လူ့ဇာတိခံယူထားသောဘုရားသခင်သည် သင့်အတွက် အရေးကြီးဆုံးပေတည်း
၁
နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အလုပ်သည်
ဤသာမန်လူသားအားဖြင့် ပြီးဆုံးလေပြီ။
သင့်အပေါ် ခပ်သိမ်းသောအရာကို သူ ပေးအပ်လေမည်၊
သင်နှင့်ပတ်သက်သမျှ အလုံးစုံကို သူ ဆုံးဖြတ်လေမည်။
ယင်းကဲ့သို့ လူတစ်ဦးသည် သင် ယုံကြည်သည့်နည်းတူ
အလွန်ရိုးရှင်းပြီး ပြောရန်ပင် မထိုက်တန်သောသူ ဖြစ်နိုင်သလော။
ကိုယ်တော်၏သမ္မာတရားသည် သင့်ကို လက်ခံယုံကြည်စေခြင်း မရှိသလော။
သူ၏ လုပ်ဆောင်ချက်များသည် လက်ခံယုံကြည်ဖွယ် မကောင်းသလော။
သူ၏လမ်းကြောင်းမှာ လိုက်လျှောက်ရန် မထိုက်တန်သလော။
သူ့ကို အဘယ်ကြောင့် အလွန်ငြင်းပယ်ကြလေသနည်း။
သင့်ကို အဘယ်အရာက ဤနည်းဖြင့် ပြုမူရန်၊
သူ့ထံမှ တိမ်းရှောင်ပြီး သူ့ကို စွန့်ပယ်ရန် အကြောင်း ဖြစ်စေသနည်း။
ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ရောက်လာခြင်းကြောင့်၊
သင့်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီ၊ သနားကရုဏာ ပြခဲ့လေပြီ။
ထို့ပြင် သင့်ထံ ဘုရားသခင် ပေးသော နှုတ်ကပတ်တော်များမှာ ဤအရာတို့ပေတည်း၊
လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည့် ဤသာမန်လူသားသည်
သင့်အတွက် အလွန်တန်ဖိုးရှိပေသည်။
ဤကြီးသောအမှုအရာကို လူတို့အကြား၌ ဘုရားသခင် ပြုခဲ့ပြီ။
၂
သမ္မာတရားကို ဖော်ပြသောသူကား သူပေတည်း။
သမ္မာတရားကို ထောက်ပံ့ပေးသောသူကား သူပေတည်း။
သင် လျှောက်လှမ်းရန်အလို့ငှါ လမ်းကြောင်း ပေးမူ၏။
သင် နားမလည်သေးသလော။
ဤသမ္မာတရားအားလုံးထဲ၌ ဘုရားသခင့် အလုပ်၏
သဲလွန်စများကို သင် သတိမပြုမိနိုင်သေးသလော။
ယေရှု၏အလုပ် မပါဘဲ၊
လူသားသည် လက်ဝါးကပ်တိုင်မှ ဆင်းနိုင်ခဲ့မည် မဟုတ်ပေ။
ယနေ့ လူ့ဇာတိခံယူခြင်း မရှိဘဲ၊
လက်ဝါးကပ်တိုင်မှ ဆင်းလာသောသူများသည်
ဘုရားသခင်၏ ချီးကျူးလက်ခံခြင်းကို ဘယ်သောအခါမျှ ရနိုင်ခဲ့မည်၊
ခေတ်ကာလအသစ်သို့ အဘယ်နည်းဖြင့်မျှ ဝင်ရောက်နိုင်ခဲ့မည် မဟုတ်ပေ။
ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ရောက်လာခြင်းကြောင့်၊
သင့်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီ၊ သနားကရုဏာ ပြခဲ့လေပြီ။
ထို့ပြင် သင့်ထံ ဘုရားသခင် ပေးသော နှုတ်ကပတ်တော်များမှာ ဤအရာတို့ပေတည်း၊
လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည့် ဤသာမန်လူသားသည်
သင့်အတွက် အလွန်တန်ဖိုးရှိပေသည်။
ဤကြီးသောအမှုအရာကို လူတို့အကြား၌ ဘုရားသခင် ပြုခဲ့ပြီ။
၃
ဤလူသား ကြွလာခြင်း မရှိဘဲ၊ သင်၌ ဘယ်သောအခါမျှ အခွင့်အရေး ရှိလိမ့်မည် မဟုတ်၊
ဘုရားသခင်၏ စစ်မှန်သောမျက်နှာထားကို မြင်တွေ့ရန် ဘယ်သောအခါမျှ အရည်အချင်းမီလိမ့်မည် မဟုတ်ပေ။
အကြောင်းမူကား သင်တို့အားလုံးသည် အပြီးအပိုင် ဖျက်ဆီးခြင်းကို ခံသင့်သည်မှာ
ကြာလှပြီ ဖြစ်သောကြောင့်ပေတည်း။
ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ရောက်လာခြင်းကြောင့်၊
သင့်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီ၊ သနားကရုဏာ ပြခဲ့လေပြီ။
ထို့ပြင် သင့်ထံ ဘုရားသခင် ပေးသော နှုတ်ကပတ်တော်များမှာ ဤအရာတို့ပေတည်း၊
လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည့် ဤသာမန်လူသားသည်
သင့်အတွက် အလွန်တန်ဖိုးရှိပေသည်။
ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ရောက်လာခြင်းကြောင့်၊
သင့်ကို ဘုရားသခင် ခွင့်လွှတ်ခဲ့ပြီ၊ သနားကရုဏာ ပြခဲ့လေပြီ။
ထို့ပြင် သင့်ထံ ဘုရားသခင် ပေးသော နှုတ်ကပတ်တော်များမှာ ဤအရာတို့ပေတည်း၊
လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်သည့် ဤသာမန်လူသားသည်
သင့်အတွက် အလွန်တန်ဖိုးရှိပေသည်။
ဤကြီးသောအမှုအရာကို လူတို့အကြား၌ ဘုရားသခင် ပြုခဲ့ပြီ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်သည် လူသားများအကြား၌ ကြီးမားသည့် အမှုအား ဆောင်ရွက်ခဲ့သည်ကို သင်သိပါသလား” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။