၅၂၆ သမ္မာတရားရှိလျှင် ခွန်အားရှိ၏ကျူး

၁ ထိုအကြောင်းကို တစ်ခဏမျှ စဉ်းစားကြည့်လော့၊ မှန်သည်မဟုတ်လော။ သင်တို့သည် ဘုရားသခင်အဖို့ သင်တို့ကိုယ်သင်တို့ အသုံးခံခြင်း၏ အရေးပါမှုနှင့် သင်တို့အနေဖြင့် အဘယ်ကြောင့် ဤအရာအား လုပ်ဆောင်လိုသည်ကို နားလည်ရမည်။ ယင်းသည် သမ္မာတရားကို လေ့လာလိုက်စားရန်၊ အသက်ကို လေ့လာလိုက်စားရန်၊ သင်၏တာဝန်ကို ဖြည့်စွမ်းရန်နှင့် ဘုရားသခင်၏ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန် ဖြစ်ပါက၊ ယင်းသည် အပြုသဘောဆောင်သည့်အရာဖြစ်ပြီး၊ လုံးဝဖြောင့်မတ်ကာ ယင်းသည် ကောင်းကင်ဘုံ၏ ဥပဒေသနှင့် ကမ္ဘာမြေကြီး၏ နိယာမဖြစ်သည်။ ထိုသို့ဖြစ်လျှင်၊ သင်တို့သည် ဘယ်သောအခါမျှ နောင်တရမည်မဟုတ်သလို၊ ဘယ်သောအခါမျှ အပျက်သဘော ဖြစ်လာမည်မဟုတ်ပါ။ လူတို့တွင် သမ္မာတရားရှိသည့်အခါ သူတို့တွင် ခွန်အားရှိကြသည်။ သူတို့တွင် သမ္မာတရား ရှိသည့်အခါ၊ သူတို့သည် မကုန်ခန်းနိုင်သော စွမ်းအားဖြင့် ပြည့်နေ၏။ သူတို့တွင် သမ္မာတရား ရှိသည့်အခါ၊ သူတို့တွင် စိတ်စွမ်းအားရှိကြသည်။ သမ္မာတရားမရှိပါက၊ သူတို့သည် လက်ကျန်တို့ဟူးပျော့နှင့် တူသည်။ သူတို့သည် သမ္မာတရားနှင့်ဆိုလျှင်၊ တည်ကြည်ခိုင်မာကာ ရဲရင့်ကြပြီး၊ သူတို့သည် မည်မျှပင် သည်းခံနေရသော်လည်း သူတို့၏ဝေဒနာ ခံစားရခြင်းကို ဝေဒနာခံစားနေရသည်ဟု မခံစားကြရပေ။

၂ လူတို့သည် ဘုရားသခင်၏ စိတ်နေသဘောထားအား စစ်မှန်သောနားလည်ခြင်းရှိပြီး သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအား လှိုက်လှိုက်လှဲလှဲချီးမွမ်းခြင်းကို ပေးနိုင်ပါက၊ သူတို့သည် သူ့ကို စစ်မှန်စွာ သိပြီး သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ဆိုလိုပေသည်။ ထိုအခါမှသာ သူတို့သည် အလင်းထဲတွင် အသက်ရှင် နေထိုင်သည်။ လူ၏ လောကအမြင်နှင့် ဘဝအမြင်တို့ ပြောင်းလဲသည်နှင့်တစ်ပြိုင်နက်မှသာ၊ အခြေခံကျသော အသွင်ပြောင်းလဲခြင်းကို ကြုံရပေသည်။ လူတစ်ဦးတွင် ဘဝရည်မှန်းချက်တစ်ရပ်ရှိပြီး သမ္မာတရားနှင့်အညီ မိမိကိုယ်ကိုယ် ကျင့်ကြံပြုမူသည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်အား လုံးဝ ကျိုးနွံနာခံပြီး သူ၏ နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်နေထိုင်သည့်အခါ၊ လူတစ်ဦးသည် ငြိမ်းချမ်းမှု ခံစားရပြီး သူ၏ စိတ်ဝိညာဉ် အတွင်းနက်နက်နေရာများအထိ အလင်းပေးခြင်းခံရသည့်အခါ၊ လူတစ်ဦး၏နှလုံးသားတွင် အမှောင်ထုကင်းမဲ့သည့်အခါ၊ ပြီးလျှင် လူတစ်ဦးသည် လုံးဝ လွတ်လွတ်လပ်လပ် အသက်ရှင်နိုင်ပြီး ဘုရားသခင်၏ မျက်မှောက်တွင် ချုပ်ထိန်းမခံရသည့်အခါ၊ ထိုအခါမှသာ သူသည် စစ်မှန်သော လူ့အသက်တာကို နေထိုင်ပြီး၊ ထိုအခါမှသာ တစ်ဦးတစ်ယောက်သည် သမ္မာတရားကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပေသည်။ ထို့အပြင် သင်၏ ပိုင်ဆိုင်မှုထဲက ခပ်သိမ်းသော သမ္မာတရားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် ကိုယ်တော်တိုင်ထံမှ လာပြီးဖြစ်ပေသည်။ စကြဝဠာတစ်ခွင်လုံးနှင့် ခပ်သိမ်းသောအရာတို့အပေါ် အုပ်ချုပ်သူ— အမြင့်ဆုံးသောဘုရားသခင်— သည် သင့်ကို စစ်မှန်သော လူတစ်ဦးအဖြစ် သဘောကျ၏။ ဤသည်မှာ သမ္မာတရားကို ပိုင်ဆိုင်ခြင်း၌ ရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၂၅ ဘုရားသခင်ကို စစ်မှန်စွာ ဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်လာရန် ကြိုးပမ်းလော့

နောက်တစ်ခုသို့- ၅၂၇ ဘုရားသခင် နှုတ်ကပတ်တော်များရဲ့ အဓိပ္ပာယ်မှန်ကို ဘယ်တုန်းကမှ နားမလည်ခဲ့ပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။