၁၇၂ ဘုရားသည် မိမိအမှုကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရမည်ကျူး

၁ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ စွမ်းအားမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် မပြီးမြောက်နိုင်ပေ။ ထို့ထက် ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကသာ လုပ်ဆောင်နိုင်သည်။ ဤလူ့ဇာတိသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့် လူသားတစ်ယောက်နှင့် ဘုရားသဘောသဘာဝ အပြည့် ပိုင်ဆိုင်သော ဘုရားသခင်လည်း ဖြစ်သည်။ ထို့ကြောင့် ဤလူ့ဇာတိသည် ဘုရားသခင်၏ ဝိညာဉ်တော် မဟုတ်သကဲ့သို့၊ ဝိညာဉ်တော်နှင့် အလွန် ကွာခြားလှသော်လည်း၊ ယင်းသည် ဝိညာဉ်တော် ဖြစ်ပြီး လူ့ဇာတိလည်း ဖြစ်သော၊ လူသားကို ကယ်တင်သည့် လူ့ဇာတိခံ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ဆဲဖြစ်သည်။

၂ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်တွင် အဆင့်တစ်ဆင့်ကိုသာ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့်နှစ်ဆင့်ကို လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်ကာ၊ ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့သော ပညတ်တော်ခေတ်၏ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်း မပါဝင်သကဲ့သို့၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာနှင့်လည်း မည်သည့်ဆက်နွှယ်မှုမျှ မရှိပေ။ သို့သော် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ လူ့ဇာတိ အမှုသည် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီးကာ အရေးပါလှသော အစိတ်အပိုင်းဖြစ်သည်။

၃ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ တိုက်ရိုက်အမှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် ၎င်းကို ထိန်းကျောင်းပေးရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန် လူ့ဇာတိခံ ဘုရားသခင်ကို လိုအပ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်ထံမှ ပို၍များသော ကျေးဇူးတော်နှင့် ပို၍ကြီးမားသော ရွေးနုတ်ခြင်းတို့ကို လိုအပ်လေသည်။ လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်သာ လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသား၏ အမြဲရှိနေသော အထောက်အမ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့ရော အတိတ်ကာလများတွင်ပါ လူ့ဇာတိခံယူခြင်း၏ လိုအပ်မှုဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၁၇၁ လူ့ဇာတိခံဘုရားသည် ကယ်တင်ခြင်းအမှုအတွက် ပိုသင့်တော်၏ကျူး

နောက်တစ်ခုသို့- ၁၇၃ လူ့ဇာတိခံဘုရားအမှု၏ အကောင်းဆုံးသောအရာကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။