၂၂၅ ကျွန်ုပ်၏ သစ္စာစောင့်သိခြင်းကို ဘုရားသခင်ကို ပူဇော်လိုသည်

၁ ဘုရားသခင်သည် လူ့ဇာတိဖြင့် အလုပ်လုပ်ရန် ပေါ်ထွန်းခဲ့သည့်အချိန်တွင် ကြီးမားသော အရှက်ရခြင်းကို သူ ခံစားခဲ့ရသည်။ နှိမ့်ချပြီး ပုန်းကွယ်လျက် လူသားကိုကယ်တင်ရန် သမ္မာတရားကို သူ ဖော်ပြခဲ့သည်။ သို့တိုင်အောင် ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်ကြားသည့်အခါ ကိုယ်တော့်ကို ကျွန်ုပ် မမှတ်မိခဲ့ဘဲ ကိုယ်တော်၏ အမှုတော်အပေါ် ငြင်းဆန်ခြင်းနှင့် ဝေဖန်ခြင်းပြုရာတွင် အကြီးအကဲများနှင့် သင်းအုပ်ဆရာများနောက်သို့ ကျွန်ုပ် လိုက်ခဲ့သည်။ ကျွန်ုပ်၏ ကျူးလွန်မှုများအတွက် ကျွန်ုပ်အား ဘုရားသခင် အပြစ်ဒဏ်မပေးခဲ့ဘဲ ကျွန်ုပ်၏မနာခံခြင်းကို သည်းခံခဲ့ပြီး ကျွန်ုပ်၏တံခါးကို ခေါက်ခဲ့သည်။ ကျွန်ုပ်အပေါ် ဘုရားသခင်၏ သနားကရုဏာကို မြင်ရလျက် ကျွန်ုပ်သည် မခံနိုင်လောက်အောင် ရှက်ရွံ့မိခဲ့သည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လက်ခံရရှိရန် အမှန်ပင် မသင့်လျော်ခဲ့ပါ။

၂ ဘုရားသခင်၏နှုတ်ကပတ်တော်တို့သည် ချွန်ထက်သည့် ဓါးတစ်ချောင်းကဲ့သို့ ကျွန်ုပ်၏စိတ်နှလုံးကို ထိုးဖောက်သည်။ ကျွန်ုပ်၏ မာနထောင်လွှားမှုသည် အသိတရားနှင့် လူ့သဘာဝအားလုံးကို ကျွန်ုပ်ထံမှ ဖယ်ရှားခဲ့သည်ကို ကျွန်ုပ်မြင်ရသည်။ ယုံကြည်သူများစွာ၏ ကယ်တင်ခြင်းအခွင့်အလမ်းကို ပိတ်ဆို့လျှက် ကျွန်ုပ်သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့်အမှုတော်ကို ရှုတ်ချရန် အယူအဆများနှင့် စိတ်ကူးများကို အသုံးပြုခဲ့သည်ကို မြင်ရသည်။ ဘုရားသခင်အား ဆန့်ကျင်ပြီး ဝေဖန်မှုပြုသည်မှာ ကျွန်ုပ် အမှန်တကယ်ပင် အပြစ်ရှိလိုက်လေခြင်း။ ကျွန်ုပ်သည် ဘုရားသခင်၏ကျိန်ဆိုခြင်းကို အမှန်စင်စစ် ခံထိုက်သည်။ ကျွန်ုပ်သည် ကိုယ်တော့်ရှေ့တွင် နေထိုင်ဖို့ မသင့်လျော်ပါ။ ကိုယ်တော်၏ တရားစီရင်ခြင်းကို တွေ့ကြုံရခြင်းက ကျွန်ုပ်ကိုနိုးထစေခဲ့ပြီး ကျွန်ုပ်၏ စိတ်နှလုံးသည် စိတ်ပျက်ခြင်းနှင့် ပြည့်ခဲ့သည်။ သမ္မာတရားကို ရှာဖွေလိုက်စားပြီး ဘုရားသခင်အား ကျေနပ်စေရန်အတွက် အသစ်တစ်ဖန် ပြန်လည်စတင်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ခဲ့သည်။ ဘုရားသခင်သည် အလွန်ပင် ကြင်နာသည်။ ယင်းက ကျွန်ုပ်၏နှလုံးသားမှ မာကျောမှုကို အရည်ပျော်စေသည်။ ကျွန်ုပ်သည် မိမိ၏တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ဖို့ကို ဆန္ဒရှိပြီး ဘုရားသခင် နှစ်သိမ့်မှုရနိုင်ဖို့သာ ကျွန်ုပ် တောင်းဆိုသည်။ ကျွန်ုပ်ရင်ဆိုင်ရသည့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အတိဒုက္ခတို့မည်မျှ ကြီးမားပါစေ၊ ကျွန်ုပ် အဆုံးတိုင်အောင် သစ္စာရှိပါမည်။ ဘုရားသခင်အတွက် ထူးကဲလှသော သက်သေကိုခံပြီး ကိုယ်တော်ထံသို့ ဘုန်းကျက်သရေကို ယူဆောင်ဖို့အတွက် ကျွန်ုပ် စိတ်ပိုင်းဖြတ်သည်။

အရှေ့သို့- ၂၂၄ ဘုရားသခင်ကို သစ္စာရှိရှိ စိတ်ကျေနပ်စေရန် စိတ်ပိုင်းဖြတ်သည်

နောက်တစ်ခုသို့- ၂၂၆ ဘုရားသခင်၌ ယုံကြည်သူများ ရှာဖွေသင့်သည့်အရာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။