မေးခွန်း (၄) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီး တော်တော်ပြင်းထန်တာလေးတွေရှိတာတွေ့ရပါတယ် လူသားကိုတရားစီရင်ခြင်း ရှုတ်ချခြင်းနဲ့ ကျိန်ဆိုခြင်းတွေပါ ဘုရားသခင်ကလူသားတွေကိုတရားစီရင်ပြီး ကျိန်ရင် သူတို့တွေရှုတ်ချခံရပြီးအပြစ်ပေးခံရမလားလို့တွေးမိတယ် ဘယ်လိုဖြစ်ပြီး ဒီလိုတရားစီရင်မှုမျိုးက လူသားမျိုးနွယ်ကိုသန့်စင်ပြီးကယ်တင်ဖို့လို့ ပြောလို့ရမှာလဲ

အဖြေ- နောက်ဆုံးသောကာလတွင် ဘုရားသခင်က အောင်နိုင် သူများကို စုဖို့ သမ္မာတရား ကိုဖော်ပြပြီး၊ တရားစီရင်မှုပြုသည်၊ နှလုံးသားတစ်ခုတည်းနှင့် ဘုရားသခင်ကို ယုံကြည်သည့်သူများ ဖြစ်ပါသည်။ ဘုရားသခင် ကမ္ဘာကြီးကို စပြီးဖန်ဆင်းကတည်းက ဤအရာကို ဆုံးဖြတ်ပြီးသားပါ။ ဘုရားသခင်က အောင်မြင်သူ တစ်စုကို ပြုလုပ်ပြီး ဖြစ်သည်၊ သူတို့အားလုံးက ဘုရားသခင်၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့အားဖြင့် ပြုလုပ်ခံရသည်၊ ပြီးလျှင် သူတို့က တရုတ်ကွန်မြူနစ်ပါတီ၏ ရက်စက်သည့် ညှင်းပန်းနှိပ်စက်မှု အတိဒုက္ခထဲက လွတ်မြောက်လာပြီ ဟု သင် ပြောနိုင်ပါသည်။ ယင်းမှာ ဘုရားသခင်က ဤအရာကို ပြုပြီးဖြစ်သည် ဆိုသည့် အမှန်တရားပင် ဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမှ မငြင်းနိုင်ပါ။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ချို့တွင် လူသားများကို ရှုတ်ချခြင်းနှင့် ကျိန်ဆိုခြင်းတို့ ပါဝင်သည်ဟု ထင်နေသည့်သူ တစ်ချို့ရှိပြီး၊ သူတို့က အယူအဆများကို ဖြစ်ပေါ်စေကြသည်။ ဤသည်မှာ သူတို့ဘုရားသခင်၏ လုပ်ဆောင်ချက်ကို မသိသည်မှာ အဓိကအချက်ပင် ဖြစ်ပါသည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်မှုက ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြုထားသည့်အတိုင်း တရားစီရင်မှု မဟာပလ္လင်ဖြူ ဖြစ်ပါသည်။ ဘုရားသခင်က သူ့၏တရားမျှတမှု၊ ကြီးကျယ် မြင့်မြတ်မှုနှင့် အမျက်ဒေါသ ဆိုသည့် စိတ်နေသဘောထားကို ပြပါသည်၊ ပြီးလျှင် ယင်းမှာ လူသားများကို အလုံးစုံမြင်အောင်ပြပြီး၊ လူတစ်ယောက်ချင်းစီ၏ ပုံစံကို ပိုင်းခြားသိမြင်စေခြင်း ဖြစ်သည်၊ ထို့ထက်ပိုပြီး ခေတ်ဟောင်းကို အဆုံးသတ်ပြီး စာတန်၏ ဘက်တော်သားများ ကိုရှင်းပစ်ဖို့ ဖြစ်ပါသည်။ သို့ပါက ဘုရားသခင်ကို ခုခံသည့် စာတန် ဘက်တော်သားများကို ဘုရားသခင်က ရှုတ်ချပြီး မကျိန်ဆိုနိုင်ပါသလား။ ဘုရားသခင် ရွေးချယ်ထား သည့် လူများနှင့် သူတို့၏ ဖောက်ပြန်မှုကို နှစ်သက်သည့် စိတ်အမှန်ကြောင့်၊ စီရင်ခြင်းခံရမည့် လူများ အတွက် ၎င်းတို့က ရှုတ်ချပြစ်တင်မှုဟု ထင်ရပြီး၊ ဘုရားသခင် ရွေးချယ်ထားသည့် လူများကို ရှင်းရှင်းလင်းလင်းနှင့် သူတို့၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို နှလုံးအတွင်းထိ မြင်အောင် ထုတ်ပြပြီး၊ သမ္မာတရားကို နားလည်ခြင်း၏ အသီးကို စားသုံးစေမည်။ ဘုရားသခင်သာ မပြင်းထန်ခဲ့ ပါက၊ သူ့၏ နှုတ်ကပတ်တော်များသာ ထိထိမိမိနှင့် ကွက်တိမကျ ခဲ့ပါက၊ ကျွန်တော်တို့ ကိုယ်ပိုင်ဖောက်ပြန်မှုကို ကြိုက်နှစ်သက်သည့် စိတ်နှင့် ဆိုးယုတ်သည့်သဘာဝကို နားလည်နိုင်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလ တွင် ဘုရားသခင်၏ အမှုတော်အနေနှင့် လူသားများကို သန့်စင်ပြီး၊ စုံလင်ခြင်းဆိုသည့် ရလဒ်ကို ရဖို့ ဖြစ်နိုင်မည် မဟုတ်ပါ။ သမ္မာတရားကို ချစ်မြတ်နိုးသည့်သူတိုင်း၊ အဖြစ်ရပ်မှန်ကို အလေးထားသည့်သူတိုင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထင်ရှားပြတ်သားသည်ကို တွေ့မြင်နိုင် လိမ့်မည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စကားများ ပဲဖြစ်စေ၊ ရှုတ်ချခြင်းနှင့် ကျိန်ဆိုခြင်း စကားများပဲဖြစ်စေ အားလုံးက တကယ့် ကျိုးကြောင်းများ နှင့် ကိုက်ညီပါသည်။ ဘုရားသခင်က လက်တွေ့ကျပြီး မှန်ကန်သည့် နည်းလမ်းနှင့် မိန့်ပါသည်၊ ၎င်းတို့သည် အလွန်မှန်ကန်ပါသည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တစ်လုံးတစ်ပါဒမှ အပိုချဲ့ကားခြင်း မရှိပါ။ ဘုရားသခင်၏ ဤပြင်းထန်သည့် နှုတ်ကပတ်တော်များ ကနေ ရရှိခဲ့သည့် ရလဒ်များကနေမှ ထိုနှုတ်ကပတ်တော် များတွင် တိမ်မြုပ်နေသည့် ဘုရားသခင်၏ လူသားများအပေါ် ချစ်ခင်မှုနှင့် လူသားများကို ကယ်တင်ဖို့ ရည်ရွယ်ချက်ကောင်းများကို တွေ့ရပါ လိမ့်မည်။ သမ္မာတရားကို မကြိုက်သည့်သူများက စိတ်ကူး အယူအဆများ ပေါ်လာနိုင်သည်။ သမ္မာတရားကို မုန်းသည့်သူများသာ ဘုရားသခင်၏ လုပ်ဆောင်မှုများကို ဝေဖန်ရှုတ်ချပါလိမ့်မည်။ ဘုရားသခင်က တရုတ်ပြည်တွင် နှစ် ၂ဝ ကျော် လုပ်ဆောင်နေခဲ့ပြီး၊ အောင်နိုင်သူအုပ်စု ကိုလည်း ဖွဲ့စည်းထားပြီးပါပြီ။ သူတို့က တရုတ်ပြည် ကွန်မြူနစ်ပါတီ အစိုးရ၏ ရက်စက်သည့် ဖိနှိပ်မှုများခံခဲ့ရသည်။ ပြီးလျှင် သူတို့အားလုံး ရပ်တည်ပြီး၊ သက်သေခံနိုင်ကြသည်။ ဤသည်မှာ လုံးဝကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ရသည့် အကျိုးရလဒ်ပင် ဖြစ်ပါသည်။ သူတို့အားလုံး ဘုရားသခင်၏ချစ်ခြင်းအပြင် လူသားများကို ကယ်တင်ဖို့ ဘုရားသခင် ခံစားခဲ့ရသည့်အရာ များကိုလည်း နှုတ်ကပတ်တော်များ ထဲတွင် မြင်ခဲ့ပြီးဖြစ်ပါသည်။ တစ်ချို့ နှုတ်ကပတ်တော်များက အရမ်းပြင်းထန်သော်လည်း၊ သူတို့နာခံ နိုင်ကြပါသည်။ ထိုမှနေ ဘုရားသခင်၏ စိတ်နေသဘောထားကို အမှန်တကယ်သိကြပြီး၊ ဘုရားသခင်ကို နှလုံးသားထဲတွင် ရိုသေလေးမြတ်ပြီး၊ ချစ်ခင်ကြ ပါသည်။ သူတို့က အမှုတော်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပြီး၊ အဆုံးအထိဘုရားသခင်၏ နောက်ကို လိုက်နိုင်ကြပြီ။ ဤသည်မှာ စာတန်ကို အရှက် အရစေဆုံး ကိစ္စဖြစ်ပါသည်။ ဘုရားသခင်က စာတန်ကို အနိုင်ယူခြင်း၏ သက်သေဖြစ်ပါသည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က မည်သို့စီရင်ပြီး၊ လူများကိုသန့်စင်ကြောင်းကိုမူ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ရန် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲက စာပိုဒ်တစ်ချို့ကို ဖတ်ကြည့်ရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က ‘အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း’ ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်)

သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ဤကယ်တင်ခြင်းသည် ယခင်ကထက် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄))

အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကြားပြီး၊ နောက်ဆုံးသော ကာလမှာ ဘုရားသခင်က အဘယ့်ကြောင့် တရားစီရင်သည့်အမှု လုပ်သည်ကို လူတိုင်း သိသင့်ပြီ ဖြစ်ပါသည်၊ မှန်ပါသလား။ လူများက အပြစ်များနှင့် စာတန်၏ အုပ်စိုးမှုအောက်တွင်နေသည်၊ အပြစ်ထဲမှာ ပျော်မွေ့ နေကြသည်။ ဘာသာရေး အသိုင်းအဝိုင်းက မည်သူမျှ ဘုရားသခင်ရောက်လာသည်ကို သတိမထားမိကြပါ။ သမ္မာတရားကို မချစ်သကဲ့သို့ လက်မခံနိုင်ကြပါ။ လူများက ဘုရားသခင်ကို မည်မျှသက်သေခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်မျှပင် ဖြန့်ဝေခဲ့ပါစေ၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် လုပ်ဆောင်ချက်များကို တက်တက်ကြွကြွ ရှာဖွေစုံစမ်း သည့်သူ မည်မျှရှိသနည်း။ နောက်ပြီး ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင် ဆုံးမခြင်းများကို လက်ခံနိုင် သည့်သူ မည်မျှရှိပါသနည်း။ လူတိုင်းက ဤလူသားမျိုးနွယ်က အဆိုးဆုံး ဖြစ်နေသည်ဟု မပြောကြပါလား။ နောက်ဆုံးသောကာလက ဘုရားသခင်၏ တရားစီရင်သည့် အမှုကြောင့်သာ မဟုတ်ပါက၊ လုံးဝပျက်ဆီးပြီး ဆိုးယုတ်သည့် စိတ်သဘောထားများနှင့် ပြည့်နေသကဲ့သို့၊ ဘုရားသခင်ကို ခုခံနေသည့် ဤလူသားမျိုးနွယ် က သန့်စင်ပြီး ဘုရားသခင်၏ ကယ်တင်မှုကိုခံရပါ့မလား။ နောက်ဆုံးသောကာလက ဘုရားသခင်၏ တရားစီရင်သည့် အမှုကြောင့်သာ မဟုတ်ပါက၊ ဘယ်သူက အောင်နိုင်သူအုပ်စုကို ဖွဲ့စည်းမည်နည်း။ သခင်ယေရှု၏ ပရောဖက်ပြုချက်များမှာ မည်သို့ စုံလင်တော့မည်နည်း။ ခရစ်တော်၏ နိုင်ငံတော်မှာ မည်သို့ဖြစ်တည် လာခဲ့မည်နည်း။ ဘုရားသခင်ကို ယုံကြည်သည့်လူ တော်တော်များများက ဘုရားသခင်က ချစ်တတ်ပြီး သနားတတ်သည့် ဘုရားသခင်ဖြစ်ပြီး၊ မည်သို့အပြစ်မျိုးပင် ကျူးလွန်ပါစေ၊ ဘုရားသခင်က ခွင့်လွှတ်မည်ဟု ယုံကြည်ကြခြင်း ဖြစ်ပါသည်။ သူတို့ မည်မျှပင် ဖောက်ပြန်ပျက်စီးနေပါစေ၊ မည်သူမျှ ဘေးဖယ်မခံရဘဲ၊ လူသားတိုင်းကို ဘုရားသခင်က သူရောက်လာချိန်တွင် မည်သို့ဖြစ်စေ ကောင်းကင် နိုင်ငံတော်ကို ပို့မည်ဟု ယုံကြည်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းဆီလျော်သည့် ရှုထောင့်ဟုတ်ပါသလား။ သခင့်၏ နှုတ်ကပတ်တော် ထဲတွင် ဤကိစ္စကို ထောက်ခံထားခြင်း ရှိပါသလား။ ယင်းမှာ လူ့အယူအဆတစ်ခုသာ မဟုတ် ပါလား၊ လူများ စိတ်ကူးထင်မြင်သည့် အရာတစ်ခု မဟုတ်ပါ လား။ ဘုရားသခင်က သန့်ရှင်းမြင့်မြတ်ပြီး၊ တရားမျှတသည့် ဘုရားသခင် ဖြစ်ပါသည်။ အမူအကျင့်ညစ်နွမ်း ဖောက်ပြန်ပြီး၊ စိတ်ပုပ်စိတ်ယုတ်များနှင့် ပြည့်နေသည့် သမ္မာတရားကို ငြင်းဆန်သည့်သူများနှင့် ဘုရားသခင်၏ ရန်သူများကို သူ့နိုင်ငံတော်ထဲ ဝင်ခွင့်ပေးပါ့မလား။ လုံးဝ ပေးမဝင်ပါ။ ထို့ကြောင့်် သခင်ယေရှုက သူပြန်လာပြီး၊ နောက်ဆုံးသောကာလတွင် သမ္မာတရားကို ဖော်ပြ၊ စီရင်ခြင်းကိုပြုပြီး၊ လူသားများကို လုံးလုံးလျားလျား သန့်စင်ကယ်တင်မည်ဟု ဗျာဒိတ်ပေးခဲ့ ပါသည်။ သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူ ရှိသေး၏။ ငါဟောပြောသော စကားပင် နောက်ဆုံးသောနေ့၌ ထိုသူအား အပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ဖောက်ပြန်ပျက်စီးမှုများနှင့် စွန်းထင်းနေသည့်သူများ အတွက်မူ ဘုရားသခင်က သေချာပေါက် သမ္မာတရားကို ထုတ်ဆောင်မည် ဖြစ်ပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုကို အထမြောက် စေမည်။ ဤသည်မှာလူများ၏ နှလုံးဝိညာဉ်များကိုနှိုးဖို့၊ လူများကို သိမ်းပိုက်နိုင်ဖို့နှင့် သူတို့၏ စိတ်အညစ်အကြေးများ မှနေ သန့်စင်ဖို့၊ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ပါသည်။ လူသားများ၏ ညစ်ညူးမှု၊ ဖောက်ပြန်မှု၊ မနာခံမှုနှင့် ဘုရားသခင်ကို ခုခံဆန့်ကျင်မှုများကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြင်းထန် သော်ငြားလည်း၊ မည်သို့ပင် ဖြစ်စေ ဘုရားသခင်၏ သန့်ရှင်းမှုနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားကို ပြခြင်းပင် ဖြစ်သည်။ ပြီးလျှင် ယင်းမှာ ကျွန်တော်တို့ကို ကိုယ့်၏မကောင်းသည့် သဘာဝ နှင့် ဖောက်ပြန်ပျက်စီး ရခြင်း အကြောင်းပြချက်ကို နားလည်စေမည် ဖြစ်ပါသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုများ ကြုံတွေ့ရခြင်း ကနေတစ်ဆင့် ကျွန်တော်တို့အားလုံး ဘုရားသခင့် နှုတ်ကပတ်တော်၏ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီ။ ကျွန်တော်တို့က ဘုရားသခင်၏ တရားစီရင်မှုကို လိုလားစွာ ကျိုးနွံနာခံပြီး၊ သမ္မာတရားကို ဖြည်းဖြည်းချင်း နားလည်လာပြီ ဖြစ်သည်။ မိမိ၏ ဆိုးယုတ်သည့် သဘာဝကို သေချာမြင်ပြီး၊ ဘုရားသခင်၏မျှတသည့် စိတ်သဘောထားကို အမှန်နားလည်ပြီး ဘုရားသခင်ကို ချစ်ကြောက်ရိုသေသည့် နှလုံးသားလည်း တိုးတက် လာမည်။ ကိစ္စများကိုရှုမြင်ရာတွင် မသိလိုက်ဘဲ၊ ပြောင်းလဲလာပြီး၊ ဘဝ၏ စိတ်သဘောထားကလည်း ပြောင်းလဲပြီး၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး၊ မကောင်းမှုကို ပယ်ရှားနိုင်မည်။ နောက်ဆုံးသော ကာလက ဘုရားသခင်၏ တရားစီရင်ခြင်း အမှု၏ ရလဒ်ဖြစ်သည့် အောင်မြင်သူအုပ်စု ဖန်ဆင်းခြင်းကို နောက်ဆုံးသောကာလ ဘုရားသခင် ၏ တရားစီရင်ခြင်း အမှုက အဆုံးတွင်တော့ ပြီးမြောက်စေခဲ့ပါပြီ။ ပြီးလျှင် ယင်းမှာ ဘုရားသခင်၏ အိမ်တော်ကစခဲ့သည့် တရားစီရင်ခြင်း နောက်ကွယ်က စစ်မှန်သည့် အရေးပါခြင်း ဖြစ်ပါသည်။ ဤအရာက ကျွန်တော်တို့အား မည်သည့်အရာကို သဘောပေါက် စေသနည်း။ ဘုရားသခင်က လူသားများကို အပြစ်ဒဏ်ပေးဖို့နှင့် ဖျက်ဆီးဖို့အတွက် သူ့နှုတ်ကပတ်တော်နှင့် တရားစီရင်ပြီး၊ ဖော်ထုတ်ခြင်း မဟုတ်ပါ။ လူသားများကို လုံးဝ သန့်စင် ပြောင်းလဲစေပြီး၊ ကယ်တင်ဖို့အတွက်ဖြစ်ပါသည်။ သို့သော်လည်း အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်၏ သန့်စင်မှုနှင့် တရားစီရင်မှုကို လက်ခံဖို့ ငြင်းဆန်သည့် လူများ အတွက်မူ ကပ်ဆိုးကြီးကျရောက်လာသည့်အချိန်တွင် ကပ်ဆိုးထဲ ကို အပို့ခံရပြီး အပြစ်ပေးခံရမည်ဖြစ်ပါသည်။

ကျွန်တော်တို့ ဘုရားသခင်ရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို နှစ်အနည်းငယ်လောက် ခံစားလိုက်ရပြီး သမ္မာတရားအချို့ကို နားလည်လိုက်ပါတယ် စာတန်ဟာ လူသားတွေကို ဖောက်ပြန်အောင်လုပ်ထားတာက တော်တော်နက်နဲတာ တကယ်တွေ့ခဲ့ရတယ် လူတိုင်းက ဆိုးယုတ်တဲ့ စိတ်သဘောထားတွေနဲ့ မောက်မာတယ် မာယာများတယ် ကိုယ်ကျိုးရှာ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာတွေနဲ့ပြည့်နှက်နေပါတယ် လိမ်တာလှည့်ဖျားတာတွေကိုလည်း မရပ်နိုင်ကြပါဘူး သူတို့နေထိုင်တဲ့ပုံစံက လူသဏ္ဍာန်တောင်ပျောက်လုနီးပါးပါပဲ ဘုရားသခင်ရှေ့မှာတော့ ကျွန်တော်တို့ အားလုံးကိုအရှက်နောင်တရပြီး ပုန်းစရာနေရာမရှိပါဘူး ဒါကဘုရားသခင်ရဲ့အမိန့်အတိုင်း တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေကို တွေ့ကြုံပြီးနောက်မှာရတဲ့ ရှုထောင့်တစ်ခုပါပဲ ကျွန်တော်တို့ရခဲ့တဲ့အမြင့်မြတ်ဆုံးအရာကတော့ ဘုရားသခင်ရဲ့မြင့်မြတ်တဲ့အနှစ်သာရနဲ့တရားမျှတတဲ့ စိတ်သဘောထားကိုအမှန်နားလည်သွားခြင်းပါပဲ ဒါကြောင့်ဘုရားသခင်ကိုကြောက်ပြီး မကောင်းမှုကိုရှောင်ကျဉ်ပြီး လူတစ်ယောက်လိုနေခဲ့ရပါတယ် ကျွန်တော်တို့အားလုံး ဘုရားသခင်ဆီကသန့်စင်ပေးမှုကိုရခဲ့ပြီး ကယ်တင်ခံခဲ့ရပြီလို့နက်နက်နဲနဲခံစားရပါတယ် အရင်က အသင်းတော်မှာ ခေါင်းဆောင်အဖြစ် အစေခံခဲ့တုန်းက ကိုယ့်ရဲ့ကျော်ကြားမှုနဲ့ အဆင့်အတန်းကိုပဲအာရုံစိုက်ခဲ့ပြီး ညီအစ်ကို မောင်နှမတို့ အသက်တာတွေရဲ့ ဝန်ထုပ်ကို မထမ်းပေးခဲ့ဘူး ကိုယ့်အနားမှာလူတွေဝိုင်းနေတာကိုကြိုက်ခဲ့ပြီး ရာထူးအတွက်လောဘကြီးခဲ့ပါတယ်။ မြင့်မားပြီးခွန်အားကြီးနေတော့ ဘယ်သူ့ကိုမှမယုံကြည်ခဲ့ပါဘူး ကျွန်တော်ကြုံခဲ့တာနဲ့ တခြားလူရဲ့အယူအဆနဲ့ မတူတော့တဲ့အခါ တရားသေသဘောနဲ့ ကိုယ့်အတွေးကိုပဲ ပြောခဲ့တယ် တစ်ခြားသူတွေ နာခံအောင်ပေါ့ သမ္မာတရားကိုလိုက်ဖို့ အာရုံမစိုက်ခဲ့တော့ သမ္မာတရားရဲ့ လက်တွေ့အရှိတရားကို မရရှိခဲ့ဘူး ကျွန်တော်တရားဟောရင်လည်း စာထဲမှာပါတဲ့အတိုင်းပြောပြီး ကြွားဝါဖို့ ကိုယ့်ကိုကိုယ်ကိုယ်ရည်သွေးခဲ့ပါတယ် အဲ့ဒီနည်းနဲ့ပဲ ကျွန်တော့်ရဲ့ လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့ စိတ်သဘောထားကို စော်ကားနေခဲ့တာကို မသိခဲ့ဘူး နောက်တော့ တစ်ရက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲက ဒီစာပိုဒ်လေးဖတ်မိပါတယ် “မိမိတို့ကိုယ်တိုင်၏ အကျိုးအမြတ် အတွက်သာ ဘုရားသခင်ကို ယုံကြည်ဖူးသူများ၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူပြီး မောက်မာသောသူများ၊ ကြွားဝါသူများနှင့် မိမိတို့ကိုယ်တိုင်၏ အဆင့်အတန်းကို ကာကွယ်သူများသည် စာတန်ကို ချစ်ပြီး သမ္မာတရားကို ဆန့်ကျင်သော လူများ ဖြစ်သည်။ ဤလူများသည် ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်နှင့် လုံးဝ သက်ဆိုင်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်)လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ရှင်းခံရကြပေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၇)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အခွန်းစီတိုင်း အာဏာတန်ခိုးရှိပြီး ဓားရှည်တစ်ချောင်းလိုပဲ ကျွန်တော့်ရဲ့ နှလုံးသားကို ထိုးဖောက်ခဲ့တယ် ပုန်းစရာနေရာမရှိ ထိတ်လန့်တုန်လှုပ်ပြီး ဘုရားသခင်ရဲ့ဒေါသတွေကျွန်တော့်အပေါ်ကျလာသလိုခံစားလိုက်ရပါတယ် ဘုရားသခင်ရှေ့မှာ ဒူးထောက်လဲချပြီး ကျွန်တော့်ရဲ့ မကောင်းတဲ့နည်းလမ်းတွေကို နောင်တရခဲ့ပါတယ် ဘုရားသခင်ကို ယုံကြည်ခဲ့ပေမဲ့ သမ္မာတရားနောက်ကို မလိုက်ခဲ့ပါဘူး ဘုရားသခင်ကို အထက်မှာထားပြီး သက်သေမထူနိုင်ခဲ့ပါဘူး ဒါပေမယ့်ကျွန်တော့်တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာတော့ တစ်ခါတစ်ရံကိုယ့်ကိုကိုယ်ပဲ တည်ဆောက်ပြီး လူတွေလေးစားအားကိုးအောင် ကြွားဝါခဲ့ပါတယ် ကျွန်တော်သူများတွေကိုလှည့်ဖျားပြီးချုပ်နှောင်ခဲ့တာမဟုတ်လား ဘုရားသခင်နဲ့ ရာထူးလုနေခဲ့တာမဟုတ်လား အရမ်းမောက်မာပြီးရှက်ရကောင်းမှန်းမသိခဲ့ပါဘူး အဲဒီမတိုင်ခင်က ကျွန်တော့်လုပ်ရပ်တွေဟာ ဘုရားသခင်ရဲ့ စိတ်နေသဘောထားတွေကို စော်ကားနေခဲ့တာ ပြီးတော့ ကျွန်တော့်လိုပဲ ဘုရားသခင်နဲ့ ရာထူးလုနေတဲ့သူတွေဟာ ဘုရားသခင်ရဲ့ပယ်ရှားမှုမှာပစ်မှတ်ထားခံရပြီး ကျိန်ခြင်းခံသင့်တယ် အရမ်းနာကျင်ခဲ့ရပြီး အစစ်ဆေးခံခဲ့ရပါတယ် ဘုရားသခင်ထံမှာ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေခဲ့ပါတယ် ပြီးတော့ ကျွန်တော် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ပိုပြီးဖတ်ခဲ့ပါတယ် “လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ပြမှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)) အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဆီကနေ ကျွန်တော်ရုတ်တရက် အမြင်မှန်ရခဲ့ပြီး ကျွန်တော့်ကို တရားစီရင်တဲ့အထဲမှာ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို နားလည်ခဲ့ပါတယ် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေဟာ ကျွန်တော့်ကိုပယ်ရှားပစ်ဖို့မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ မောက်မာတတ်တဲ့မကောင်းတဲ့သဘာဝကို သဘောပေါက်သွားစေပါတယ် ကျွန်တော့်လုပ်ရပ်တွေရဲ့ အကျိုးဆက်တွေနဲ့သဘာဝကိုနားလည်ဖို့၊ ကျွန်တော့်လိုလူတွေနဲ့ဆက်ဆံတဲ့ ဘုရားသခင်ရဲ့သဘောကိုသိဖို့ပါ အဲဒီလိုနဲ့ ကျွန်တော် တကယ်နောင်တရ၊ ကိုယ့်ကိုယ်ကိုယ် စွန့်ပယ်မုန်းတီးပြီး သမ္မာတရားကိုရှာဖွေဖို့ စိတ်သဘောထားပြောင်းလဲမှုကိုရှာဖွေဖို့နဲ့ သာမန်လူသားဆန်ဆန်နေနိုင်ဖို့ပဲဖြစ်တယ် ဘုရားသခင်ရဲ့စကားတွေက ကျွန်တော့်ရဲ့ဘုရားသခင်အပေါ်နားလည်မှုလွဲနေတာကို ပယ်ရှားလိုက်ပါတယ် ကျွန်တော်အားမနည်းတော့ဘူး၊ အဆိုးမမြင်တော့ဘူး ပြီးတော့ သမ္မာတရားကို စတင်ရှာဖွေခဲ့ပါတယ် ကျွန်တော်ဘုရားသခင်ဆီပြန်လာတော့ ကျွန်တော့်ကိုပစ်မထားတာတွေ့လိုက်ရပါတယ် ကျွန်တော့်ရဲ့ အပြစ်လွန်ကျူးမှုကို အခြေခံပြီးမဆက်ဆံခဲ့ပေမယ့် ကျွန်တော့်ကိုဉာဏ်အလင်းဖွင့်ပေးခဲ့ပါတယ် ဘုရားသခင်ရဲ့ လူသားတွေကိုစီရင်ဒဏ်ခတ်မှုရဲ့ အရေးပါမှုကိုနားလည်သွားပါတယ် ဘုရားသခင်ရဲ့ ဂရုဏာတော်နဲ့ ကယ်တင်ခြင်းကို အမှန်တကယ် ခံစားခဲ့ရပါတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကတဆင့် တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေကို တွေ့ကြုံပြီးနောက်မှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုနဲ့ ဘုရားသခင် စိတ်နေသဘောထားရဲ့ သန့်ရှင်းမှုကို နားလည်သွားပါတယ် ဘုရားသခင်ဟာလူသားတွေရဲ့အပြစ်ကိုမုန်းတီးပြီး လူသားမျိုးနွယ်ကိုရှုတ်ချပြီး ကျန်ဆိုရစေမယ့် အကြောင်းရင်းဖြစ်တဲ့သူ့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို မုန်းတာပါ ဒီလိုနဲ့ပဲ ဘုရားသခင်ရဲ့ လူသားတွေစော်ကားမှုကို သည်းမခံတဲ့ ဖြောင့်မတ်တဲ့ စိတ်နေသဘောထားကို ပိုပြီးခံစားခဲ့ရပါတယ် ပြီးတော့ ဘုရားသခင်ကိုပိုပြီး ချစ်ကြောက်ရိုသေလာခဲ့ပါတယ် အဲဒီလို တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုတွေအများကြီးကြုံခဲ့ရပြီးတဲ့နောက်မှာတော့ ကျွန်တော့်ရဲ့ မောက်မာတတ်တဲ့ သဘာဝကို မှန်ကန်စွာနားလည်ခဲ့ပါတယ် နှလုံးသားထဲကနေ ကိုယ့်ကိုကိုယ်မုန်းတီးရွံရှာခဲ့ပါတယ် အမှုတော်တွေကို ထမ်းဆောင်တဲ့နေရာမှာ ကျွန်တော်ရိုးသားလာပြီး အရင်လိုမထီတရီမလုပ်တော့ဘဲမကြွားဝါတော့ပါဘူး ဘုရားသခင်ကိုအမြင့်မှာထားပြီး သက်သေပြနိုင်ခဲ့ပြီး ဘုရားသခင် သတ်မှတ်ချက်တွေအတိုင်း အမှုတော်တွေကိုကျေပြွန်စွာထမ်းဆောင်နိုင်ခဲ့ပါပြီ မောင်နှမတွေကြားထဲမှာလည်း ကိုယ့်ကိုယ်ကိုယ်သတိနဲ့ဆန်းစစ်နိုင်လာပြီး ကျွန်တော့်ရဲ့ရုပ်ဆိုးတဲ့မကောင်းတဲ့အကျင့်တွေကို ချိုးနှိမ်နိုင်ခဲ့ပါပြီ သူများတွေဆုံးဖြတ်တာကိုအာရုံမစိုက်တော့ပါဘူး မောင်နှမတွေ ကျွန်တော့်မကောင်းကြောင်းတစ်ခုခုပြောနေရင်တောင်မှပေါ့ ကျွန်တော် ဘုရားသခင်ရှေ့မှောက် ပြန်ရောက်လာနိုင်ခဲ့တယ် သမ္မာတရားကိုရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ်သိခဲ့ရတယ် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ ကျွန်တော့်အပေါ် တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကြောင့် ဒီလိုပြောင်းလဲမှုမျိုးရလာပြီး လူသားနဲ့တူလာတဲ့ရလဒ်ကို ရခဲ့တာပါ

ဒီလောက်သာယာလိုက်တဲ့ အသံ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) အသင်းတော်အစည်းအဝေးမှာ သင်းအုပ်ဆရာနဲ့ အကြီးအကဲက သခင်ယေရှုက “ဤအမှုပြီးပြီ” လို့ လက်ဝါးကပ်တိုင်မှာပြောသွားတာက လူသားမျိုးနွယ်ကိုကယ်တင်ခြင်းအမှုပြီးပြီဆိုတာကို သက်သေပြတယ် သခင်ယေရှုကိုယုံကြည်ပြီး သူ့ရှေ့မှာ ကျွန်မတို့ရဲ့အပြစ်တွေကို ဝန်ခံလိုက်ရုံနဲ့ အပြစ်လွှတ်ခြင်းခံရပြီး သခင်က ကျွန်မတို့ကို အပြစ်သားအဖြစ်မမြင်တော့ဘူးဆိုတာကို သက်သေပြတယ်လို့ခဏခဏပြောပါတယ် ယုံကြည်မှုရှိရုံသက်သက်နဲ့ ကျွန်မတို့ဟာ ဖြောင့်မတ်ရာရောက်ပြီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရပါတယ် သခင်ပြန်လာတဲ့အခါ ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ကို ဝင်စေမှာဖြစ်ပြီး လူသားတွေကို ကယ်တင်တဲ့အလုပ်တော့ လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ် သင်းအုပ်ဆရာနဲ့အကြီးအကဲတွေ နားလည်ထားတာက လက်မခံနိုင်စရာလို့ ကျွန်မ ခံစားရပါတယ် ဒါပေမဲ့ သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်မှာ ရှိနေစဉ် ဤအမှုပြီးပြီလို့ ပြောတဲ့စကားက ဘာကို ဆိုလိုတာပါလဲ ဘာဖြစ်လို့ ဘုရားသခင်က နောက်ဆုံးကာလမှာ အမှန်တရားကို ထုတ်ပြောပြီး လူသားမျိုးနွယ်ကို တရားစီရင်တာတို့ သန့်စင်ပေးတာတို့ လုပ်ဖို့ လိုရတာလဲ

နောက်တစ်ခုသို့- မေးခွန်း (၁) သခင်ယေရှုက သူ့အမှုတော်ကိုပြုဖို့ ပြန်ကြွလာပြီ၊ လူ့ဇာတိခံယူပြီးပြီလို့ ခင်ဗျားတို့က သက်သေခံတယ် ကျွန်တော်ကတော့ ဒါကို နားမလည်ဘူး သခင်ယေရှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ကို ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သူ၏ အမှုတော်ကို ပြည့်စုံစေလျက်၊ သူသည် ကားစင်တင်ခံခဲ့ရပြီးနောက်၊ သူ၏ တပည့်တော်များအားလုံးရှေ့ ပေါ်ထွန်းလျက် ရှင်ပြန်ထမြောက်ခဲ့ပြီး၊ သူ၏ ဘုန်းသရေရှိသော ဝိညာဉ်ခန္ဓာဖြင့် ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သမ္မာကျမ်းစာထဲမှာ- “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့်၊ သခင် တစ်ဖန်ပြန်ကြွလာသည့်အခါ၊ ယင်းမှာ လူသားထံ ပေါ်ထွန်းသော သူ၏ ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာ ဖြစ်လိမ့်မည်ဟု သမ္မာကျမ်းစာက အတည်ပြုပါသည်။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ရန် အဘယ်ကြောင့် လူသား၏ အသွေးအသားပုံသဏ္ဌာန်ဖြင့် လူ့ဇာတိခံယူခဲ့ပါသနည်း။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာနှင့် လူသားအဖြစ် သူ၏ လူ့ဇာတိခံယူခြင်းတို့ကြား ကွဲပြားခြားနားချက်မှာ အဘယ်နည်း။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။