သခင့်မေတ္တာ လူတွေကြားမှာ အစဉ်တည်ရှိ
၁
သာမည သာမန်လူသား ကိုယ်တော်ရှင်သည် ပုန်ကန်တတ်သော ကျွန်ုပ်နှလုံးသားကို အောင်နိုင်
လူ့ဇာတိဖြင့် ထူးခြားအံ့ဖွယ်များကို ဖန်ဆင်း
ကိုယ်တော် ခြေချရာ အရပ်တိုင်းမှာ ကိုယ်တော့်အသက်တာ ထွန်းလင်း
ကိုယ်တော်၏ ညှာတာမှုကင်း စီရင်ခြင်းက အချစ်ပေတည်း
ကိုယ်တော်ရှင်၏ပူပန်မှုသည် ကိုယ်တော်၏ရည်ရွယ်ပြုမူဆောင်ရွက်ချက်တို့တွင် ပေါ်လွင်နေ
ကိုယ်တော် အောက်ကျအရှက်ခွဲ ခံတော်မူ၍ကိုယ်ကျိုးမငဲ့ အသက်ကို စတေး
ကိုယ်တော်၏မေတ္တာသည် ကျွန်ုပ်၏အဖော်မွန်ပါ။ ထိုမေတ္တာက ကျွန်ုပ်နှလုံးသားမှာ အစဉ်တည်ရှိ
ကိုယ်တော့်မေတ္တာများစွာကို ရရှိခဲ့ပြီ ယုံကြည်ခြင်းဖြင့် ထာဝစဉ် ချစ်နေမည်
၂
ကိုယ်တော် ကျွန်ုပ်ကို အသစ်တစ်ဖန် မွေးဖွားခွင့် ပေးသည်။ ကျွန်ုပ်အပေါ် ကိုယ်တော် ကြီးမားသောမျှော်လင့်ချက် ထားရှိ
ကိုယ်တော်၏ကြီးမားသည့်မေတ္တာက ကျွန်ုပ်ကို ကိုယ်တော်အား စွဲလန်းစေ
စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော့်ကို ချစ်ပါမည်။ ကျွန်ုပ် ကိုယ်တော်နဲ့ ရင်းနှီးအကျွမ်းဝင်မည်
ကျွန်ုပ်လျှောက်လမ်းသော အသက်တာဟာ နှုတ်ကပတ်တော်ပါ။ လူသားအားလုံး၏ ယုံကြည်အားကိုးမှု ကိုယ်တော်ရရှိခဲ့ပြီ
ကိုယ်တော်ပေးသည့် အဖိုးအခက ကျွန်ုပ်အချစ်ကို နိုးကြားစေ၊ နောင်တတွေ မရှိဘဲ မျှော်လင့်ချက်နဲ့ စောင့်မျှော်
ကိုယ်တော်၏မေတ္တာသည် ကျွန်ုပ်၏အဖော်မွန်ပါ။ ထိုမေတ္တာက ကျွန်ုပ်နှလုံးသားမှာ အစဉ်တည်ရှိ
ကိုယ်တော့်မေတ္တာများစွာကို ရရှိခဲ့ပြီ ယုံကြည်ခြင်းဖြင့် ထာဝစဉ် ချစ်နေမည်
၃
ကိုယ်တော့်မေတ္တာကို ပြန်ဆပ်ဖို် ကျွန်ုပ်အစွမ်းကုန်ကြိုးစားမည်၊ ကိုယ်တော့်အား ချီးမြောက်၍ သက်သေခံမည်
နှုတ်ကပတ်တော်ကို လက်တွေ့ကျင့်သုံးပြီး အလိုတော်ကို ကြိုးစားဆောင်ရွက်မည်
ကိုယ်တော်၏မေတ္တာသည် ကျွန်ုပ်၏အဖော်မွန်ပါ။ ထိုမေတ္တာက ကျွန်ုပ်နှလုံးသားမှာ အစဉ်တည်ရှိ
ကိုယ်တော့်မေတ္တာများစွာကို ရရှိခဲ့ပြီ ယုံကြည်ခြင်းဖြင့် ထာဝစဉ် ချစ်နေမည်