လူတို့အတွက် ဘုရား၏ အကြံပေးချက်
၁
ဘုရားသခင်က သင့်အား သဘောတရား အယူအဆ အကြောင်း မပြောဘဲ
စစ်မှန်၊ လက်တွေ့ကျပြီး အနှစ်သာရရှိသောအရာအကြောင်းကို ပြောဖို့တိုက်တွန်းသည်။
“ခေတ်သစ် အတတ်ပညာ” ကို လေ့လာလော့၊ ဆက်ကပ်အပ်နှံလော့။
စစ်မှန်သောအရာကို ပြောလော့၊ ပါဝင်ကူညီလော့။
စကားကို ပြောသည့်အခါ လက်တွေ့ကျကျပြောပါ။
လူတွေကို မြူးတူးစေရန်နှင့်၊ လူရှေ့မှာ တစ်မူထူး ဖြစ်လို၍၊ ဟိတ်ဟန်ကြီးပြီး၊ လက်တွေ့မကျသောစကား၌ မမွေ့လျော်ပါနဲ့။
ထိုစကားသည် မည်သို့တန်ဖိုးရှိမည်နည်း။
လူစိတ်ဝင်စားအောင် ပြောရခြင်း၏ ရည်ရွယ်ချက်က ကောင်းလား။
လုပ်ရပ်တိုင်းမှာ ဘုရားသခင်၏ အိမ်တော်ကို အကျိုးပြုအောင် အားထုတ်လော့။
စကားကို အနုပညာပါပါ ပြော၍ သင့်တင့်လျောက်ပတ်စွာ နေထိုင််လော့။
သင့် အသိစိတ်က စိတ်ခံစားမှုကို လမ်းပြဦးဆောင်ပါစေ။
အကျိုးသင့်အကြောင်းသင့် လုပ်ဆောင်ပြီး လက်တွေ့ကျကျ ပြောလော့။
ကြင်နာမှုကို အမုန်းဖြင့် မတုံ့ပြန်ပါနှင့်။
ကြင်နာမှုကို မြင်တွေ့လျှင် ကျေးဇူးမကန်းပါနှင့်။
သူတော်ကောင်း ယောင်ဆောင်သူ မဖြစ်ပါစေနှင့်
သို့မဟုတ်ပါက သင်သည် မကောင်းသည့် လွှမ်းမိုးမှု ဖြစ်သွားနိုင်သည်။
၂
ဘုရား၏ နှုတ်ကပတ်တော်ကို သင် စားသုုံးသောအခါ၊
၎င်းကို လက်တွေ့ဘဝနှင့် ဆက်စပ်ပေးပါ။
လက်တွေ့ကျသော အရာများအကြောင်းကို ပြောလော့၊ ထောင်လွှားခြင်း မရှိနှင့်။
စိတ်ရှည်၊သည်းခံ၊ အလျှော့ပေးတတ်အောင် လေ့ကျင့်ပါ။
ရက်ရောပြီး လူတို့နှင့် ပွင့်လင်းမြင်သာပါ။
စိတ်ထားမြင့်မြတ်သော၊ ကြင်နာသောသူ ဖြစ်ဖို့ သင်ယူလော့။
သင့် အကြံအစည် မကောင်းသည့် အခါ ဇာတိစိတ်သဘောကို စွန့်လွှတ်လော့။
လူလက်လှမ်းမမီနိုင်သော အကြောင်းများမပြောဘဲ လက်တွေ့ကျသော အရာမျာအးကြောင်း များများပြောပါ။
ကိုယ်ကျိုးမငဲ့ဆက်ကပ်ကာ၊ သာ၍ပေးကမ်းပါ၊ လျော့ပြီး သာယာကြည်နူးပါ။
ဘုရား၏အလိုတော်ကို အရေးပေးပြီး၊ သင့် အသိစိတ်ကို နားစွင့်လော့။
ဘုရားက သင့်အား အလေးထားပြောသည်ကို အောက်မေ့လော့။
မကြာခဏ ဆုတောင်း၍ မိတ်သဟာယဖွဲ့ဖို့ အားထုတ်လော့။
မပြတ်မသားမနေနှင့်၊ အသိစိတ်ကိုပြပြီး၊ သိမြင်နားလည်နိုင်မှုကို ရယူပါ။
အပြစ်ရှိသော သင့် လက်ကို ဝေးဝေးမရောက်ခင် ပြန်ရုပ်သိမ်းပါလေ။
သို့မဟုတ်လျှင် ဘုရားထံမှ ကျိန်ခြင်းမှလွဲ၍ ဘာမျှ ရစရာမရှိ။
သို့ကြောင့် အသက်တာ၌ သင် ဘာလုပ်သည်ကို သတိပြုလော့။
၃
သနားတတ်သူ ဖြစ်ပါစေ၊ သူများကို “လက်နက်များ” ဖြင့် မထိုးနှက်ရ။
သမ္မာတရားနှင့် အသက်ရှင်ခြင်းအကြောင်း ပိုပြော၍ သူများကို ကူညီလော့။
လက်တွေ့ကျကျ ပိုပြီးလုပ်၊ အပြောနှင့် စပ်စုခြင်းကို လျှော့။
ဘုရားသင့်ကို နှိုးဆွပြီး၊ စုုံလင်ခြင်းအမှုကိုပြုစေရန်ကြိုးပမ်းပါ။
လူ့နည်းလူ့ဟန် များကို များများ ဖယ်ရှားလော့။
သင်၏ ရွံရှာဖွယ်ကောင်းပြီး၊
စစ်မှန်မှုမရှိသော အမူအကျင့်တို့ကို ဖယ်ထုတ်သင့်သည်
သင်၏ ရွံရှာဖွယ် စိတ်နေသဘောထားကို ပြုပြင်ဖို့ အားထုတ်လော့။
လူများသည် သင်၏ နှလုုံးသား၌ နေရာယူနေသည်
စဉ်းစားချင့်ချိန်တတ်ပါ။ သင့်စိတ်နှလုုံး၏ကြီးမားသောအစိတ်အပိုင်းကိုဘုရားအားပေးအပ်လော့။
ဘုရားသည်သာ သင့် “ဗိမာန်” ၏ အဦးဆုုံးပိုင်ရှင်ဖြစ်သည်။
ထို့ကြောင့် လူတို့က မသိမ်းပိုက်ရ။
အချုပ်အားဖြင့်၊ စိတ်ခံစားမှုများထက် ဖြောင့်မတ်ခြင်းကို အာရုံစိုက်လော့။
အသိပညာထက် လက်တွေ့ကျသောအမှုအကြောင်း ပြောလော့။
ဟိတ်ဟန်ကြီးသော စကားထက် လက်တွေ့ လမ်းစဉ် အကြောင်းကို ပြောပါ။
တိတ်ဆိတ်စွာ နေခြင်းသည် အကောင်းဆုုံး ဖြစ်သည်။ ယခုမှစ၍ စတင်ကျင့်သုုံးပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စစ်မှန်မှု အပေါ်တွင် ပို၍အာရုံစိုက်ပါ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။