်းနှလုံးတုန်ခါ၏။
နဂါးနီကြီးပြည်၌ နိုင်ငံတော်သီချင်းပေါ်ထွက်လာကာ
ထိုပြည်ကိုဘုရားသခင် ဖျက်ဆီး၍
မြေကြီးပေါ် သူ၏နိုင်ငံထူထောင်ခဲ့ကြောင်းသက်သေထူ။
၃
သူ၏သားများနှင့်သူ၏လူမျိုးတို့ကိုထိန်းသိမ်းစောင့်ရှောက်ရန် ကမ္ဘာ့တိုင်းနိုင်ငံအားလုံးသို့
ဘုရားသခင်သည် သူ၏ကောင်းကင်တမန်များကိုယခုစေလွှတ်လျက်ရှိ၏။
၎င်းသည် အမှုတော်၏နောက်တစ်ဆင့်အတွက် အထောက်အကူပြုသည်။
နဂါးနီကြီးအောင်းရာတွင်း၌ ဘုရားသခင် တိုက်ပွဲဆင်နွဲ။
လူတို့ ဘုရားကိုသိ၊ လူ့ဇာတိခံဘုရားထံတွင်
ဘုရား၏လုပ်ဆောင်မှုတို့ကို မြင်တွေ့ရသောအခါ၊
ထိုတွင်းသည် ပြာမှုန့်ဖြစ်၍ ပျောက်ကွယ်လိမ့်မည်။
နဂါးနီကြီးရှိရာအရပ်၌ ဘုရားသခင် ယခုဆင်းသက်၊
အားလုံးဘက်သို့ သူမျက်နှာ မူ၏။
မိုးကောင်းကင်သည် တုန်လှုပ်၏။
ဘုရား၏ တရားစီရင်ခြင်း နှင့် ကင်းလွတ်သော၊
သူကျရောက်စေသောဘေးအန္တရာယ်များနှင့် ကင်းလွတ် သောနေရာများရှိသလား။
ဘုရားသခင်သည် သွားလေရာ၌ ဘေးအန္တရာယ်မျိုးစေ့များ ကြဲ၏။
ထိုဟာကယ်တင်ခြင်းအမှု၊ လူသားအပေါ်ထားရှိသောချစ်ခြင်းမေတ္တာဖြစ်သည်။
ဘုရားရှင်သည် သူ့အားသိမြင်လာသူများ၊
နှစ်များစွာမမြင်ခဲ့ရလည်းယခုလက်တွေ့ရှိသောဘုရားကိုချစ်ကြောက်သူများအားပို၍ များပြားစေလိုသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၀” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။