၅၁ လူသားနှင့် ဘုရားဟာ ပေါင်းစည်းခြင်းရဲ့ချမ်းမြေ့ပျော်ရွှင်မှုကို မျှဝေကြတယ်
၁
ဘုရားရှင်ဟာ စကြာဝဠာတစ်ခွင်လုံးမှာ သူ့အမှုတော်ကို စတင်ခဲ့တာ
အဲဒီကလူတို့ဟာ နိုးထလာပြီး အမှုတော်ကိုဗဟိုပြု၍ လှုပ်ရှားကြတာ
ဘုရားရှင်က သူတို့အထဲမှာ သွားလာတဲ့အခါ
စာတန်ရဲ့ ချည်နှောင်ခြင်းမှ သူတို့ လွတ်မြောက်ကာ
ဖိစီးနှိပ်စက်ခြင်းကြီးရဲ့ချည်နှောင်ခြင်းမှ၊
သူတို့ ထာဝရလွတ်မြောက်ကြလေပြီ
ဘုရားရဲ့နေ့ရက်သည်ရောက်သောအခါ၊
လူသားများအားလုံး ပျော်ရွှင်ကြမည်
သူတို့ရဲ့နှလုံးသား က ပူဆွေးခြင်းလည်း ထာဝရပျောက်ကွယ်သွားမည်
ဝမ်းနည်းမှုတိမ်တိုက်တွေ ပျောက်ကွယ်သွား၊
သန့်ရှင်းသောလေမှာ လွတ်လပ်စွာ လွင့်မြောနေကာ
ဘုရားက လူနှင့်ရင်းနှီးမှုရဲ့ပျော်ရွှင်ခြင်းကအိုး မွေ့လျော်သည်
၂
လူသားတို့ရဲ့လုပ်ဆောင်မှုများကဘုရားကိုပျော်ရွှင်ကျေနပ်မှုပေးပြီး
သူသည်စိတ်ထိခိုက်ခြင်း မရှိတော့
ဘုရားသခင်ရဲ့နေ့ရက်ကျရောက်ခြင်းနှင့်အတူ၊
ကမ္ဘာပေါ်ရှိအရာများဟာ အသက်ရှင်ခြင်း၏ အနှစ်သာရကို ပြန်လည်ရရှိကာ
ကမ္ဘာပေါ်ရှိအရာများ ပြန်လည်ရှင်သန်လာကာ
ဘုရားသခင်ကို မိမိတို့အသက်ရှင်ခြင်း၏ အုတ်မြစ်အဖြစ်မှတ်ယူကြတာ
အရာအားလုံးကိုရှင်သန်ထွန်းတောက်နေစေသကဲ့သို့
တိတ်တဆိတ် ပျောက်ကွယ်စေသောကြောင့်ပါ။
အရာအားလုံး သည် ဘုရား၏နှုတ်မှ လာသော အမိန့်ကို စောင့်ဆိုင်းပြီး
ဘုရားပြောဆိုပြုမူသောအရာတို့ဖြင့် အိုး ကျေနပ်ကြသည်
၃
သူသည် အမြင့်ဆုံးဖြစ်သော်လည်း လူတို့ကြားတွင် နေထိုင်သည်
သူတို့ရဲ့အပြုအမူများသည် ဘုရားရဲ့ကောင်းကင်နှင့်
မြေကြီးကို ဖန်ဆင်းခြင်းရဲ့သက်သေပင်
ဘုရားသခင်ရဲ့အသံတော်ကြောင့် လူသား ဟိုဟိုဒီဒီပြေးရှာ
ဘုရား၏နိုင်ငံတော်တွင် ရှိသောလူများ ပျော်ရွှင်ခြင်းဖြင့်ပြည့်ဝပြီး
သူတို့ အသက်တာကြီးထွားဖွံဖြိုးကြသည်
လူသားအားလုံး ဘုရားကို ချီးမွမ်းတဲ့အခါ၊
သူဟာ အရာအားလုံးထက် ဂုဏ်တင် ချီးမွမ်း ခံရ
ကောင်းကင်သည် အပြာရောင်တောက်ပနေ၊
ပန်းများပွင့်လန်းပြီး၊ မြက်ပင်တွေ ပိုမိုစိမ်းလာ
ကမ္ဘာပေါ်ရှိ အရာအားလုံး အလွန်လှပလာ
၎
ဘုရားရွေးချယ်သောလူတို့ကြားတွင် ဘုရားရှင်ဟာ အလုပ်လုပ်တာ
ဘုရားရှင်သည် သူ၏အမှုတော်ကိုကိုယ်တိုင်ဆောင်ရွက်ခြင်းဖြစ်ရာ
လူသားတို့ရဲ့အကြံဉာဏ်တို့နှင့်သူ့အမှုတော်ကိုစွန်းထင်းခွင့်မပြုပါ
ဘုရားသူ့အမှုတော်ကိုဆောင်ရွက်သောအခါ
ခပ်သိမ်းသောအမှုအရာတို့သည် ပြောင်းလဲကာ အသစ်ဖြစ်လာကြရှာ
ဘုရားရဲ့အမှုတော် ပြီးစီးသည့်အခါ လူဟာ နဂိုအတိုင်းပြန်ဖြစ်ကာ၊
ဘုရားတောင်းဆိုသည့်အရာကြောင့် စိတ်အနှောင့်အယှက်မဖြစ်တော့ပါ
မြေကြီးသည်ဝမ်းမြောက်ခြင်းဖြင့် မင်္ဂလာရှိ၏
ဘုရားက ဒီအခွင့်အရေးကိုယူပြီး လူသားအားလုံးကို ကောင်းချီးပေးတာ
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃၃)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်