၁၆ ဘုရားသခင်၏ ကိန်းဝပ်ရာနေရာသည် ကမ္ဘာမြေပေါ်သို့ ရောက်ရှိလို့လာခဲ့ပြီ
၁
ဘုရားပြန်လာသည့်အခါ တိုင်းနိုင်ငံများသည်
သူ၏တောက်လောင်သောမီးအားဖြင့်
သတ်မှတ်သော နယ်နိမိတ်တစ်လျှောက် ပိုင်းခြားခံရမည်။
သန့်ရှင်းပြီး လောင်ကျွမ်းသော နေမင်းကဲ့သို့ သူ ထွက်ပေါ်မည်။
ယုဒလူမျိုး၌ ယေဟောဝါပြုသလို တိုင်းနိုင်ငံများ၌
သူလျှောက်လှမ်းမည်။
မိုးတိမ်တိုင်အားဖြင့် လူ၏အသက်တာ၌ သူလမ်းပြမည်။
သန့်ရှင်းသောမြေ၌ ဘုရား ပေါ်ထွန်းသည့်အတွက် သူ၏ဘုန်း၊
ဖြောင့်မတ်သောနေ့၊ ဘုရား၏အံ့ဖွယ်ပေါ်ထွန်းခြင်းကို
သူတို့မြင်တွေ့ကြ ရလိမ့်မည်။
ထိုအရာသည် တစ်လောကလုံးကို
ဘုရားအုပ်စိုးသည့်အချိန်တွင် ဖြစ်ပျက်လိမ့်မည်။
လူသည် ဦးညွတ်လိမ့်မည်။ ဘုရားသည် လူတို့ကြား၌
ယနေ့သူပြုသောအမှု၏ ကျောက်ပေါ်တွင် ကိန်းဝပ်မည်။
ညစ်ညမ်းသော ယဇ်ပလ္လင်ကို ရိုက်ချိုးပြီး
အသစ်တစ်ဖန် ဘုရားဆောက်မည်။
ယဇ်ပလ္လင်ပေါ် သိုးငယ်၊ နွားငယ် ပုံလျက်
လူသည် ဗိမာန်၌ သူ့ကိုအစေခံမည်။
ဗိမာန်ကို ဘုရားဖြိုပြီး အသစ်ပြန် တည်ဆောက်ခြင်း၊
သူ၏ကြီးမြတ်သောဘုန်းထင်ရှားသည့်နေ့ရက်၊
သူကိန်းဝပ်ရာ မြေကြီးပေါ်သို့ ရောက်ရှိသည်ကို သင်မြင်မည်။
သူကြွလာခြင်းကို လူတို့မြင်သည့်အချိန်ကဲ့သို့ ဖြစ်လိမ့်မည်။
၂
တိုင်းနိုင်ငံများကို ဘုရား ဖြိုခွင်းပြီး အသစ် စုရုံးကာ
သူ၏ဗိမာန်ကိုတည်ဆောက်ပြီး သူ၏ယဇ်ပလ္လင်တော်ကို တည်မည်။
တစ်ပါးအမျိုးသားနိုင်ငံများ၌ လူတို့ သူ၏အမှုတော်တွင်
မိမိကိုယ်ကို (ပူဇော်) ဆပ်ကပ်အပ်နှံ စေရန် ဖြစ်။
သူတို့သည် ယဇ်ပုရောဟိတ်ဝတ်ရုံ၊ ဝတ်ဆင်ပြီး
သူတို့အလယ်၌ ဘုရား၏ဘုန်းတော်ထင်ရှားသော
ယနေ့ ဣသရေလလူမျိုးများကဲ့သို့ ဖြစ်ကြလိမ့်မည်။
ဘုရား၏ဘုန်းတန်ခိုးသည် သူတို့အပေါ်၌ စွဲကျန်ပြီး ရစ်ပတ်ထား။
လူသည် ဦးညွတ်လိမ့်မည်။ ဘုရားသည် လူတို့ကြား၌
ယနေ့သူပြုသောအမှု၏ ကျောက်ပေါ်တွင် ကိန်းဝပ်မည်။
ညစ်ညမ်းသော ယဇ်ပလ္လင်ကို ရိုက်ချိုးပြီး
အသစ်တစ်ဖန် ဘုရားဆောက်မည်။
ယဇ်ပလ္လင်ပေါ် သိုးငယ်၊ နွားငယ် ပုံလျက်
လူသည် ဗိမာန်၌ သူ့ကိုအစေခံမည်။
ဗိမာန်ကို ဘုရားဖြိုပြီး အသစ်ပြန် တည်ဆောက်ခြင်း၊
သူ၏ကြီးမြတ်သောဘုန်းထင်ရှားသည့်နေ့ရက်၊
သူကိန်းဝပ်ရာ မြေကြီးပေါ်သို့ ရောက်ရှိသည်ကို သင်မြင်မည်။
သူကြွလာခြင်းကို လူတို့မြင်သည့်အချိန်ကဲ့သို့ ဖြစ်လိမ့်မည်။
၃
ဘုရားရဲ့အမှုတော်ကို ဣသရေလတွင်တိုးချဲ့၊
တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင် ပျံနှံ့စေ။
ဣသရေလပြည်၌ သူပြုခဲ့သည့်နည်းတူ
တစ်ပါးအမျိုးသားနိုင်ငံများတွင် ဘုရားအမှုပြုလိမ့်မည်။
လူသည် ဦးညွတ်လိမ့်မည်။ ဘုရားသည် လူတို့ကြား၌
ယနေ့သူပြုသောအမှု၏ ကျောက်ပေါ်တွင် ကိန်းဝပ်မည်။
ညစ်ညမ်းသော ယဇ်ပလ္လင်ကို ရိုက်ချိုးပြီး
အသစ်တစ်ဖန် ဘုရားဆောက်မည်။
ယဇ်ပလ္လင်ပေါ် သိုးငယ်၊ နွားငယ် ပုံလျက်
လူသည် ဗိမာန်၌ သူ့ကိုအစေခံမည်။
ဗိမာန်ကို ဘုရားဖြိုပြီး အသစ်ပြန် တည်ဆောက်ခြင်း၊
သူ၏ကြီးမြတ်သောဘုန်းထင်ရှားသည့်နေ့ရက်၊
သူကိန်းဝပ်ရာ မြေကြီးပေါ်သို့ ရောက်ရှိသည်ကို သင်မြင်မည်။
သူကြွလာခြင်းကို လူတို့မြင်သည့်အချိန်ကဲ့သို့ ဖြစ်လိမ့်မည်။
သူကြွလာခြင်းကို လူတို့မြင်သည့်အချိန်ကဲ့သို့
သူ ကြွလာခြင်းကို လူတို့မြင်သည့်အချိန်ကဲ့သို့ ဖြစ်လိမ့်မည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်