၁၁၅ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အစဉ် ရှေ့ဆက်တိုးလျက်ရှိ၏
၁ ယေဟောဝါ၏ အမှုပြီးသည့်နောက်တွင်၊ ယေရှုသည် လူတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံခဲ့သည်။ သူ၏အမှုကို သီးခြား မဆောင်ရွက်ခဲ့ဘဲ၊ ယေဟောဝါ၏ အမှုပေါ်တွင် အခြေခံ၍ ဆက်လက် အကောင် အထည်ဖော်သည်။ ယင်းမှာ ပညတ်တော်ခေတ်ကို ဘုရားသခင် အဆုံးသတ်ပြီးနောက် ခေတ်သစ်တစ်ခုအတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှု ဖြစ်သည်။ ထိုနည်းတူ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံးသည် အမြဲ ရှေ့ဆက် တိုးတက်နေသောကြောင့်၊ ယေရှု၏အမှု အဆုံးသတ်ပြီးနောက် ဘုရားသခင်သည် နောက်ခေတ်အတွက် သူ၏အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ခေတ်ဟောင်း ကုန်လွန်သည့်အချိန်တွင်၊ ယင်းကို ခေတ်သစ်တစ်ခုဖြင့် အစားထိုးလိမ့်မည် ဖြစ်ပြီး၊ အမှုဟောင်း ပြည့်စုံသည်နှင့် တစ်ပြိုင်နက် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဆက်လက်လုပ်ဆောင်မည့် အမှုသစ် ရှိလိမ့်မည်။
၂ ဤလူ့ဇာတိခံယူခြင်းသည် ယေရှု၏အမှုနောက်လိုက်လာသည့် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း ဖြစ်သည်။ ဟုတ်ပေ၏၊ ဤလူ့ဇာတိခံယူခြင်းသည် သီးခြား မဖြစ်ပေါ်ပေ။ ယင်းသည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ် နောက်ပိုင်း အမှု၏ တတိယအဆင့် ဖြစ်သည်။ အမှု၏ အဆင့်သစ်တစ်ခုကို ဘုရားသခင် အစပြုသည့် အချိန်တိုင်းတွင်၊ အသစ်သော အစပြုခြင်း ရှိရမည်ဖြစ်ပြီး ယင်းက ခေတ်သစ်တစ်ခုကို အမြဲ ဆောင်ကြဉ်းရမည် ဖြစ်သည်။ ထိုနည်းတူ ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏ အလုပ်လုပ်ပုံ၊ သူ၏အမှု တည်နေရာနှင့် သူ၏ နာမတော်တို့တွင်လည်း လိုက်လျောညီထွေသော အပြောင်းအလဲများ ရှိပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်