၂၅၄ ယေရှုပြန်လာခြင်းကို သင်မည်သို့ကြိုဆိုမည်နည်းကျူး
၁
ဒီတစ်ကြိမ် ဘုရား လူ့ဇာတိခံယူတဲ့အခါ သူ့ အမှုဟာ
အဓိကမှာ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကနေ
သူ့စိတ်သဘောထားကို ဖော်ပြဖို့ပဲ။
ဒါကို အခြေခံအုတ်မြစ်အဖြစ် သုံးပြီး
လူတို့ဆီ သမ္မာတရား ပိုမိုဆောင်ကြဉ်း၊
လက်တွေ့လုပ်ဆောင်မှုနည်းလမ်းများ ပိုဖော်ပြ၊
၎င်းသည် လူကို သိမ်းယူဖို့နဲ့ ဖောက်ပြန်ပျက်စီးတဲ့
စိတ်သဘောထားမှ ကယ်တင်ဖို့
သူ့ရည်မှန်းချက်ကို ပြီးမြောက်စေ။
ဒါ နိုင်ငံတော်ခေတ် ဘုရားအမှုနောက်ကွယ်မှာ ရှိတဲ့အရာပါ။
လူတွေဟာ ကျေးဇူးတော်ခေတ်မှာ ကျန်ရစ်နေသေးရင်
ဘုရားပင်ကိုစိတ်သဘောထားကို သူတို့ ဘယ်တော့မှ သိမှာ မဟုတ်၊
ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ကင်းမှာ မဟုတ်။
ကျေးဇူးတော်ပြည့်လျှံလျက် အသက်ရှင်ကြပေမဲ့
ဘုရားကို ဘယ်လို သိမြင် စိတ်ကျေနပ်စေရမယ် မသိရင်
သူတို့ယုံကြည်ပုံမှာ သနားဖွယ်ဖြစ်ပေမဲ့
ကိုယ်တော်ကို ဘယ်တော့မှ ရမှာမဟုတ်။
၂
နိုင်ငံတော်ခေတ်ထဲ သူ့အမှုအားလုံး သင် တွေ့ကြုံခဲ့ပြီးနောက်
နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားတဲ့
အိပ်မက်အားလုံး တကယ်ဖြစ်လာမယ်။
နောက်ဆုံး ဘုရားကို မျက်နှာချင်းဆိုင်တွေ့ပြီဟု ခံစားရမှာ၊
အခုမှပဲ ဘုရားမျက်နှာကို ငေးကြည့်၊
ဘုရားမိန့်မြွက်ချက်ကို ကြားခဲ့ရပြီ၊
သူ့အမှုများနဲ့ ဉာဏ်ပညာ၊ ဘယ်လောက်စစ်မှန်၊
တန်ခိုးကြီးကြောင်း သိခဲ့တယ်
သင့်ရှေ့က သူတွေထက် သင် ပိုမိုမြင်တွေ့၊ ရရှိခဲ့တာ သင်သိမှာပါ။
ယုံကြည်ခြင်းနဲ့ သူ့နှလုံးသားအတိုင်း
အပြည့်အဝ လိုက်လျှောက်ဖို့ဆိုတာ ဘာလဲ သင်သိလာမယ်။
အတိတ်ကို ဖက်တွယ်ပြီး ဘုရားရဲ့ဒုတိယအကြိမ်
လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ရင်
လက်ချည်းသက်သက် ဘာမှ မရှိဘဲ
ကိုယ်တော်ကို ဆန့်ကျင်ခြင်းအပြစ် ရှိလိမ့်မယ်။
သမ္မာတရားကို နာခံ၊ အမှုတော်ကို နာခံရင်
ဘုရားရဲ့ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၊
အနန္တတန်ခိုးရှင်ကို လက်ခံရင်
သူကိုယ်တိုင် လမ်းပြလိမ့်မယ်။
သာ၍ မြင့်မားများပြားတဲ့ သမ္မာတရားကို ရရှိမြင်တွေ့လိမ့်မယ်
စစ်မှန်တဲ့ လူ့အသက်တာ ရရှိလိမ့်မယ်။
၃
မိမိရဲ့ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖယ်ရှားချင်လား
ပိုမြင့်တဲ့ သမ္မာတရားကို ရချင်လား။
အကျိုးရှိတဲ့ အသက်တာ ရှင်သန်ချင်လား။
ဘုရားသခင်စုံလင်စေဖို့ ဆန္ဒရှိလား။
ဒါဆို ယေရှုပြန်လာခြင်းကို သင် ဘယ်လိုကြိုဆိုမလဲ။
ဒါဆို ယေရှုပြန်လာခြင်းကို သင် ဘယ်လိုကြိုဆိုမလဲ။
ဒါဆို ယေရှုပြန်လာခြင်းကို သင် ဘယ်လိုကြိုဆိုမလဲ။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်