၅၂ အောင်မြင်ခြင်းနှင့် ပြန်လာတဲ့ ဘုရားအား ချီးမွမ်းကြ
၁
နှစ်၆၀၀၀ အလုပ်ဖြင့် ဘုရားသည် လုပ်ဆောင်ချက်များစွာ ပြခဲ့
စာတန်အားနှိမ်နင်းရန်၊ လူသားအား ကယ်ဖို့ရန် လုပ်ဆောင်မှုများ
ဘုရားသည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်တွင်း၌ ရှိသမျှတို့နှင့်
သက်ရှိအားလုံးအား သူ့လုပ်ဆောင်ချက်များနှင့်
အနှိုင်းမဲ့တန်ခိုးကို မြင်ခွင့်ပေးခဲ့တာ
စာတန်အား အနိုင်ရ ယူခြင်းအားဖြင့်
လူသားသည် ဘုရားလုပ်ဆောင်ချက်များကို မြင်လာသည်
သူတို့သည် ဘုရားကိုချီးမွမ်းကာ သူ့ဉာဏ်ပညာအား ချီးမြောက်ကြတာ
ကမ္ဘာ၊ ကောင်းကင်၊ မြေကြီး၊ ပင်လယ်အတွင်းရှိ အရာအားလုံး
သူ့ဂုဏ်တော်အား ချီးမွမ်းကြ
အရာအားလုံး သူ့အား ချီးမွမ်းကြစေ၊
ကြီးမားတန်ခိုးတော်အား ချီးမွမ်းကြစေ
အရာအားလုံး သူ့အမှုများအတွက် ချီးမွမ်းစေ…
သန့်ရှင်းသော သူ့နာမတော်အား ကြွေးကြော်
၂
ထိုချီးမွမ်းခြင်းမှာ စာတန် ကျရှုံးခြင်း၏သက်သေ၊
ဘုရားသည် သူ့ရန်သူအား အောင်နိုင်ခဲ့ခြင်း၏သက်သေ
ထိုချီးမွမ်းခြင်းမှာ အယောက်ဆီတိုင်း၊
ဖန်ဆင်းခံ လူသားအား ကယ်တင်ခဲ့ခြင်း သက်သေ
ဖန်ဆင်းခံအရာအားလုံး သူ့အား ချီးမွမ်း၊ ဘုရား သူ့ရန်သူကို နိုင်ခဲ့ပြီ
အောင်မြင်ခြင်းနှင့်သူလာသည်၊ သူသည် အနိုင်ရတဲ့ မဟာဘုရင်
ကမ္ဘာ၊ ကောင်းကင်၊ မြေကြီး၊ ပင်လယ်အတွင်းရှိ အရာအားလုံး
သူ့ဂုဏ်တော်အား ချီးမွမ်းကြ
အရာအားလုံး သူ့အား ချီးမွမ်းကြစေ၊
ကြီးမားတန်ခိုးတော်အား ချီးမွမ်းကြစေ
အရာအားလုံး သူ့အမှုများအတွက် ချီးမွမ်းစေ…
သန့်ရှင်းသော သူ့နာမတော်အား ကြွေးကြော် ချီးမွမ်းစေ…
သန့်ရှင်းသော သူ့နာမတော်အား ကြွေးကြော်
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မျက်မှောက်ခေတ်ထိ မည်သို့ ဖွံ့ဖြိုးတိုးတက်ပြီးဖြစ်သည်ကို သင်သိသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်