၃၇၇ နောက်ဆုံးသောကာလ၌ လူ့ဇာတိခံယူသောဘုရားသည် ဘုရား၏ စီမံခန့်ခွဲမှုအစီအစဉ်ကို အဆုံးသတ်စေ၏
၁
ဘုရားသည် လူသားကိုသိမ်းယူဖို့ နှင့် ပိုပြီးထိတွေ့မှုရှိဖို့ လူ့ဇာတိဖြင့် အမှုတော်ဆောင်ရွက်ကာ ဟောပြော၏။ ပထမအကြိမ် ဘုရား လူ့ဇာတိခံယူသည့်အချိန်မှာ လူတို့အပြစ်ကို ခွင့်လွှတ်ပြီး ရွေးနှုတ်ပေးခဲ့သည်။ ယခုအခါ ဒီအမှုတော်သည် လူသား မျိုးနွယ်ကို ရယူလွှမ်းမိုးခြင်း အမှုဖြစ်သည်။ နောက်ဆုံးအကြိမ် ဘုရားသည်လူ့ဇာတိခံယူပြီး နောက်ဆုံးသောကာလ၏အမှုတော်ကို သူအဆုံးသတ်ပြီး လူသားအားလုံး သူတို့နှင့် သက်ဆိုင်သောအုပ်စုအတိုင်း ခွဲခြားလိမ့်မည်။ သူ့ အမှုအားလုံး ခန့်ခွဲစီမံမှုအားလုံးအား လူ့ဇာတိ၌ သူအဆုံးသတ်လိမ့်မည်။ ဤ မြေကြီးပေါ်တွင် သူ့အမှု ပြီးဆုံးပြီးနောက် သူသည်အောင်မြင်သောသူ ဖြစ်လိမ့်မည်။
၂
လူ့ဇာတိခံဘုရားသည် လူကို လွှမ်းမိုး၊ ရယူခဲ့ပြီးသည့်အချိန်သည် သူ၏စီမံခန့်ခွဲမှုလည်း ပြီးဆုံးလိမ့်မည်ဟု ဆိုလိုသည်မဟုတ်ပေလား။ ဘုရားသည် လူ့ဇာတိ၌ သူ့အမှုအား အဆုံးသတ်ပြီး အောင်မြင်ခြင်းနှင့် စိုးစံသည့်အခါ စာတန်သည် လူသားကို ဖျက်ဆီးဖို့ အခွင့်မရဘဲ ရှုံးနိမ့်သည်။ ဒီအမှုသည် ဘုရားကိုယ်တော်တိုင် ပြီးမြောက်စေသော လူ့ဇာတိ၏အမှု ဖြစ်၏။ နောက်ဆုံးအကြိမ် ဘုရားသည်လူ့ဇာတိခံယူပြီး နောက်ဆုံးသောကာလ၏အမှုတော်ကို သူအဆုံးသတ်ပြီး လူသားအားလုံး သူတို့နှင့် သက်ဆိုင်သောအုပ်စုအတိုင်း ခွဲခြားလိမ့်မည်။ သူ့ အမှုအားလုံး ခန့်ခွဲစီမံမှုအားလုံးအား လူ့ဇာတိ၌ သူအဆုံးသတ်လိမ့်မည်။ ဤ မြေကြီးပေါ်တွင် သူ့အမှု ပြီးဆုံးပြီးနောက် သူသည်အောင်မြင်သောသူ ဖြစ်လိမ့်မည်။ သူသည် အောင်မြင်သောသူဖြစ်လိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။