၅၃ နိုင်ငံတိုင်းမှ လူများကို ဘုရားသိမ်းပိုက်လိမ့်မည်ကျူး

၁ ကမ္ဘာမြေကြီးပေါ်မှ ငါ၏အမှုသည် နောက်ဆုံးသောခေတ်တွင် လုံးဝအဆုံးသတ်လိမ့်မည်ဟု ဖန်ဆင်းခြင်းအချိန်တွင် ငါဆုံးဖြတ်ထားနှင့်ပြီး ဖြစ်သည်။ ငါ၏အမှုအဆုံးသတ်သောအချိန်မှာ ငါ၏လုပ်ဆောင်ချက်အားလုံးကို မိုးမျက်နှာကြက်တွင် ထင်ရှားစေမည့် အချိန်ပင်ဖြစ်သည်။ ငါ၏လုပ်ရပ်များကို ကမ္ဘာမြေကြီးပေါ်ရှိ လူများအသိအမှတ်ပြုစေရန် ငါပြုမည်၊ ထို့ပြင် ၎င်းတို့ကို ကမ္ဘာမြေတစ်ဝှမ်းရှိ အလျှော့ပေးကြရမည့် လူအပေါင်းတို့က အသိအမှတ်ပြုကြစေရန် ငါသည် “တရားပလ္လင်” ရှေ့တွင် ငါ၏လုပ်ဆောင်ချက်များကို သက်သေပြမည်။ ထို့ကြောင့် ဤနောက်ပိုင်းတွင် ငါသည် အတိတ်က ခေတ်ကာလများ၌ မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိသော လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်မည်။ ငါ၏ဉာဏ်ပညာ၊ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီအောင် နက်နဲခြင်းတို့သည် လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးတွင် အသိအမှတ်ပြုခံရပြီး သက်သေထင်ရှားစေရန် ယနေ့မှစတင်ကာ ငါ၏လုပ်ဆောင်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် ရှင်းလင်းစေမည်။

၂ ငါ၏လုပ်ဆောင်ချက်များကို လူ့အဖွဲ့အစည်း၏ နယ်ပယ်အားလုံးက အသိအမှတ်ပြုကြမည်ဖြစ်ပြီး၊ ဤအခိုက်အတန့်သည် ကမ္ဘာမြေကြီးပေါ်၌ ဘုန်းအသရေအလုံးစုံကို ငါရသော အခိုက်အတန့်ဖြစ်လိမ့်မည်။ ထိုအချိန်တွင် ငါသည် လူသားထံ ပေါ်ထွန်းလာမည်ဖြစ်ပြီး ပုန်းကွယ်နေတော့မည် မဟုတ်ပေ။ လက်ရှိတွင် ငါ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏ အထွတ်အထိပ်သို့ မရောက်သေးပေ။ ငါ၏အမှုသည် ရှေ့သို့တိုးတက်နေပြီး၊ ထိုအမှုသည် အထွတ်အထိပ်သို့ ရောက်သွားသောအခါ အဆုံးသတ်သွားမည်ဖြစ်သည်။ ငါသည် တိုင်းနိုင်ငံအပေါင်းရှိ လူတို့ကို လုံးလုံးသိမ်းပိုက်မည်၊ ကြမ်းကြုတ်ရက်စက်သော သားရဲများကို ငါ့ရှေ့တွင် သိုးသငယ်များကဲ့သို့ ယဉ်ပါးစေရန် ငါပြုမည်ဖြစ်ပြီး အဆင်းနီသောနဂါးကြီးအား ကမ္ဘာမြေကြီးပေါ်ရှိ လူများကဲ့သို့ ငါ့ရှေ့တွင် အရှုံးပေးစေရန် ငါပြုမည်။ ငါသည် ကောင်းကင်ဘုံရှိ ငါ၏ရန်သူအပေါင်းကို အနိုင်ယူမည်ဖြစ်ပြီး၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏ရန်ဘက်အပေါင်းတို့ကို သိမ်းပိုက်ခြင်းကို ခံရစေရန် ငါပြုမည်။ ဤသည်မှာ ငါ၏အစီအစဉ်ဖြစ်ပြီး ငါ့လုပ်ဆောင်ချက်များ၏ အံ့သြဖွယ်ကောင်းခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄၂” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၅၂ အောင်မြင်ခြင်းနှင့် ပြန်လာသော ဘုရားသခင်အား ချီးမွမ်းကိုးကွယ်

နောက်တစ်ခုသို့- ၅၄ နောက်ဆုံးသောကာလ ခရစ်တော်သည် နိုင်ငံတော်ခေတ်ကို ယူဆောင်လာပြီ

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၇ ဘုရားသည် လူကို အတတ်နိုင်ဆုံး ကယ်နိုင်လောက်သည်အထိ ကယ်တင်လိုသည်

၁ဘုရားသခင်၏ ကယ်တင်ခြင်းအမှုလုပ်ဆောင်နေစဉ်သူသည် ကယ်တင်နိုင်သမျှသောသူတို့ကို ကယ်တင်လိမ့်မည်၊ကယ်တင်နိုင်သမျှသောသူတို့အား...

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်