ဘုရားသခင်စုံလင်စေသည်မှာ ယုံကြည်ခြင်းတည်းကျူး
ဤအမှု အဆင့်အတွက် ငါတို့၌ ကြီးမားသောယုံကြည်ခြင်းနှင့် ကြီးမားသော ချစ်ခြင်းမေတ္တာရှိကြရန် လိုအပ်သည်။ သေးငယ်သော သတိလက်လွတ်ဖြစ်မှုတစ်ခုကြောင့် ငါတို့ခြေချော်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဤ အမှု အဆင့်သည် ယခင်အဆင့်အားလုံးနှင့် ခြားနားသောကြောင့်တည်း။ ဘုရားသခင် စုံလင် စေသော အရာသည် လူသားမျိုးနွယ်၏ယုံကြည်ခြင်းဖြစ်သည်။ ထိုအရာကို မြင်နိုင်သူ သို့မဟုတ် တို့ထိနိုင်သူမရှိပေ။ ဘုရားသခင်ပြုလုပ်သောအရာမှာ နှုတ်စကားများကို ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်အသက်တာ အဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ လူတို့သည် အကြိမ်ပေါင်းရာနှင့်ချီ၍ စစ်ဆေးခြင်း ကို ကြံ့ကြံ့ခံကာ ယောဘ၏ယုံကြည်ခြင်းထက် ကြီးမားသောယုံကြည်ခြင်းကို ပိုင်ဆိုင်သည့်အနေအထားသို့ရောက်ရှိကြရမည်။ သူတို့သည် အချိန်မရွေး မယုံနိုင်လောက်အောင် ဆိုးရွားသောဒုက္ခဆင်းရဲနှင့်ညှင်းပန်းမှု အမျိုးမျိုးကိုကြံ့ကြံ့ခံကာ မည်သည့်အခါမျှ ဘုရားသခင်ကို မစွန့်ခွါဖို့ လိုအပ်သည်။ အသက်ဆုံးရှုံးသည့်အထိ နာခံမှုရှိ၍ ဘုရားသခင်အား ယုံကြည်ခြင်း ကြီးမားနေချိန်တွင် ထိုအဆင့်ရှိသော ဘုရားသခင်၏ အမှု ကို ပြီးမြောက်မည်ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏အမှုသည် သင်တို့ထင်သလို ရိုးစင်းလှသည်မဟုတ်ကြောင်း ငါသတိပေးလိုသည်။ ၎င်းသည် လူ့အယူအဆနှင့် မအပ်စပ် လေလေ အရေးပါမှု လေးနက်လေလေ၊ လူ့အယူအဆနှင့် အပ်စပ်လေလေ တန်ဖိုးနည်းလေလေဖြစ်ပြီး အမှန်တကယ်အရေးပါမှုမရှိတော့ပေ။ ဤစကားတို့ကို ဂရုတစိုက် စဉ်းစားဆင်ခြင်လော့။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လမ်းကြောင်း … (၈)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။