အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)

လူသားသည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်နှင့်အညီ စစ်မှန်စွာ ဝင်ရောက်နိုင်ပါက၊ သူ၏ဘဝသည် နွေဦးမိုးရွာပြီးနောက် မျှစ်စို့ပေါက်လာသကဲ့သို့၊ လျင်မြန်စွာ ပေါက်ရောက်လိမ့်မည်။ လူအများစု၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုမှ အကဲဖြတ်ခြင်းအရ၊ လူတို့သည် ဘဝကို အရေးကြီးသည်ဟု အလေးမထားကြပေ၊ ယင်းအစား အရေးပါမှု ရှိပုံမရသည့် ကိစ္စအချို့ကိုသာ အလေးပေးကြ၏။ သို့မဟုတ်ပါက ၎င်းတို့သည် ရောက်တတ်ရာရာနှင့် ကြုံရာကျပန်း ပရမ်းပတာနိုင်သော ပုံစံဖြင့် အလုပ်လုပ်ရင်း၊ မည်သူ့အတွက်ဆိုသည်ကို သိဖို့မဆိုထားနှင့်၊ မည်သည့်ဦးတည်ရာသို့ သွားရမည်မှန်းကိုပင် မသိဘဲ၊ ဟိုဟိုသည်သည် ပြေးလွှားကြလေသည်။ ၎င်းတို့သည် “မိမိတို့ကိုယ်ကိုယ် နှိမ့်ချစွာ ဖုံးကွယ်နေကြခြင်း” သာဖြစ်သည်။ အမှန်တရားမှာ သင်တို့ထဲမှ အနည်းငယ်သည် နောက်ဆုံးသောကာလ အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များ နှင့်ပတ်သက်၍ မည်သည့် အရာကိုမဆို သိကြ၏။ ဘုရားသခင်၏ ခြေရာကိုသိသူ သင်တို့ထဲမှ တစ်ဦးတစ်လေ အနိုင်နိုင်ရှိသော်လည်း၊ သာ၍ပင်ဆိုးသည်မှာ ဘုရားသခင်၏ နောက်ဆုံးပြီးမြောက် အောင်မြင်ခြင်းသည် မည်သည့်အရာ ဖြစ်မည်ကို မည်သူမျှ မသိပေ။ သို့သော် အင်မတန် စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် ခံနိုင်ရည်တို့မှတစ်ဆင့်၊ အယောက်တိုင်းသည် ၎င်းတို့၏ အောင်ပွဲခံမည့် အချိန်နာရီကို စောင့်မျှော်ခြင်းဖြင့် အကြောအချဉ်များကို ဆန့်နေပြီး၊ တိုက်ပွဲတစ်ခုအတွက် အဆင်သင့်ပြင်နေသည့်အလ အခြားသူများ၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ကြုံနေကြရ၏။ လူသားမျိုးနွယ်အလယ်ရှိ ဤ “ထူးဆန်းသော မြင်ကွင်းများ” အပေါ် ငါသည် မည်သည့် ရှင်းလင်းဝေဖန်ချက်ကိုမျှ ပေးမည် မဟုတ်သော်လည်း၊ သင်တို့အားလုံး နားလည်ရမည့် အချက်တစ်ချက် ရှိ၏။ ယခု လူအများစုသည် မူမမှန်မှု ဆီသို့ တိုးတက်နေကြပြီး၊ ၎င်းတို့၏ ဝင်ရောက်မှု ခြေလှမ်းများသည် လမ်းဆုံးတစ်ခ ဆီသို့ ချီတက်နေကြပေသည်။ ယင်းကို လွတ်လပ်မှု နယ်ပယ်အဖြစ် ယုံကြည်ရင်း၊ လူသားက တောင့်တသည့် လူ့လောက အပြင်ဖက်ရှိ စိတ်ကူးယဉ်လောကတစ်ခု ဖြစ်သည်ဟု ထင်သောသူ များစွာ ရှိနိုင်သည်၊ သို့သော် အမှန်တွင် မဟုတ်ပေ။ သို့မဟုတ် လူတို့သည် လမ်းလွဲသွားနှင့်ပြီးဖြစ်သည်ဟု ဆိုကောင်း ဆိုနိုင်ပေမည်။ သို့ရာတွင် လူတို့မည်သည့်အရာကို လုပ်ဆောင်နေသည် ဖြစ်စေ၊ လူသားအနေဖြင့် ဝင်ရောက်သင့်သည့်အရာ မည်သည့်အရာ ဖြစ်သည့်အကြောင်းကို ငါပြောလိုသေး၏။ လူအမြောက်အမြားတို့၏ ကောင်းကျိုးများနှင့် အားနည်းချက်များသည် ဤဟောပြောချက်၏ အဓိကအကြောင်းအရာ မဟုတ်ပေ။ အသင် ညီအစ်ကိုမောင်နှမ အားလုံးသည် ငါ၏နှုတ်ကပတ်တော်များကို မှန်ကန်သည့်နည်းလမ်းဖြင့် ရရှိနိုင်ပြီး ငါ၏ရည်ရွယ်ချက်ကို နားလည်မှုလွဲလိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။

ဘုရားသခင်သည် တရုတ်ပြည်မတွင် သို့မဟုတ် ဟောင်ကောင်နှင့် ထိုင်ဝမ်ရှိ တစ်နယ်တည်းသားများ၏ စကားများအရ “ကုန်းတွင်းပိုင်း” တွင် လူ့ဇာတိခံယူ၏။ ဘုရားသခင်သည် အထက်ကောင်းကင်မှ မြေကြီးသို့ ကြွလာခဲ့ချိန်တွင်၊ ဤသည်မှာ ဘုရားသခင်သည် ဖုံးကွယ်ခြင်းအောက်တွင် ပြန်ကြွလာခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်သည့်အတွက်၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ မည်သူမျှ ဤအရာကို မသိခဲ့ပေ။ သူသည် လူ့ဇာတိ၌ အချိန်ကြာမြင့်စွာ အမှုပြုကာ အသက်ရှင်နေခဲ့ပြီးဖြစ်သော်လည်း၊ မည်သူမျှ မသိကြလေပြီ။ ဤနေ့ထိတိုင်ပင် မည်သူမျှ သတိမပြုမိကြပေ။ ဤသည်မှာ ထာဝရ ပုစ္ဆာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိကောင်း တည်ရှိပေမည်။ ဤအကြိမ် ဘုရားသခင်၏ လူ့ဇာတိခံလာခြင်းသည် မည်သည့်လူကမျှ သိလာနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ဝိညာဉ်တော်၏ အလုပ် သက်ရောက်မှုသည် မည်မျှ ကျယ်ပြန့်ပြီး တန်ခိုးကြီးမားသည်ဖြစ်စေ၊ ဘုရားသခင်သည် မည်သည့်အရာကိုမျှ လုံးဝ မထုတ်ဖော်ဘဲ၊ အမြဲ မထုံတက်သေး နေလေသည်။ သူ့အမှု၏ ဤအဆင့်သည် ကောင်းကင် နယ်ပယ်တွင် ဖြစ်ပျက်နေခဲ့သည့်အလားဖြစ်သည်ဟု ဆိုနိုင်၏။ ယင်းသည် မျက်လုံးရှိသူတို့အားလုံး မြင်ရန် သိသာထင်ရှား သော်လည်း၊ ၎င်းကို မည်သူမျှသတိမပြုမိပေ။ ဘုရားသခင်သည် သူ့အမှု၏ ဤအဆင့်ကို ပြီးစီးသည့်အခါ၊ လူသားမျိုးနွယ်အားလုံးသည် ၎င်းတို့၏ ပုံမှန်သဘောထားကို ပြောင်းလဲပြီး ၎င်းတို့၏ ရှည်လျားသော အိပ်မက်မှ နိုးထကြလိမ့်မည်။ ဘုရားသခင်သည် တစ်ချိန်က၊ “လူ့ဇာတိအဖြစ် ဤတစ်ကြိမ် လာရခြင်းမှာ ကျား၏ သားရဲတွင်းထဲသို့ ကျခြင်းနှင့်အလားတူသည်။” ဟု ပြောသည်ကို ငါမှတ်မိသည်။ ဤအရာက ဆိုလိုသည်မှာ ဘုရားသခင်၏အမှု ဤအချီတွင် ဘုရားသခင် လူ့ဇာတိခံလာသည့်အပြင်၊ အဆင်းနီသော နဂါးကြီး၏ နေထိုင်ရာအရပ်တွင် မွေးဖွားလေသည်၊ ဤအကြိမ် ကမ္ဘာမြေကြီးသို့ လာခြင်းအားဖြင့် သူသည် ပြင်းထန်သော အန္တရာယ်ကို ယခင်ထက် သာ၍ပင် ရင်ဆိုင်ရသည်ဟု ဆိုလိုပေသည်။ သူ ရင်ဆိုင်ရသည့် အရာများမှာ ဓားများ၊ သေနတ်များ၊ တင်းပုတ်များနှင့် အသင်းအဖွဲ့များ ဖြစ်၏။ သူရင်ဆိုင်ရသည်မှာ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်၏၊ သူ ရင်ဆိုင်ရသည်မှာ သတ်ဖြတ်မည့်အကြံဖြင့် ပြည့်နေသည့် မျက်နှာများထားရှိသည့် လူအုပ်များ ဖြစ်ကြ၏။ သူသည် အချိန်မရွေး အသတ်ခံရမည့် အန္တရာယ် ရှိသည်။ ဘုရားသခင်သည် သူနှင့်အတူ အမျက်ဒေါသ ယူဆောင်ရင်း ကြွလာခဲ့၏။ သို့ရာတွင် သူသည် စုံလင်ခြင်းအမှုကို လုပ်ဆောင်ဖို့အလို့ငှာ ကြွလာခဲ့သည်၊ ယင်းမှာ သူသည် ရွေးနုတ်ခြင်းအမှုပြီးနောက် ဆက်လက် လုပ်ဆောင်သည့် သူ၏အမှု ဒုတိယအပိုင်းကို ဆောင်ရွက်ဖို့အလို့ငှာ သူ ကြွလာသည်ဟု ပြောရပေမည်။ သူ့အမှု၏ ဤအဆင့်အတွက် ဘုရားသခင်သည် အစွမ်းကုန်တွေးခေါ်မှုနှင့် ဂရုစိုက်ခြင်းတို့ကို ပေးအပ်မြှုပ်နှံကာ မိမိကိုယ်ကိုယ် နှိမ့်ချစွာ ကွယ်ဝှက်လျက် သူ၏ပင်ကိုလက္ခဏာကို မည်သည့်အခါမျှ ကြွားလုံးထုတ်ခြင်း မရှိဘဲ၊ စုံစမ်းနှောင့်ယှက်ခြင်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် စိတ်ကူးကြံစည်၍ရနိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုနေ၏။ လူသားကို လက်ဝါးကပ်တိုင်မှ ကယ်ဆယ်ရာတွင် ယေရှုသည် ရွေးနုတ်ခြင်းအမှုကိုသာ ပြည့်စုံစေခဲ့ခြင်း ဖြစ်သည်။ သူသည် စုံလင်စေခြင်းအမှုကို လုပ်ဆောင်နေခဲ့ခြင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏အမှု တစ်ဝက်သာ လုပ်ဆောင်လျက်ရှိခဲ့ပြီး ရွေးနုတ်ခြင်းအမှုကို ပြီးစီးခြင်းသည် သူ၏ အစီအစဉ်တစ်ရပ်လုံး၏ ထက်ဝက်သာဖြစ်သည်။ ခေတ်သစ် အစပြုတော့မည်ဖြစ်ပြီး ခေတ်ဟောင်း မှေးမှိန်သွားတော့မည် ဖြစ်သည်နှင့်အမျှ၊ ခမည်းတော် ဘုရားသခင်သည် သူ့အမှု၏ ဒုတိယအပိုင်းကို စတင်စဉ်းစားချင့်ချိန်ပြီး၊ ယင်းအတွက် စတင်ပြင်ဆင်ခဲ့၏။ နောက်ဆုံးသောကာလထဲက ဤလူ့ဇာတိခံယူခြင်းကို အတိတ်တွင် ရှင်းလင်းစွာ ပရောဖက်ပြုခဲ့ခြင်း မရှိခဲ့ပေ၊ ထိုသို့ဖြင့် ဤအကြိမ် ဘုရားသခင်၏ လူ့ဇာတိ၌ကြွလာခြင်း ဝန်းကျင်ကို တိုး၍ လျှို့ဝှက်ထားခြင်းအတွက် အခြေခံအုတ်မြစ်တစ်ခု ချနေခဲ့၏။ မိုးလင်းသည့်အခါ၊ လူသားမျိုးနွယ် အမြောက်အမြားက သတိမထားလိုက်မိဘဲနှင့်၊ ဘုရားသခင်သည် မြေကြီးပေါ်သို့ ကြွလာခဲ့ပြီး၊ လူ့ဇာတိ၌ သူ၏ဘဝကို စတင်ခဲ့၏။ လူတို့သည် ဤအခိုက်အတန့် ရောက်လာခြင်းကို မသိခဲ့ပေ။ ၎င်းတို့အားလုံး အိပ်မောကျကောင်း အိပ်မောကျနေနိုင်သည်။ ဂရုစိုက်လျက် နိုးနေသောသူ အများအပြား စောင့်ခဲ့ကောင်း စောင့်ခဲ့နေနိုင်ပြီး၊ များစွာသောသူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို တိတ်ဆိတ်စွာ ဆုတောင်းခဲ့ကောင်း ဆုတောင်းနေနိုင်သည်။ သို့ရာတွင် ဤလူများအားလုံးထဲတွင် တစ်ဦးတစ်ယောက်ကမျှ ဘုရားသခင် ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်ကို မသိခဲ့ကြချေ။ ဘုရားသခင်သည် သူ၏အမှုကို သာ၍ ချောမွေ့စွာ ဆောင်ရွက်ဖို့ အလို့ငှာနှင့် သာ၍ ကောင်းမွန်သော ရလဒ်များကို ရရှိရန်၊ ပြီးလျှင် သာ၍များပြားသော စုံစမ်းနှောင့်ယှက်ခြင်းများကိုလည်း ရှောင်ရှားရန် ဤသို့ အမှုပြုခဲ့ပေသည်။ လူ၏ နွေဦးကာလ အိပ်စက်ခြင်း အဆုံးသတ်သည့်အချိန်တွင်၊ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ် သူ၏ ခြေဦးတည့်ရာသွားခြင်းနှင့် တည်းခိုနေခြင်းဘဝကို အဆုံးသတ်လျက် ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ပြီးစီးလိမ့်မည် ဖြစ်ပြီး၊ သူသည် ထွက်ခွာလိမ့်မည်။ ဘုရားသခင်၏အမှုသည် ဘုရားသခင် ကိုယ်တိုင် ပြုမူကာ ပြောဆိုရန် လိုအပ်သောကြောင့်၊ ပြီးလျှင် လူသားအတွက် ကြားဝင်စွက်ဖက်ဖို့ မဖြစ်နိုင်သောကြောင့်၊ ဘုရားသခင်သည် အမှုကို သူကိုယ်တိုင် လုပ်ဆောင်ရန် မြေကြီးပေါ်သို့ကြွလာရန်အလို့ငှာ ပြင်းထန်သော ဆင်းရဲဒုက္ခကို ခံစားခဲ့၏။ ဘုရားသခင်၏ အမှုအတွက် လူသားသည် အစားဝင်မပေးနိုင်ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် သူ၏ စဉ်းစားတွေခေါ်မှုနှင့် ဂရုစိုက်မှုအားလုံးကို အသုံးပြုရင်း၊ ဤဆင်းရဲသောလူတစ်စု၊ နွားချေးပုံတွင် နစ်နေသော ဤလူတစ်စုကို ရွေးနုတ်ဖို့၊ သူ၏ကိုယ်ပိုင်အမှုကို လုပ်ဆောင်ရန် အဆင်းနီသောနဂါးကြီး နေထိုင်ရာ တိုင်းပြည်သို့ ကြွဆင်းလာဖို့ ကျေးဇူးတော်ခေတ်အတွင်းရှိ အန္တရာယ်များထက် အဆ ထောင်ပေါင်းများစွာ သာ၍ကြီးမားသော အန္တရာယ်များကို ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။ ဘုရားသခင် တည်ရှိခြင်းကို မည်သူမျှမသိသော်လည်း၊ ဤသည်မှာ သူ၏အမှုကို ကြီစွာ အကျိုးပြုသဖြင့် ဘုရားသခင်သည် သောကမရောက်ပေ။ အယောက်တိုင်းက လွန်လွန်ကဲကဲ စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး ဆိုးယုတ်သည်ကို ထောက်ဆလျှင်၊ ဘုရားသခင်၏တည်ရှိခြင်းကို ၎င်းတို့ မည်သို့သည်းခံနိုင်မည်နည်း။ ထိုအကြောင်းကြောင့် ကမ္ဘာမြေကြီးပေါ်သို့ ဘုရားသခင် ကြွလာပြီးသည့်နောက်တွင် သူသည် တိတ်ဆိတ်နေခြင်းဖြစ်သည်။ လူသားသည် အဆိုးရွားဆုံး ရက်စက်မှု လွန်ကဲခြင်းတွင် နှစ်မြှုပ်သည်ဖြစ်စေ၊ ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ၊ ကောင်းကင်ဘုံရှိ ခမည်းတော်က သူ့ကို အပ်နှင်းခဲ့သည့် သာ၍ကြီးမားသော စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ သူလုပ်ရန် လိုအပ်သည့် အရာကိုသာ လုပ်ဆောင်မြဲလုပ်ဆောင်နေခဲ့သည်။ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို သတိပြုမိပြီး ဖြစ်ပါသနည်း။ ခမည်းတော်ဘုရားသခင်၏ ဝန်ထုပ်အတွက် သူ၏သားထက် မည်သူက သာ၍ စာနာထောက်ထားမှုကို ပြပါသနည်း။ ခမည်းတော် ဘုရားသခင်၏အလိုကို မည်သူနားလည်နိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်သည် မကြာခဏ စိတ်ဒုက္ခရောက်ကာ မြေကြီးပေါ်ရှိ သူ၏သားသည် သူ့နှလုံးသားများ အစိတ်စိတ်အမွှာမွှာကွဲသည်အထိ ပူပင်သောကရောက်လျက်၊ ခမည်းတော် ဘုရားသခင်၏ အလိုအတွက် စဉ်ဆက်မပြတ် ဆုတောင်းပေးလေသည်။ သူ၏သားအတွက် ခမည်းတော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိသောသူ တစ်စုံတစ်လေ ရှိသလော။ ချစ်သားသည် ခမည်းတော် ဘုရားသခင်အား လွမ်းဆွတ်သည့် နှလုံးသားကို သိရှိသူ တစ်ဦးတစ်လေ ရှိပါသလော။ ကောင်းကင်နှင့်မြေကြီး နှစ်ခုအကြား ခွဲခွာနေရလျက်၊ နှစ်ဦးသားသည် ဝိညာဉ်တော်၌ တစ်ယောက်နောက်မှ တစ်ယောက် လိုက်လျက်၊ အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စဉ်ဆက်မပြတ် ငေးစိုက်ကြည့်နေကြသည်။ အို လူသားမျိုးနွယ်။ သင်သည် မည်သည့်အခါ ဘုရားသခင်၏ နှလုံးသားကို အရေးထားမည်နည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင် မည်သည့်အချိန်တွင် နားလည်မည်နည်း။ ခမည်းတော် နှင့်သားတော်တို့သည် တစ်ဦးနှင့်တစ်ဦး အမြဲ မှီခိုကြပြီးဖြစ်သည်။ သို့ဖြစ်လျှင် ၎င်းတို့သည် အထက်ကောင်းကင်၌တစ်ဦး၊ အောက်အရပ်မြေကြီး၌တစ်ဦး အဘယ်ကြောင့် ခွဲခွာရသင့်သနည်း။ ခမည်းတော်သည် သူ့သားတော်ကို ချစ်သကဲ့သို့၊ သားတော်သည်လည်း ခမည်းတော်ကို ချစ်၏။ ထိုသို့ဖြစ်လျှင် ခမည်းတော်သည် ထိုသို့သော နက်ရှိုင်းကာ နာကျင်ရသည့် တောင့်တမှုဖြင့် သားတော်ကို အဘယ်ကြောင့် စောင့်ဆိုင်းရမည်နည်း။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ခွဲခွာကောင်းခွဲခွာရပြီး မဖြစ်နိုင်သော်လည်း၊ ခမည်းတော်သည် နေ့ပေါင်းညပေါင်း မည်မျှများစွာ နာကျင်သည့် တောင့်တမှုဖြင့် တမ်းတနေခဲ့ပြီး သူ၏ချစ်သား လျင်မြန်စွာ ပြန်ကြွလာခြင်းကို မည်မျှကြာမြင့်စွာ လွမ်းဆွတ်တောင့်တနေပြီးဖြစ်သည်ကို အဘယ်သူ သိသနည်း။ သူသည် စောင့်ကြည့်သည်၊ ငြိမ်ငြိမ်သက်သက် ထိုင်ကာ စောင့်ဆိုင်းသည်။ သူ၏ချစ်သား အလျင်အမြန် ပြန်လာခြင်းအတွက် မဟုတ်သည့်အရာ မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပေ။ ကမ္ဘာမြေဆုံးတိုင် လှည့်လည် သွားလာပြီးဖြစ်သည့် သားတော် ဖြစ်သည်။ မည်သည့်အချိန်တွင် ၎င်းတို့ ပြန်ပေါင်းစည်းမည်နည်း။ တစ်ချိန်က ပြန်ပေါင်းစည်းခဲ့လျက်၊ ၎င်းတို့သည် ထာဝရကာလ အတူရှိကြမည် ဖြစ်သော်လည်း၊ အထက် ကောင်းကင်ဘုံတွင် တစ်ဦးနှင့် အောက်အရပ်မြေကြီးပေါ်တွင် တစ်ဦးရှိလျက်၊ ထောင်ပေါင်းများစွာသော သီးခြားစီနေရသည့် နေ့ညများကို သူ အဘယ်သို့ ခံနိုင်မည်နည်း။ မြေကြီးပေါ် ဆယ်စုနှစ်များသည် ကောင်းကင်ဘုံ၌ အနှစ်ထောင်ပေါင်း များစွာကဲ့သို့ဖြစ်၏။ ခမည်းတော် ဘုရားသခင်သည် အဘယ်သို့ မစိုးရိမ်ဘဲရှိနိုင်မည်နည်း။ ကမ္ဘာမြေပေါ်သို့ ဘုရားသခင် ကြွလာချိန်တွင်၊ လူသားကဲ့သို့ပင် လူ့လောက၏ မရေမတွက်နိုင်သည့် လောကဓံတရားတို့ကို ကြုံတွေ့ခံစားရသည်။ ဘုရားသခင်သည် အပြစ်ကင်းစင်သည်၊ ထို့ကြောင့် သူသည် လူသားကဲ့သို့ အလားတူ ဆင်းရဲဒုက္ခကို အဘယ်ကြောင့် ခံစားသင့်သနည်း။ ခမည်းတော် ဘုရားသခင်သည် သူ၏သားတော်ကို လွန်စွာအရေးတကြီး တောင့်တသည်မှာ အံ့သြဖွယ်မရှိပေ။ ဘုရားသခင်၏ နှလုံးသားကို အဘယ်သူ နားလည်နိုင်သနည်း။ ဘုရားသခင်သည် လူသားကို အလွန်များလှစွာ ပေး၏။ လူသားသည် ဘုရားသခင်၏နှလုံးသားကို အဘယ်သို့ အပြည့်အဝ ပြန်ဆပ်ပေးနိုင်မည်နည်း။ သို့သော် လူသားသည် ဘုရားသခင်ကို အလွန်နည်းပါးစွာ ပေးလေသည်။ ထိုအတွက်ကြောင့် ဘုရားသခင်သည် မစိုးရိမ်ဘဲ အဘယ်သို့ နေနိုင်မည်နည်း။

လူသားများ၏အရည်အသွေးသည် ညံ့ဖျင်းလွန်းပြီး ၎င်းတို့၏ စိတ်ဝိညာဉ်သည် အတော်ထုံထိုင်းနေသောကြောင့်၊ ဘုရားသခင်၏ စိတ်အခြေအနေထဲက အရေးတကြီးဖြစ်ခြင်းကို လူသားအလယ် မည်သူမျှ နားလည်ခြင်းမရှိပေ၊ ထို့ကြောင့် ၎င်းတို့ အားလုံးသည် ဘုရားသခင် လုပ်ဆောင်နေသည့်အရာကို ဂရုစိုက်ခြင်းမရှိသကဲ့သို့ အရေးစိုက်ခြင်းလည်း မရှိပေ။ ဤအကြောင်းကြောင့်၊ လူသား၏ သားရဲသဘာဝသည် အချိန်မရွေး ပေါ်ပေါက်လာနိုင်ဘိသည့်အလား၊ ဘုရားသခင်သည် လူသားနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် နေမထိထိုင်မသာ ဖြစ်နေပေသည်။ ကမ္ဘမြေပေါ်သို့ ဘုရားသခင်၏ ကြွလာခြင်းနှင့်အတူ ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်းများ လိုက်ပါလာသည်ကို ဤအရာမှ သာ၍ပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သို့သော် လူတစ်စုအား စုံလင်စေခြင်းအတွက်၊ ဘုန်းအသရေနှင့် ပြည့်ဝနေသော ဘုရားသခင်သည် သူ့ထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်ခြင်းမရှိဘဲ၊ လူသားအား သူ၏ရည်ရွယ်ချက်တိုင်းကို ပြောပြခဲ့၏။ ဤလူတစ်စုကို စုံလင်စေရန် သူသည် ခိုင်မာစွာ စိတ်ဆုံးဖြတ်ပြီးဖြစ်သည်၊ ထို့ကြောင့် မည်သည့် အခက်အခဲ သို့မဟုတ် မည်သည့် စုံစမ်းနှောင့်ယှက်ခြင်းလာသည်ဖြစ်စေ၊ သူသည် မျက်နှာလွှဲကာ လုံးဝ လျစ်လျူရှု၏။ ဘုရားသခင်က သူ၏ ဘုန်းအသရေကို ပိုင်ဆိုင်ပြီးဖြစ်သည့် တစ်နေ့တွင် လူသားသည် သူ့ကို သိမည်ဟု ခိုင်မာစွာ ယုံကြည်လျက်၊ လူသားသည် ဘုရားသခင်၏ စုံလင်စေခြင်း ခံရပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်၏ နှလုံးသားကို အပြည့်အဝနားလည်မည်ဟု ယုံကြည်ရင်း၊ သူသည် သူ၏ ကိုယ်ပိုင် အမှုကိုသာ တိတ်ဆိတ်စွာ လုပ်ဆောင်လေသည်။ ယခု ဘုရားသခင်အား စုံစမ်းနှောင့်ယှက်နေသော လူများ သို့မဟုတ် ဘုရားသခင်ကို နားလည်မှုလွဲနေသော လူများ သို့မဟုတ် ဘုရားသခင်အား အပြစ်တင်နေသောလူများ ရှိကောင်း ရှိနိုင်သည်။ ဘုရားသခင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ အလေးအနက်မထားပေ။ ဘုရားသခင်သည် ဘုန်းအသရေထဲသို့ ကြွဆင်းသည့်အခါတွင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ အားလုံးသည် လူသားမျိုးနွယ် ပျော်ရွှင်ခြင်းအတွက်ဖြစ်သည်ကို လူများအားလုံးက နားလည်ကြလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် လူသားမျိုးနွယ်က သာ၍ ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ရန်အလို့ငှာ ဖြစ်သည်ကို ၎င်းတို့ နားလည်ကြလိမ့်မည်။ ဘုရားသခင်သည် စုံစမ်းနှောင့်ယှက်ခြင်းကို ယူဆောင်ရင်း ကြွလာသကဲ့သို့၊ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသကို ယူဆောင်ရင်းလည်း ကြွလာလေသည်။ လူသားကို ဘုရားသခင် စွန့်ခွာချိန်တွင်၊ သူသည် အချိန်ကြာမြင့်စွာကတည်းက ဘုန်းအသရေ ပိုင်ဆိုင်လာနှင့်ပြီးဖြစ်ကာ ဘုန်းအသရေ၊ ပြန်ကြွလာခြင်း၏ ဝမ်းမြောက်မှုတို့ဖြင့် အလွန်များစွာ ပြည့်လျက် သူ စွန့်ခွာပေသည်။ ကမ္ဘာမြေပေါ် အမှုပြုသော ဘုရားသခင်သည် လူတို့က သူ့အား မည်သို့ပင်ငြင်းပယ်ကြစေကာမူ၊ အမှုအရာများကို အလေးအနက် မထားပေ။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်မြဲ လုပ်ဆောင် နေသည်။ ဘုရားသခင်၏ ကမ္ဘာမြေကြီးကို ဖန်ဆင်းခြင်းသည် နှစ်ထောင်ပေါင်းများစွာသို့ ခြေရာကောက် နိုင်ပေသည်။ သူသည် အတိုင်းမသိသော အမှုပမာဏကို လုပ်ဆောင်ရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်ကာ လူ့လောက၏ ငြင်းပယ်မှုနှင့် အသရေဖျက်မှုတို့ကို အပြည့်အဝ တွေ့ကြုံခံစားရပြီးဖြစ်သည်။ ဘုရားသခင် ရောက်ရှိလာခြင်းကို မည်သူမျှ မကြိုဆိုပေ။ သူသည် အေးတိအေးစက် ကြိုဆိုခြင်းခံခဲ့ရသည်။ ဤကြမ်းတမ်းသည့် နှစ်ပေါင်း နှစ်ထောင် သုံးထောင် ကာလအတွင်း လူသား၏ အပြုအမူသည် အချိန်ကြာမြင့်စွာကတည်းက ဘုရားသခင်ကို နက်ရှိုင်းစွာ ထိခိုက်စေပြီးဖြစ်သည်။ သူသည် လူတို့၏ ပုန်ကန်မှုကို အာရုံမစိုက်တော့သကဲ့သို့၊ ယင်းအစား လူသားအား ပြောင်းလဲရန်နှင့် သန့်စင်ရန် နောက်ထပ်အစီအစဉ် ပြုလုပ်ပြီးဖြစ်သည်။ လှောင်ပြောင်ခြင်း၊ အသရေဖျက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဲဒုက္ခကြီးစွာခံရခြင်း၊ ကားစင်တင်ခံရခြင်း ဆင်းရဲဒုက္ခ၊ လူသား၏ အပယ်ခံရခြင်း စသည်ဖြင့်၊ လူ့ဇာတိခံယူကတည်းက ဘုရားသခင် ကြုံရပြီးဖြစ်သည့်အရာများ- ဤအရာများကို ဘုရားသခင် အလုံအလောက် မြည်းစမ်းရပြီးဖြစ်သကဲ့သို့၊ လူ့လောက၏ အခက်အခဲများကိုမူ၊ လူ့ဇာတိခံလာပြီးဖြစ်သည့် ဘုရားသခင်သည် ဤအရာအားလုံးကို အပြည့်အဝ ခံစားရပြီးဖြစ်သည်။ ကောင်းကင်ဘုံရှိ ခမည်းတော် ဘုရားသခင်၏ဝိညာဉ်သည် အချိန်ကြာမြင့်စွာကတည်းက ထိုသို့သော မြင်ကွင်းများကို မခံမရပ်နိုင်ဖြစ်ရပြီး ခေါင်းမော့ကာ မိမိ၏ မျက်လုံးများ မှိတ်လျက်၊ သူ၏ချစ်သား ပြန်လာဖို့ စောင့်ဆိုင်းလေသည်။ သူ ဆန္ဒရှိသမျှသည် လူသားမျိုးနွယ်က နားထောင်ကာ နာခံရန်၊ ပြီးလျှင် သူ၏ လူ့ဇာတိရှေ့မှောက်၌ အဆုံးစွန် အရှက်ရလျက်၊ သူ့အား ဆန့်ကျင်ပုန်ကန်မှု ရပ်စဲနိုင်ရန် ဖြစ်၏။ သူ ဆန္ဒရှိသမျှမှာ လူသားမျိုးနွယ်က ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်နိုင်ရန် ဖြစ်သည်။ ဘုရားသခင်သည် မြင့်မားလှသည့် အဖိုးအခတစ်ခုကို ပေးပြီးဖြစ်သော်လည်း၊ လူသားသည် စိတ်အေးသက်သာ နေလျက်ရှိကာ၊ ဘုရားသခင်၏ အမှုကို အနည်းငယ်မျှ အလေးအနက် မထားသောကြောင့်၊ ကာလကြာမြင့်စွာကတည်းက သူသည် လူသားအပေါ် သာ၍ကြီးမားသော တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ရပ်တန့်ပြီးဖြစ်သည်။

ယနေ့ ဘုရားသခင်၏အမှုအကြောင်း ငါ ပြောနေသည့် အရာများသည် “အခြေအမြစ်မရှိသော ရယ်ဖွယ်ကောင်းမှု”များစွာ ပါရှိကောင်းပါရှိနိုင်သည်၊ သို့သော်လည်း ယင်းသည် လူသား၏ ဝင်ရောက်ခြင်းအတွက် နက်နဲသော ဆက်စပ်မှုရှိပေသည်။ ငါသည် အမှုနှင့် ပတ်သက်သည့် အရာအချို့ကိုသာ ပြောဆိုနေပြီးနောက်၊ ဝင်ရောက်ခြင်းအကြောင်း အချို့ ပြောဆိုဆွေးနွေးနေသော်လည်း၊ ရှုထောင့်နှစ်ခုလုံးသည် တန်းတူညီမျှ မရှိမဖြစ်ဖြစ်ကြပြီး၊ ပေါင်းစပ်လိုက်သောအခါတွင် ၎င်းတို့ နှစ်ခုလုံးသည် လူသား၏ အသက်တာအတွက် သာ၍ပင် အကျိုးရှိပေသည်။ ဤရှုထောင့် နှစ်ခုသည် တစ်ခုနှင့်တစ်ခု ပြည့်စုံစေသည်၊ ပြီးလျှင် လူတို့အား ဘုရားသခင်၏အလိုကို ပိုမိုကောင်းမွန်စွာ နားလည်ခွင့်ပေးပြီး လူများနှင့် ဘုရားသခင်ကြား ဆက်သွယ်မှု ဖြစ်နိုင်စေရင်း၊ ကြီးစွာ အကျိုးပြုလေသည်။ အမှုနှင့် ပတ်သက်သည့် ယနေ့ ပြောဆိုဆွေးနွေးမှတစ်ဆင့်၊ လူသားမျိုးနွယ်နှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် သာ၍ တိုးတက်သည်၊ နှစ်ဦးနှစ်ဘက် နားလည်မှုသည် သာ၍နက်ရှိုင်းလာပြီး၊ လူသည် ဘုရားသခင်၏ဝန်ကို သာ၍ကြီးစွာသော စာနာထောက်ထားမှုနှင့် ဂရုစိုက်မှုကို ပေးနိုင်လေသည်။ လူသားသည် ဘုရားသခင် ခံစားရသည့်အရာကို ခံစားဖို့၊ ဘုရားသခင်အားဖြင့် ပြောင်းလဲရန် သာ၍ ယုံကြည်စိတ်ချမှု ရှိဖို့နှင့် ဘုရားသခင် တဖန်ပေါ်ထွန်းခြင်းကို စောင့်ဆိုင်းဖို့ ဖြစ်ပေသည်။ ဤသည်မှာ ယနေ့ လူသားထံမှ ဘုရားသခင်ပြုသည့် တစ်ခုတည်းသော တောင်းဆိုချက်ဖြစ်သည်- ဘုရားသခင်၏ ဉာဏ်ပညာ ပုံဆောင်မှုအလင်းသည် အမှောင်ခေတ်တွင် ပြိုးပြိုးပြက်ပြက် ထွန်းတောက်ရန်အလို့ငှာနှင့် လူသား၏အသက်ရှင်နေထိုင်မှုသည် ကမ္ဘာလောက၏ အရှေ့အရပ်တွင် ထာဝစဉ်ထွန်းလင်းလျက်၊ ကမ္ဘာလောက၏ဂရုပြုခြင်းနှင့် အရာခပ်သိမ်း၏ နှစ်ထောင်းအားရ ဖြစ်မှုကို ခံယူရရှိရင်း၊ ဘုရားသခင်၏အမှုတွင် တောက်ပသော စာမျက်နှာတစ်ခု နောက်ချန်ထားနိုင်စေဖို့အလို့ငှာ ဘုရားသခင်ကို ချစ်သောသူတစ်ဦး၏ ပုံရိပ်ကို အသက်ရှင်နေထိုင်ရန် ဖြစ်သည်။ အသေချာဆုံးအနေဖြင့်၊ ဤသည်မှာ ဘုရားသခင်ကို ချစ်သည့် မျက်မှောက်ခေတ်တွက်ရှိသူတို့အတွက် သာ၍ပင် ကောင်းမွန်သော ဝင်ရောက်ခြင်းဖြစ်ပေသည်။

အောက်ခြေမှတ်စု(များ)-

၁။ “အကြောအချဉ်များကို ဆန့်နေပြီး၊ တိုက်ပွဲတစ်ခုအတွက် အဆင်သင့်ပြင်နေ” ဆိုသည်ကို ပျက်ရယ်ပြုသည့်သဘောဖြင့် အသုံးပြုထားခြင်း ဖြစ်သည်။

၂။ “မူမမှန်မှု” သည် လူတို့၏ဝင်ရောက်ခြင်းသည် သွေဖည်ပြီး၊ ၎င်းတို့၏ အတွေ့အကြုံများသည် တစ်ဖက်သတ်ဖြစ်သည်ကို ဆိုလို၏။

၃။ “လမ်းဆုံး” သည် လူတို့ လျှောက်လှမ်းနေသည့် လမ်းကြောင်းက ဘုရားသခင်၏အလိုတော်နှင့် ဆန့်ကျင်နေသည်ကို ဆိုလိုသည်။

၄။ “၎င်းတို့၏ ပုံမှန်သဘောထားကို ပြောင်းလဲ” သည် ဘုရားသခင်နှင့် ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် အမြင်များသည် ဘုရားသခင်ကို ၎င်းတို့ သိရှိသည်နှင့် ပြောင်းလဲသွားပုံကို ရည်ညွှန်း၏။

၅။ “စိတ်အေးသက်သာ နေလျက်” သည် လူတို့သည် ဘုရားသခင်၏အမှုအကြောင်း ဂရုမစိုက်သကဲ့သို့၊ ယင်းကို အရေးကြီးသည်ဟု မယူမှတ်သည်ကို ဆိုလိုသည်။

၆။ “အခြေအမြစ်မရှိသော ရယ်ဖွယ်ကောင်းမှု” သည် ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ၏ အခြေခံကို လူတို့ နားလည်နိုင်စွမ်း မရှိသကဲ့သို့ ဘုရားသခင် မည်သည့်အရာ ပြောဆိုနေမှန်း မသိကြသည်ကို ဆိုလိုပေသည်။ ဤပုဒ်စုကို ရွဲ့သည့်သဘောဖြင့် အသုံးပြုထား၏။

၇။ “တစ်ခုနှင့်တစ်ခု ပြည့်စုံစေသည်” သည် မိတ်သဟာယတွင် “အမှု” နှင့် “ဝင်ရောက်ခြင်း” နှစ်ခုလုံးကို ပေါင်းစပ်ခြင်းသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် ကျွန်ုပ်တို့၏ အသိပညာအဖို့ သာ၍ပင် အကျိုးပြုမည်ကို ဆိုလိုသည်။

အရှေ့သို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၃)

နောက်တစ်ခုသို့- အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။