၂၅၃ ဘုရားသခင်သည် ဖန်ဆင်းရာအားလုံး၏ သခင်ဖြစ်တော်မူ၏
၁ ငါ့ကို တစ်ချိန်က ယေဟောဝါဟု သိရှိခဲ့ကြသည်။ ငါ့ကို မေရှိယဟုလည်း ခေါ်ခဲ့ကြပြီး၊ လူတို့က ချစ်ခြင်းမေတ္တာနှင့် ရိုသေကြည်ညိုမှုဖြင့် ငါ့ကို ကယ်တင်ရှင်ယေရှုဟု တစ်ချိန်က ခေါ်ခဲ့ကြသည်။ သို့သော်လည်း ယနေ့တွင် ငါသည် လူအများက အတိတ်ကာလများတွင် သိခဲ့ကြသည့် ယေဟောဝါ သို့မဟုတ် ယေရှု မဟုတ်တော့ပေ။ ငါသည် နောက်ဆုံးသောကာလတွင် ပြန်ကြွလာပြီး ဖြစ်သည့် ဘုရားသခင်၊ ခေတ်ကို အဆုံးသတ်မည့် ဘုရားသခင် ဖြစ်ပေသည်။ ငါသည် မြေကြီးစွန်းမှ ထမြောက်တော်မူသော၊ ငါ၏အလုံးစုံသော စိတ်သဘောထားနှင့် ပြည့်ဝသကဲ့သို့၊ သြဇာအာဏာ၊ ဂုဏ်သိက္ခာ၊ ဘုန်းအာနုဘော်တို့နှင့် ပြည့်ဝနေသော ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်။ ဤသည်မှာ နောက်ဆုံးသောကာလ၌ လူသားထံ ပေါ်ထွန်းသော်လည်း၊ လူသားအလယ် ကွယ်ဝှက်သည့် ဘုရားသခင် ဖြစ်ပေသည်။ သူသည် လောင်ကျွမ်းနေသော နေမင်းနှင့် တောက်လောင်နေသော မီးလျှံကဲ့သို့၊ တန်ခိုးနှင့်ပြည့်ကာ သြဇာအာဏာဖြင့် ပြည့်လျှမ်းလျက်၊ လူသားအလယ် အမှန်တကယ်နှင့် စစ်မှန်စွာ နေထိုင်လျက် ရှိသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် တရားစီရင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိသကဲ့သို့၊ မီးလျှံ၏ လောင်ကျွမ်းခြင်းမှတစ်ဆင့် သန့်စင်ခြင်း မခံရမည့် လူ သို့မဟုတ် အမှုအရာ တစ်ခုမျှ မရှိပေ။
၂ ကယ်တင်ရှင်သည် နောက်ဆုံးသောကာလအတွင်းတွင် ရောက်ရှိပြီး၊ ယေရှုဟု ခေါ်ဆိုခြင်းခံရဆဲဖြစ်ကာ၊ တစ်ဖန် ယုဒပြည်တွင် မွေးဖွားပြီး၊ ထိုနေရာတွင် အမှုပြုခဲ့ပါက၊ ဤအရာက ငါသည် ဣသရေလလူမျိုးကိုသာ ဖန်ဆင်းခဲ့ပြီး၊ ဣသရေလလူမျိုးကိုသာ ကယ်နုတ်ခဲ့ကာ တစ်ပါးအမျိုးသားများနှင့် ငါမည်သို့မျှ မသက်ဆိုင်သည်ကို သက်သေပြမည် ဖြစ်သည်။ ဤအရာက “ငါသည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းသော သခင်ဖြစ်၏။” ဟူသော ငါ၏နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်မည် မဟုတ်လော။ ငါသည် ဣသရေလ လူမျိုးတို့၏ ဘုရားသခင်မျှသာ မဟုတ်ဘဲ၊ အဖန်ဆင်းခံ သတ္တဝါ အားလုံး၏ ဘုရားသခင်ဖြစ်သောကြောင့်၊ ယုဒပြည်ကို ငါ စွန့်ခွာခဲ့ပြီး တစ်ပါးအမျိုးသားတို့အလယ်တွင် ငါ၏ အမှုကို ပြုပေသည်။ ငါသည် ဣသရေလ အမျိုးတို့၏ ဘုရားသခင်၊ ယေဟောဝါဖြစ်သည်သာမက၊ ထို့အပြင် တစ်ပါးအမျိုးသားတို့အလယ်ရှိ ငါ၏ ရွေးချယ်ခြင်း ခံရသူအားလုံး၏ ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နောက်ဆုံးသောကာလ အတွင်းတွင် တစ်ပါးအမျိုးသားများအလယ် ငါ ပေါ်ထွန်းပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကယ်တင်ရှင်သည် ‘ဖြူသောမိုးတိမ်’ စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်