အနန္တတန်ခိုးရှင်ဘုရား၊ ဘုန်းအာနုဘော်ဘုရင်
၁
လူ့ဇာတိခံသော အနန္တတန်ခိုးရှင် ဘုရားသည် ဘုန်းကြီးသောရှင်ဘုရင် ဖြစ်၏။
သူသည် ပလ္လင်ပေါ်တွင်ထိုင်ကာ တိုင်းနိုင်ငံအားလုံး၊ လူအမျိုးအနွယ်အားလုံး ကိုတရားစီရင်၏။
ဘုန်းအာနုဘော်နှင့် အမျက်တော်ဖြင့် သူသည် ကမ္ဘာအရှေ့အရပ်တွင်ထွန်းပေါ်ကာ၊
ပလ္လင်ဖြူကြီး၏တရားစီရင်ခြင်းအစပြုပြီ။
အနန္တတန်ခိုးရှင်ဘုရားသည်အောင်မြင်၏။
သူသည် ရှင်ဘုရင်အဖြစ်ခံယူ၍၊ သူ၏သံလှံတံတော်နှင့် လူအမျိုးအပေါင်းကို အုပ်ချုပ်။
၂
လူ့ဇာတိခံယူသောအနန္တတန်ခိုးရှင်ဘုရားသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။
သူသည် လူတို့၏တစ်ပါးတည်းသော ကယ်တင်ရှင်ထွန်းပေါ်ခြင်းဖြစ်၏။
သူသည် လူတို့ကိုကယ်တင်ရန်နှင့် သန့်ရှင်းစေ ရန် သမ္မာတရားကို ဖော်ပြ၊
သူမှတပါး အခြားကယ်တင်ခြင်းမရှိပြီ။
အနန္တတန်ခိုးရှင်ဘုရားသည် သိုးသူငယ် ဖြစ်၏။
သူသည် စာစောင်ကိုဖြန့်လျက် တံဆိပ်ခုနှစ်ခုကို ဖွင့်၏။
၃
လူ့ဇာတိခံယူသောအနန္တတန်ခိုးရှင် ဘုရားသည် ဘုန်းကြီးသောရှင်ဘုရင်ဖြစ်၏။
သူသည် ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပြီး နိုင်ငံတော်ခေတ်ကိုယူဆောင်၏။
သူပြောသောစကားများသည် လျှပ်စီးကဲ့သို့ဖြစ်၍၊
အရှေ့အရပ်မှလင်းလက်ကာ အနောက်အရပ်ဆီ တောက်ပ၏။
အနန္တတန်ခိုးရှင်ဘုရားသည် စစ်မှန်သောအလင်းဖြစ်၏။
လူမျိုးအားလုံးသူ၏အလင်း၌ချီတက်၏။
၄
လူ့ဇာတိခံယူသောအနန္တတန်ခိုးရှင် ဘုရားသည် ဘုန်းကြီးသော ဘုရင်ဖြစ်၏။
သူသည် စာတန်ကိုအောင်နိုင်ပြီး၊ ရှင်ဘုရင်အဖြစ် ထာဝရစိုးစံမည်။
ကျွန်ုပ်တို့ သည် ဖန်ဆင်းခံလူသားများအဖြစ် ကျွန်ုပ်တို့၏ နေရာများတွင် နေထိုင်မည်၊
ဖြစ်ခဲ့၊ ဖြစ်ဆဲ၊ ဖြစ်လာလတ္တံ့သော အနန္တတန်ခိုးရှင်ကိုကိုးကွယ်မည်။
အနန္တတန်ခိုးရှင်ဘုရား၊ တစ်ဆူတည်းသောစစ်မှန်သောဘုရား။
ချီးမွမ်းခြင်း၊ ဘုန်းအသရေ၊ ဘုန်းအာနုဘော်နှင့် စိုးပိုင်ခွင့်အားလုံးသည် ကိုယ်တော်အတွက်သာဖြစ်။