မေးခွန်း (၁) သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အနေနဲ့ နောက်ဆုံးသောကာလမှာ သူ့ရဲ့စီရင်ခြင်းအမှုတော်တွေကိုပြုဖို့ကြွလာခဲ့ပြီးပြီလို့ မင်းတို့သက်သေခံကြတယ်၊ ဒါဟာ ဘယ်လိုဖြစ်နိုင်မှာလဲ ကိုယ်တော်ဟာ တို့ကို ကောင်းကင်နိုင်ငံတော်ခေါ်ဆောင်ဖို့ တကယ်ပြန်ကြွလာမှာပဲဆိုရင် ဘာလို့များ နောက်ဆုံးသောကာလမှာ စီရင်ခြင်းအမှုတော်တွေလုပ်ဖို့ တို့ကို ချန်ထားမှာလဲ ကိုယ်တော့်ကိုယုံကြည်ပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်တွေကို လက်ခံရရှိမယ်ဆိုရင် တို့တွေဟာ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်နဲ့ ကျွမ်းဝင်ပြီးပြီပဲလို့ ငါထင်တယ် သခင်ယေရှုပြောခဲ့တဲ့ သက်သေစကားရှိတယ် “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၇-၈) သခင်ယေရှု ရှင်ပြန်ထမြောက်၍ကောင်းကင်ဘုံပြန်တက်ပြီးနောက် ပင်တေကုတ္တေပွဲနေ့မှာ သန့်ရှင်းသောဝိညာဉ်တော်က သူ့အမှုတော်တွေပြုဖို့ လူတွေဆီကြွလာတယ် သူဟာ လူသားတွေကို အပြစ်တင်ဆုံးမတာတွေ၊ ဖြောင့်မတ်တာတွေ၊ စီရင်တာတွေလုပ်ပေးပြီးပြီ တို့ဟာ ကိုယ်တော့်ရှေ့မှာ နောင်တတရားနဲ့အပြစ်တွေဝန်ချတောင်းပန်မယ်ဆို ဒါဟာ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်နဲ့ အကျွမ်းတဝင်ရှိနေတာဘဲလေ ဒါကြောင့်ကျွန်တော်တို့ဟာ သခင်ယေရှုရဲ့ ရွေးနှုတ်ကယ်တင်ခြင်းတွေ အဲဒီနောက် ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွခြင်းတွေကို ယုံကြည်ပေမဲ့ ပင်တေကုတ္တေပွဲနေ့မှာ ဆင်းကြွလာတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်ကသာ နောက်ဆုံးသောကာလအတွက် ဘုရားသခင်ရဲ့အဆုံးအဖြတ်ဖြစ်သင့်တယ်လို့ ခံယူတယ် အဲဒါဟာ စီရင်ခြင်းအမှုတော်ဘဲမဟုတ်ခဲ့ရင် အဲ့ဒါဟာ “ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။” လို့ဘယ်လိုဖြစ်နိုင်ပါ့မလဲ တို့ဟာ ကိုယ်တော့်ကိုယုံကြည်သူတွေဖြစ်လို့ တခါတရံမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တို့ထိမှု၊ဆုံးမမှု၊ လေ့ကျင့်ပေးမှုတွေကို ခံစားရတယ် ဒါကြောင့် ကိုယ်တော့်ရှေ့မှာ တို့ဟာ အမြဲတမ်း ငိုကြွေးပြီး နောင်တရနေတတ်တာပေါ့ အပြုအမူကောင်းတွေပေါက်ဖွားလာတာဟာ ကိုယ်တော့်ကိုယုံကြည်ခြင်းဖြင့် တို့ဟာဘယ်လိုပြောင်းလဲခဲ့ပြီဆိုတာဘဲ ဒါဟာ ကိုယ်တော့်ရဲ့စီရင်ခြင်းနဲ့အကျွမ်းဝင်ခြင်းရလဒ်မလား ဒါဆို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလစီရင်ခြင်းအမှုတော်တွေဟာ သခင်ယေရှုရဲ့အမှုတော်နဲ့ ဘယ်လိုကွာခြားလဲဆိုတာ

အဖြေ- ကျွန်တော်တို့ဟာ သခင်ယေရှုရဲ့ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်နဲ့ ကိုယ်တော်ယူလာခဲ့တဲ့သတင်းစကား “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုတဲ့အချက်ကို သိမှတ်ယုံကြည်ကြတယ်ဆိုရင် နောက်ဆုံးသောကာလမှာ စီရင်ခြင်းအမှုတော်ကို ပင်တေကုတ္တေပွဲနေ့မှာဆင်းကြွလာတဲ့ သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်မယ်ဆိုတဲ့ အဆုံးအဖြတ်က ဘာကိုအခြေခံခဲ့တာလဲ သခင်ယေရှုရဲ့စကားအပေါ်မှာဘဲ အကိုတို့ အခြေခံခဲ့တာ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၇-၈) နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်ကို သန့်ရှင်းသောဝိညာဉ်တော်ကလုပ်မယ်လို့ အကိုတို့ သေချာပေါက်ပြောရဲတယ်ဆိုရင် ဘုရားနှုတ်ကပတ်တော်အရ အခြားအခြေခံအကြောင်းရင်းရှိလား ကိုယ်တော်က နောက်ဆုံးသောကာလမှာ သန့်ရှင်းသောဝိညာဉ်တော်ကြွလာပြီး တရားစီရင်ခြင်းလုပ်မယ်လို့ ပြောခဲ့လား သခင်ယေရှု ဘယ်တုန်းကမှ အဲဒီလိုမပြောဖူးပါဘူး သခင်ယေရှု ပြတ်ပြတ်သားသားပြောခဲ့တာက “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) သခင်ယေရှုဟာ ဘယ်သူ့ကိုမှ စီရင်ခြင်းတွေ မလုပ်ခဲ့သေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောခဲ့တယ် နောက်ဆုံးသောကာလ သူပြန်ကြွလာမှ ကိုယ်တော်ဟာစီရင်ခြင်းအမှုတော်တွေပြုဖို့ သမ္မာတရားတွေကိုဖွင့်ပြလိမ့်မယ် အမှန်ပဲ ကျေးဇူးတော်ကာလမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ကို ဘုရားသခင်ရဲ့စီရင်ခြင်းအမှုတော်နဲ့ကိုယ်စားပြုတာဟာ မှားတယ် ကျွန်တော်တို့ဟာ ကိုယ်တော့်ရှေ့မှာ နောင်တတရားနဲ့အပြစ်တွေဝန်ချတောင်းပန်တဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လှုပ်ကိုင်မှုနဲအမှုတော်ရှိရမယ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လှုံ့ဆော်ခြင်း နဲ့ အမှုတော်တွေ ပါဝင်ရမယ်ဆိုတာ မှန်ပါတယ် ဒါပေမဲ့ တစ်စုံတစ်ယောက်ဟာ ဘုရားသခင်ရှေ့မှာ နောင်တမျက်ရည်တွေကျလာတဲ့အခါ အဲဒါဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လှုံ့ဆော်ခြင်းဘဲ ဒီရလဒ်ဟာ အဲဒီလူကို ဘုရားသခင်ရှေ့မှာ နောင်တနဲ့ ဝန်ချတောင်းပန်တဲ့အခါ ကိုယ်တော့်ရဲ့ကျေးဇူးတော်တွေခံစားရဖို့ အရည်အသွေးပြည့်ဝစေတယ် လူတွေကို သန့်စင်စေဖို့ ပြီးပြည့်စုံစေဖို့ဆိုတဲ့၊ နောက်ဆုံးသောကာလမှာ ပြုမယ့် ဘုရားသခင်ရဲ့တရားစီရင်ခြင်းကြောင့် ရလာမယ့် အကျိုးရလဒ်တွေ မဟုတ်ဘူး ကျေးဇူးတော်ကာလမှာပြုတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ဟာ နောက်ဆုံးသောကာလမှာပြုတဲ့အမှုတော်နဲ့ မတူပါဘူး ဒါဟာ ကိုယ်တော့်ရဲ့အမှုတော်အဆင့်ဆင့်တိုင်းမှာ ကိုယ်တော့်ရဲ့အလိုဆန္ဒကို လက်ခံရရှိဖို့ ရည်ရွယ်ချက်တွေ၊ရလဒ်တွေ တိုက်ရိုက်ပတ်သက်နေတယ် စီရင်ခြင်းဆိုတာ ဘာကိုပြောတာလဲလို့နားလည်ဖို့ ကျွန်တော်တို့တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ကြားနာရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘တရားစီရင်ခြင်း’ ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်မောင်းမဲဖို့ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၏ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။...

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ တရားစီရင်ခြင်းဆိုတာဘာလဲ နဲ့ စီရင်ခြင်းအမှုတော်ရဲ့ရလဒ်တွေကို ရှင်းရှင်းလင်းလင်း ရှင်းပြတယ် နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်ဟာ လူတွေကို ဆေးကြောကယ်တင်ပေးဖို့ဘဲ အဲဒီအခါကျ ကိုယ်တော်ဟာ လူတွေကို သူ့တို့အပြစ်တွေအတွက် အပြစ်တင်မလား၊ ကျိန်ဆဲမလား မပြောတတ်ဘူး ကိုယ်တော့်ရဲ့ ဆေးကြောကယ်တင်ခြင်းကိုလက်ခံရရှိပြီး အပြစ်ရဲ့ကျေးကျွန်ဘဝမှလွတ်မြောက်ဖို့အကြောင်း ခုလို နှုတ်ကပတ်တော်ကို လူတွေက မပြောပြနိုင်ဘူး ဘုရားသခင်ဟာ နှုတ်ကပတ်တော်အလုံအလောက်ကိုဖွင့်ပြဖို့လိုအပ်တယ် လူသားတွေအတွက် ကိုယ်တော့်ရဲ့ စီမံခန့်ခွဲမှုအစီအစဉ်တွေကို ကိုယ်တော်ကဘဲ ရှုထောင့်မျိုးစုံကနေ သေချာဖွင့်ပြဖို့လိုတယ် ဒါကြောင့် ကျေးဇူးတော်ကာလမှာ သခင်ယေရှုအားဖြင့် ဒီအချက်တွေကို ရာထောင်မကသော စကားတွေနဲ့ ဖွင့်ပြခဲ့တယ် နောက်ဆုံးသောကာလ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်ဟာ ဘုရားသခင်ကို ဆန့်ကျင်သစ္စာဖောက်ခြင်းဆိုတဲ့ လူတွေမှာရှိနေတဲ့ စာတန်ရဲ့စရိုက်လက္ခဏာကို တရားစီရင်ဖို့၊ ဖော်ထုတ်ပြဖို့နဲ့ စာတန်ကြောင့် လူသားတွေ ပျက်ဆီးရခြင်း အမှန်တရားတွေ၊ ကိုယ်တော့်ရဲ့သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ နှစ်သိမ့်ခြင်းစရိုက်တွေ အပေါ်အခြေခံထားတယ် ကိုယ်တော့်ရဲ့ရည်ရွယ်ချက် နဲ့ လူသားတွေရဲ့လိုအပ်ချက်တွေနဲ့ဆိုင်တဲ့ ရှုထောင့်စုံကနေ ဘယ်လိုလူတွေဟာ ကယ်တင်ခြင်းခံရမယ်၊ ဘယ်လိုလူတွေဟာ အပြစ်ဒဏ်ခံရမယ် အစရှိတဲ့အချက်တွေကို ကျွန်တော်တို့ကို ထုတ်ဖော်ဖွင့်ပြမယ် နောက်ဆုံးသောကာလ ကိုယ်တော့်ရဲ့ စီရင်ခြင်းအမှုတော်နဲ့ အကျွမ်းဝင်ခြင်းအားဖြင့် တို့တွေဟာ လူတွေအပေါ်ထားရှိတဲ့ ကိုယ်တော့်ရဲ့ အစီအစဉ်တွေကို သဘောပေါက်နိုင်တယ် ကျွန်တော်တို့တွေက အကောင်း နဲ့ အပြစ် ဆိုတာကို ခွဲခြားလာနိုင်ပြီး ဘုရားသခင်ကို အရူးအမူးဆန့်ကျင်နေတဲ့ စာတန်ရဲ့နတ်ဆိုးမျက်နှာကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်လာတယ် စာတန်ကြောင့် ပျက်ဆီးခဲ့ရတဲ့ လူသားတွေရဲ့ခမ်းနားမှုတွေကို သိမြင်လာပြီး ကိုယ်တော့်ကို ဆန့်ကျင်သစ္စာဖောက်တတ်တဲ့ ကျွန်တော်တို့ရဲ့စာတန်ဆန်တဲ့စရိုက်တွေကိုလည်း ဝန်ခံလာတတ်မယ် ကိုယ်တော့်ရဲ့ဖြောင့်မတ်မှု၊ တန်ခိုးကြီးမှု၊ ဉာဏ်ကြီးမှု နဲ့ ကိုယ်တော့်ရဲ့စိုးပိုင်မှုတွေနဲ့ အကျွမ်းတဝင်ရှိရင် ကျွန်တော်တို့ဟာ မှန်ကန်တဲ့သိနားလည်မှုတွေရလာပြီး ကိုယ်တော့်ကို ချစ်ကြောက်တဲ့ နှလုံးသားနဲ့ပြည့်ဝလာမယ် လူသားတွေဟာ ကိုယ်တော့်ကိုပုန်ကန်မိတာကြောင့် မြေပြင်ပေါ်ကို အရှက်တကွဲ မောင်းချခံထားရလို့ ကိုယ်တော့်ရှေ့မှာ မထိုက်တန်ဘူး တို့တွေက ကိုယ့်ကိုယ်ကိုယ် ရွံရှာပြီး ပစ်ပယ်လာမယ်။ အပြစ်ဆိုတဲ့အနှောင်အဖွဲ့ကနေ ဖြည်းဖြည်းချင်း ခွာလာမယ် ကိုယ်တော့်ကို အမှန်တကယ် ချစ်ကြောက်ရိုသေနာခံတဲ့ လူသားတွေဖြစ်လိမ့်မယ် ဒီအချက်တွေဟာ နောက်ဆုံးသောကာလမှာ ကိုယ်တော့်ရဲ့စီရင်းခြင်းအမှုတော် ရလဒ်တွေပေါ့ နောက်ဆုံးသောကာလ ကိုယ်တော့်ရဲ့စီရင်ခြင်းဆိုတာ ဒါမျိုးအမှုတော်ပဲလေ

ကျေးဇူးတော်ကာလအကြောင်းပြောကြစို့ သခင်ယေရှုဟာ အဲဒီကာလမှာ လူသားတွေအပေါ်ထားရှိတဲ့ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ ဂရုဏာကိုသာ ဖော်ပြဖို့အတွက် နောင်တတရားနဲ့ဆိုင်တဲ့ ဒေသနာကိုဟောပြီး ကားတိုင်ပေါ်မှာ ရွေးနှုတ်ကယ်တင်ပေးခဲ့တယ် သခင်ယေရှုဟာ တချို့စကားတွေပြောပြီး ဖာရိရှဲတွေကို ရှုတ်ချကျိန်ဆဲခဲ့ပေမဲ့ ဒါဟာ ကိုယ်တော့်အမှုတော်ရဲ့ အဓိကအလုပ်မဟုတ်ပါဘူး ကိုယ်တော်ဟာ အပြစ်တွေကိုလွှတ်ပေးခြင်း၊နောင်တရဖို့တရားဟောခြင်း၊ကျေးဇူးတော်တွေပေးခြင်းဖြင့် ရွေးနှုတ်ကယ်တင်ခြင်းအမှုကိုပြုခဲ့တယ် အဲဒီအမှုတော်တွေဟာ စီရင်ဆေးကြောခြင်းအပေါ်အခြေခံထားတဲ့အရာတွေမဟုတ်ဘူး ဒါကြောင့် သခင်ယေရှုဟာ တစ်ကမ္ဘာလုံးကိုရွေးနှုတ်ကယ်တင်တဲ့အမှုတော်ရယ် ဘယ်လိုနောင်တတရားနဲ့ အပြစ်ဝန်ချရမယ်၊ ဘယ်လိုနှိမ့်ချသည်းခံရမယ် ဘယ်လိုနှစ်ခြင်းမင်္ဂလာခံရမယ်၊ မိမိကားတိုင်ကို ဘယ်လိုထမ်းရမယ်၊ ဘယ်လို ဒုက္ခဝေဒနာခံစားရမယ်ဆိုတဲ့အချက်တွေကို ဟောပြောတဲ့အမှုတော်ကိုဘဲ လုပ်ဆောင်ခဲ့တယ် ကိုယ်တော့်ကိုယုံကြည်တယ်ဆိုရင် ကိုယ်တော်ပြောခဲ့သလို နောင်တတရားနဲ့အပြစ်ဝန်ချဖို့လိုတယ်၊ ဒါမှသာ ကျွန်တော်တို့ရဲ့အပြစ်တွေကို ခွင့်လွှတ်ခံရလိမ့်မယ် ဒါမှသာ ပညတ်တရားအားဖြင့် စီရင်ထားတဲ့ သေခြင်းမှလွတ်မြောက်လိမ့်မယ် ကိုယ်တော့်ကို ဝတ်ပြုကိုးကွယ်ဖို့ နဲ့ ကျေးဇူတော်တွေခံစားရဖို့ အရည်အသွေးတွေပြည့်မှီလာလိမ့်မယ် ဒါတွေဟာ ကျေးဇူးတော်ကာလမှာ ကိုယ်တော်ပြုခဲ့တဲ့ ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်တွေရဲ့ အကျိုးဆက်ပဲ အဲဒါဟာ နောက်ဆုံးသောကာလ ကိုယ်တော့်ရဲ့စီရင်ခြင်းအမှုတော်ပုံစံနဲ့တော့ လုံးဝကွဲလွဲမယ် ဒါပေမဲ့ လူတစ်ချို့က ခုလိုယုံကြည်ကြတယ် ကျေးဇူးတော်ကာလမှာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်တွေနဲ့ အကျွမ်းဝင်ခြင်းဖြင့် ဉာဏ်အလင်းတွေ၊ ဆုံးမသွန်သင်ခံရမှုတွေ၊ ဝိညာဉ်တော်ရဲ့ စရိုက်လက္ခဏာတွေကို ရရှိမယ် မျက်ရည်ကျပြီးဆုတောင်းမယ်၊ အပြစ်တွေဝန်ချမယ်၊ ကောင်းသောအပြုအမူတွေလုပ်မယ် ဒါတွေကို လုပ်ဆောင်ရရှိတာဟာ ကိုယ်တော့်ရဲ့စီရင်ဆေးကြောခြင်းနဲ့ အကျွမ်းဝင်မှုရှိတယ်လို့ ထင်နေကြတယ် တစ်ခုမေးပါရစေ၊ အပြစ်ရဲ့ ဗီဇဇစ်မြစ်ကိုသိကြလား ကျွန်တော်တို့တွေ ကိုယ်တော့်ကိုဆန့်ကျင်နေမိတဲ့ စာတန်ရဲ့စရိုက်လက္ခဏာတွေရဲ့ အချုပ်ကို သိကြလား လူသားတွေကျရှုံးသွားရခြင်းရဲ့ အမှန်တရားကိုရော သိကြလား၊ စာတန်ရဲ့ ဒုစရိုက်မှုတွေရဲ့ ဗဟိုချက်ကိုရော သိကြလား ကိုယ်တော့်ရဲ့ ဖြောင့်မတ်မှု၊ထည်ဝါမှု နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ စရိုက်လက္ခဏာတွေကိုရော သိကြလား ကျွန်တော်တို့တွေဟာ တကယ်ဘဲ အပြစ်ရဲ့ထိန်းချုပ်မှု အနှောင့်အဖွဲ့မှ ကျောခိုင်းနိုင်ခဲ့ပြီလား ကျွန်တော်တို့ရဲ့ စာတန်ဆန်တဲ့စရိုက်လက္ခဏာတွေ စင်ကြယ်သွားပြီလား ကျွန်တော်တို့တွေ တကယ်ပဲ ကိုယ်တော့်ကို ချစ်ကြောက်ရိုသေနာခံတတ်သူတွေဖြစ်လာပြီလား ကျွန်တော်တို့တွေမှာ ဒီအချက်တွေနဲ့ မပြည့်စုံသေးပဲနဲ့ ဘယ်လိုလုပ်ပြီး ဘုရားသခင်ရဲ့ စီရင်ဆေးကြောခြင်းအမှုတော်နဲ့ အကျွမ်းဝင်ပြီလို့ပြောနိုင်မှာလဲ ကျေးဇူးတော်ကာလမှာ သခင်ယေရှုရဲ့ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်ဟာ စီရင်ခြင်းအမှုတော်မဟုတ်ဘူး နိုင်ငံတော်ကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အားဖြင့်ပြုတော်မူတဲ့ အမှုတော်ကသာ နောက်ဆုံးသောကာလကိုယ်တော့်ရဲ့ စီရင်ခြင်းအမှုတော်ဘဲ

ကောင်းကင်နိုင်ငံတော်ဟူသောကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၉) သမ္မာကျမ်းစာဟာ သခင့်အပေါ်ကျွန်တော်တို့ ယုံကြည်ခြင်းရဲ့ အခြေခံပဲ ဒီနှစ် နှစ်ထောင်အတွင်းမှာ ယုံကြည်သူအားလုံးဟာ သူတို့ရဲ့ယုံကြည်ခြင်းကို သမ္မာကျမ်းအစာအပေါ်မှာပဲ အခြေခံခဲ့ကြတယ် အဲဒါကြောင့် သမ္မာကျမ်းစာဟာ သခင့်ကို ကိုယ်စားပြုတယ်လို့ ကျွန်တော်ယုံကြည်တယ် တစ်ခုကိုယုံတာဟာ အခြားတစ်ခုကိုယုံတာပါပဲ ဘယ်လိုပဲဖြစ်ဖြစ်၊ သမ္မာကျမ်းစာကနေ ကျွန်တော်တို့ သွေဖည်သွားလို့ မဖြစ်ဘူး သမ္မာကျမ်းစာမရှိဘဲ ကျွန်တော်တို့ယုံကြည်ခြင်း ဘယ်လို ကျင့်ကြံမှာလဲ ဒါဟာ ယုံကြည်ခြင်းတောင် ဟုတ်ရဲ့လား ဒီလိုပုံစံမျိုးနဲ့ ယုံကြည်ခြင်းကို ကျင့်ကြံတာဟာ ဘာများမှားနေလို့လဲ

နောက်တစ်ခုသို့- မေးခွန်း (၂) နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ထုတ်ဖို့၊ တရားစီရင်ဖို့အတွက် သခင်ယေရှုဟာ ပြန်ပြီးကြွလာခဲ့ပြီလို့ ခင်ဗျားတို့က သက်သေထူတယ် ကျွန်တော်ကျတော့ ဒါကို ဘာလို့မမြင်ခဲ့မိတာလဲ သခင်ဟာ တိမ်တွေကိုစီးရင်း ပြန်ကြွလာမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ် သခင် ပြန်ကြွလာရင်လည်း၊ သခင့်အပေါ်ယုံကြည်သူတွေအားလုံးဟာ ပြောင်းလဲခြင်းခံရမယ့်အပြင် သခင့်ကို ဖူးနိုင်ဖို့ ကောင်းကင်ဆီ ချီဆောင်ခံရမယ်လို့ပဲ ကျွန်တော်က ယုံကြည်တယ် ရှင်ပေါလု မိန့်ခဲ့သလိုပဲပေါ့. “ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိ အောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင်၊ ဘုန်းအသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ်ပြင်ဆင်တော်မူလတံ့။” (ဖိလေမုန် သြဝါဒစာ ၃:၂၀-၂၁) ပြီးတော့ သခင် ပြန်ပြီးကြွလာတာဟာ လူ့ဇာတိခံပြီး၊ လူသားအဖြစ်ကို ရောက်ရှိဖို့ နောက်ဆုံးသောကာလမှာ တရားစီရင်ဖို့အတွက် သမ္မာတရားကို ဖော်ထုတ်ပြဖို့ဆိုပြီး ခင်ဗျားတို့က ပြောတယ် ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ထင်တယ် ဘုရားသခင်ဟာ အရာရာကိုစွမ်းနိုင်သူဖြစ်တာကြောင့် ဘုရားသခင်ဟာ နှုတ်ထွက်စကားတစ်ခွန်းတည်းနဲ့တင် ကောင်းကင်ဘုံရယ်၊ ကမ္ဘာကြီးနဲ့ တခြားအရာတွေအားလုံးကို ဖန်တီးခဲ့တယ်။ သေသူကို ပြန်ရှင်စေခဲ့တယ် ဘုရားသခင်ဟာ ကျွန်တော်တို့ကိုလည်း စကားတစ်ခွန်းတည်းနဲ့ သန့်ရှင်းခြင်းအဖြစ်ကို ရောက်စေနိုင်ပါတယ် ဒီတော့ သမ္မာတရားကို ဖော်ပြဖို့၊ လူတွေကို တရားစီရင်ဖို့နဲ့ သန့်ရှင်းစေဖို့အတွက် ဘုရားသခင်ဟာ လူ့ဇာတိကို ခံယူစရာလိုပါ့မလား

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။