အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)
ယနေ့တွင် ဘုရားသခင်သည် လူတို့အား ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်နေကြောင်း၊ သူသည် လူသားကို နောက်တစ်ခေတ်ထဲသို့ နောက်ထပ်ခြေလှမ်းရန် ဦးဆောင်နေကြောင်း၊ လူအယောက်စီတိုင်းသည် လွတ်လပ်သော လောကတစ်ခုတွင် အသက်ရှင်နိုင်ဖို့အလို့ငှာ၊ သူသည် လူသားအား အမှောင်အင်အားစု၏ ဖိနှိပ်မှုနှင့် စာတန်၏လွှမ်းမိုးမှုမှ ဝေးရာ၊ ဇာတိပကတိမှထွက်ကာ ဤမှောင်သော ခေတ်ဟောင်းကို ကျော်လွန်ရန် ဦးဆောင်နေကြောင်းကို သင်တို့အားလုံး သိကြ၏။ လှပသော မနက်ဖြန်အတွက်၊ လူတို့သည် မနက်ဖြန်တွင် ၎င်းတို့၏ ခြေလှမ်းများ၌ သာ၍ရဲရင့်စေရန်အလို့ငှာ၊ ဘုရားသခင်၏ဝိညာဉ်သည် လူသားအတွက် အရာရာကို စီစဉ်ပြီး၊ လူသားသည် သာ၍ကြီးမားသော မွေ့လျော်မှုရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် လူသားတောင့်တသည့်နေ့ရက် လျင်မြန်စွာ ရောက်ရှိစေရင်း၊ သူ၏ လူ့ဇာတိ၌ သူ၏အားထုတ်မှုအားလုံးကို လူသား၏ရှေ့က လမ်းကြောင်းကို ပြင်ဆင်ခြင်းတွင် မြှုပ်နှံလေသည်။ သင်တို့အားလုံး ဤလှပသည့်အခါသမယကို မြတ်နိုးကြမည်လော။ ဘုရားသခင်နှင့်အတူတကွ လာရန်မှာ လွယ်ကူသည့် စွမ်းဆောင်မှုမဟုတ်ပေ။ သင်သည် သူ့ကို လုံးဝ မသိဖူးသော်လည်း၊ ကာလကြာမြင့်စွာကတည်းက သူနှင့်အတူ ရှိနှင့်ပြီးဖြစ်သည်။ အယောက်တိုင်းသည် လှပသော်လည်း တစ်ခဏဖြစ်သော ဤနေ့ရက်များကို အကယ်၍ အစဉ်ထာဝရသာ မှတ်မိနိုင်ပြီး၊ ယင်းတို့အား မြေကြီးပေါ်ရှိ ၎င်းတို့ အမြတ်တနိုးထားသော ပိုင်ဆိုင်မှုများဖြစ်စေနိုင်မှသာ ဖြစ်သည်။ ဘုရားသခင်၏ အမှုကို လူသားထံ အချိန်ကြာမြင့်စွာကတည်းက ထုတ်ဖော်ပြပြီး ဖြစ်သည်- သို့သော် လူတို့၏နှလုံးသားများသည် အလွန် ရှုပ်ထွေးသကဲ့သို့၊ ၎င်းတို့သည် စိတ်ဝင်စားမှုတစ်ခုတစ်လေမျှ လုံးဝ မရှိဖူးသောကြောင့်၊ ဘုရားသခင်၏အမှုသည် ယင်း၏နဂိုမူလ အခြေခံအုတ်မြစ်ပေါ်၌ ရပ်ဆိုင်းမြဲရပ်ဆိုင်းနေပြီး ဖြစ်သည်။ ၎င်းတို့၏အတွေးများ၊ အယူအဆများနှင့် စိတ်ပိုင်းဆိုင်ရာ အမြင်များသည် ခေတ်နောက်ကျနေပုံရမည်မှာ ၎င်းတို့များစွာ၏ စိတ်ပိုင်းဆိုင်ရာ အမြင်သည် ရှေးအချိန်ကာလများက ရှေးဦးလူသားများ၏ စိတ်ပိုင်းဆိုင်ရာအမြင်နှင့် ဆင်တူပြီး၊ စိုးစဉ်းမျှ မပြောင်းလဲသေးပေ။ အကျိုးဆက်အနေဖြင့်၊ လူတို့သည် ဘုရားသခင် လုပ်ဆောင်သည့် အမှုနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးကာ မရှင်းမလင်း ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာနှင့် ၎င်းတို့ ဝင်ရောက်သင့်သည့်အရာနှင့်ပတ်သက်၍ သာ၍ပင် မရှင်းလင်းကြပေ။ ဤအရာများသည် ဘုရားသခင်၏အမှုအဖို့ ကြီးမားသော အခက်အခဲများ ဖြစ်စေပြီး၊ လူတို့၏ဘဝများအား အစဉ် ရှေ့ဆက်ခြင်းမှ တားဆီးထား၏။ လူသား၏ အနှစ်သာရနှင့် ၎င်းတို့၏ ညံ့ဖျင်းသော အရည်အချင်းကြောင့်၊ ၎င်းတို့သည် အခြေခံအားဖြင့် ဘုရားသခင်၏ အမှုကို သဘောပေါက်နိုင်စွမ်းမရှိကြသကဲ့သို့၊ ဤအရာများကို အရေးကြီးသည်ဟု မည်သည့်အခါတွင်မျှ သဘောမထားကြချေ။ သင့်ဘဝတွင် တိုးတက်မှုအတွက် ဆန္ဒရှိပါက၊ သင်တို့၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အသေးစိတ် အချက်အလက်များကို စတင်အာရုံစိုက်ရမည်၊ သင်တို့အသီးသီးသည် အတွင်းအပြင် အသစ်ပြုပြင်ခြင်းခံရကာ အရှိန်မြှင့်သည့်၊ ကျော်လွန်ပြီး လွတ်လပ်သည့် ဘဝတစ်ခုကို အမှန်တကယ် မွေ့လျော်ခံစားနိုင်ဖို့အလို့ငှာ အသက်ထဲသို့ သင်တို့၏ ဝင်ရောက်မှုကို ထိန်းချုပ်ရန်၊ သင်တို့ တစ်ဦးစီတိုင်း၏ စိတ်နှလုံးကို လုံးလုံးလျားလျား အသွင်ပြောင်းလဲရန်နှင့် သင်တို့အတွင်းရှိ အနှစ်မဲ့မှုနှင့် သက်ဆိုင်သည့် ပြဿနာများနှင့် သင့်ကို ဖိစီးသည့် ရိုးအီ၍ ငြီးငွေ့စရာကောင်းပြီး စိတ်ဓာတ်ကျစေသော တည်ရှိမှုကို ဖြေရှင်းဖို့အလို့ငှာ ထိုအရာတစ်ခုစီတိုင်းကို စတင်သဘောပေါက်ရမည်။ ရည်မှန်းချက်မှာ သင်တို့အသီးသီးသည် အသက်ရှင်လာနိုင်လိမ့်မည်၊ သင်၏ဝိညာဉ်၌ ပြန်လည်နိုးထနိုင်လိမ့်မည်ဖြစ်ပြီး၊ သက်ရှိသတ္တဝါတစ်ဦး၏ အသွင်သဏ္ဍာန်ကို ပိုင်ဆိုင်လာနိုင်လိမ့်မည် ဖြစ်သည်။ သင်တို့နှင့်ဆက်သွယ်သည့် ညီအစ်ကိုမောင်နှမ အားလုံးအနက် တက်ကြွကာ လန်းဆန်းသူများ တစ်ဦးတစ်လေ ရှိခဲ၏။ ၎င်းတို့အားလုံးသည် ရှေးခေတ်လူဝံများကဲ့သို့ နုံအကာ မိုက်မဲကြသည်၊ ကြည့်ရသည်မှာ တိုးတက်ခြင်းငှာ မည်သည့် အလားအလာမျှ မရှိပေ။ သာ၍ဆိုးသည်မှာ ငါနှင့် အဆက်အသွယ်ရလာကြပြီးသည့် ညီအစ်ကိုမောင်နှမများသည် တောင်ပေါ်လူရိုင်းများတမျှ ကြမ်းတမ်းရိုင်းစိုင်းကာ ကြမ်းကြုတ်ကြလေပြီ။ ၎င်းတို့သည် မည်သို့ပြုမူရမည်ဆိုသည့် အခြေခံများ တစ်ခုတစ်လေကို မဆိုထားနှင့်၊ ရည်မွန်ခြင်းနှင့်ပတ်သက်သည့်အရာ တစ်ခုတစ်လေကိုမျှ မသိကြချေ။ အသိဉာဏ်ရှိပြီး၊ ရည်မွန်ပုံရကာ ပန်းများတမျှ လှပကာ အရွယ်ရောက်ကြပြီးဖြစ်သော်၊ “သမားရိုးကျမဟုတ်သော” ဝတ်စားဆင်ယင်မှုတစ်ခုဖြင့် ဝတ်ဆင်ကြဆဲဖြစ်သည့် ညီမငယ်များစွာ ရှိလေသည်။ ညီမတစ်ဦး၏က ဆံပင်သည် သူ၏မျက်လုံးများကို ဘာမျှ မမြင်ရစေရစ်လျက်၊ သူ၏မျက်နှာတစ်ခုလုံးကို ဖုံးအုပ်နေသည်။ သူ၏မျက်နှာပေါက်သည် သန့်ရှင်းပြီး၊ ကောင်းမြတ်သော်လည်း သူ၏ဆံပင်ပုံစံမှာ သူသည် လူငယ်ထောင်တစ်ခုထဲက နံပါတ်တစ် ပြစ်မှုကျူးလွန်သူတစ်ဦးအလား ထူးဆန်းသော ခံစားချက်တစ်ရပ်ကို ပေးလျက်၊ စက်ဆုပ်ဖွယ်ဖြစ်လေသည်။ သူ၏မျက်လုံးများသည် ရေထဲက မြကျောက်များကဲ့သို့ ကြည်လင်ကာ တောက်ပလျက်၊ ပိန်းပိတ်အောင် မှောင်သောည၌ ရုတ်တရက်မြင်လိုက်ရသည့်၊ လူသားတို့၏ နှလုံးသားအတွင်း ကြောက်ရွံ့စိတ်ပေါ်စေသော မျက်စိကန်းစေလောက်အောင် တောက်ပမှုဖြင့် ပြတ်တောင်းပြတ်တောင်း လင်းလက်သည့် လက်ဆွဲမီးအိမ်တစ်စုံကဲ့သို့ ထင်ရစေရင်း သူ၏အဝတ်အစားနှင့် ဆံပင်ပုံစံတို့က ခုနှိမ်ထား၏၊ သို့တိုင် သူသည် တစ်စုံတစ်ဦးထံမှ တမင်တကာ ပုန်းရှောင်နေပုံလည်း ရ၏။ ငါသည် သူကို တွေ့ဆုံသောအခါ၊ သူသည် ခုလေးတင် တစ်စုံတစ်ဦးအား သတ်ဖြတ်ခဲ့ကာ သိရှိသွားမည်ကို အလွန်အမင်း စိုးရွံ့လျက် စဉ်ဆက်မပြတ် ဟိုဟိုသည်သည် ရှောင်တိမ်းနေသည့် လူသတ်သမားတစ်ဦးကဲ့သို့ “အခင်းဖြစ်ရာနေရာ”မှ ထွက်ပြေးရန် နည်းလမ်းများ အစဉ်ဖန်တီးနေသည်။ သူသည် မျိုးဆက်များစွာ ကျွန်များဖြစ်ကြပြီး သူတပါးရှေ့၌ မည်သည့်အခါမျှ ခေါင်းမထောင်နိုင်သော အာဖရိကလူမည်းများ၁ ကဲ့သို့လည်း ဖြစ်၏။ ဤလူများ ဝတ်စားကာ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ပုံတို့အထိ ဤအပြုအမူ အမျိုးမျိုး တိုးတက်ရန် လပေါင်းအချို့ကြာသည့် အလုပ် လိုအပ်ပေမည်။
တရုတ်လူမျိုးတို့သည် နှစ်ထောင်ပေါင်းများစွာ ကျွန်ဘဝတွင် နေထိုင်ကြပြီးဖြစ်ကာ၊ ဤအရာက ၎င်းတို့၏ အတွေးများ၊ အယူအဆများ၊ ဘဝ၊ ဘာသာစကား၊ အပြုအမူနှင့် လုပ်ရပ်များကို ဘောင်ခတ်သည်မှာ ၎င်းတို့သည် လွတ်လပ်မှု စိုးစဉ်းမျှ မကျန်ရစ်ပေ။ နှစ်ထောင်ပေါင်း များစွာသော သမိုင်းသည် ဝိညာဉ်ပိုင်ဆိုင်သည့် အရေးပါသော လူများကိုယူကာ ဝိညာဉ်ကင်းမဲ့သော အလောင်းကောင်များနှင့် ဆင်ဆင်တူသော တစ်စုံတစ်ရာအဖြစ်သို့ ချုံးကျသွားစေပြီး ဖြစ်သည်။ စာတန်၏ သားခုတ်ဓားအောက်တွင် အသက်ရှင်သူ များစွာရှိသည်၊ သားရဲတွင်းများနှင့်တူသည့် အိမ်များတွင် နေထိုင်သူ များစွာရှိ၏၊ နွားထီးများ သို့မဟုတ် မြင်းများကဲ့သို့ အလားတူ အစားအစာကို စားသူ များစွာရှိကာ၊ “မြေအောက်ကမ္ဘာ”တွင် သတိလစ်ကာ ဖရိုဖရဲဖြစ်လျက် လှဲလျောင်းနေသူ များစွာရှိ၏။ အပြင်ပန်းသဏ္ဌာန်တွင်၊ လူတို့သည် ရှေးဦးလူသားနှင့် မကွာခြားပေ၊ ၎င်းတို့၏ အနားယူရာနေရာသည် ငရဲတစ်ခုကဲ့သို့ဖြစ်ကာ အဖော်များအဖြစ် ၎င်းတို့သည် ညစ်ပေနေသည့် မကောင်းဆိုးဝါးများနှင့် နတ်ဆိုးမျိုးစုံတို့၏ ဝိုင်းရံခြင်းခံရ၏။ အပြင်ပန်းအားဖြင့် လူတို့သည် သာ၍မြင့်မားသော “တိရစ္ဆာန်များ” ဖြစ်ပုံရကြ၏၊ အမှန်တွင်၊ ၎င်းတို့သည် ညစ်ပေသော နတ်ဆိုးများနှင့်အတူ အသက်ရှင်ကာ နေထိုင်ကြ၏။ ၎င်းတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိဘဲ၊ လွတ်မြောက်ဖို့လမ်းမရှိဘဲနှင့် စာတန်၏ကျော့ကွင်းများတွင်မိလျက် စာတန်၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းအတွင်း နေထိုင်ကြ၏။ ၎င်းတို့သည် ပျော်ရွှင်ပြီး ကျေနပ်ဖွယ်ကောင်းသော ဘဝများတွင် အသက်ရှင်လျက်၊ သက်သောင့်သက်သာရှိသော အိမ်များတွင် ၎င်းတို့ချစ်သောသူများနှင့်အတူ စုရုံးကြသည် ပြောခြင်းထက်၊ လူသားတို့သည် မရဏာနိုင်ငံတွင် မကောင်းဆိုးဝါးများနှင့် ဆက်ဆံကာ နတ်ဆိုးတို့နှင့် ပေါင်းသင်းလျက် အသက်ရှင်ကြသည်ဟု ပြောသင့်သည်။ အမှန်တွင်၊ လူတို့သည် စာတန်၏ ချည်နှောင်ခြင်းကို ခံနေရဆဲဖြစ်သည်၊ ၎င်းတို့သည် ညစ်ပေသော နတ်ဆိုးများ စုရုံးရာနေရာတွင် အသက်ရှင်ကြကာ၊ ၎င်းတို့၏အိပ်ရာများသည် ၎င်းတို့၏အလောင်းကောင်များ အိပစက််ရန်နေရာများအလား၊ ယင်းတို့သည် နွေးထွေး၍ သက်သောင့်သက်သာရှိသော အသိုက်များဖြစ်သည့်အလား၊ ၎င်းတို့သည် ဤညစ်ပေသော နတ်ဆိုးများ၏ခြယ်လှယ်ခြင်းကို ခံကြရကြသည်။ ၎င်းတို့၏အိမ်ထဲသို့ ဝင်ရောက်သည့်အခါ၊ အေးစိမ့်သောလေသည် ခြောက်သွေ့သော အကိုင်းအခက်များကိုဖြတ်လျက် ရှီကနဲအသံပြုနေရင်း၊ ခြံဝိုင်းမှာ အေးစက်ကာ အထီးကျန်နေ၏။ “နေထိုင်သည့်နေရာ” သို့ တံခါးကို ဖွင့်လိုက်သည့်အခါ၊ အခန်းသည် ပိန်းပိတ်အောင် မှောင်မိုက်နေ၏။ သင်သည်လက်ကို ဆန့်တန်း၍ လက်ချောင်းများကို မမြင်ရပေ။ တံခါးရှိ အက်ကြောင်းတစ်ခုမှ အလင်းရောင် အနည်းငယ် စိမ့်ဝင်လာသောကြောင့် အခန်းကို သာ၍ပင် မည်းမှောင်ကာ ဆိုးရွားသည်ဟု ခံစားရစေ၏။ ရံဖန်ရံခါ ကြွက်များသည် ပျော်ပွဲရွှင်ပွဲများ လုပ်နေသည့်အလား ထူးခြားသော ကျွိကနဲမြည်သံများကို ထုတ်ကြ၏။ အခန်းတွင်းရှိ အရာခပ်သိမ်းသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းနေကာ ကြောက်မက်ဖွယ်ကောင်းနေ၏။ အခေါင်းအတွင်းသို့ ခုလေးတင် အထည့်ခံရသော တစ်စုံတစ်ဦး နေထိုင်လေ့ရှိခဲ့သည့် အိမ်တစ်အိမ်အလား ဖြစ်၏။ အိပ်ရာ၊ ဂွမ်းစောင်များနှင့် အခန်းတွင်းရှိ ထူးခြားမှုမရှိသော ဗီရိုကလေးအားလုံးသည် ဖုန်များဖုံးအုပ်လျက် မြေပြင်ပေါ်၌ ခွေးခြေလေးများ အချို့သည် ၎င်းတို့၏အစွယ်များထုတ်လျက် ၎င်းတို့၏လက်သည်းများကို ဝှေ့ယမ်းပြီး၊ ပင့်ကူအိမ်များသည် နံရံများပေါ်တွင် တွဲလွဲကျလျက်ရှိကြ၏။ စားပွဲတစ်လုံးပေါ်တွင် မှန်တစ်ချပ်တင်ထားလျက် ၎င်း၏ဘေးတွင် သစ်သားဘီးတစ်ချောင်း ရှိ၏။ မှန်ဆီသို့ လမ်းလျှောက်လျက် သင်သည် ဖယောင်းတိုင် တစ်တိုင်ကို ကောက်ယူကာ မီးထွန်းလိုက်၏။ လူတို့သည် ဂူသင်္ချိုင်းအတွင်းမှ ခုတင်ထွက်လာခဲ့သည့် ပုံပေါက်ရန် ၎င်းတို့၏ပုံရိပ်များတွင်၂ “မိတ်ကပ်” တစ်မျိုးဖန်တီးနေလျက် မှန်တွင် ဖုန်များဖုံးအုပ်လျက်ရှိသည်ကို သင်တွေ့ရ၏။ ဘီးသည် ဆံပင်များနှင့်ပြည့်နေ၏။ ဤအရာအားလုံးသည် ဟောင်းနွမ်း၍ ကြမ်းတမ်းနေကာ ခုလေးတင် သေဆုံးသွားသော တစ်စုံတစ်ဦးမှ ခုလေးတင်အသုံးပြုပြီးသည့်ပုံ ပေါက်နေသည်။ ဘီးကို ကြည့်ရသည်မှာ ဘေးတစ်ဘက်စောင်း၍ လဲလျောင်းနေသော လူသေအလောင်းတစ်ခုကဲ့သို့ ခံစားရ၏။ ဘီးထဲရှိ သွေးလည်ပတ်မှု ရှိမနေသော ဆံပင်များနှင့်စပ်လျဉ်းသည် ယင်းတို့နှင့်ပတ်သက်သည့် သေခြင်းရနံ့ရှိနေ၏။ တစ္ဆေတစ်ကောင်သည် အခန်းတွင်နေထိုင်ရန် ပြန်လာလျက်၊ အက်ကြောင်းမှတစ်ဆင့် တိုးညှစ်ဝင်နေသည့်အလား အေးစိမ့်သောလေသည် တံခါးထဲက အက်ကြောင်းကို ဖြတ်သန်း ဝင်ရောက်နေသည်။ အခန်းအနှံ့ ဖိစီးနေသောအေးစိမ့်မှုတစ်ရပ်ရှိနေကာ ရုတ်တရက် ပုပ်သိုးနေသောအလောင်းကောင်၏ ရနံ့ဆိုးတစ်ခုရှိပြီး ဤအခိုက်အတန့်တွင် ရောထွေးနေသောအရာများ နံရံအနှံ့ ချိတ်ဆွဲထားသည်ကို တွေ့နိုင်၏။ ကုတင်ပေါ်တွင် ဖရိုဖရဲဖြစ်နေကာ ညစ်ပေ၍နံစော်နေသော မွေ့ရာနှင့် အိပ်ရာခင်းရှိ၏၊ ထောင့်တွင် အစေ့အဆန်ရှိ၏၊ ဗီရိုသည် ဖုန်တက်နေ၏၊ ကြမ်းပြင်သည် သစ်ခက်များနှင့် အညစ်အကြေး စသည်တို့ဖြင့် ဖုံးလွှမ်းနေသည်မှာ သေသူတစ်ဦးက ရှေ့သို့ ဒယီးဒယိုင်သွားရင်း၊ သွားများကြိတ်လျက် လေကိုကုတ်ခြစ်နေရင်း၊ ခုလေးတင် ယင်းတို့ကို အသုံးပြုပြီးသည့်အလား ဖြစ်သည်။ ယင်းသည် သင့်ကို ကျောချမ်းစေလောက်သည်။ အခန်းထဲတွင် မည်သည့်နေရာတွင်မျှ အသက် စိုးစဉ်းမျှ မရှိ၊ အားလုံးသည် ဘုရားသခင် ပြောထားသည့် မရဏနိုင်ငံနှင့်ငရဲကဲ့သို့ မှောင်မိုက်ကာ စိုထိုင်းနေ၏။ ဆေးမသုတ်ထားသော ဗီရို၊ ခွေးခြေများ၊ ပြတင်းပေါက်ဘောင်များနှင့် တံခါးများသည် ဝမ်းနည်းပူဆွေးခြင်း ဝတ်စုံကို ဆင်မြန်းကာ သေသူကို တိတ်ဆိတ်စွာ ဂုဏ်ပြုနေရင်း၊ ဤသည်မှာ လူသားတစ်ဦး၏ ဂူသင်္ချိုင်းအတိုင်းသာ ဖြစ်သည်။ လူသားသည် ဤမြေအောက်ကမ္ဘာတွင် စောစောထွက်သွားပြီး နောက်ကျပြန်လာလျက် နေထိုင်နေခဲ့သည်မှာ ဆယ်စုနှစ်အချို့၊ ရာစုနှစ်အချို့ သို့မဟုတ် ထောင်စုနှစ်အချို့ပင် ရှိပြီဖြစ်သည်။ ၎င်းတို့သည် ကြက်ဖများတွန်နေချိန် ဦးဆုံးသောအလင်းရောင်၌ ၎င်းတို့၏ “ဂူသင်္ချိုင်း” မှ ထွက်လာကာ ကောင်းကင်သို့ မော်ကြည့်လျက်နှင့် မြေကြီးကို တစ်ချက်ကြည့်ရင်း၊ ၎င်းတို့၏ တစ်နေ့တာလှုပ်ရှားမှုများကို စတင်၏။ တောင်များနောက်သို့ နေကျဆင်းသည့်အခါ ထိုသူတို့သည် ၎င်းတို့၏မောပန်းနေသော ခန္ဓာကိုယ်ကို “ဂူသင်္ချိုင်း” သို့ပြန်ဆွဲလာကြ၏၊ ၎င်းတို့၏ဗိုက်ကို ၎င်းတို့ဖြည့်ပြီးချိန်တွင် နေဝင်ဆည်းဆာ ဖြစ်နေလေပြီ။ ထို့နောက် နက်ဖြန်ခါတွင် “ဂူသင်္ချိုင်း”မှ တစ်ဖန်ထွက်ခွာသွားရန်အတွက် ၎င်းတို့ ပြင်ဆင်မှုများ ပြုလုပ်အပြီး မီးစုန်းတောက်သည့် မီးများ၏တောက်ပမှု ထုတ်လွှတ်နေပုံရသည့် အလင်းရောင်ကို ငြိမ်းသတ်လိုက်ကြ၏။ ဤအချိန်တွင် လရောင်အောက်၌ မြင်တွေ့နိုင်သည့်အရာအားလုံးမှာ တောင်ပူစာငယ်လေးများကဲ့သို့ နေရာတိုင်းတွင် ပျံ့နှံ့လျက်ရှိသော အုတ်ဂူအပုံများသာဖြစ်သည်။ “ဂူသင်္ချိုင်းများ” အတွင်းမှ တက်လိုက်၊ ကျလိုက်ဖြင့် ရံဖန်ရံခါဟောက်သံများ ပေါ်ထွက်၏။ လူတို့အားလုံး လဲလျောင်း၍ အိပ်မောကျနေကြကာ ညစ်ပေသောနတ်ဆိုးများနှင့် တစ္ဆေတို့အားလုံးသည်လည်း အေးချမ်းစွာ အနားယူနေကြပုံရသည်။ ရံဖန်ရံခါ ဝေးလံသောနေရာမှ ကျီးကန်းများ အော်မြည်နေသံကို ကြားရ၏။ ဤကဲ့သို့ ငြိမ်သက်၍ တိတ်ဆိတ်နေသောညတွင် ဝမ်းနည်းဖွယ် ဤအော်မြည်သံများသည် သင်၏ ကျောရိုးတစ်လျှောက် ကျောချမ်းကာ ဆံပင်ထောင်စေလောက်သည်...။ ထိုသို့သော ဝန်းကျင်များတွင် ၎င်းတို့သည် သေခြင်းနှင့် ပြန်လည်မွေးဖွားခြင်းတို့ဖြင့် နှစ်ပေါင်းမည်မျှ ကုန်လွန်ခဲ့သည်ကို မည်သူမျှမသိပေ။ ၎င်းတို့သည် လူများနှင့် တစ္ဆေများ ရောနှောသည့် လူ့လောကတွင် ဆက်လက်ရှိနေခဲ့သည်မှာ မည်မျှကြာပြီကို မည်သူမျှ မသိပေ။ ထို့ထက်ပို၍ ၎င်းတို့သည် လောကကို နှုတ်ဆက်ခဲ့သည့်အကြိမ်ရေ မည်မျှရှိသည်ကိုလည်း မည်သူမျှမသိပေ။ ဤမြေကြီးပေါ်ရှိငရဲ၌ လူသားတို့သည် ပျော်ရွှင်သော အသက်တာများနေထိုင်လျက် စောဒကတက်စရာစကား တစ်လုံးမျှမရှိသည့်အလား ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသူတို့သည် ကာလကြာမြင့်ချိန်ကတည်းက မရဏနိုင်ငံရှိ ဘဝတွင် နေသားကျသွားပြီးဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ညစ်ညမ်းသောနတ်ဆိုးများနေထိုင်ရာ ဤနေရာ၏ ဆွဲဆောင်မှုခံရသည်မှာ ညစ်ညမ်းသည့်နတ်ဆိုးများသည် ၎င်းတို့၏မိတ်ဆွေများနှင့် အဖော်များဖြစ်သည့်အလား၊ လူ့လောကသည် လူရမ်းကားအုပ်စုတစ်စု၂ အလားဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသား၏မူလအနှစ်သာရသည် ကာလကြာမြင့်ချိန်ကတည်းက လေသံတစ်ချက်မရှိဘဲ ပျောက်ကွယ်သွားပြီးဖြစ်ကာ၊ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားပြီး ဖြစ်သည်။ လူတို့၏အသွင်သည် ယင်းနှင့်ပတ်သက်၍ ညစ်ပေသောနတ်ဆိုးနှင့်သက်ဆိုင်သော တစ်စုံတစ်ရာ ရှိပုံရ၏၊ ထိုထက်ပို၍ ၎င်းတို့၏လုပ်ဆောင်မှုများသည် ညစ်ပေသော နတ်ဆိုးများ၏ အခြယ်လှယ်ခံနေရသည်။ ယနေ့ ထိုသူတို့သည် ညစ်ပေသော နတ်ဆိုးများမှ မွေးဖွားခဲ့သည်အလား ညစ်ပေသောနတ်ဆိုးများနှင့်မခြားတူ၏။ ထို့အပြင် လူတို့သည် ၎င်းတို့၏ ဘိုးဘွားဘီဘင်တို့ကို ထူးကဲစွာချစ်ကြ၍ ထောက်ပံ့ကြ၏၊ လူသားသည် စာတန်၏ ဖိနှိပ်ခံရလွန်းသဖြင့် ၎င်းတို့သည် တောင်များပေါ်ရှိ မျောက်ဝံများကဲ့သို့ ဖြစ်လာခဲ့သည်မှာ ကာလမည်မျှ ကြာမြင့်ခဲ့ပြီကို မည်သူမျှမသိပေ။ ၎င်းတို့၏ နီနေသော မျက်လုံးများသည် တောင်းပန်တိုးရှိုးသော အကြည့်ရှိနေကာ ၎င်းတို့မှထွန်းလင်းသော မီးရောင်မှိန်မှိန်ထဲတွင် ညစ်ပေသောနတ်ဆိုးတစ်ပါး၏ အန္တရာယ်ရှိသောမလိုတမာစိတ် အကြွင်းအကျန်ရေးရေး ရှိနေသည်။ ၎င်းတို့၏မျက်နှာများသည် အရေးအတွန့်များနှင့် ဖုံးလွှမ်းနေလျက် ထင်းရှူးပင်တစ်ပင်၏ အခေါက်ကဲ့သို့ အက်နေကာ၊ ၎င်းတို့၏ပါးစပ်များသည် ရှေ့သို့ငေါထွက်နေသည်မှာ စာတန်မှပုံသွင်းထားသည့်အလားဖြစ်၏၊ ၎င်းတို့၏နားများသည် အတွင်းအပြင် ချေးညော်များလိမ်းထားပြီး ၎င်းတို့၏ကျောများ ကုန်းနေကာ၊ ၎င်းတို့၏ခြေထောက်များသည် ၎င်းတို့၏ခန္ဓာကိုယ်များအား ထောက်ပင့်ထားရန် ရုန်းကန်ကြ၍ အရိုးကဲ့သို့သော ၎င်းတို့၏လက်များသည် ရှေ့နောက် စည်းချက်ကျကျ လွှဲကြ၏။ ယင်းသည် ၎င်းတို့မှာ အရိုးနှင့်အရေမျှသာ ဖြစ်သည့်အလားဖြစ်၏၊ သို့ဖြစ်လင့်ကစား ၎င်းတို့သည် တောင်ဝက်ဝံတမျှ ဝဖြိုးကြ၏။ အတွင်းနှင့်အပြင် ၎င်းတို့သည် ရှေးကာလများက လူဝံတစ်ကောင်ကဲ့သို့ ပြင်ဆင်ဝတ်စားထားသည်မှာ ယနေ့ ဤလူဝံတို့သည် ခေတ်သစ်လူသား ပုံသဏ္ဌာန်သို့ အပြည့်အဝ မပြောင်းလဲ၃ ရသေးသည့်အလားဖြစ်၏၊ ထိုသူတို့သည် ခေတ်နောက်ကျလိုက်လေတကား။
လူသားသည် တိရစ္ဆာန်များနှင့် ယှဉ်တွဲလျက် အသက်ရှင်ကာ အငြင်းပွားခြင်းများ၊ စကားများခြင်းများ မရှိဘဲ သဟဇာတရှိစွာ ပလဲနံပသင့်ကြသည်။ လူသားသည် တိရစ္ဆာန်များအတွက် ၎င်း၏ဂရုစိုက်မှုနှင့် စိုးရိမ်ပူပန်မှုတွင် စေ့စပ်ကာ၊ တိရစ္ဆာန်များသည် ၎င်းတို့ကိုယ်တိုင်၏ အကျိုးအမြတ် တစ်စုံတစ်ရာမျှ မရှိဘဲနှင့်၊ လူသားအား ပြီးပြည့်စုံပြီး လုံးဝဥဿုံဖြစ်သော နာခံမှုဖြင့်၊ လူသား၏ရှင်သန်ရေးအတွက်၊ အတိအကျအားဖြင့် သူ၏အကျိုးကျေးဇူးအတွက် တည်ရှိပေသည်။ ကြည့်ရသည်မှာ၊ လူသားနှင့် သားရဲကြားဆက်ဆံရေးသည် ရင်းနှီးကာ၄ သဟဇာတဖြစ်သော၅ ဆက်ဆံရေးတစ်ခု ဖြစ်ကာ- ညစ်ပေသော မကောင်းဆိုးဝါးများသည် လူသားနှင့်သားရဲတို့၏ စုံလင်သော ပေါင်းစပ်မှု ဖြစ်ပုံရသည်။ သို့ဖြစ်၍ ကမ္ဘာမြေကြီးပေါ်ရှိ လူသားနှင့်ညစ်ပေသော မကောင်းဆိုးဝါးများသည် သာ၍ပင်ရင်းနှီးကာ ခွဲခြား၍မရပေ။ ညစ်ပေသော မကောင်းဆိုးဝါးများနှင့် ဝေးကွာနေသော်လည်း၊ လူသားသည် ၎င်းတို့နှင့် ဆက်နွှယ်နေလျက်ရှိသည်။ ထိုအတောအတွင်းတွင်၊ ညစ်ပေသော မကောင်းဆိုးဝါးများသည် လူသားထံမှ မည်သည့်အရာမျှ ထိန်ချန်ထားခြင်းမရှိသကဲ့သို့၊ ၎င်းတို့၌ ရှိသမျှကို လူသားများအဖို့ “ပေးအပ်မြှုပ်နှံထား” ၏။ ယနေ့တွင် လူတို့သည် ချေးညော်များထူထဲစွာ ဖုံးသွားကာ မရဏနိုင်ငံတွင် အချိန်များစွာ ကုန်လွန်ပြီးနောက် အချိန်ကြာမြင့်စွာကတည်းက “ရှင်သန်သူတို့၏လောက” သို့ပြန်သွားလိုစိတ် မရှိတော့ရန်အလို့ငှာ၊ နေ့စဉ် လူတို့သည် (၎င်းတို့၏ဘိုးဘေး) “ငရဲမင်း” ၏ အဖော်ပြုမှုတွင် မြူးတူးနေရင်းနှင့် ၎င်း၏ခြယ်လှယ်ခြင်းကို ခံနေရရင်း၊ “ငရဲမင်း၏နန်းတော်” ၌ နေ့စဉ် ခုန်ပေါက်မြူးတူးကြလေသည်။ ထို့ကြောင့် အလင်းကိုမြင်ကာ ဘုရားသခင်၏တောင်းဆိုချက်များ၊ ဘုရားသခင်၏စရိုက်လက္ခဏာနှင့် သူ၏အမှုကို ရှုမြင်သည်နှင့် ၎င်းတို့သည် မြေအောက်လောကကို ပြန်သွားကာ တစ္ဆေများနှင့် နေထိုင်ရန် တမ်းတနေသေးရင်း၊ အထိတ်တလန့်ဖြစ်ကာ စိုးရိမ်ပူပန်ကြလေသည်။ ကာလကြာမြင့်စွန်ကာ ၎င်းတို့သည် ဘုရားသခင်အား မေ့သွားခဲ့သဖြင့် သုသာန်တွင် လှည့်လည်သွားလာဖူးကြပေသည်။ ငါသည် လူတစ်ဦးနှင့် တွေ့သည့်အခါ သူနှင့်စကားပြောရန် ငါကြိုးစပြီး၊ ဤအချိန်မှသာ ငါ့ရှေ့မှောက် ရပ်နေသောသူသည် လူလုံးဝမဟုတ်သည်ကို တွေ့ရှိရသည်။ သူ၏ဆံပင်သည် ဖုတ်သိုက်ဖြစ်ကာ မျက်နှာသည် ညစ်ပေလျက် သူ၏သွားဖြီးထားသည့် အပြုံးသည် ဝံပုလွေနှင့် တစ်စုံတစ်ရာတူ၏။ ထို့ကြောင့် သူသည် ဂူသင်္ချိုင်းမှ ခုလေးတင် ထွက်လာကာ သက်ရှိလောက၏လူသားကို မြင်ခဲ့သည့် တစ္ဆေတစ်ကောင်၏ ကိုးရိုးကားရားအဖြစ်လည်း ရှိပုံရ၏။ ဤလူသည် သူ၏နှုတ်ခမ်းများကို အပြုံးအဖြစ်သို့ ပုံဖော်ရန် အစဉ်ကြိုးပမ်းနေ၏။ ယင်းမှာ မသိမသာအန္တရာယ်ပြုမည့်ပုံနှင့် အန္တရာယ်ပြုမည့်လက္ခဏာပါ ရှိနေပုံရ၏။ သူငါ့ကို ပြုံးပြသည့်အခါတွင် သူသည် တစ်စုံတစ်ရာ ပြောစရာရှိသော်လည်း စကားလုံး ရှာမရသည့်ပုံ ဖြစ်သဖြင့် သူမ လုပ်နိုင်သမျှမှာ ဘာမျှသိပုံမရသကဲ့သို့ နုံအနေပုံပေါက်ရင်း တစ်ဖက်တွင် ရပ်ရန်သာ ဖြစ်သည်။ အနောက်မှ မြင်ရသည့်အခါ၊ သူသည် “အားစိုက်ကြိုးပမ်းသော တရုတ်လူမျိုးများ၏ ကြီးမြတ်သောပုံရိပ်” ရှိပုံရ၏။ ဤအခိုက်အတန့်များတွင် သူသည် လူတို့ပြောကြသည့် ဒဏ္ဍာရီပုံပြင်ထဲမှ အတိတ်က ယန်ဝှမ်ယန်ဝမ်၏ သားစဉ်မြေးဆက်များ၏ ပုံရိပ်ကို သတိရစေလျက်၊ သာ၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းပုံရ၏။ ငါသည် သူ့အား မေးသည့်အခါ သူသည် တိတ်ဆိတ်စွာ ခေါင်းငုံ့၏။ အချိန်ကြာပြီးမှ သူပြန်ဖြေကာ၊ ဖြေသည့်အခါတွင်လည်း သူသည် လွန်စွာရှက်ကြောက်နေ၏။ လက်များကို တည်ငြိမ်စွာမထားနိုင်သကဲ့သို့ လက်ချောင်းနှစ်ချောင်းကို ကြောင်တစ်ကောင်ကဲ့သို့ စုပ်၏။ လူသား၏လက်များသည် အရောင်အဆင်းပြောင်းလွန်းသဖြင့် အဖြူရောင်ဖြစ်ရမည်မှန်းကိုပင် မည်သည့်အခါမျှ သိမည်မဟုတ်သော အညစ်အကြေးများဖြင့် ထူထဲစွာခံထားသည့် မညီမညာ လက်သည်းများဖြင့် အမှိုက်များအကြား ခုလေးတင် ကောက်ယူနေခဲ့ပုံပေါက်ကြောင်း ယခုမှ ငါသဘောပေါက်မိသည်။ သာ၍ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်မှာ ၎င်းတို့၏လက်ဖမိုးများသည် အမွေးနုတ်ထားခါစ ကြက်တစ်ကောင်၏ အရေပြားနှင့်တူခြင်း ဖြစ်၏။ ၎င်းတို့၏လက်များကန့်လန့်ဖြတ်လျက်ရှိသော အရေးအကြောင်းများ အားလုံးနီးပါးသည် လူသား၏သွေးနှင့်ချွေးနှင့်လုပ်အား၏ အဖိုးအခဖြင့် စိမ့်ဝင်ပြည့်လျှမ်းလျက်ရှိပြီး တစ်ခုစီအတွင်းတွင် အညစ်အကြေးနှင့်တူသော တစ်စုံတစ်ရာရှိနေပြီး “မြေသင်းနံ့” ထွက်နေပုံရကာ လူသား၏ဒုက္ခခံခြင်းစိတ်ဓာတ်၏ အဖိုးတန်မှုနှင့် ချီးကျူးထိုက်မှုကို ကိုယ်စားပြုရန်သာ၍ကောင်း၏။ ဒုက္ခခံခြင်းစိတ်ဓာတ်သည် လူသား၏လက်များပေါ်ရှိ အရေးအကြောင်းတစ်ခုစီအတွင်း နက်ရှိုင်းစွာ မြှုပ်ဝင်နေခဲ့ရန်ပင်ဖြစ်သည်။ ဦးခေါင်းမှသည် ခြေချောင်းအထိ လူသားဝတ်သည့် အဝတ်အစားသည် တိရစ္ဆာန်၏သားရေခွံနှင့် တစ်ခုမျှ မတူပေ၊ ၎င်းတို့သည် “ဂုဏ်အသရေ” အလွန်တရာရှိသော်လည်း အမှန်စင်စစ်တွင် ၎င်းတို့၏တန်ဖိုးမှာ မြေခွေး၏သားမွေးထက်ပင် နည်းပါးကာ ဒေါင်းမွေးတစ်ချောင်းထက် သာ၍ပင်နည်းသည်ကို ၎င်းတို့လုံးဝမသိကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏အဝတ်အစားသည် ၎င်းတို့ကို ကာလကြာမြင့်ချိန်ကတည်းက အကျည်းတန်စေခဲ့သည်မှာ ၎င်းတို့သည် ဝက်နှင့်ခွေးထက် သာ၍အကြည့်ဆိုး၏။ သူ၏ မလုံ့တလုံ အင်္ကျီသည် ကျောတစ်ဝက် တွဲလွဲကျနေကာ ကြက်အူများကဲ့သို့သော သူ၏ ဘောင်းဘီခြေထောက်များသည် သူ၏အကျည်းတန်မှုကို တောက်ပသော အလင်းရောင်သို့ ဖော်ပြ၏။ ၎င်းတို့သည် တို၍ကျဉ်းမြောင်းကာ သူ၏ခြေထောက်များသည် ကာလကြာမြင့်ပြီကတည်းက စည်းနှောင်မထားကြောင်း ပြရန်အတွက် ဖြစ်သကဲ့သို့ ဖြစ်၏။ ၎င်းတို့သည် ခြေထောက်ကြီး၍ လူ့အဖွဲ့အစည်းဟောင်း၏ “သုံးလက်မ ရွှေကြာပန်းများ” မဟုတ်တော့ပေ။ ဤလူ၏ အဝတ်အစားသည် အနောက်တိုင်းဆန်လွန်းသော်လည်း အပေါစားလည်း ဆန်လွန်းသည်။ ငါသည် သူနှင့်တွေ့သည့်အခါ သူသည် အစဉ်ပင်ရှက်နေ၍ သူ၏မျက်နှာသည် ကြက်သွေးရောင်နီရဲသွားကာ သူသည် ညစ်ညမ်းသော နတ်ဆိုးများ၏ နင်းခြေခံခဲ့ရသည့်အလား လုံးဝခေါင်းမဖော်နိုင်ဘဲ လူတို့၏မျက်နှာကို ကြည့်နိုင်စွမ်း မရှိတော့ပေ။ လူသား၏မျက်နှာကို ဖုန်များလွှမ်းထား၏။ ကောင်းကင်မှကျလာခဲ့သော ဤဖုန်သည် လူသား၏မျက်နှာအားလုံးပေါ် မတရားကျပုံရကာ ၎င်းကို စာကလေး၏အမွေးနှင့် တူနေစေ၏။ လူသား၏မျက်လုံးများသည် သေးငယ်၍ ခြောက်သွေ့ကာ တောက်ပမှုမရှိဘဲ စာကလေး၏မျက်လုံးများကဲ့သို့လည်း ဖြစ်၏။ ၎င်းတို့စကားပြောသည့်အခါ ၎င်းတို့၏စကားသည် အထစ်ထစ်အငေါ့ငေါ့နှင့် ဝေ့လည်ကြောင်ပတ်ဖြစ်ကာ စက်ဆုပ်ဖွယ်ရာနှင့် ရွံစရာကောင်းနေလေ့ရှိ၏။ သို့ရာတွင် ထိုကဲ့သို့သောလူတို့ကို များစွာတို့က “နိုင်ငံ၏ကိုယ်စားလှယ်များ” အဖြစ် ချီးကျူးကြ၏။ ဤသည်မှာ ရယ်စရာတစ်ခု မဟုတ်လော။ လူတို့သည် မရဏနိုင်ငံနှင့် ငရဲတို့တွင် နေထိုင်သောဘဝမှ လွတ်မြောက်နိုင်ရေးအတွက် ဘုရားသခင်သည် လူတို့ကို ပြောင်းလဲလို၏၊ ကယ်တင်လိုကာ သေခြင်း၏ဂူသင်္ချိုင်းမှ ကယ်ဆယ်လို၏။
အောက်ခြေမှတ်စု(များ)-
၁။ “အာဖရိကလူမည်းများ”သည် မျိုးဆက်များစွာ ကျွန်ဖြစ်ကြရပြီးဖြစ်သည့် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသော လူမည်းများကို ရည်ညွှန်းသည်။
၂။ “လူရမ်းကားအုပ်စုတစ်စု”သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် လူသားမျိုးနွယ်အလယ် သန့်ရှင်းသော လူသားများ မရှိပုံကို ရည်ညွှန်းသည်။
၃။ “ပြောင်းလဲ” ဆိုသည်မှာ လူဝံများ၏ ယနေ့လူတို့ပုံသဏ္ဌာန်သို့ “ဆင့်ကဲတိုးတက်ပြောင်းလဲခြင်း” ကို ရည်ညွှန်း၏။ ရည်ရွယ်ချက်မှာ သရော်ခြင်း ဖြစ်၏။ အကယ်စင်စစ်၊ ရှေးဟောင်း လူဝံများသည် မတ်မတ်လမ်းလျှောက်သည့် လူများအဖြစ်သို့ ပြောင်းလဲသွားခြင်းတည်းဟူသော သဘောတရားတစ်ခုကဲ့သို့သော အရာမရှိပေ။
၄။ “ရင်းနှီး” ကို သရော်သည့်အနေဖြင့် သုံးထားခြင်းဖြစ်၏။
၅။ “သဟဇာတဖြစ်သော”ကို သရော်သည့်အနေဖြင့် သုံးထားခြင်းဖြစ်၏။
က။ မူရင်းစာသားတွင် “သူ” ဟုရေးသားသည်။
ခ။ မူရင်းစာသားတွင် “လူတို့၏မျက်နှာများ” ဟုရေးသားသည်။
ဂ။ “ယန်” နှင့် “ဝှမ်” တို့သည် တရုတ်နိုင်ငံ၏ ပထမဦးဆုံး ယဉ်ကျေးမှု ဖြစ်ထွန်းစေသူများအကြား ဒဏ္ဍာရီလာ ဧကရာဇ်မင်းနှစ်ပါးတို့၏ အမည်များဖြစ်ကြသည်။ “ယန်ဝမ်” သည် “ငရဲမင်း” အတွက် တရုတ်အမည်ဖြစ်သည်။ “ယန်ဝှမ်” နှင့် “ယန်ဝမ်” တို့သည် မန်ဒရင်းဘာသာစကားဖြင့် အသံထွက်သည့်အခါ အသံတူ အရေးကွဲ၊ အနက်ကွဲစကားလုံးများ ဖြစ်လုနီးဖြစ်သည်။