အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)

လူသားမျိုးနွယ်အတွက် ဤမျှတိုးတက်ပြီးဖြစ်သည်မှာ အစဉ်အလာ မရှိသော အခြေအနေတစ်ရပ်ဖြစ်၏။ ဘုရားသခင်၏ အမှုနှင့် လူသား၏ ဝင်ရောက်မှုတို့သည် ပခုံးချင်းယှဉ်လျက် တိုးတက်ကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ အမှုသည်လည်း ပြိုင်ဘက်ကင်းသည့် ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယနေ့ထိ လူသား၏ဝင်ရောက်မှုသည် လူသားက ယခင် မည်သည့်အခါကမျှ စိတ်မကူးခဲ့ဖူးသော အံ့သြဖွယ်ရာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် ယင်း၏အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သည်- ပြီးလျှင် နောက်ပိုင်းတွင် “လူသား၏ဝင်ရောက်မှု” သည်လည်း ၎င်း၏အခေါင်အဖျားသို့ ရောက်ရှိပြီးဖြစ်သည်။ ဘုရားသခင်သည် သူ့ကိုယ်သူ တတ်နိုင်သမျှ နိမ့်ကျစေပြီးဖြစ်ကာ သူသည် လူသားမျိုးနွယ်ကို သို့မဟုတ် စကြဝဠာနှင့် အရာခပ်သိမ်းကို မည်သည့်အခါမျှ မကန့်ကွက်ဖူးပေ။ ထိုအတောအတွင်းတွင် လူသားသည် ဘုရားသခင်၏ဦးခေါင်းပေါ်တွင် ရပ်ကာ၊ ဘုရားသခင်ကို လူ၏ ဖိနှိပ်ခြင်းသည် ယင်း၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သည်။ အရာခပ်သိမ်းသည် ယင်း၏အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်ကာ၊ ဖြောင့်မတ်ခြင်း နေ့ရက် ပေါ်ထွန်းဖို့အတွက် အချိန်ကျပြီဖြစ်သည်။ အဘယ်ကြောင့် မှုန်မှိုင်းနေမှုကို မြေပြင်ပေါ် ဆက်၍ဖုံးလွှမ်းခွင့်ပြုပြီး အမှောင်ကို လူအပေါင်းတို့အား ဆက်လွှမ်းခြုံခွင့် ပြုရသနည်း။ ဘုရားသခင်သည် နှစ်ပေါင်း ထောင်ပေါင်း အချို့ကြာ- နှစ်ကာလ အထောင်အသောင်းများစွာကြာ- စောင့်ကြည့်ပြီးဖြစ်ကာ သူ၏သည်းခံမှုသည် အချိန်ကြာမြင့်စွာကတည်းက အကန့်အသတ်သို့ ရောက်ရှိပြီး ဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပြီးဖြစ်သည်၊ လူသား၏ မဖြောင့်မတ်မှုသည် မည်မျှကြာအောင် သောင်းကျန်းမည်ကို စောင့်ကြည့်နေပြီးဖြစ်သည်၊ သို့သော် ကြာမြင့်စွာကတည်းက ထုံထိုင်းသွားပြီ ဖြစ်သော လူသားသည် မည်သည့် အရာကိုမျှ မခံစားရပေ။ ပြီးလျှင် အဘယ်သူသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် လေ့လာဖူးပါသနည်း။ အဘယ်သူသည် ၎င်းတို့၏မျက်လုံးများကိုပင့်ကာ အဝေးသို့ စစ်ဆေးကြည့်ဖူးသနည်း။ အဘယ်သူသည် သေချာစွာ နားထောင်ဖူးသနည်း။ အဘယ်သူသည် အနန္တတန်ခိုးရှင်၏ လက်များတွင် ရှိဖူးသနည်း။ လူအားလုံးသည် စိတ်ကူးသက်သက် ကြောက်ရွံ့မှုများ၏ ဒုက္ခပေးခြင်းကို ခံကြရသည်။ မြက်ခြောက်နှင့် ကောက်ရိုးပုံသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ၎င်းတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ လူ့ဇာတိခံဘုရားသခင်ကို သေသည်အထိ ညှဉ်းဆဲခြင်းသာဖြစ်သည်။ ၎င်းတို့သည် မြက်ခြောက်နှင့် ကောက်ရိုးပုံများသာဖြစ်သော်လည်း၊ ၎င်းတို့ “အကောင်းဆုံး”လုပ်ဆောင်သည့် အရာတစ်ခု ရှိသေး၏။ ဘုရားသခင်အား သေသည်အထိ ညှဉ်းဆဲပြီးနောက် “ယင်းက လူတို့၏ နှလုံးသားများကို ဝမ်းမြောက်စေ၏” ဟု ဟစ်အော်ခြင်း ဖြစ်သည်။ ပုစွန်ဆိတ်စစ်သားများနှင့် ဂဏန်းဗိုလ်ချုပ်များ တစ်စုပေတည်း။ အံ့သြဖွယ်ရာပင် ရပ်စဲခြင်းမရှိ စီးဆင်းနေသော လူတို့အကြားတွင် ၎င်းတို့သည် ဘုရားသခင်ကို ထိုးဖောက်၍မရနိုင်သော ပိတ်ဆို့မှုဖြင့် ဝိုင်းရံထားလျက်၊ ဘုရားသခင်ကို အာရုံစိုက်ထားကြသည်။ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် ယခင်ထက် သာ၍ပူစွာ လောင်မြိုက်နေ၏၊ ၎င်းတို့သည် ဘုရားသခင်အား နည်းနည်းမျှ လှုပ်၍မရအောင် လူစုလူဝေးဖြင့် ဝိုင်းရံထား၏။ ၎င်းတို့၏ လက်များထဲတွင်၊ ၎င်းတို့သည် လက်နက်အမျိုးစုံ ကိုင်ဆောင်ထားပြီး ၎င်းတို့၏ မျက်လုံးများက ဒေါသအပြည့်ဖြင့် ဘုရားသခင်အား ရန်သူတစ်ဦးကို ကြည့်သကဲ့သို့ ကြည့်ကြ၏၊ ၎င်းတို့သည် “ဘုရားသခင်အား ပြင်းပြင်းထန်ထန် တိုက်ခိုက် သတ်ဖြတ်” ရန် တရွရွဖြစ်နေကြ၏။ စိတ်ရှုပ်ဖွယ် ကောင်းလိုက်လေစွ။ လူသားနှင့် ဘုရားသခင်သည် ထိုသို့ မကျေအေးနိုင်သော ရန်သူများ အဘယ်ကြောင့် ဖြစ်လာလေပြီနည်း။ ချစ်မြတ်နိုးဖွယ် အကောင်းဆုံး ဘုရားသခင်နှင့် လူသားအကြားတွင် ငြိုးမာန်ဖွဲ့ခြင်း ရှိနိုင်မည်လော။ ဘုရားသခင်၏ လုပ်ရပ်များသည် လူသားအဖို့ အကျိုးမရှိ၍များ ဖြစ်နိုင်မည်လော။ ယင်းတို့သည် လူသားကို ထိခိုက်နစ်နာစေသလော။ ဘုရားသခင်က လူသား၏ပိတ်ဆို့မှုကို ချိုးဖောက်သွားကာ၊ တတိယ ကောင်းကင်ဘုံသို့ ပြန်သွားပြီး၊ နောက်တစ်ဖန် လူသားအား မြေအောက် အကျဉ်းတိုက်ထဲသို့ ပစ်ထားမည်ကို လူသားသည် အလွန်အမင်း ကြောက်ရွံ့လျက်၊ ဘုရားသခင်အပေါ် မမှိတ်မသုန် စိုက်ကြည့်နေသည်။ လူသားသည် ဘုရားသခင်ကို သတိထား၏၊ သူသည် ရင်တမမဖြစ်နေကာ၊ လူသားအလယ် ဘုရားသခင်ကို ချိန်ရွယ်ထားသည့် “စက်သေနတ်” တစ်ခုကို ကိုင်ရင်း၊ အဝေးတွင် မြေပြင်အနှံ့ လူးလွ့န်လျက်ရှိ၏။ ယင်းမှာ ဘုရားသခင် စိုးစဉ်းမျှ လှုပ်ရှားလိုက်သည်နှင့်- သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးနှင့် သူဝတ်ဆင်သမျှ အားလုံး- သူ၏အရာအားလုံးကို လူသားက ဖယ်ရှားပစ်ကာ မည်သည့်အရာမျှ ချန်မထားမည့်အလား ဖြစ်၏။ ဘုရားသခင်နှင့် လူသားကြားက ဆက်ဆံရေးသည် ပြုပြင်မရနိုင်ပေ။ ဘုရားသခင်သည် လူသားအဖို့ နားမလည်နိုင်စရာ ဖြစ်သည်။ သို့သော် လူသားသည် သူ၏မျက်လုံးများကို တမင်မှိတ်ထားကာ ငါ၏တည်ရှိခြင်းကို မြင်ရန် လုံးဝ လိုလားခြင်းမရှိဘဲနှင့် ငါ၏ တရားစီရင်ခြင်းကို သည်းမခံဘဲလျက်၊ ပေါ့တန်စွာ အချိန်ဖြုန်းနေသည်။ ထို့ကြောင့် လူသား မျှော်လင့်မထားသည့်အချိန်တွင်၊ ငါသည် တိတ်ဆိတ်စွာ အဝေးသို့လွင့်မျောသွားကာ လူသားနှင့် ပတ်သက်၍ မည်သူ မြင့်သည်၊ မည်သူ နိမ့်သည်ကို နှိုင်းယှဉ်တော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်သည် အားလုံးအနက် အနိမ့်ကျဆုံးသော “တိရစ္ဆာန်” ဖြစ်ပြီး ငါသည် သူ့အား အလေးဂရုပြုလိုစိတ် မရှိတော့ပေ။ ငါသည် ငါ၏ ကျေးဇူးတော်တစ်ခုလုံးကို ငါငြိမ်းချမ်းစွာ နေထိုင်ရာအရပ်သို့ အချိန်ကြာမြင့်စွာ ကတည်းက ပြန်ယူသွားပြီးဖြစ်သည်။ လူသားသည် နာခံမှုမရှိလွန်းသည့်အတွက်၊ သူသည် ငါ၏အဖိုးတန်သော ကျေးဇူးတော်ကို နောက်ထပ်မွေ့လျော်ရန် မည်သည့်အကြောင်းရင်းရှိသနည်း။ ငါ့ကို ရန်လိုသော အင်အားစုများအပေါ် ငါ၏ကျေးဇူးတော်ကို အချည်းနှီး နှင်းအပ်ရန် ငါ လိုလားနေခြင်းမရှိ။ ငါသည် ငါ၏အဖိုးတန်သောအသီးတို့ကို စိတ်အားထက်သန်ကာ ငါ၏ပြန်လာခြင်းကို အလေးအနက် ကြိုဆိုသော ခါနာန်ပြည်မှ လယ်သမားများကို အပ်နှင်းမည်။ ကောင်းကင် ထာဝရကာလကြာ တည်မြဲနေရန်နှင့် ထိုထက်ပို၍ လူသားသည် မည်သည့်အခါမျှ အိုမင်းခြင်းမရှိရန်၊ ကောင်းကင်နှင့်လူသား ထာဝရ ငြိမ်သက်ခြင်းချမ်းသာတွင်ရှိရန်နှင့်၊ အစဉ်စိမ်းလမ်းသော “ထိုထင်ရှူးနှင့် ကျောက်ပန်းပင်များ” က ဘုရားသခင်အား အစဉ်ထာဝရ အဖော်ပြုရန်နှင့် အကောင်းဆုံးခေတ်ထဲသို့ အတူတကွ ဝင်ရောက်ရာ၌ ကောင်းကင်ကို အစဉ်ထာဝရ အဖော်ပြုရန်သာ ငါဆန္ဒရှိ၏။

ငါသည် လူသားနှင့်အတူ နေ့ညများစွာ ကုန်ဆုံးပြီးဖြစ်သည်၊ လူသားနှင့်အတူ ကမ္ဘာလောကတွင် အတူတကွ ငါနေထိုင်ပြီးဖြစ်ကာ မည်သည့်အခါမျှ လူသားနှင့်သက်ဆိုင်သည့် တောင်းဆိုမှုများကိုမျှ နောက်ထပ် မပြုလေပြီ။ ငါသည် လူသားကို ရှေ့သို့ အစဉ်လမ်းပြရုံမျှ လမ်းပြ၏၊ ငါသည် လူသားကို လမ်းပြသည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သကဲ့သို့၊ လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ငါသည် စီမံခန့်ခွဲခြင်း အမှုကို မရပ်မနား ဆောင်ရွက်၏။ ကောင်းကင်ဘုံ၌ ရှိသော အဘ၏ အလိုကို အဘယ်သူ နားလည်ဖူးသနည်း။ မည်သူသည် ကောင်းကင်ဘုံနှင့်မြေကြီးအကြား ကူးသန်းလေပြီနည်း။ လူသားသည် ခေတ်နောက်ကျလွန်းကာ မည်သည့်အရာမျှ နားမလည်သည့်အတွက်၊ ငါသည် လူသား၏ “အိုမင်းသောအရွယ်” ကို သူနှင့် အတူ ကုန်ဆုံးရန် နောက်ထပ် ဆန္ဒမရှိတော့ပေ။ သူသိသည့် တစ်ခုတည်းသော အရာမှာ အခြားမည်သည့်အရာကိုမျှ အဖတ်မလုပ်၊ အခြားမည်သည့်ကိစ္စကိုမျှ မတွေးတောဘဲ၊ ငါခင်းကျင်းပြီးဖြစ်သည့် စားတော်ပွဲပေါ်တွင် တဝတပြဲစားခြင်း ဖြစ်သည်။ လူသားမျိုးနွယ်သည် တွန့်တိုလွန်းလှ၏၊ လူသားအလယ် ကျွက်ကျွက်ညံသံ၊ ဝမ်းနည်းပူဆွေးခြင်းနှင့် အန္တရာယ်တို့သည် ကြီးမားလွန်းလှ၏၊ ထို့ကြောင့် ငါသည် နောက်ဆုံးသောကာလအတွင်း ရရှိခဲ့သော အောင်မြင်ခြင်း၏ အဖိုးတန်သော အသီးအပွင့်များကို မျှဝေရန် ဆန္ဒမရှိပေ။ လူသားသည် ငါ့ကို မကြိုဆိုသည့်အတွက်၊ သူကိုယ်တိုင် ဖန်တီးထားပြီးဖြစ်သည့် ကြွယ်ဝသော ကောင်းချီးမင်္ဂလာများကို လူသား မွေ့လျော်ပါလေ့စေ- ငါသည် လူသားမျိုးနွယ်အား အဘယ်ကြောင့် အတင်းအကျပ် ဟန်ဆောင်အပြုးတစ်ခု ပြုံးစေသင့်သနည်း။ ရေနေသတ္တဝါ တစ်ကောင်ကဲ့သို့ လူသားသည် နွေးထွေးမှု စိုးစဉ်းမျှ မရှိ၊ သူသည် အလောင်းကောင်ကဲ့သို့ဖြစ်ကာ၊ သူ၏သွေးကြောများတစ်လျှောက် စီးဆင်းသော သွေးသည်ပင် နှလုံးသားကို အေးစိမ့်စေသော ရေခဲကဲ့သို့ဖြစ်သည့်အတွက်၊ ကမ္ဘာလောက၏ နေရာတိုင်းသည် နွေးထွေးမှု ကင်းမဲ့နေ၏၊ လောက၏ ရှုခင်းအားလုံးအနှံ့တွင် နွေဦးကာလ၏ အရိပ်အယောင် တစ်စက်မျှ မရှိပေ။ နွေးထွေးမှု အဘယ်မှာနည်း။ လူသားသည် ဘုရားသခင်ကို အကြောင်းမဲ့ လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီး၊ ထို့နောက်တွင် သူသည် စိုးစဉ်းမျှ ဒွိဟဖြစ်ခြင်းများ မခံစားရပေ။ မည်သူမျှ လုံးဝ နောင်တမရသေးသကဲ့သို့၊ ဤရက်စက်သည့် နိုင်လိုမင်းထက်ပြုသူများသည် ၎င်းတို့၏နှလုံးသားများ အတွင်းရှိ အမုန်းကို အဆုံးသတ်ရန်၊ လူသားကို နောက်တစ်ဖန် “အရှင်ဖမ်းဆီး” ကာ သူ့အား ကွပ်မျက်ရေး သေနတ်တပ်ဖွဲ့ရှေ့ ခေါ်ဆောင်လာရန် စီစဉ်နေဆဲရှိ၏။ အန္တရာယ်ရှိသော ဤမြေတွင် ငါ ဆက်လက်နေခြင်းတွင် မည်သည့် အကျိုးကျေးဇူးရှိသနည်း။ ငါဆက်နေပါက၊ ငါသည် လူသားထံ မည်သည့်အခါကမျှ ငြိမ်းချမ်းရေး ယူဆောင်မလာဖူးဘဲ၊ စစ်ပွဲသာ ယူဆောင်ဖူးသည့်အတွက်၊ လူသားထံ ငါဆောင်ကြဉ်းမည့် တစ်ခုတည်းသော အရာမှာ ပဋိပက္ခနှင့် အကြမ်းဖက်မှုဖြစ်ပြီး၊ ဒုက္ခ အဆုံးမဲ့ ဖြစ်လိမ့်မည်။ လူသားမျိုးနွယ်၏ နောက်ဆုံးသောကာလသည် စစ်ပွဲနှင့် ပြည့်နှက်ရမည်ဖြစ်ပြီး၊ လူသား၏ ခရီးပန်းတိုင်သည် အကြမ်းဖက်မှုနှင့် ပဋိပက္ခအလယ် ပြိုလဲရမည် ဖြစ်သည်။ လူသား၏ငြင်းပယ်မှုသည် ငါ့ကို “စိတ်မချမ်းမြေ့ခြင်း” သို့ တွန်းပို့ပြီးဖြစ်ကာ ငါသည် လူသား၏စစ်ပွဲများအပေါ် မကြည့်ရက်သည့်အတွက်၊ ငါသည် စစ်ပွဲ၏ “ဝမ်းမြောက်ပျော်ရွှင်ခြင်း” ကို “မျှဝေ” ခံစားရန် လိုလားနေခြင်း မရှိ၊ လူသား၏ သွေးထွက်သံယိုမှုနှင့် စွန့်လွှတ်မှုများကို ငါ အဖော်ပြုမည်မဟုတ်- လူသား စိတ်ကျေနပ်သည်အထိ တိုက်ခိုက်ပါစေ။ ငါနားလို၏၊ ငါအိပ်လို၏၊ သူ၏နောက်ဆုံး နေ့ရက်များအတွင်းတွင် မကောင်းဆိုးဝါးများက လူသားမျိုးနွယ်၏ အဖော်ဖြစ်ပါစေ။ ငါ၏အလိုကို မည်သူသိသနည်း။ ငါသည် လူသား၏ကြိုဆိုခြင်း မခံရသကဲ့သို့၊ သူသည် ငါ့ကို မည်သည့်အခါကမျှ မစောင့်ဆိုင်းဖူးသောကြောင့်၊ ငါသည် သူ့အား နှုတ်ဆက်ရုံသာ နှုတ်ဆက်နိုင်ပြီး သူ့ထံ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို အပ်နှင်းပြီး ငါ၏ ကြွယ်ဝမှုအားလုံးကို လူသားထံ ချန်ထားသည်၊ ငါ၏ဘဝကို လူသားအလယ် စိုက်ပျိုးသည်၊ ငါ့အသက်၏မျိုးစေ့ကို လူသား၏နှလုံးသားစိုက်ကွင်းတွင် စိုက်ပျိုးသည်၊ ထာဝရအမှတ်ရစရာများကို သူ့အား ချန်ထားပေးသည်၊ ငါ၏ချစ်ခြင်းမေတ္တာအားလုံးကို လူသားထံ ချန်ထားပြီး၊ ငါတို့ အချင်းချင်း တောင့်တကြသည့် ချစ်ခြင်းလက်ဆောင်အဖြစ်၊ ငါ့အထဲ၌ လူသား ချစ်ခင်မြတ်နိုးသော အရာအားလုံးကို လူသားအား ငါပေး၏။ ငါသည် လူသားအပေါ် ငါ၏အလုံးစုံ အပ်နှင်းနှင့်ပြီးဖြစ်သည့်အတွက်၊ ငါတို့ တစ်ဦးကိုတစ်ဦး ထာဝရ ချစ်စေချင်၏၊ ငါတို့၏ယမန်နေ့ကို ငါတို့ တစ်ဦးကိုတစ်ဦးပေးသည့် ကောင်းသောအရာ ဖြစ်စေချင်၏- လူသားသည် မည်သည့်ညည်းညူစရာများ ရှိနိုင်မည်နည်း။ ငါ့ဘဝ တစ်ခုလုံးကို လူသားထံ ငါ ချန်ထားနှင့်ပြီးဖြစ်ကာ၊ စကားတစ်ခွန်းမျှ မပြောဘဲ၊ ငါသည် လူသားမျိုးနွယ်အတွက် လှပသော ချစ်ခြင်းမေတ္တာမြေကို ထွန်ယက်ရန် ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ပြီးဖြစ်သည်။ ငါသည် လူသားအပေါ် မည်သည့်အခါမျှ သာတူညီမျှဖြစ်သော တောင်းဆိုမှုတစ်ခုတစ်လေကို မပြုဖူးဘဲ၊ လူသား၏ စီမံခန့်ခွဲမှုများကိုသာ နာခံကာ လူသားမျိုးနွယ်အတွက် သာ၍လှပသော မနက်ဖြန်ကို ဖန်ဆင်းရုံမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်လေပြီ။

ဘုရားသခင်၏အမှုသည် ကြွယ်ဝကာ များပြားသော်လည်း၊ လူသား၏ ဝင်ရောက်မှုသည် အလွန် ချို့တဲ့လွန်းလှ၏။ လူသားနှင့်ဘုရားသခင်တို့အကြား ဖက်စပ် “လုပ်ငန်း” တွင် ယင်း၏အားလုံးနီးပါးသည် ဘုရားသခင်၏အမှု ဖြစ်သည်။ လူသား မည်မျှဝင်ရောက်ပြီးဖြစ်သည်ဆိုသည်အတွက်မူ သူသည် ပြစရာဘာမျှ မရှိလုနီးပါး ဖြစ်၏။ ဆင်းရဲမွဲတေလွန်းကာ မျက်စိကန်းသော လူသားသည် သူ၏လက်များထဲက “ရှေးဟောင်းလက်နက်များ” ဖြင့် သူ၏ အစွမ်းအစကို ယနေ့ ဘုရားသခင်နှင့်ယှဉ်၍ပင် တိုင်းတာ၏။ ဤ “ရှေးဦးမျောက်ဝံများ” သည် မတ်မတ်လမ်းလျှောက်နိုင်ရုံမျှသာရှိပြီး၊ ၎င်းတို့၏ “ဝတ်လစ်စားလစ်” ကိုယ်ခန္ဓာများဖြင့် ရှက်ရမှန်း မသိကြချေ။ ဘုရားသခင်၏ အမှုကို တန်ဖိုးဖြတ်ရန် မည်သည့်အရာသည် ၎င်းတို့အား အရည်အချင်း ပြည့်မီစေသနည်း။ ဤခြေလေးချောင်း မျောက်ဝံများစွာတို့၏ မျက်လုံးများသည် ဒေါသနှင့်ပြည့်လာကြပြီး၊ လောကကြီးက ယခင်တစ်ခါမျှ မမြင်ဖူးသော လူဝံများ၏ ပြိုင်ပွဲတစ်ရပ် အစပြုရန် ကြိုးစားရင်း၊ မြေပြင်အနှံ့ ကျော်ကြားလာမည့် လူဝံနှင့် ဘုရားသခင်အကြား နောက်ဆုံးသောကာလ ပြိုင်ပွဲကို ကျင်းပရန် ၎င်းတို့၏လက်ထဲတွင် ရှေးဟောင်း ကျောက်လက်နက်များဖြင့် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် ဖက်ပြိုင်အံတုကြသည်။ ထို့အပြင် ဤမတ်တတ် တစ်ဝက်ရပ်သည့် ရှေးဟောင်းလူဝံ အများအပြားသည် မိမိဘာသာ ကျေနပ်အားရမှုဖြင့် ပြည့်လျှမ်းကြသည်။ သတ်ဖြတ်ရန် အကြံဖြင့် ပြည့်လျက်၊ ၎င်းတို့၏ မျက်နှာများကို ဖုံးအုပ်နေသော အမွှေးများသည် ကျပ်ခဲနေပြီး၊ ၎င်းတို့သည် ၎င်းတို့၏ရှေ့ခြေများကို မြှောက်ကြ၏။ ၎င်းတို့သည် ခေတ်သစ်လူသားအဖြစ် အပြည့်အဝ မပြောင်းလဲရသေးသဖြင့်၊ ပြွတ်သိပ်နေသော မြူနှင်းစက်များကဲ့သို့ ချွေးသီးများက ၎င်းတို့၏နဖူးကို ဖုံးအုပ်လျက် ၎င်းတို့သည် တစ်ခါတစ်ရံတွင် မတ်မတ်ရပ်၍ တစ်ခါတစ်ရံ တွားသွားကြ၏- ၎င်းတို့၏ စိတ်အားထက်သန်မှုသည် ပကတိအတိုင်း ရှင်းနေပြီး ဖြစ်သည်။ ၎င်း၏ ကြီးမားကာ နှေးကွေးသည့် ခြေလက်အင်္ဂါလေးဘက်လုံး ထောက်ကာ ရပ်နေသည့်၊ ထိုးနှက်ချက်များကို တားဆီးရန် အနိုင်နိုင်ဖြစ်သကဲ့သို့၊ ပြန်လည် တိုက်ခိုက်နိုင်စွမ်းမရှိသည့် ၎င်းတို့၏အဖော်၊ အပြစ်ကင်းသော ရှေးဟောင်းလူဝံကို ကြည့်လျက်၊ ၎င်းတို့သည် မိမိကိုယ်ကို ချုပ်တည်းနိုင်ရုံမျှသာ ရှိနေကြသည်။ မျက်စိတစ်မှိတ်အတွင်း- မည်သည့်အရာဖြစ်ပျက်သည်ကို ကြည့်ရန် အချိန်မရှိမီ- ကြိုးဝိုင်းထဲရှိ “သူရဲကောင်း”သည် ခြေလက်အင်္ဂါများ လေထဲတွင်ရှိလျက်၊ မြေပြင်ကို တလိမ့်ခေါက်ကွေးကျလေသည်။ ထိုနှစ်များအားလုံး တစ်လျှောက် မြေပြင်ပေါ်တွင် အလွဲလွဲအချော်ချော် ပုံကျလျက်ရှိသည့် ထိုခြေလက်အင်္ဂါများသည် ရုတ်တရက် ဇောက်ထိုးလှန် ပြီးဖြစ်ကာ၊ ထိုလူဝံသည် ခုခံရန်ဆန္ဒမရှိတော့ပေ။ ဤအချိန်မှစ၍ ရှေ့လျှောက်၊ ရှေးအကျဆုံးလူဝံများသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ဖယ်ရှားခံရလေသည်- ယင်းမှာ အမှန်တကယ် “ဝမ်းနည်းကြေကွဲဖွယ်” ဖြစ်သည်။ ဤရှေးဟောင်းလူဝံသည် ထိုသို့ ရုတ်တရက် အဆုံးသတ်သွား၏။ လူသား၏ အံ့သြဖွယ်ရာ ကမ္ဘာလောကမှ ၎င်းသည် အဘယ်ကြောင့် အလွန်အဆောတလျင် အမြန်အဆုံးသတ်ခဲ့ရသနည်း။ အဘယ်ကြောင့် ၎င်း၏မဟာဗျူဟာ နောက်အဆင့်ကို ၎င်း၏အပေါင်းအဖော်များနှင့် မဆွေးနွေးခဲ့သနည်း။ မိမိ၏ခွန်အားကို ဘုရားသခင်နှင့်ယှဉ်၍ တိုင်းတာခြင်း၏ လျှို့ဝှက်ချက်ကို ချန်ထားခြင်းမရှိဘဲ၊ လောကကို ၎င်းနှုတ်ဆက်သွားသည်မှာ ဝမ်းနည်းဖွယ်ကောင်းလိုက်လေချင်း။ ထိုသို့သော လူဝံအိုအတွက် “ရှေးဟောင်း ယဉ်ကျေးမှုနှင့် အနုပညာ” တို့ကို ၎င်း၏ သားစဉ်မြေးဆက်များအဖို့ လက်ဆင့်ကမ်း မသွားဘဲ၊ တီးတိုးစကား တစ်ခွန်းမျှမဆိုဘဲ၊ သေဆုံးသွားဖို့မှာ ထောက်ထားစာနာမှု မရှိလိုက်လေတကား။ ၎င်း၏ချစ်ခြင်းမေတ္တာအကြောင်းကို ပြောပြဖို့ ၎င်းနှင့် အရင်းနှီးဆုံးသူများကို ၎င်း၏နံဘေးသို့ခေါ်ရန် အချိန်မရှိခဲ့ပေ၊ ၎င်းသည် ကျောက်ပြားတစ်ချပ်ပေါ်တွင် မှာကြားချက်များ မထားရစ်ခဲ့၊ ကောင်းကင်နေကို မသိမြင်ခဲ့သကဲ့သို့၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော ၎င်း၏အခက်အခဲများအကြောင်း ဘာမျှမပြောခဲ့ပေ။ ၎င်း၏ နောက်ဆုံးထွက်သက်ကို ရှူရှိုက်သည်နှင့်အမျှ၊ တောင့်နေသော ခြေလက်အင်္ဂါများသည် ကောင်းကင်ဘက်သို့ ညွှန်ပြနေသော သစ်ကိုင်းများကဲ့သို့ အထက်သို့ အစဉ်ထိုးထွက်ရင်း၊ ၎င်း၏မျက်လုံးများကို မပိတ်မီ၊ “ဘုရားသခင်ကို စိန်ခေါ်ရန် ကြိုးဝိုင်းအတွင်းသို့ မတက်နှင့်” ဟု ပြောရန် ၎င်း၏သေဆုံးခါနီး ကိုယ်ခန္ဓာနံဘေးသို့ ၎င်း၏သားစဉ်မြေးဆက်တို့ကို မခေါ်ပေ။ ကြည့်ရသည်မှာ ၎င်းသည် နာကျည်းခါးသီးသော သေဆုံးခြင်းနှင့် သေခဲ့ပုံရသည်။...ရုတ်တရက်၊ ကျယ်လောင်သော ရယ်မောခြင်းတစ်ရပ် ကြိုးဝိုင်းအောက်မှ ပွင့်ထွက်လာ၏၊ မတ်တတ် တစ်ဝက်ရပ်နေသော လူဝံတစ်ကောင်သည် စိတ်မထိန်းနိုင် ဖြစ်နေ၏၊ လူဝံအိုထက် ပို၍တိုးတက်သော တောဆိတ်များ သို့မဟုတ် အခြားသားရိုင်းကောင်ကို အမဲလိုက်ခြင်းအတွက် “ကျောက်တင်းပုတ်” တစ်ခုကို ကိုင်ရင်း၊ ၎င်း၏စိတ်ထဲတွင် ကောင်းစွာ တွေးတောထားသော အကြံအစည်တစ်ရပ်ဖြင့်၊ ၎င်းသည် ဒေါသအပြည့်ဖြင့် စည်းဝိုင်းအတွင်းသို့ ခုန်ဝင်လိုက်၏။ ယင်းမှာ ၎င်းသည် ချီးမွမ်းထိုက်သော တစ်စုံတစ်ရာကို ပြုလုပ်ပြီးသည့်အလား ဖြစ်၏။ ၎င်း၏ ကျောက်တင်းပုတ် “ခွန်အား” ကို အသုံးပြုလျက်၊ ၎င်းသည် “သုံးမိနစ်” ကြာ မတ်မတ် ရပ်နိုင်၏။ ဤတတိယ “ခြေ” ၏ “ခွန်အား” သည် ကြီးမားလှသည်တကား။ ယင်းသည် ကြီးမားသည့်၊ ကိုးယိုးကားယားနိုင်ကာ မိုက်မဲသော မတ်တတ်တစ်ဝက် သုံးမိနစ် ကြာရပ်နေသည့် လူဝံကို ထိန်းထားခဲ့၏- ဤကြည်ညိုကိုင်းရှိုင်းဖွယ်ရာ လူဝံအိုကြီး အလွန် ဗိုလ်ကျနေသည်မှာ မထူးဆန်းပေ။ ရှေးဟောင်း ကျောက်ကိရိယာသည် “၎င်း၏ဂုဏ်သတင်းနှင့် ကိုက်ညီသည်” မှာ ထင်သည့်အတိုင်းပင်ဖြစ်၏။ ဓားရိုး၊ ဓားသွားနှင့် ဓားဖျားတို့ရှိသည်၊ တစ်ခုတည်းသော အပြစ်အနာအဆာမှာ ထိုဓားသွားအနေဖြင့် အရောင်စိုမှု ကင်းမဲ့ခြင်းသာ ဖြစ်၏- ယင်းမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလိုက်လေစွ။ အောက်၌ရှိနေသူများမှာ ထိရောက်စွာ မစွမ်းဆောင်နိုင်သော လက်အောက် ငယ်သားများဖြစ်ကာ ၎င်းမှာမူ ရဲရင့်သော လူစွမ်းကောင်းအလား သဘောထားရင်း၊ ၎င်းတို့ကို အထင်သေးသော အကြည့်ဖြင့် ကြိုးဝိုင်း အတွင်းရပ်နေသည့် ရှေးခေတ်ကာလများမှ “လူစွမ်းကောင်းငယ်လေး” ကို တစ်ဖန်ကြည့်လော့။ ၎င်း၏နှလုံးသားတွင် ၎င်းသည် စင်မြင့်ရှေ့၌ ရှိနေသူများကို တိတ်တဆိတ် စက်ဆုပ်ရွံရှာ၏။ “နိုင်ငံသည် ဒုက္ခရောက်နေပြီး ငါတို့ အသီးသီးသည် တာဝန်ရှိ၏၊ သင်တို့သည် အဘယ်ကြောင့် ရှောင်ရှားနေသနည်း။ နိုင်ငံသည် ကပ်ဘေးနှင့်ရင်ဆိုင်ရသည်ကို သင်တို့မြင်သော်လည်း၊ သွေးထွက်သံယို တိုက်ပွဲတွင် သင်တို့မပါဝင်လိုသည်များ ဖြစ်နိုင်မည်လော။ နိုင်ငံသည် ကပ်ဘေးဆိုက်လုနီးဖြစ်နေ၏- သင်တို့သည် ပထမဆုံး စိုးရိမ်စိတ် ပြကာ နောက်ဆုံးတွင် မိမိတို့ကိုယ်ကိုယ် မွေ့လျော်သူများ အဘယ်ကြောင့် မဟုတ်ကြသနည်း။ နိုင်ငံကျရှုံးကာ နိုင်ငံ၏ ပြည်သူ ပြည်သားများ ယိုယွင်းပျက်စီးခြင်းသို့ ကျရောက်သည်ကို သင်တို့ အဘယ်သို့ရပ်၍ ကြည့်နိုင်ကြသနည်း။ နိုင်ငံတော်ကို လက်အောက်ခံဘဝ ကျရောက်ခြင်းနှင့် ဆိုင်သည့် အရှက်ကို သင်တို့ခံရန် လိုလားနေကြသလော။ အသုံးမကျသော လူတစ်စုပါတကား။” ၎င်းသည် ဤအရာကို စဉ်းစားသည်နှင့်အမျှ၊ စင်အရှေ့တွင် ရန်ပွဲများဖြစ်ပွားကာ ၎င်း၏မျက်လုံးများသည် မီးတောက်များ ပစ်လွှတ်တော့မည့် အလား သာ၍ပင် ဒေါသထွက်လာ၏။ ၎င်းသည် လူတို့ပျော်စေရန် ဘုရားသခင်ကို သေခြင်းသို့ ပို့ဖို့ အရူးအမူးဖြစ်လျက်၊ ရန်ပွဲမစမီ ဘုရားသခင်ကို ကျရှုံးစေဖို့အတွက် တရွရွဖြစ်နေ၏။ ၎င်း၏ ကျောက်ကိရိယာသည် ကျော်ကြားထိုက်နိုင်သော်လည်း၊ ယင်းသည် ဘုရားသခင်အား မည်သည့်အခါမျှ ရန်မူနိုင်ခြင်း မရှိသည်ကို ၎င်းက မသိပေ။ ၎င်းသည် မိမိကိုယ်ကိုယ် ကာကွယ်ချိန်မရမီ၊ ၎င်းသည် လဲလျောင်းကာ ခြေပေါ်ရပ်ရန် အချိန်မရလိုက်မီ၊ မျက်စိနှစ်လုံးစလုံး အမြင်အာရုံဆုံးရှုံးလျက် ရှေ့ထိုးနောက်ငင် လှုပ်ယမ်းနေ၏။ ၎င်းသည် ၎င်း၏အိုမင်းသော ဘိုးဘေးဘီဘင်ထံသို့ တလိမ့်ခေါက်ကွေးကျကာ ပြန်မထပေ။ ရှေးဟောင်းလူဝံကို တင်းတင်း ဖမ်းဆုပ်လျက်၊ ၎င်းသည် အော်ဟစ်ခြင်း မပြုတော့သကဲ့သို့၊ ၎င်း၏နိမ့်ကျမှုကို ဝန်ခံကာ၊ ခုခံလိုသည့်ဆန္ဒ မရှိတော့ပေ။ ထိုသနားစဖွယ် လူဝံနှစ်ကောင်တို့သည် ကြိုးဝိုင်းရှေ့တွင် သေဆုံးကြ၏။ မျက်မှောက်ခေတ်အထိ ရှင်သန်ခဲ့သော လူသားမျိုးနွယ်၏ ဘိုးဘေးများသည် ဖြောင့်မတ်ခြင်း၏ နေပေါ်ထွက်လာသည့် နေ့ရက်တွင် မသိနားမလည်မှုဖြင့် သေဆုံးရသည်မှာ အကြောင်းမလှလိုက်လေစွ။ ၎င်းတို့သည် ထိုသို့ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ရပ်ကို လျစ်လျူရှုခံခဲ့သည်မှာ - ၎င်းတို့၏ ကောင်းချီးမင်္ဂလာ နေ့ရက်တွင် နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းပြီးဖြစ်သည့် လူဝံများသည် ထိုကောင်းချီးမင်္ဂလာများကို နတ်ဆိုးတို့၏မင်းနှင့်အတူ “မွေ့လျော်ရန်” မရဏနိုင်ငံသို့ ၎င်းတို့ ယူသွားခွင့်ပေးသည်မှာ မိုက်မဲလိုက်လေစွ။ ဤကောင်းချီးမင်္ဂလာတို့ကို ၎င်းတို့၏ သားသမီးများနှင့် အတူမွေ့လျော်ရန် သက်ရှိတို့၏လောကတွင် အဘယ်ကြောင့်မထိန်းသိမ်းထားသနည်း။ ၎င်းတို့သည် ဒုက္ခကိုသာ မီးထွန်းရှာနေခြင်း ဖြစ်သည်။ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ပကာသနအနည်းငယ်အတွက် ၎င်းတို့သည် ငရဲ၏ တံခါးများကို ဦးဆုံးဖွင့်ကာ ငရဲ၏သားများဖြစ်လာရန် အလုအယက် ကြိုးပမ်းရင်း၊ အသတ်ခံရသည့် ကံဆိုးခြင်းကို ခံစားကြသည်မှာ အချည်းနှီး ဖြစ်ပေသည်တကား။ ထိုသို့သော အဖိုးအခသည် အလွန်မလိုအပ်ပေ။ အလွန် “အမျိုးသား စိတ်ဓာတ်ပြည့်ဝ” ခဲ့သည့် ထိုသို့သော ဘိုးဘေးအိုတို့သည် မိမိတို့ကိုယ်ကိုယ် ငရဲတွင်ပိတ်ထားရင်းနှင့် ထိရောက်စွာ မစွမ်းဆောင်နိုင်သော လက်အောက်ငယ်သားများကို ပြင်ပတွင် ပိတ်ထားရင်း၊ “မိမိတို့ကိုယ်တိုင်အပေါ် တင်းကျပ်လွန်းသော်လည်း အခြားသူများအပေါ် အလွန်သည်းခံ” နိုင်သည်မှာ သနားစဖွယ်ပါတကား။ ဤကဲ့သို့သော “ပြည်သူတို့၏ ကိုယ်စားလှယ်များ” ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ “၎င်းတို့သားသမီးများ၏ သုခ” နှင့် “အနာဂတ်မျိုးဆက်များ၏ ငြိမ်းချမ်းသောဘဝများ” အတွက် ၎င်းတို့သည် ဘုရားသခင်ကို ဝင်ရောက် နှောင့်ယှက်ခွင့် မပြုပေ၊ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ဘဝများကို အလေးဂရုမပြုကြချေ။ အထိန်းအချုပ် မရှိဘဲ ၎င်းတို့သည် မရဏနိုင်ငံထဲသို့ စကားတစ်လုံးမျှ မပြောဘဲ ဝင်ရောက်ရင်း၊ ၎င်းတို့ကိုယ်ကိုယ် “အမျိုးသားအရေး” အတွက် ဆက်ကပ် မြှုပ်နှံကြလေသည်။ ထိုသို့သော အမျိုးသားရေးစိတ်ဓာတ်ကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ ဘုရားသခင်နှင့် တိုက်ပွဲဝင်လျက်၊ ၎င်းတို့သည် မနက်ဖြန်နှင့်ပတ်သက်၍ စိုးရိမ်ဖို့မဆိုထားနှင့်၊ သေခြင်းတရားကိုပင် မကြောက်ကြသကဲ့သို့၊ သွေးထွက်သံယိုမှုကိုလည်း မကြောက်ကြပေ။ ၎င်းတို့သည် စစ်မြေပြင်ကို တကယ်ကို အသားကျကြသည်။ ၎င်းတို့၏ “ဆက်မြှုပ်နှံမှု စိတ်ဓာတ်” အတွက် ရရှိသည့် တစ်ခုတည်းသောအရာသည် ထာဝရနောင်တနှင့် အစဉ်တောက်လောင်နေသော ငရဲမီးလျှံများအားဖြင့် လောင်မြိုက်ခံရခြင်းသာ ဖြစ်သည်မှာ သနားစဖွယ်ဖြစ်ပေစွတကား။

စိတ်ဝင်စားဖွယ်ကောင်းလိုက်လေစွ။ ဘုရားသခင်၏ လူ့ဇာတိ ခံယူခြင်းသည် အဘယ်ကြောင့် အစဉ် လူတို့၏ ငြင်းပယ်ခြင်းကိုခံရပြီး ဝေဖန်ပုတ်ခတ်ခြင်းကို ခံရလေပြီနည်း။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို သိနားလည်မှုတစ်ခုတစ်လေ လုံးဝ မရှိရသနည်း။ ဘုရားသခင်သည် အချိန်မှား၍ လာခဲ့ခြင်းများဖြစ်နိုင်မည်လော။ ဘုရားသခင်သည် နေရာမှားသို့ လာခဲ့ခြင်းများ ဖြစ်နိုင်မည်လော။ ဘုရားသခင်သည် လူသား၏ “လက်ခံခြင်း လက်မှတ်” မပါဘဲ၊ တစ်ဦးတည်း လုပ်ဆောင်ပြီးဖြစ်သောကြောင့်၊ ဤအရာဖြစ်ခဲ့ခြင်းများ ဖြစ်နိုင်မည်လော။ လူသား၏ ခွင့်ပြုချက်မပါဘဲ၊ ဘုရားသခင်သည် သူ၏စိတ်ကို သူဆုံးဖြတ်ခဲ့သောကြောင့်များ ဖြစ်နိုင်မည်လော။ ဘုရားသခင်သည် ကြိုတင်အသိပေးခဲ့သည်ဟု အချက်အလက်များက ဖော်ပြသည်။ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၌ အမှား မပြုခဲ့ပေ- သူသည် လူသား၏ခွင့်ပြုချက်ကို တောင်းခံရမည်လော။ ထို့အပြင် ဘုရားသခင်သည် အချိန်ကြာမြင့်စွာက လူသားအား သတိပေးခဲ့သည်၊ လူတို့ မေ့လျော့ပြီး ဖြစ်ကောင်း ဖြစ်ပေမည်။ လူသားသည် အချိန်ကြာမြင့်စွာကတည်းက စာတန်၏ အလွန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံရပြီးဖြစ်သည်မှာ သူသည် ဝိညာဉ်လောကတွင် ဖြစ်ပျက်နေသည့်အရာများကို မဆိုထားနှင့် ကောင်းကင်ဘုံအောက် ဖြစ်ပျက်နေသည့်အရာများထဲမှ မည်သည့်အရာကိုမှ နားမလည်နိုင်သည့်အတွက်၊ ၎င်းတို့ကို အပြစ်တင်ရမည် မဟုတ်ပေ။ လူသား၏ဘိုးဘေးဘီဘင်များဖြစ်သော လူဝံတို့သည် ကြိုးဝိုင်းအတွင်း သေဆုံးခဲ့ကြသည်မှာ ရှက်ဖွယ်ဖြစ်ပေသည်တကား၊ သို့သော် ဤသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ- ကောင်းကင်နှင့်မြေကြီးသည် မည်သည့်အခါကမျှ သဟဇာတ မဖြစ်ဖူးသကဲ့သို့၊ ကျောက်ဖြင့်ပြုလုပ်ထားသည့် စိတ်များရှိသော လူဝံတို့သည် ဘုရားသခင်အနေဖြင့် လူ့ဇာတိတစ်ဖန် ခံယူနိုင်မည်ကို အဘယ်သို့ စိတ်ကူး၍ရနိုင်မည်နည်း။ ဤသို့သော “၎င်း၏ အသက်ခြောက်ဆယ်အရွယ်” “အဖိုးအို” တစ်ယောက်သည် ဘုရားသခင် ပေါ်ထွန်းခြင်းနေ့ရက်တွင် သေဆုံးခဲ့သည်မှာ ဝမ်းနည်းဖွယ် ဖြစ်ပေသည်တကား။ ထိုသို့သောကြီးမားသည့် ကောင်းချီးမင်္ဂလာတစ်ခု ပေါ်ထွန်းခြင်းတွင် ကောင်းချီးမင်္ဂလာ ခံစားရခြင်းမရှိဘဲ၊ လောကကို ၎င်းက စွန့်ခွာသည်မှာ အံ့ဖွယ်တစ်ပါးဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ဘာသာတရား အားလုံးနှင့် ကဏ္ဍအားလုံးတစ်လျှောက် ဂယက်လှိုင်းပြင်းများ ပို့လွှတ်ပြီးဖြစ်သည်၊ ယင်းသည် ဘာသာရေးအသိုင်းအဝိုင်းများ၏ မူလစနစ်ကျမှုကို “ဖရိုဖရဲ” ဖြစ်စေပြီးဖြစ်ကာ၊ ဘုရားသခင် ပေါ်ထွန်းခြင်းကို တမ်းတသူများ၏ နှလုံးသားများကို တုန်လှုပ်စေပြီးဖြစ်သည်။ အဘယ်သူသည် မချစ်ခင်မကြင်နာသနည်း။ အဘယ်သူသည် ဘုရားသခင်ကိုတွေ့ရန် တောင့်တခြင်း မရှိသနည်း။ ဘုရားသခင်သည် လူသားအလယ် ကိုယ်တိုင်ကိုယ်ကျ နှစ်ပေါင်းများစွာကြာ ရှိပြီးဖြစ်သော်လည်း၊ လူသားသည် ယင်းကို မည်သည့်အခါကမျှ သဘောမပေါက်ဖူးပေ။ ယနေ့တွင် ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ကိုယ်ပိုင်လက္ခဏာကို လူထုများထံ ပြသပြီးဖြစ်၏- ဤအရာက လူသား၏နှလုံးသားကို ပျော်ရွှင်ဝမ်းမြောက်ခြင်း အဘယ်သို့ မဆောင်ကြဉ်းနိုင်မည်နည်း။ တစ်ခါက ဘုရားသခင်သည် လူသားနှင့် အတူ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ကို မျှဝေခံစားခဲ့ပြီး၊ ယနေ့ သူသည် လူသားမျိုးနွယ်နှင့် ပြန်လည်ပေါင်းစည်းပြီးဖြစ်ကာ၊ ကုန်လွန်သော အချိန်ကာလများ၏ ဇာတ်ကြောင်းများကို သူနှင့်အတူ မျှဝေခံစားလေသည်။ သူသည် ယုဒပြည်မှ ထွက်သွားပြီးနောက်၊ လူတို့သည် သူ၏အရိပ်အယောင်ကို ရှာမတွေ့နိုင်ခဲ့ကြပေ။ ၎င်းတို့သည် ယနေ့ သူနှင့်တစ်ဖန်ပြန်တွေ့ပြီးကာ သူနှင့်ပြန်လည် ပေါင်းစပ်ပြီးဖြစ်သည် မသိကြဘဲ၊ ဘုရားသခင်အား နောက်တစ်ကြိမ်တွေ့ဆုံရန် တမ်းတကြ၏။ ဤအရာက ယမန်နေ့၏ အတွေးများကို မလှုံ့ဆော်ဘဲ အဘယ်သို့နေနိုင်မည်နည်း။ ယနေ့မှ လွန်ခဲ့သော အနှစ်နှစ်ထောင်တွင်၊ ယုဒလူတို့မှ ဆင်းသက်လာသူ၊ ရှိမုန်ဗာယောနသည် ကယ်တင်ရှင်ယေရှုကို ရှုမြင်ခဲ့သည်၊ သူနှင့်တစ်စားပွဲတည်းတွင် စားခဲ့ပြီး၊ သူ့နောက်နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီးနောက် သူ့အတွက် သာ၍ နက်ရှိုင်းသော ချစ်ခင်စိတ် ခံစားခဲ့ရသည်။ သူ့ကို အူထဲအသည်းထဲက ချစ်ခဲ့သည်။ သူသည် သခင်ယေရှုကို လေးလေးနက်နက် ချစ်ခဲ့၏။ အေးစိမ့်သော နွားစားခွက်တွင်မွေးဖွားခဲ့သည့် ရွှေဝါရောင် ဆံပင်ရှိသော ဤကလေးငယ်သည် မည်သို့ လူ့ဇာတိခံဘုရားသခင်၏ ပထမဆုံး ပုံရိပ်ဖြစ်သည်ကို ယုဒလူတို့က မသိခဲ့ကြပေ။ သူသည် ၎င်းတို့ကဲ့သို့ပင် ဖြစ်သည်ဟု ၎င်းတို့အားလုံး ထင်ခဲ့ကြသည်၊ သူသည် ကွဲပြားမှု တစ်ခုတစ်လေရှိသည်ဟု မည်သူမျှ မထင်ခဲ့ကြပေ- လူတို့သည် ဤသာမန်နှင့် ရိုးရိုး ယေရှုကို အဘယ်သို့ သတိပြုနိုင်ခဲ့ကြမည်နည်း။ ယုဒလူတို့သည် သူ့အား ထိုအချိန်ကာလ၏ ယုဒလူမျိုး သားတစ်ဦးအဖြစ် တွေးထင်ခဲ့ကြသည်။ မည်သူမျှ သူ့ကို ချစ်ဖွယ်ကောင်းသော ဘုရားသခင်ဟု မကြည်ညိုခဲ့ကြသကဲ့သို့၊ လူတို့သည် ၎င်းတို့အား ကြွယ်ဝကာ များပြားသော ကျေးဇူးတော်များ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ပေးရန် တောင်းဆိုရင်း၊ သူ့အပေါ် ကျိုးကြောင်းမမြင်ဘဲ တောင်းဆိုမှုများသား ပြုလုပ်ခဲ့ကြသည်။ လူတို့က သူသည် သန်းကြွယ်သူဌေးတစ်ဦးကဲ့သို့၊ တစ်ဦးတစ်ယောက် ဆန္ဒရှိနိုင်သည့်အရာရာတိုင်း သူ့တွင် ရှိခဲ့သည်ဟုသာ သိခဲ့ကြသည်။ သို့ရာတွင် လူတို့သည် သူ့အား ချစ်ခင်မြတ်နိုးခံရသူ တစ်ဦးအဖြစ် မည်သည့်အခါကမျှ မဆက်ဆံခဲ့ပေ။ ထိုအချိန်က လူတို့သည် သူ့ကို မချစ်ခဲ့ကြသကဲ့သို့၊ သူ့ကို ဆန့်ကျင်ကန့်ကွက်ခြင်းကိုသာ ပြုခဲ့ကြပြီး၊ သူ့အပေါ် အကြောင်းမဲ့ တောင်းဆိုမှုများ ပြုခဲ့ကြသည်။ လူသားသည် သူ့ကို မသိသော်လည်း၊ သူသည် မည်သည့်အခါမျှ မခုခံခဲ့ဘဲ လူသားကို ကျေးဇူးတော်များ စဉ်ဆက်မပြတ် ပေးခဲ့၏။ သူသည် လူသားအား နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာတို့ကို တိတ်ဆိတ်စွာပေးသည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သကဲ့သို့၊ ထိုထက်သာ၍ လူသားအား ပညတ်တရား၏ ချုပ်နှောင်မှုများမှ ဦးဆောင်ခေါ်သွားရင်း၊ လူသားကို လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းအသစ်များကို ပေးခဲ့သည်။ လူသားသည် သူ့ကို မချစ်ခဲ့ပေ၊ သူ့ကို အားကျရုံ အားကျပြီး၊ သူ၏ထူးကဲသော ပါရမီတို့ကို အသိအမှတ်ပြုခဲ့ရုံသာ ဖြစ်၏။ လူသားမျိုးနွယ်အလယ် လာခဲ့ချိန် ချစ်မြတ်နိုးဖွယ် ကောင်းသော ကယ်တင်ရှင်ယေရှုက ခံစားခဲ့ရသည့် အရှက်ရခြင်း အဘယ်မျှ ကြီးမားသည်ကို ကျိုးကြောင်းမမြင်သည့် လူသားမျိုးနွယ်သည် အဘယ်သို့သိနိုင်မည်နည်း။ မည်သူမျှ သူ၏ စိတ်သောကကို ထည့်သွင်းမစဉ်းစားခဲ့ပေ၊ ခမည်းတော် ဘုရားသခင်အတွက် သူ၏ချစ်ခြင်းမေတ္တာကို မည်သူမျှ မသိခဲ့သကဲ့သို့၊ သူ၏အထီးကျန်မှုကို မည်သူမျှ မသိနိုင်ခဲ့ပေ။ မာရိသည် သူ၏မွေးမိခင် ဖြစ်သော်လည်း၊ သူမသည် သနားကရုဏာနှင့် ပြည့်စုံသည့် သခင်ယေရှု၏ နှလုံးသားထဲက အတွေးများကို မည်သို့သိနိုင်မည်နည်း။ လူသားက ကြံ့ကြံ့ခံခဲ့သော ပြောမပြနိုင်သည့် ဆင်းရဲဒုက္ခအကြောင်းကို မည်သူသိခဲ့သနည်း။ သူ့အပေါ်တောင်းဆိုချက်များ ပြုပြီးသည့်နောက်၊ ထိုအချိန်က လူတို့သည် သူ့အား စိမ်းကားစွာ ဂရုမပြုတော့ဘဲ အပြင်သို့ စွန့်ပစ်လိုက်ကြ၏။ ထို့ကြောင့် သူသည် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကြာရှည်ခြင်းနှင့် တိုတောင်းခြင်း နှစ်ခုလုံး ဖြစ်ခဲ့သည့် ခက်ခဲသော သုံးဆယ့်သုံးနှစ်ကြာ အသက်ရှင်ပြီးသည်အထိ နှစ်ပေါင်းများစွာ လွင့်မျောနေခဲ့ရင်း၊ လမ်းများပေါ်တွင် ဟိုဟိုသည်သည် သွားလာခဲ့ရသည်။ လူတို့သည် သူ့အားလိုအပ်ခဲ့ချိန်တွင်၊ ၎င်းတို့သည် သူ့အပေါ် တောင်းဆိုမှုများပြုရန် ကြိုးစားကြရင်း၊ ပြုံးနေသောမျက်နှာများဖြင့် ၎င်းတို့၏ အိမ်များထဲသို့ သူ့အားဖိတ်ခေါ်ခဲ့ကြသည်- ပြီးလျှင် သူသည် ၎င်းတို့ကို သူ၏ကူညီထောက်ပံ့မှု ပြုခဲ့ပြီးသည့်နောက်တွင်၊ ၎င်းတို့သည် သူ့ကို တံခါးပြင်ပသို့ ချက်ချင်း တွန်းထုတ်ခဲ့ကြ၏။ လူတို့သည် သူ၏နှုတ်မှထောက်ပံ့ပေးခဲ့သည့်အရာကို စားသုံးခဲ့ကြသည်၊ သူ၏သွေးကို သောက်ခဲ့ကြသည်၊ ၎င်းတို့အပေါ် သူ အပ်နှင်းခဲ့သည့် ကျေးဇူးတော်များကို မွေ့လျော်ခဲ့ကြသည်၊ သို့သော် ၎င်းတို့သည် မည်သူက ၎င်းတို့ကို ၎င်းတို့၏ အသက်တာများအား ပေးခဲ့လေပြီကို လုံးဝ မရှိခဲ့ဖူးကြသည့်အတွက်၊ သူ့အား ဆန့်ကျင်လည်း ဆန့်ကျင်ခဲ့ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် သူ့ကို လက်ဝါးကပ်တိုင်၌ သံမှိုရိုက်ထားခဲ့ကြသော်လည်း၊ သူသည် အသံမထွက်ဘဲနေဆဲ ဖြစ်ခဲ့သည်။ ယနေ့တွင်ပင် သူသည် နှုတ်ဆိတ်နေဆဲဖြစ်၏။ လူတို့သည် သူ၏အသားကို စားသုံးကြသည်၊ သူ၏ အသွေးကို သောက်ကြသည်၊ ၎င်းတို့အတွက် သူ ပြုလုပ်ပေးသည့်အစာကို စားကြပြီး၊ ၎င်းတို့အတွက် သူဖွင့်ပေးပြီး ဖြစ်သည့်လမ်းကို လျှောက်ကြသည်၊ သို့သော် ၎င်းတို့သည် သူ့အားငြင်းပယ်ရန် ရည်ရွယ်ဆဲဖြစ်၏။ ၎င်းတို့သည် ၎င်းတို့အား ၎င်းတို့၏ ဘဝများကို ပေးပြီးဖြစ်သည့် ဘုရားသခင်ကို ရန်သူကဲ့သို့ အမှန်တကယ် ဆက်ဆံကြကာ၊ ထိုအစား ၎င်းတို့ကဲ့သို့ ကျွန်များအား ကောင်းကင်ဘုံရှိ အဘကဲ့သို့ ဆက်ဆံကြ၏။ ဤတွင် ၎င်းတို့သည် သူ့အား တမင်ဆန့်ကျင်ကြသည် မဟုတ်လော။ ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေခံရန် အဘယ်သို့ လာခဲ့သနည်း။ သင်တို့သိသလော။ သူသည် သူနှင့် အရင်းနှီးဆုံးဖြစ်ကာ သူ့ကို စားသုံးခဲ့ပြီး သောက်သုံးခဲ့ကာ သူ့အား မွေ့လျော်ခဲ့ပြီးဖြစ်သည့် ယုဒ၏ သစ္စာဖောက်ခြင်းကို ခံခဲ့ရသည် မဟုတ်လော။ ယေရှုသည် မထင်ရှားသော ပုံမှန် ဆရာတစ်ပါးထက် ဘာမျှမပိုသောကြောင့်၊ ယုဒသည် ယေရှုကို သစ္စာဖောက်ခဲ့သည် မဟုတ်လော။ ယေရှုသည် သာမန်ထက် ထူးကဲကြောင်းနှင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်သူတစ်ဦး ဖြစ်ခဲ့သည်ကို လူတို့ အမှန်တကယ် မြင်တွေ့မြင်ခဲ့ပြီးဖြစ်ပါက၊ ၎င်းတို့သည် သူ၏ခန္ဓာကိုယ်တွင် ထွက်သက်ဝင်သက် မကျန်တော့သည်အထိ၊ နှစ်ဆယ့်လေးနာရီကြာ အရှင်လတ်လတ် လက်ဝါးကပ်တိုင်တွင် အဘယ်သို့ ရိုက်နှက်နိုင်ခဲ့ကြမည်နည်း။ ဘုရားသခင်အား မည်သူသိနိုင်သနည်း။ လူတို့သည် ဘုရားသခင်အား မရောင့်ရဲနိုင်သော လောဘဖြင့် မွေ့လျော်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ကြဘဲ၊ ၎င်းတို့သည် သူ့အား မည်သည့်အခါမျှ မသိဖူးကြပေ။ ၎င်းတို့ကို အနည်းငယ် အလျော့ပေးပါက ကမ်းတက်တတ်ကြပြီး၊ “ယေရှု” အား ၎င်းတို့၏အမိန့်များ၊ ၎င်းတို့၏ညွှန်ကြားချက်များကို လုံးဝ နာခံစေကြလေသည်။ ခေါင်းချစရာ မည်သည့်နေရာမျှ မရှိသော ဤလူသား အပေါ် သက်ညှာမှုပုံစံ တစ်ခုတစ်လေကို မည်သူ ပြသဖူးပါသနည်း။ ခမည်းတော် ဘုရားသခင်၏ တာဝန်ပေး စေခိုင်းချက်ကို ဖြည့်ဆည်းရန် မည်သူသည် သူနှင့်အင်အားပေါင်းစည်းရန် တွေးတောဖူးပါသနည်း။ မည်သူသည် သူ့အတွက် စဉ်းစားဖူးသနည်း။ မည်သူသည် သူ၏အခက်အခဲများကို စာနာထောက်ထားဖူးသနည်း။ ချစ်ခြင်းမေတ္တာ စိုးစဉ်းမျှ မရှိဘဲနှင့်၊ လူသားသည် သူ့အား ခေါက်တုံ့ခေါက်ပြန် လိမ်ချိုး၏။ လူသားသည် သူ၏အလင်းနှင့်အသက် မည်သည့်နေရာမှ လာသည်ကို မသိသကဲ့သို့၊ လူသားအလယ် နာကျင်မှုကို တွေ့ကြုံခံစားပြီးဖြစ်သည့် လွန်ခဲ့သော အနှစ်နှစ်ထောင်က “ယေရှု” ကို တစ်ဖန်ပြန်၍ မည်သို့ကားစင်တင်ရမည်ကို လျှို့ဝှက်စွာ ကြံစည်သည်မှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်ပေ။ “ယေရှု” သည် ထိုသို့သော မုန်းတီးမှုကို အမှန်တကယ် လှုံ့ဆော်သလော။ သူလုပ်ဆောင်ခဲ့သမျှအားလုံးသည် အချိန်ကြာမြင့်စွာက မေ့လျော့ခံရလေပြီလာ။ နှစ်ထောင်ပေါင်းများစွာ ပေါင်းစည်းခဲ့သော မုန်းတီးမှုသည် အဆုံး၌ ပြင်ပသို့ ထိုးထွက်လိမ့်မည်။ အသင် ယုဒလူတို့နှင့် အတန်းစားတူသူတို့။ သင်တို့သည် “ယေရှု” အား ထိုမျှမုန်းရအောင် သူသည် သင်တို့ကို မည်သည့်အချိန်က ရန်လိုဖူးသနည်း။ သူသည် များစွာဆောင်ရွက်ပြီးဖြစ်ကာ များစွာပြောဆိုပြီးဖြစ်၏- ထိုအရာ တစ်ခုမျှ သင်တို့၏အကျိုးအဖို့ မဟုတ်သလော။ အပြန်အလှန် မည်သည့်အရာမျှ တောင်းဆိုခြင်းမရှိဘဲ၊ သူသည် သင်တို့ကို သူ၏အသက်ပေးပြီးဖြစ်သည်၊ သူ၏ အလုံးစုံကို သင်တို့အား သူ ပေးပြီးဖြစ်သည်- သင်တို့သည် သူ့ကို အမှန်တကယ် အရှင်လတ်လတ် စားသုံလိုသေးသလော။ သူသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊ လောကီဘုန်းအသရေ၊ လူသားအလယ် နွေးထွေးမှု၊ လူသားအလယ် ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားအလယ် ကောင်းချီးမင်္ဂလာအားလုံးကို တစ်ကြိမ်တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးပြီးဖြစ်သည်။ လူတို့သည် သူ့အပေါ် အလွန် ခက်ထန်ကြသည်၊ သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို လုံး‌ဝ မမွေ့လျော်ဖူးပေ၊ သူသည် သူ၏ စစ်မှန်ကာ၊ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားသည်၊ သူ၏အလုံးစုံကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားပြီးဖြစ်သည်- ပြီးလျှင် မည်သူသည် သူ့အား နွေးထွေးမှုပေးဖူးသနည်း။ မည်သူသည် သူ့အား နှစ်သိမ့်မှုပေးဖူးသနည်း။ လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချပြီးဖြစ်သည်၊ သူ၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးပြီးဖြစ်သည်၊ လူသားအလယ် အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အပေါ် အတင်းအကျပ်ပေးပြီးဖြစ်သည်၊ လူသားသည် မတရားမှု အားလုံးအတွက် သူ့ကို အပြစ်တင်ပြီး ယင်းကို သူက ဘာမျှမပြောဘဲ လက်ခံပြီးဖြစ်သည်။ သူသည် တစ်ဦးတစ်ယောက်အား ကန့်ကွက်ဖူးသလော။ သူသည် တစ်ဦးတစ်ယောက်ထံမှ နစ်နာကြေး အနည်းငယ် တောင်းခံဖူးသလော။ မည်သူသည် သူ့အပေါ် စာနာမှု တစ်ခုတစ်လေ ပြဖူးသနည်း။ ပုံမှန်လူတို့အနေဖြင့်၊ သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝ မရှိဖူးသနည်း။ အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိဖူးသနည်း။ ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မည်သူ မရှိလေသနည်း။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာ အဘယ်သူ မရှိသနည်း။ မည်သူသည် အခြားသူများ၏ လေးစားမှု မရှိသနည်း။ နွေးထွေးသည့်မိသားစုတစ်ခု အဘယ်သူမရှိသနည်း။ ၎င်းတို့ ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု အဘယ်သူ မရှိသနည်း။ ပြီးလျှင် သူသည် ဤအရာထဲမှ တစ်ခုတစ်လေကို မွေ့လျော်ဖူးသလော။ အဘယ်သူသည် သူ့ကို နွေးထွေးမှု အနည်းငယ် ပေးဖူးသနည်း။ အဘယ်သူသည် သူ့အား နှစ်သိမ့်မှု အနည်းငယ်မျှ ပေးဖူးသနည်း။ အဘယ်သူသည် သူ့အား လူသား ကိုယ်ကျင့်တရား အနည်းငယ် ပြသဖူးသနည်း။ အဘယ်သူသည် သူ့အပေါ် သည်းခံဖူးသနည်း။ ခဲယဉ်းသည့်ကာလများအတွင်းတွင် အဘယ်သူသည် သူနှင့်အတူ ရှိဖူးသနည်း။ အဘယ်သူသည် ခက်ခဲသောဘဝကို သူနှင့်အတူ ဖြတ်သန်းဖူးသနည်း။ လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ခြင်း မရှိဖူးပေ။ လူ့လောကသို့ လာပြီးသည့်နောက်၊ သူသည် လူသား၏နွားထီး သို့မဟုတ် မြင်း၊ သူ၏အကျဉ်းသား ဖြစ်ရမည်ဖြစ်ပြီး သူ၏အလုံးစုံကို လူသားအား ပေးရမည့်အလား၊ လူသားသည် မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရုံမျှ ပြုလုပ်လေသည်။ ထိုသို့မဟုတ်ပါက လူသားသည် သူ့အား မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်၊ သူ့အပေါ် မည်သည့်အခါမျှ သက်ညှာမည်မဟုတ်၊ သူ့ကို ဘုရားသခင်ဟု မည်သည့်အခါမျှ ခေါ်လိမ့်မည်မဟုတ်သကဲ့သို့၊ မည်သည့်အခါမျှ သူ့ကို အထင်ကြီးလေးစားမည် မဟုတ်ပေ။ ဘုရားသခင်အား သေသည်အထိ ညှဉ်းဆဲခြင်းငှာ ပြင်ဆင်ထားပြီး၊ ထို့နောက်တွင်မှ ဘုရားသခင်အပေါ် သူ၏ တောင်းဆိုချက်များ ပြေလျှော့ပေးမည့်အလား၊ လူသားသည် ဘုရားသခင်အပေါ် ၎င်း၏သဘောထားနှင့်ပတ်သက်၍ အလွန် ပြင်းထန်လှ၏၊ သို့မဟုတ်ပါက လူသားသည် ဘုရားသခင်အပေါ် ၎င်း၏တောင်းဆိုချက်များနှင့်ဆိုင်သည့် စံနှုန်းများကို လုံးဝ လျှော့လိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူသားသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို မခံရဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ဤသည်မှာ ယနေ့၏ အဖြစ်ဆိုး မဟုတ်သလော။ လူသား၏ အသိတရားကို မည်သည့် နေရာတွင်မျှ မမြင်ရပေ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သူ ပြန်ဆပ်မည်ဟု ပြောမြဲ ပြောနေသော်လည်း၊ သူသည် ဘုရားသခင်အား ခွဲခြမ်းစိတ်ဖြာဆန်းစစ်ကာ သေသည်အထိ ညှဉ်းဆဲလေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် ၎င်း၏ယုံကြည်ခြင်းအဖို့ ၎င်း၏ဘိုးဘေးဘီဘင်တို့မှ လက်ဆင့်ကမ်းခဲ့သည့် “လျှို့ဝှက်နည်းနာ” ဖြစ်သည် မဟုတ်သလော။ “ယုဒလူတို့” အား မတွေ့သည့်နေရာ မရှိသကဲ့သို့၊ ယနေ့တွင် ၎င်းတို့သည် အလားတူအလုပ်ကို လုပ်ဆောင်ကြဆဲ ဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း အလုပ်တစ်ခုတည်းကို ဆောင်ရွက်နေကြဆဲဖြစ်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်အား ကြည်ညိုလေးစားနေကြသည်ဟု ယုံကြည်ကြသည်။ လူသား၏ ကိုယ်ပိုင် အမြင်များသည် ဘုရားသခင်အား မည်သို့သိနိုင်မည်နည်း။ ဇာတိပကတိ၌ အသက်ရှင်သော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင်မည်နည်း။ လူသားထဲမှ မည်သူသည် သူ့ကိုသိနိုင်မည်နည်း။ လူသားအလယ်တွင် သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူ သိနိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအလယ် ကြွလာပြီးချိန်တွင် ဘုရားသခင်ကို မည်သူမျှ မသိကြသေးသကဲ့သို့၊ သူသည် ငြင်းပယ်ခြင်းခံရပြီးဖြစ်သည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ လူသားသည် ဘုရားသခင်တည်ရှိခြင်းကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ်သလော။ ပြီးလျှင် ဘုရားသခင်၏ အမှုသည် လူသား ဝင်ရောက်မှုကို ဗဟိုပြုထားသည် မဟုတ်လော။ ငါသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစည်းစေလိုပြီး၊ လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် ထူထောင်စေလိုကာ လူသားက ထမ်းဆောင်သင့်သည့်တာဝန်ကို သင်၏ အကောင်းဆုံး အစွမ်းအစများဖြင့် ဆောင်ရွက်စေလိုသည်။ ဤနည်းဖြင့် ဘုရားသခင်၏ အမှုသည် ယင်း၏ ပြီးဆုံးခြင်းနှင့်အညီ၊ သူ၏ ဘုန်းအသရေ ရရှိခြင်းဖြင့်၊ အဆုံးသတ်လိမ့်မည်ဖြစ်သည်။

အောက်ခြေမှတ်စု(များ)-

၁။ ဤနေရာရှိ “လူသား၏ ‘ဝင်ရောက်မှု’” သည် လူသား၏နာခံမှုမရှိသော အပြုအမူကို ညွှန်ပြသည်။ အပြုသဘောဆောင်သော- လူတို့၏ အသက်ဝင်ရောက်မှုကို ရည်ညွှန်းခြင်းထက်၊ ယင်းသည် ၎င်းတို့၏ အပျက်သဘောဆောင်သော အပြုအမူနှင့် လုပ်ရပ်များကို ရည်ညွှန်းသည်။ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းတွင်ရှိသည့် လူသား၏ လုပ်ဆောင်ချက်များအားလုံးကို ယေဘုယျအားဖြင့် ရည်ညွှန်းသည်။

၂။ “စိတ်ကူးသက်သက် ကြောက်ရွံ့မှုများ၏ ဒုက္ခပေးခြင်းကို ခံကြရသည်” ဆိုသည်ကို လူသား၏ ဆုံးဖြတ်ချက်လွဲမှားသော လူ့သဘာဝ၏အသက်တာကို သရော်ရန် အသုံးပြုထား၏။ ယင်းသည် လူတို့က နတ်ဆိုးများနှင့် အတူ နေထိုင်သည့် လူသားမျိုးနွယ်၏ အကျည်းတန်သော အသက်တာအခြေအနေကို ရည်ညွှန်း၏။

၃။ “အကောင်းဆုံး” သည် သရော်သောအနေဖြင့် ပြောထားခြင်းဖြစ်သည်။

၄။ “စိတ်အားထက်သန်မှုသည် ယခင်ထက် သာ၍ပူစွာ လောင်မြိုက်နေ၏” ကို သရော်သည့်အနေဖြင့် ပြောဆိုထားခြင်းဖြစ်ပြီး၊ ယင်းသည် လူသား၏အကျည်းတန်သော အခြေအနေကို ရည်ညွှန်းသည်။

၅။ “အရှင်ဖမ်းဆီး” သည် လူသား၏ အကြမ်းဖက်ဖြစ်ကာ စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူကို ရည်ညွှန်း၏။ လူသားသည် လူမဆန်သကဲ့သို့ ဘုရားသခင်အပေါ် စိုးစဉ်းမျှ ခွင့်လွှတ်တတ်ခြင်းမရှိသကဲ့သို့၊ သူ့အပေါ် ဖြစ်နိုင်ခြေမရှိသော တောင်းဆိုမှုများ ပြုလုပ်၏။

၆။ “စိတ်ထဲတွင် ကောင်းစွာ တွေးတောထားသော အကြံအစည်တစ်ရပ်” သည် သရော်သောအနေဖြင့် ပြောဆိုထားခြင်းဖြစ်ပြီး၊ ဤအရာက လူတို့သည် မိမိတို့ကိုယ်ကိုယ် မသိရှိကြပုံနှင့် ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန်ကို မသိနားမလည်ကြပုံ ရည်ညွှန်း၏။ ဤသည်မှာ ယုတ်ညံ့သော ပြောဆိုချက်ဖြစ်သည်။

၇။ “ကြည်ညိုကိုင်းရှိုင်းဖွယ်ရာ” သည် သရော်သောအနေဖြင့် ပြောထားခြင်းဖြစ်သည်။

၈။ “ပစ်လွှတ်” သည် ဘုရားသခင်၏ အနိုင်ယူခြင်း ခံရသည့်အခါ၊ ဒေါသအခိုးထွက်နေသော သူများ၏ အကျည်းတန်သော အခြေအနေကို ညွှန်ပြ၏။ ယင်းသည် ဘုရားသခင်အပေါ် ၎င်းတို့ ဆန့်ကျင်ခြင်း အတိုင်းအတာကို ညွှန်ပြ၏။

အရှေ့သို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၉)

နောက်တစ်ခုသို့- ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၁)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အခန်း ၆

လူများအားလုံးသည် ငါ၏ မျက်မှောက်၌ ငါ့အား စိတ်ကျေနပ်စေနိုင်ရန်အလို့ငှာ ဝိညာဉ်တော် အရေးကိစ္စများကို ထိုးထွင်းသိမြင်လော့၊...

ခရီးပန်းတိုင်နှင့်ပတ်သက်၍

ခရီးပန်းတိုင်ကို ဖော်ပြသည့်အခါတိုင်းတွင်၊ သင်တို့သည် ယင်းကို အထူးလေးနက်စွာ သဘောထားကြသည်။ ထို့အပြင်၊ ယင်းသည် အထူးသဖြင့် သင်တို့အားလုံး...

အမည်နာမများနှင့် ကိုယ်ပိုင်လက္ခဏာတို့နှင့် ပတ်သက်၍

သင်သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် သင့်တော်လိုပါက၊ ဘုရားသခင်၏ အမှုကို သင်သိရမည်၊ ယခင်က (ဓမ္မသစ်နှင့် ဓမ္မဟောင်းထဲက) သူပြုခဲ့သည့် အမှုကို...

ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်

လူသား၏ အလုပ်မည်မျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဖြစ်ပြီး၊ မည်မျှသည် လူသား၏ အတွေ့အကြုံ ဖြစ်သနည်း။ လူတို့သည် ဤမေးခွန်းများကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည်ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။