ခရစ်တော်၏ ဖြောင့်မတ်ခြင်း နိုင်ငံတော် တကယ်ဖြစ်ပေါ်လာပြီ
အစပျိုး
ဘုရားသခင်၏လူများက သူ့အား ချီးမွမ်းခြင်းများ သီဆိုသည်၊
သူ၏ နိုင်ငံတော် တကယ်ဖြစ်ပေါ်ပြီမို့ပင်။
အပိုဒ် ၁
အရှေ့အရပ်မှ အနောက်အရပ်သို့တိုင် လျှပ်ပြက်ခြင်းက ထွန်းတောက်ကာ၊
ကမ္ဘာမြေပေါ် လူသား ကြွဆင်းလာပြီ။
နောက်ဆုံးသောကာလ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြပြီ၊
လူဇာတိ၌ပေါ်လာသော နှုတ်ကပတ်တော်ပင် ဖြစ်သည်။
နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်၊
ဘုရားသခင်၏ အိမ်တော်မှ စတင်ခဲ့လေပြီ၊
ကမ္ဘာမြေပေါ်ရှိ လူခပ်သိမ်းကို သမ္မာတရားက ဖော်ထုတ်လိမ့်မည်။
ပြန်ဆိုပိုဒ်အကြို
အနန္တတန်ခိုးရှင်ဘုရား ကမ္ဘာမြေတစ်ခုလုံးကို အုပ်စိုးပြီး ဖြန့်ကျက်ထား
တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းဖြင့်သာပင်။
ပြန်ဆိုအပိုဒ်
ခရစ်တော်၏ ဖြောင့်မတ်သော နိုင်ငံတော်
ကမ္ဘာမြေပေါ် တကယ်ဖြစ်ပေါ်လာပြီ။
ထာဝရတိုင် ကိုယ်တော်အား ချီးမွမ်းခြင်းကို
ဘုရားသခင်၏လူများအားလုံး အသံလွှင့်သီဆို။
အပိုဒ် ၂
ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းမှ အဘယ်သူမျှ မလွတ်မြောက်နိုင်။
ဆိုးယုတ်သူများနှင့် မယုံကြည်သူများအားလုံး
ဆင်းရဲဒုက္ခများ၊ စမ်းသပ်မှုများနှင့် နာကျင်မှုတို့ကြား သူတို့သန့်စင်ခံရလိမ့်မည်။
သို့သော် ဘုရားသခင်၏လူများ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်သင့်ခံသည်။
သူတို့၏ ဖောက်ပြန်ပျက်စီးခြင်း သန့်စင်ပေးခြင်း ခံရလျက်၊ ဆင်းရဲဒုက္ခမျိုးစုံကြားမှ
ဘုရားသခင်အား သူတို့ သစ္စာစောင့်သိကြ၊ သစ္စာစောင့်သိကြ၊
အသက်သေသည်အထိပင် တည်ကြည်စွာ ခရစ်တော်နောက်ကို သူတို့လိုက်။
သံပြိုင်ကြို
အနန္တတန်ခိုးရှင်ဘုရား ကမ္ဘာမြေတစ်ခုလုံးကို အုပ်စိုးပြီး ဖြန့်ကျက်ထား
တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းဖြင့်သာပင်။
သံပြိုင်
ခရစ်တော်၏ ဖြောင့်မတ်သော နိုင်ငံတော်
ကမ္ဘာမြေပေါ် တကယ်ဖြစ်ပေါ်လာပြီ။
ထာဝရတိုင် ကိုယ်တော်အား ချီးမွမ်းခြင်းကို
ဘုရားသခင်၏လူများအားလုံး အသံလွှင့်သီဆို။
အကူးအပြောင်း ၁
စာတန်ကို ဘုရားသခင် သိမ်းပိုက်ပြီးကာ
အောင်မြင်သောသူများ အဖွဲ့ကို ပေါ်ပေါက်စေပြီ။
ဘုရားသခင်ကို အမှန်တကယ် ချစ်သောသူများအားလုံး
သူ၏အလင်းထဲ ဧကန် လျှောက်လှမ်းရပေမည်။
ခရစ်တော်၏ ဖြောင့်မတ်ခြင်း နိုင်ငံတော်သည်
ဘုရားသခင်ကို ချစ်သောလူများနှင့် ဆိုင်သည်။
အပိုဒ် ၃
ခရစ်တော်၏ နိုင်ငံတော်အတွက် သံပြိုင်ပစ်ခတ်သံ မည်ဟည်းသွားကာ၊
မိုးကြိုးသံ ခုနှစ်သံက ကောင်းကင်နှင့် မြေကြီးကို ကိုင်လှုပ်သည်။
ဘုရားသခင်၏ အမှုစွမ်းအား လွန်စွာ ကြီးမားကျယ်ပြန့် နေလေသည်။
ဘာကမှနှင့် ဘယ်သူကမှ ယင်းကို မထိန်းသိမ်းထားနိုင်ပေ။
ဆိုးယုတ်သော လူသားမျိုးနွယ်အားလုံးကို ဘေးဒုက္ခကြီးက ပပျောက်သွားစေကာ၊
ယင်းက ဖော်ထုတ်လိမ့်မည်၊ ယင်းက ဖော်ထုတ်လိမ့်မည်
ဘုရားသခင် အဘယ်မျှ ဖြောင့်မတ်သည်နှင့် အဘယ်မျှ သန့်ရှင်းမူသည်ကို။
သံပြိုင်ကြို
အနန္တတန်ခိုးရှင်ဘုရား ကမ္ဘာမြေတစ်ခုလုံးကို အုပ်စိုးပြီး ဖြန့်ကျက်ထား
တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းဖြင့်သာပင်။
သံပြိုင်
ခရစ်တော်၏ ဖြောင့်မတ်သော နိုင်ငံတော်
ကမ္ဘာမြေပေါ် တကယ်ဖြစ်ပေါ်လာပြီ။
ထာဝရတိုင် ကိုယ်တော်အား ချီးမွမ်းခြင်းကို
ဘုရားသခင်၏လူများအားလုံး အသံလွှင့်သီဆို။