(က) လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များ

(၆၀၅) ယခုအချိန်တွင် သင်တို့သည် ဘုရားသခင်၏လူများဖြစ်လာခြင်းအတွက် အားထုတ်ရမည်ဖြစ်ပြီး ဝင်ရောက်မှု တစ်ခုလုံးကို မှန်သော လမ်းကြောင်းပေါ်သို့ စတင်ရမည်။ ဘုရားသခင်၏လူများ ဖြစ်ရန်ဆိုသည်မှာ နိုင်ငံတော်ခေတ်ထဲသို့ ဝင်ရောက်ခြင်းကို ဆိုလိုသည်။ ယနေ့ သင်တို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ တရားဝင် စတင်ဝင်ရောက်ပြီး သင်တို့၏ အနာဂတ် အသက်တာများသည် ယခင်ကကဲ့သို့ ပျင်းရိခြင်းနှင့် ပေါ့ပြက်ခြင်းများ ရပ်စဲသွားရမည်။ ထိုသို့သော နည်းလမ်းတစ်ခုဖြင့် အသက်ရှင်ခြင်း၊ ယင်းသည် ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းများကို ကြိုးပမ်းရရှိဖို့ မဖြစ်နိုင်ပေ။ အကယ်၍ သင်သည် မည်သည့် အရေးတကြီး ဖြစ်ခြင်းမျှ မခံစားရပါက၊ ဤအရာက သင်သည် မိမိကိုယ်ကိုယ် တိုးတက်စေဖို့ ဆန္ဒမရှိကြောင်း၊ သင်၏အားထုတ်မှုသည် ကမောက်ကမဖြစ်ပြီး ရှုပ်ထွေးသကဲ့သို့၊ သင်သည် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းနိုင်စွမ်း မရှိသည်ကို ပြသပေသည်။ နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ခြင်း ဆိုသည်မှာ ဘုရားသခင်၏ လူများနှင့်ဆိုင်သည့် အသက်တာ စတင်ခြင်းကို ဆိုလိုသည်- ထိုသို့သော လေ့ကျင့်မှုကို လက်ခံရန် သင်လိုလားလျက်ရှိသလော။ သင်သည် အရေးတကြီးဖြစ်သည့် အသိစိတ်ကို ခံစားရန် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ ဆုံးမပဲ့ပြင်မှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက်ရှိသလော။ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုအောက်တွင် အသက်ရှင်ရန် သင် လိုလားလျက် ရှိသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ပေါ် ရောက်လာပြီး သင့်ကို စမ်းသပ်သည့်အခါတွင်၊ သင်သည် မည်သို့ ဆောင်ရွက်လိမ့်မည်နည်း။ ပြီးလျှင် အမှန်တရားမျိုးစုံကို သင် ရင်ဆိုင်ရချိန်တွင်၊ မည်သည့်အရာကို လုပ်ဆောင်လိမ့်မည်နည်း။ အတိတ်တွင် အသက်အပေါ် သင် အာရုံမစိုက်ခဲ့ပေ။ ယနေ့တွင် သင်သည် အသက် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ခြင်းကို အာရုံစိုက်ရမည် ဖြစ်ပြီး သင်၏ အသက် စိတ်သဘောထားထဲ၌ အပြောင်းအလဲများကို လိုက်စားရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများ စွမ်းဆောင်ရရှိရမည့် အရာ ဖြစ်သည်။ ဘုရားသခင်၏ လူများဖြစ်သော သူအားလုံးသည် အသက်ကို ပိုင်ဆိုင်ရမည်၊ ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုကို လက်ခံရမည်ဖြစ်ပြီး ၎င်းတို့၏ အသက်စိတ်သဘောထားတွင် အပြောင်းအလဲများကို လိုက်စားကြရမည် ဖြစ်သည်။ ဤသည်မှာ နိုင်ငံတော်သားများကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။

နိုင်ငံတော်သားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

၁) ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို လက်ခံရမည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတွင် ပြောဆိုထားသော နှုတ်ကပတ်တော် အားလုံးကို လက်ခံရမည်။

၂) ၎င်းတို့သည် နိုင်ငံတော်၏ လေ့ကျင့်မှုထဲသို့ ဝင်ရောက်ရမည်။

၃) ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများ ဘုရားသခင်၏ တို့ထိခံရခြင်းအား ရရှိအောင် အားထုတ်ရမည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံသို့ လုံးဝ လှည့်ပြီးဖြစ်ကာ သင်သည် ပုံမှန် ဝိညာဉ်ရေးရာ အသက်တာ ရှိသည့်အခါတွင်၊ သင်သည် လွတ်လပ်မှု နယ်ပယ်ထဲတွင် အသက်ရှင်လိမ့်မည်၊ ယင်းမှာ သင်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုတွင် အသက်ရှင်ရလိမ့်မည်ဟု ဆိုလိုပေသည်။ ဘုရားသခင်၏ စောင့်ရှောက်မှုနှင့် ကာကွယ်မှုအောက်တွင် သင်အသက်ရှင်သည့်အခါမှသာ၊ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်လိမ့်မည်။

၄) ၎င်းတို့သည် ဘုရားသခင်၏ ရယူခြင်းကို ခံကြရမည်။

၅) ၎င်းတို့သည် ကမ္ဘာမြေကြီးပေါ်၌ ဘုရားသခင်၏ ဘုန်းအသရေနှင့်ဆိုင်သည့် သရုပ်သကန် တစ်ခု ဖြစ်လာကြရမည်။

ဤအချက်ငါးချက်သည် သင်တို့အတွက် ငါ၏တာဝန်ပေး စေခိုင်းချက်များ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ လူတို့ထံ ပြောဆိုထားသကဲ့သို့၊ သင်တို့သည် ဤတာဝန်ပေးစေခိုင်းချက်များကို လက်ခံရန် လိုလားခြင်းမရှိပါက၊ သင့်ကို ငါ အတင်းအကျပ် ပြုမည်မဟုတ်- သို့ရာတွင် သင်သည် ထိုစကားများကို အမှန်တကယ်လက်ခံပါက၊ ဘုရားသခင်၏ အလိုကို လုပ်ဆောင်နိုင်လိမ့်မည်။ ယနေ့တွင် သင်တို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်များကို စတင်လက်ခံကြပြီး နိုင်ငံတော်သားများ ဖြစ်လာခြင်းနှင့် နိုင်ငံတော်သားများဖြစ်ရန် လိုအပ်သော စံနှုန်းများကို ကြိုးပမ်းရရှိခြင်းတို့ကို အားထုတ်ကြလော့။ ဤသည်မှာ ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ အလိုကို အပြည့်အဝ လုပ်ဆောင်ရန် ဆန္ဒရှိပါက၊ ဤတာဝန်ပေးစေခိုင်းချက် ငါးချက်ကို သင် လက်ခံရမည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွမ်းဆောင်ရရှိနိုင်ပါက၊ သင်သည် ဘုရားသခင်၏စိတ်နှင့် ကိုက်ညီလိမ့်မည်ဖြစ်ကာ ဘုရားသခင်သည် သင့်ကို ဧကန်မုချ ကြီးစွာ အသုံးပြုလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

(၆၀၆) ယနေ့ သင်တို့ အမွေခံပြီးဖြစ်သည့်အရာသည် ခေတ်ကာလများတစ်လျှောက် တမန်တော်များနှင့် ပရောဖက်များ အမွေခံခဲ့ရသည့်အရာများထက် သာလွန်သကဲ့သို့၊ မောရှေနှင့် ပေတရုတို့ အမွေခံခဲ့ရသည့်အရာများထက်ပင် သာ၍ကြီးမားပေသည်။ ကောင်းချီးမင်္ဂလာများကို တစ်ရက် နှစ်ရက်အတွင်း မရရှိနိုင်ပေ။ ယင်းတို့ကို ကြီးမားသော စွန့်လွှတ်ခြင်းမှတစ်ဆင့် ရရှိရမည်ဖြစ်သည်။ ယင်းမှာ၊ သင်တို့သည် စစ်ဆေးခြင်း ကြုံရပြီးဖြစ်သည့် ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရမည်၊ ကြီးမားသောယုံကြည်ခြင်းကို သင်တို့ ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ သင်တို့ ကြိုးပမ်းရရှိဖို့ ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားများစွာ ရှိရမည်ဟု ဆိုလိုပေသည်။ ထို့အပြင်၊ သင်တို့သည် ချိုးနှိမ်ခြင်းကိုမခံဘဲ သို့မဟုတ် တိမ်းရှောင်ခြင်း မရှိဘဲ၊ တရားမျှတမှုဘက်သို့ လှည့်ရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို သေသည်အထိ မပြောင်းလဲသော ချစ်ခြင်းမေတ္တာ ရှိရမည်ဖြစ်သည်။ သင့်၌ စိတ်ပိုင်းဖြတ်ချက် ရှိရမည်၊ သင်တို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုများ ဖြစ်ပေါ်ရမည်၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကုစားရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများ အားလုံးကို ညည်းညူခြင်းမပြုဘဲ လက်ခံရမည်ဖြစ်ပြီး၊ သေသည်အထိ သင်တို့ နာခံရမည်ဖြစ်သည်။ ဤသည်မှာ သင်တို့ ရရှိသင့်သည့်အရာဖြစ်သည်၊ ဤသည်မှာ ဘုရားသခင်၏အမှု နောက်ဆုံးရည်မှန်းချက်ဖြစ်ပြီး၊ ဤလူစုကို ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သူသည် သင်တို့ကို ပေးအပ်သည့်အတွက်၊ အပြန်အလှန်အားဖြင့် သင်တို့ကို ဧကန်မုချ တောင်းဆိုလိမ့်မည်ဖြစ်ပြီး၊ သင်တို့နှင့်သက်ဆိုင်၍ သင့်တော်သည့် တောင်းဆိုချက်များ ဧကန်မုချ သူ ပြုလိမ့်မည်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်ပြုသောအမှုတိုင်း၌ အကြောင်းရင်းရှိ၏၊ ယင်းမှာ ဘုရားသခင်သည် မြင့်မားသော စံနှုန်းနှင့် တင်းကျပ်သော လိုလားချက်များ သတ်မှတ်ပေးသည့် အမှုကို အဖန်အဖန် လုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းဖြင့် ပြည့်သင့်သည်မှာ ဤအရာကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ သင်တို့အနေဖြင့် ဘုရားသခင်၏အမွေဥစ္စာကို ရရှိထိုက်လာနိုင်ကြဖို့အလို့ငှာ ဘုရားသခင်၏အမှုအားလုံးသည် သင်တို့အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ ဘုန်းအသရေအတွက်ထက် သင်တို့၏ ကယ်တင်ခြင်းအတွက် ဖြစ်ပြီး၊ ညစ်ညူးသောပြည်တွင် အလွန် အကြီးအကျယ် ဖိစီးနှိပ်စက်ခံရပြီးဖြစ်သည့် ဤလူစုကို စုံလင်စေခြင်းအတွက် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏အလိုကို နားလည်သင့်ကြပေသည်။ သို့ဖြစ်၍ မည်သည့်ထိုးထွင်းသိမြင်မှု သို့မဟုတ် အသိစိတ်မျှမရှိသည့် မသိနားမလည်သော လူများစွာကို ငါ တိုက်တွန်း၏- ဘုရားသခင်ကို မစမ်းကြနှင့်၊ ပြီးလျှင် နောက်ထပ်မခုခံကြတော့နှင့်။ ဘုရားသခင်သည် မည်သည့်လူသားကမျှ လုံးဝ မခံရပ်ဖူးသည့် ဆင်းရဲဒုက္ခကို ကြုံရနှင့်ပြီးဖြစ်သကဲ့သို့၊ လူသားကိုယ်စား သာ၍ပင် ကြီးမားသော အရှက်ကွဲခြင်းကို အချိန်ကြာမြင့်စွာက ခံရပ်ခဲ့ရပြီး ဖြစ်သည်။ အခြား မည်သည့်အရာကို သင် လက်မလွှတ်နိုင်သနည်း။ ဘုရားသခင်၏အလိုထက် အဘယ်အရာသည် သာ၍အရေးကြီးနိုင်မည်နည်း။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာထက် အဘယ်အရာသည် သာ၍မြင့်မားနိုင်သနည်း။ ဤမသန့်ရှင်းသောပြည်၌ သူ၏အမှုကို ဆောင်ရွက်ရန် ဘုရားသခင်အတွက် ခက်ခဲလှပြီဖြစ်သည်။ အကယ်၍ ဤအရာအပြင် လူသားသည် သိလျက်နှင့် တမင်တကာ တစ်ဇွတ်ထိုး အပြစ်လွန်ကျူးပါက၊ ဘုရားသခင်၏အမှုသည် ရှည်ကြာသွားပေလိမ့်မည်။ တိုတိုပြောရလျှင်၊ ဤအရာသည် မည်သူ့အတွက်မျှ အကျိုးမဖြစ်၊ မည်သူ့ကိုမျှ အကျိုးမပြုပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

(၆၀၇) ငါပြောသည့် နှုတ်ကပတ်တော်များသည် လူသားအားလုံးကို တိုက်ရိုက်ရည်ရွယ်သော သမ္မာတရားများဖြစ်ပြီး လူတစ်ဦးတစ်ယောက် သို့မဟုတ် လူအမျိုးအစား တစ်မျိုးတည်း အတွက်သာ ရည်ရွယ်ပြောခြင်း မဟုတ်ပေ။ ထို့ကြောင့် သမ္မာတရား၏ ရှုထောင့်မှ ငါ၏နှုတ်ကပတ်တော်များကို နားလည်ခြင်းအား အာရုံစိုက်သင့်သကဲ့သို့၊ မမှိတ်မသုန်အာရုံစိုက်သော သဘောထားတစ်ရပ် နှင့် ရိုးသားမှု ရှိသင့်သည်။ ငါပြောသည့်နှုတ်ကပတ်တော် သို့မဟုတ် သမ္မာတရားကို တစ်လုံးတစ်ပါဒမှ လျစ်လျူရှုခြင်း မပြုရသည့်အပြင် ငါ၏ နှုတ်ကပတ်တော်အားလုံးကို မထီမဲ့မြင် မပြုရ။ သင်တို့ဘဝများ၌ သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့် ဆီလျော်မှုမရှိသည်ကို ငါတွေ့သောကြောင့်၊ ငါသည် သင်တို့အား သမ္မာတရား၏ အစေခံသူများ ဖြစ်လာစေဖို့၊ စဉ်းလဲမှုနှင့် အကျည်းတန်မှုတို့၏ကျေးကျွန်အဖြစ်မှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို မနင်းချေဖို့ သို့မဟုတ် ဘုရားအိမ်တော်၏ နေရာတစ်ခုတစ်လေကိုမျှ ဖျက်ဆီးရမ်းကားခြင်း မရှိဖို့ သင်တို့ကို အထူးတလည် တောင်းဆိုနေခြင်း ဖြစ်သည်။ ဤအချက်သည် သင်တို့အား ငါ၏သတိပေးချက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်

(၆၀၈) ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌ သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။ သင်တို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို အဖန်တလဲလဲ- အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော စရိုက်နှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)

(၆၀၉) ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူသားထံမှ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူ တောင်းဆိုသည့်အရာမှာ လူသားအနေဖြင့် သူ၏ နှုတ်ကပတ်တော်များနှင့် သူ့အတွက် ချစ်ခြင်းမေတ္တာ ပြည့်သော နှလုံးသားတစ်ခုတို့ကို နေရာပေးစေဖို့ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း အသက်ရှင်ဖို့၊ ၎င်းတို့ ရှာဖွေသင့်သည့် အရာကို သူ၏နှုတ်ကပတ်တော်များအတွင်းတွင် ရှာဖွေဖို့၊ သူ၏နှုတ်ကပတ်တော်များအတွက် ဘုရားသခင်ကို ချစ်ဖို့၊ သူ၏ နှုတ်ကပတ်တော်များအတွက် ပြေးဖို့၊ သူ၏ နှုတ်ကပတ်တော်များ အတွက် အသက်ရှင်ဖို့- ဤအရာများသည် လူက စွမ်းဆောင်ရရှိဖို့ ကြိုးပမ်းသင့်သည့် ရည်မှန်းချက်များ ဖြစ်သည်။ အရာရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ်တွင် တည်ဆောက်ရမည်။ ထိုအခါမှသာ လူသားသည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်လိမ့်မည်။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် ပြင်ဆင်မထားပါက၊ သူသည် စာတန် ပိုင်ဆိုင်သော လောက်ကောင် တစ်ကောင်သာ ဖြစ်ပေသည်။ ဤအရာကို ချိန်ဆလော့- သင်၏အတွင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှ အမြစ်တွယ်ပြီးဖြစ်သနည်း။ သင်သည် မည်သည့်အရာများတွင် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်လျက်ရှိနေသနည်း။ မည်သည့်အရာများတွင် ထိုနှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေနေခဲ့သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင့်ကို လုံးဝ ထိန်းချုပ်မထားပါက၊ သင်၏ စိတ်နှလုံးကို မည်သည့်အရာက အတိအကျ နေရာယူထားသနည်း။ သင်၏ နေ့စဉ်အသက်တာတွင် သင်သည် စာတန်၏ ထိန်းချုပ်ခြင်း ခံရလျက်ရှိသလော၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင့်ကို နေရာယူလျက် ရှိသလော။ သူ၏ နှုတ်ကပတ်တော်များသည် သင်၏ဆုတောင်းခြင်းများ အခြေပြုသည့် အခြေခံအုတ်မြစ် ဖြစ်သလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်း မှတစ်ဆင့် သင်၏ အပျက်သဘောဆောင်သော အခြေအနေမှ ထွက်လာပြီးပြီလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ တည်ရှိခြင်း၏ အခြေခံအုတ်မြစ်အဖြစ် မှတ်ယူရန်- ဤသည်မှာ လူတိုင်း ဝင်ရောက်သင့်သည့်အရာ ဖြစ်သည်။ သင်၏ အသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိပါက၊ သင်သည် အမှောင်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်နေသည်၊ ဘုရားသခင်ကို သင် ပုန်ကန်နေသည်၊ သူ့ကို သင် ခုခံနေပြီး၊ သူ၏နာမကို သင် ဂုဏ်သရေ ညှိုးစေလျက် ရှိပေသည်။ ဘုရားသခင်၌ ထိုသို့သောလူများ၏ ယုံကြည်မှုသည် ဒုက္ခပေးခြင်းနှင့် နှောင့်ယှက်ခြင်း သက်သက်ဖြစ်သည်။ သင်၏အသက်တာ မည်မျှကို သူ၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင်ပြီးပြီနည်း။ သင်၏ အသက်တာ မည်မျှကို သူ၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်မရှင်ဘဲ နေပြီးဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်က သင့်ကို တောင်းဆိုသည့်အရာထဲမှ မည်မျှသည် သင်၏အထဲတွင် ပြည့်စုံပြီးဖြစ်သနည်း။ မည်မျှသည် သင်၏အထဲတွင် ဆုံးရှုံးပြီးဖြစ်သနည်း။ ထိုသို့သော အရာများကို သင် သေချာစွာ ကြည့်ရှုစစ်ဆေးပြီးပြီလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှောင်၏လွှမ်းမိုးမှုမှ လွတ်မြောက်လော့၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရလိမ့်မည်

(၆၁၀) သင်တို့သည် ကမ္ဘာမြေကြီးပေါ်တွင် ကောင်းကင်ဘုံရှိ ကောင်းချီးမင်္ဂလာများနှင့် ဆင်တူသော ငါ၏ ကောင်းချီးမင်္ဂလာများကို ခံစားရန် လိုလားသလော။ ငါ့ကို နားလည်ခြင်း၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ့ကို သိကျွမ်းခြင်းအား မွေ့လျော်ခြင်းတို့ကို သင်တို့ အသက်တာထဲရှိ အဖိုးအထိုက်ဆုံးနှင့် အဓိပ္ပာယ် အရှိဆုံးသော အရာများအဖြစ် တန်ဖိုးထားခြင်းငှာ လိုလားသလော။ သင်တို့သည် မိမိတို့၏ တက်လမ်းများအတွက် တွေးတောခြင်းမရှိဘဲနှင့် ငါ့အား လုံးလုံးလျားလျား ကျိုးနွံနာခံနိုင်ခြင်းငှာ ဧကန်အမှန်ပင် တတ်နိုင်သလော။ သင်တို့သည် သိုးတစ်ကောင်ကဲ့သို့ ကွပ်မျက်ခြင်းကို ခံရန်နှင့် ငါ၏ ဦးဆောင်ခြင်းကို ခံရန် မိမိတို့ကိုယ်မိမိတို့ ဧကန်အမှန် ခွင့်ပြုနိုင်သလော။ ထိုကဲ့သို့သော အရာများကို စွမ်းဆောင်ရရှိခြင်းငှာ တတ်စွမ်းနိုင်သောသူ သင်တို့အထဲတွင် တစ်စုံတစ်ဦးမျှ ရှိသလော။ ငါ၏ လက်ခံခြင်းကို ခံရသောသူများနှင့် ငါ၏ ကတိတော်များကို လက်ခံရရှိသောသူများသည် ငါ၏ ကောင်းချီးမင်္ဂလာများကို ရသောသူများ ဖြစ်နိုင်သလော။ ဤနှုတ်ကပတ်တော်များမှ သင်တို့သည် တစ်စုံတစ်ရာကို သဘောပေါက် နားလည်ပြီးပြီလော။ အကယ်၍ ငါသည် သင်တို့ကို စမ်းသပ်ပါက၊ သင်တို့သည် ငါပြုသမျှ အမှန်တကယ် ခံနိုင်ကြမည်လော၊ ထို့အပြင် ဤစမ်းသပ်မှုများ၏ အလယ်တွင် ငါ၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ပြီး ငါ၏ နှလုံးသားကို သိမှတ်နားလည်နိုင်ကြမည်လော။ စိတ်ကိုထိမိစေသော စကားများစွာကို သင်ပြောနိုင်ခြင်းငှာ သို့မဟုတ် စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်များစွာကို ပြောဆိုနိုင်ခြင်းငှာ ငါဆန္ဒမရှိ၊ ယင်းအစား သင်သည် ငါ့အား ကောင်းမွန်စွာ သက်သေခံနိုင်ရန်နှင့် လက်တွေ့အရှိတရားထဲသို့ အပြည့်အဝနှင့် နက်ရှိုင်းစွာ ဝင်ရောက်နိုင်ရန်သာ ငါတောင်းဆိုသည်။ အကယ်၍ ငါသည် တိုက်ရိုက် မပြောဆိုခဲ့ပါက၊ သင့်ပတ်လည်တွင် ရှိသည့် အရာခပ်သိမ်းတို့ကို ကျောခိုင်းကာ ငါ၏ အသုံးကိုခံရရန် မိမိကိုယ်မိမိ ခွင့်ပြု နိုင်မည်လော။ ဤအရာမှာ ငါတောင်းဆိုသော လက်တွေ့အရှိတရားပင် မဟုတ်သလော။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ အနက်အဓိပ္ပာယ်ကို မည်သူသည် နားလည်သဘောပေါက်ခြင်းငှာ တတ်စွမ်းနိုင်သနည်း။ သို့သော် သင်တို့သည် ဒွိဟစိတ်များနှင့် ဝန်လေးပင်ပန်းမနေကြတော့ရန်၊ သင်တို့၏ ဝင်ရောက်မှုတွင် လက်ဦးမှု ရယူကြရန်နှင့် ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရများကို နားလည်သဘောပေါက်ရန် ငါတောင်းဆိုသည်။ ဤအရာသည် ငါ၏ နှုတ်ကပတ်တော်များကို နားလည်မှုလွဲခြင်းမှနှင့် ငါ၏ ဆိုလိုရင်းကို မသဲကွဲခြင်းတို့ကြောင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိခြင်းမှ တားဆီးပေးလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်များထဲရှိ သင်တို့အတွက် ငါ၏ ရည်ရွယ်ချက်များကို သင်တို့ နားလည်သဘောပေါက်ရန် ငါမျှော်လင့်သည်။ သင်တို့၏ ကိုယ်ပိုင် တက်လမ်းများကို စဉ်းစားခြင်း မပြုတော့ဘဲ၊ အရာအားလုံး၌ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကိုနာခံရန်အလို့ငှာ ငါ၏ ရှေ့မှောက်တွင် သင်စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း လုပ်ဆောင်လော့။ ငါ၏ အိမ်ထောင်စုအတွင်း ရပ်တည်သော သူအားလုံးသည် ၎င်းတို့တတ်နိုင်သမျှ လုပ်ဆောင်သင့်သည်၊ ကမ္ဘာမြေကြီးပေါ်ရှိ ငါ့အမှု၏ နောက်ဆုံးသော အပိုင်းကဏ္ဍထံ သင်သည် မိမိ၏ အကောင်းဆုံးကို ဆက်ကပ်သင့်သည်။ ထိုကဲ့သို့သော အရာများကို လက်တွေ့လုပ်ဆောင်ရန် သင်သည် ဧကန်အမှန်ပင် လိုလားသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၄)

(၆၁၁) အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။ ၎င်းတို့အနေဖြင့် စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းခြင်းကို ရှောင်လွှဲဖို့ရန်အလို့ငှာ၊ အချင်းချင်း အားပေးကာ အချင်းချင်းအတွက် ထောက်ပံ့ ပေးနိုင်သင့်ကြ၏၊ စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။ ငါသည် အဘယ်ကြောင့် သင်တို့ကို ထိုသို့ အရေးတကြီး လေ့ကျင့် ပေးနေသနည်း။ ဝိညာဉ်ရေးရာလောက၏ အချက်အလက်များကို သင်တို့အား အဘယ်ကြောင့် ငါပြောပြသနည်း။ အဘယ်ကြောင့် ငါသည် သင်တို့ကို အထပ်ထပ် အခါခါ သတိပေးပြီး တိုက်တွန်းသနည်း။ ဤအရာကို သင်တို့ တွေးကြည့်ဖူးကြသလော။ သင်တို့၏ တွေးဆခြင်းသည် ရှင်းလင်းပြတ်သားမှု ရှိဖူးသလော။ ထို့ကြောင့်၊ သင်တို့သည် အတိတ်၏ အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ခြင်းအားဖြင့် အတွေ့အကြုံ ရင့်ကျက်စေနိုင်ရမည် သာမက၊ ထို့ထက်ပို၍ ငါ၏နှုတ်ကပတ်တော် အသီးသီးကို သင်၏ စိတ်ဝိညာဉ်များ အတွင်း၌ အမြစ်တွယ်စေကာ ပွင့်လန်းစေခွင့်ပေးရင်းနှင့်၊ သာ၍အရေးကြီးသည်မှာ ပိုမိုအသီးသီး ခွင့်ပေးရင်း၊ ယနေ့ နှုတ်ကပတ်တော်များ၏ လမ်းညွှန်မှုအောက်တွင် သင်တို့အတွင်းရှိ မစင်ကြယ်မှုများကို ထုတ်ပစ်နိုင်ရမည်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ငါတောင်းဆိုသောအရာသည် တောက်ပပြီး စိမ်းလန်းစိုပြည် သန်စွမ်းသည့် ပန်းများမဟုတ်ဘဲ၊ အလျှံပယ် အသီး၊ ယင်း၏ ရင့်မှည့်မှု ဆုံးရှုံးမသွားသော အသီးဖြစ်သောကြောင့် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များ၏ စစ်မှန်သော အဓိပ္ပာယ်ကို သင်တို့ နားလည်ကြသလော။ ဖန်လုံအိမ်အတွင်းရှိ ပန်းတို့သည် ကြယ်များကဲ့သို့ မရေမတွက်နိုင်အောင် များပြားပြီး သဘောကျနှစ်သက်သော လူစုလူဝေးအားလုံးကို ဆွဲဆောင်သော်လည်း၊ ၎င်းတို့ ညှိုးနွမ်းသည်နှင့် တစ်ပြိုင်နက် စာတန်၏ လှည့်ဖြားတတ်သော အကြံအစည်များကဲ့သို့ စုတ်ဖွာလာကြပြီး ၎င်းတို့ကို အဘယ်သူမျှ စိတ်ဝင်စားခြင်း မရှိကြချေ။ သို့သော်၊ ငါ့ကို သက်သေခံကြသူများ ဖြစ်သည့် လေများအတိုက်ခံရပြီး နေလောင်ဒဏ်ခံခဲ့ကြရသူ အားလုံးသည်၊ ၎င်းတို့ကို ထိုသို့ဖြစ်ဖို့ ငါ တောင်းဆိုသည့်အတွက်၊ ဖူးပွင့်ဝေဆာမှုဖြင့် မလှပကြသော်လည်း၊ ထိုပန်းပွင့်များ ခြောက်သွေ့ညှိုးနွမ်းပြီးသည်နှင့် တစ်ပြိုင်နက် အသီးသီး ကြလိမ့်မည် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို ငါပြောဆိုသောအခါ သင်တို့ မည်မျှ နားလည်ကြသနည်း။ ပန်းပွင့်များသည် ညှိုးနွမ်းပြီး အသီးသီးသည်နှင့် တစ်ပြိုင်နက်၊ ပြီးလျှင် ဤအသီးအားလုံးက ငါ၏ ပျော်မွေ့ခြင်းအတွက် ထောက်ပံ့ပေးနိုင်သည်နှင့်တစ်ပြိုင်နက်၊ ငါသည် ကမ္ဘာမြေပေါ်က ငါ၏ အမှုအားလုံးကို အဆုံးသတ်မည်ဖြစ်ပြီး ငါ၏ဉာဏ်ပညာ ပုံပေါ်လာခြင်းကို ငါသည် စတင်မွေ့လျော်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)

(၆၁၂) အချိန်ကြာမြင့်စွာ၊ ဘုရားသခင်၌ယုံကြည်သည့် လူများအားလုံးသည် လှပသည့် ခရီးဆုံးပန်းတိုင်တစ်ခုအတွက် လေးနက်စွာ မျှော်လင့်နေခဲ့ကြပြီး၊ ဘုရားသခင်၏ ယုံကြည်သူအားလုံးသည် ၎င်းတို့အပေါ် ကောင်းမွန်သည့် ကံသည် ရုတ်တရက် ရောက်လာလိမ့်မည်ကို မျှော်လင့် ကြသည်။ ၎င်းတို့ မသိလိုက်ခင်တွင်၊ ကောင်းကင်ဘုံ၌ တစ်နေရာ သို့မဟုတ် နောက်တစ်နေရာတွင် ငြိမ်းချမ်းစွာ ထိုင်လျက်သား မိမိတို့ကိုယ်ကိုယ် တွေ့ရှိရလိမ့်မည်ဟု ၎င်းတို့အားလုံး မျှော်လင့်ကြလေသည်။ သို့သော် မိမိတို့၏ နှစ်သက်ဖွယ် အတွေးများနှင့်အတူ ဤလူများသည် ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံမှ ကျဆင်းလာသည့် ထိုသို့သော ကောင်းမွန်သည့် အခွင့်အလမ်းကို ရရှိဖို့ သို့မဟုတ် ထိုနေရာရှိ ထိုင်ခုံတစ်ခုပေါ် ထိုင်ဖို့ပင် အရည်အချင်း ပြည့်မီခြင်း ရှိ၊ မရှိကို ဘယ်သောအခါမျှ မသိကြလေပြီဟု ငါပြော၏။ လက်ရှိအချိန်တွင် သင်တို့သည် မိမိတို့ကိုယ်တိုင်နှင့် သက်ဆိုင်သည့် ကောင်းမွန်သော အသိပညာရှိသော်လည်း၊ နောက်ဆုံးသောကာလ၏ ကပ်ဘေးများနှင့် ဆိုးသွမ်းသူတို့အား အနန္တတန်ခိုးရှင် ဘုရားသခင်က အပြစ်ပေးသည့် အချိန်တွင် သူ၏ လက်မှ လွတ်မြောက်ဖို့ သင်တို့ မျှော်လင့်ဆဲ ဖြစ်သည်။ ယင်းမှာ ချိုမြိန်သော အိပ်မက်များရှိခြင်းနှင့် ၎င်းတို့ နှစ်သက်သည်အတိုင်းသာ အရာရာကို လိုချင်ခြင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းခံရပြီးဖြစ်သော လူအားလုံးတို့၏ ဘုံအင်္ဂါရပ်တစ်ခုဖြစ်ပြီး၊ တစ်ကိုယ်တည်းဖြစ်သည့် မည်သည့် တစ်ဦးတစ်ယောက်မျှ၏ ထူးထူးကဲကဲ လက်ဖျားခါလောက်သော စိတ်ကူးတစ်ချို့ မဟုတ်ပုံရပေသည်။ ထိုသို့ဖြစ်လျက်ပင်၊ ပြီးလျှင် သင်တို့၏ ဤလွန်ကဲသော စိတ်ဆန္ဒများအပြင် ကောင်းချီးမင်္ဂလာများ ရရှိရန် သင်တို့၏ စိတ်ထက်သန်မှုကို ငါသည် အဆုံးသတ်ပေးရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ သင်တို့၏ ဒုစရိုက်အပြစ်များက အတော်များပြားပြီး၊ သင်တို့၏ မနာခံမှုက အစဉ်ကြီးထွားနေသည့်အချက်ကို ထောက်ဆလျှင်၊ ဤအရာများသည် အနာဂတ်အတွက် သင်တို့၏ နှစ်သက်ဖွယ်ဖြစ်သော စီမံချက်များနှင့် မည်သို့ သင့်တော်နိုင်မည်နည်း။ သင်တို့ကို မည်သည့်အရာကမျှ ထိန်းမထားဘဲ၊ သင့်သဘောရှိ အမှားများ လုပ်ဆောင်လိုသော်လည်း၊ တစ်ချိန်တည်းတွင် သင်၏အိပ်မက်များ အမှန်တကယ်ဖြစ်လာဖို့ သင် လိုချင်နေဆဲဖြစ်ပါက၊ သင်၏ မိန်းမောခြင်းတွင် ဆက်ရှိပြီး ဘယ်သောအခါမျှ မနိုးထရန် သင့်အား ငါတိုက်တွန်းသည်- အကြောင်းမှာ သင်၏ အိပ်မက်သည် အနှစ်မဲ့သော အိပ်မက်တစ်ခု ဖြစ်ပြီး၊ ဖြောင့်မတ်သော ဘုရားသခင်၏ မျက်မှောက်တွင်၊ သူသည် သင့်ကို ခြွင်းချက်တစ်ခု ဖြစ်စေမည်မဟုတ်ပေ။ သင်သည် သင်၏ အိပ်မက်များကို အမှန်တကယ် ဖြစ်လာဖို့ သက်သက် လိုချင်ပါက၊ ဘယ်သောအခါမျှ အိပ်မက်မမက်နှင့်။ ယင်းထက်၊ သမ္မာတရားနှင့် အမှန်တရားများကို ထာဝစဉ် ရင်ဆိုင်လော့။ ဤသည်မှာ သင် ကယ်တင်ခံရဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ခိုင်လုံသော သတ်မှတ်ချက်များအရ၊ ဤနည်းလမ်း၏ အဆင့်များသည် မည်သည့်အရာများ ဖြစ်ပါသနည်း။

ပထမဦးစွာ၊ သင်၏ ဒုစရိုက်အပြစ်များ အားလုံးကို ကြည့်ရှုပြီး၊ သမ္မာတရားနှင့် မကိုက်ညီသော သင်၌ရှိသည့် မည်သည့် အပြုအမူနှင့် အတွေးများကိုမဆို ဆန်းစစ်လော့။

ဤသည်မှာ သင်တို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာတစ်ခုဖြစ်ပြီး၊ ဉာဏ်စွမ်းဉာဏ်စရှိသည့် လူအားလုံးက ဤအရာကို လုပ်ဆောင်နိုင်သည်ဟု ငါယုံကြည်သည်။ သို့သော်၊ ဒုစရိုက်အပြစ်များနှင့် သမ္မာတရားဆိုသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို လုံးဝ မသိရှိသည့် ထိုလူများသည် ခြွင်းချက်ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် အခြေခံကျသော အဆင့်အရ၊ ၎င်းတို့သည် ဉာဏ်စွမ်းဉာဏ်စရှိသူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လက်ခံခြင်းခံရပြီးသော လူများ၊ ရိုးသားသော သူများ၊ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပြင်းထန်စွာ ကျူးလွန်ခြင်း မရှိသော လူများနှင့် မိမိတို့၏ ဒုစရိုက်အပြစ်များကို အလွယ်တကူ သိမြင်နိုင်သည့် လူများကို ငါပြောနေခြင်းဖြစ်သည်။ ဤသည်မှာ သင်တို့နှင့်သက်ဆိုင်၍ ငါတောင်းဆိုသည့် အရာတစ်ခုသည် အထမြောက်အောင်မြင်ဖို့ လွယ်ကူသော်လည်း၊ ယင်းသည် သင်တို့နှင့် ပတ်သက်၍ ငါ တောင်းဆိုသည့် တစ်ခုတည်းသော အရာမဟုတ်ပေ။ မည်သို့ပင် ဖြစ်စေ၊ သင်တို့သည် ဤသတ်မှတ်ချက်များအား သီးသန့် ရယ်သွမ်းသွေးကြလိမ့်မည် မဟုတ်သကဲ့သို့၊ အထူးသဖြင့် ယင်းအပေါ် အထင်သေးလိမ့်မည်မဟုတ် သို့မဟုတ် ပေါ့ပေါ့တန်တန် သဘောထားမည်မဟုတ်ဟု ငါမျှော်လင့်သည်။ သင်တို့အနေဖြင့်၊ ယင်းကို လေးနက်စွာ သဘောထားပြီး မလွဲချော်သင့်ပေ။

ဒုတိယအနေဖြင့်၊ သင်၏ ဒုစရိုက်အပြစ်များနှင့် မနာခံခြင်း အသီးသီးအတွက်၊ လိုက်လျောညီထွေသော သမ္မာတရားကို သင်တို့ ရှာဖွေသင့်ပြီး၊ ထို့နောက် ထိုပြဿနာများကို ဖြေရှင်းဖို့ ဤသမ္မာတရားများကို အသုံးပြုသင့်ပေသည်။ ယင်းနောက်တွင်၊ သင်၏ ဒုစရိုက်လွန်ကျူးသော လုပ်ရပ်များနှင့် မနာခံသော အတွေးများနှင့် လုပ်ရပ်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အစားထိုးလော့။

တတိယအနေဖြင့်၊ သင်တို့သည် အမြဲ လိမ္မာပါးနပ်ပြီး စဉ်ဆက်မပြတ် လှည့်ဖြားတတ်သောသူ မဟုတ်ဘဲ၊ ရိုးသားသောသူတစ်ယောက် ဖြစ်သင့်သည်။ (ဤတွင် ငါသည် သင့်တို့အား ရိုးသားသောသူ တစ်ယောက်ဖြစ်ရန် တစ်ဖန် တောင်းဆိုနေခြင်း ဖြစ်သည်။)

သင်သည် ဤအရာသုံးခုလုံးကို ပြီးမြောက်နိုင်ပါက၊ သင်သည် ကံကောင်းထောက်မသောသူများထဲမှ တစ်ဦး- မိမိ၏ အိပ်မက်များ အမှန်တကယ် ဖြစ်လာပြီး ကောင်းမွန်သော အခွင့်အလမ်းကို ရရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်တို့သည် စိတ်မပါသော သတ်မှတ်ချက်များကို လေးလေးနက်နက် သဘောထားကောင်း သဘောထားမည် သို့မဟုတ် ယင်းတို့ကို တာဝန်မဲ့စွာ သဘောထားကောင်း သဘောထားပေမည်။ မည်သို့ပင်ဖြစ်စေ၊ ငါ၏ ရည်ရွယ်ချက်သည် သင်တို့၏ အိပ်မက်များကို ဖြည့်ဆည်းပေးရန်နှင့် သင်၏ စံများကို လက်တွေ့လုပ်ဆောင်စေရန်ဖြစ်ပြီး၊ သင်တို့ကို လှောင်ဖို့ သို့မဟုတ် သင်တို့ကို အရူးလုပ်ဖို့ မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

(၆၁၃) ငါသည် မျှော်လင့်ချက်များစွာရှိ၏။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် မှန်ကန်ပြီး လိမ္မာသော ပုံစံဖြင့် ပြုမူနေထိုင်နိုင်ဖို့၊ သင်တို့၏တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းနိုင်ဖို့၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်နိုင်ဖို့၊ ဘုရားသခင်အတွက် ၎င်းတို့ ရှိသမျှတိုင်းနှင့် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်နိုင်သည့် လူများဖြစ်နိုင်ကြဖို့၊ စသည်တို့ကို ငါ မျှော်လင့်သည်။ ဤမျှော်လင့်ချက် အားလုံးသည် သင်တို့၏မပြည့်စုံခြင်းများ၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် မနာခံခြင်းတို့မှ အရင်းခံ၏။ ငါသည် သင်တို့နှင့် ရှိခဲ့ပြီးဖြစ်သည့် စကားပြောဆိုခြင်းတစ်ခုမျှ သင်တို့၏ အာရုံကို ဆွဲဆောင်ဖို့ မလုံလောက်ပါက၊ ယခု ငါလုပ်နိုင်သမျှအားလုံးမှာ နောက်ထပ်ဘာမျှ မပြောဖို့သာ ဖြစ်နိုင်ဖွယ်ရှိသည်။ သို့သော်ငြားလည်း၊ ယင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်မည်ကို သင်တို့ နားလည်ကြပေသည်။ ငါ မကြာခဏ အနားယူခြင်းမရှိ၊ ထို့ကြောင့် အကယ်၍ ငါစကားမပြောပါက၊ လူတို့ကြည့်စရာ တစ်စုံတစ်ခုကို ငါလုပ်ဆောင်မည် ဖြစ်သည်။ တစ်စုံတစ်ဦး၏ လျှာကို ငါ ပုပ်စေနိုင်သည် သို့မဟုတ် တစ်စုံတစ်ဦးကို အစိတ်စိတ်အပိုင်းပိုင်းဖြတ်ခံရလျက် သေဆုံးစေနိုင်သည်၊ သို့မဟုတ် လူများကို အာရုံကို မူမမှန်မှုများ ဖြစ်စေနိုင်ပြီး၊ ၎င်းတို့အား နည်းလမ်းများစွာဖြင့် အကျည်းတန်ပုံပေါက်စေနိုင်သည်။ ထို့နောက် တစ်ဖန်၊ ၎င်းတို့အတွက် အထူးသဖြင့် ငါစီစဉ်ထားသည့် ညှဉ်းပန်းမှုများကို လူတို့အား ငါ သည်းခံစေနိုင်သည်။ ဤနည်းဖြင့် ငါသည် ဝမ်းမြောက်ဝမ်းသာ ခံစားရမည်၊ အလွန် ပျော်ရွှင်မည်ဖြစ်ပြီး အလွန် ကျေနပ်အားရပေမည်။ “ကောင်းသောအရာကို ကောင်းသောအရာဖြင့် လည်းကောင်း၊ မကောင်းမှုကို မကောင်းမှုအားဖြင့်လည်းကောင်း ပြန်လည် ဆပ်ပေးခံရသည်” ဟူ၍ အမြဲဆိုထားပေသည်၊ ထိုသို့ဆိုလျှင် ယခု အဘယ်ကြောင့် ထိုသို့မဖြစ်သနည်း။ သင်သည် ငါ့အား ဆန့်ကျင်ရန်နှင့် ငါနှင့်ပတ်သက်၍ ဝေဖန်အကဲဖြတ်မှုအချို့ ပြုလုပ်ရန် ဆန္ဒရှိပါက၊ ငါသည် သင်၏နှုတ်ကို ပုပ်စေမည်ဖြစ်ပြီး၊ ထိုအရာက ငါ့ကို အဆုံးမရှိ ကျေနပ်နှစ်သိမ့်စေမည် ဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင်၊ သင်လုပ်ဆောင်ခဲ့သော အရာသည် အသက်နှင့် တစ်ခုတစ်လေ သက်ဆိုင်ဖို့ မပြောနှင့်၊ သမ္မာတရားပင် မဟုတ်ဘဲ၊ ငါပြုသမျှ အရာရာတိုင်းမှာမူ သမ္မာတရား ဖြစ်သောကြောင့်ဖြစ်သည်။ ငါ၏ လုပ်ရပ်အားလုံးသည် ငါ့အမှု၏ အခြေခံသဘောတရားများနှင့် ငါထုတ်ဖော်ကြေငြာသော စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် ဆက်စပ်ပေသည်။ ထို့ကြောင့်၊ စင်ကြယ်သောအကျင့်သီလအချို့ကို စုဆောင်းဖို့၊ အလွန်များလှသော မကောင်းမှုကို ကျုးလွန်ခြင်းအား ရပ်တန့်ဖို့နှင့် သင်၏ အားလပ်ချိန်တွင် ငါ၏တောင်းဆိုချက်များကို အရေးစိုက်ဖို့ သင်တို့ အသီးသီးကို ငါတိုက်တွန်း၏။ ထိုအခါ ငါသည် ပျော်ရွှင်ခြင်း ခံစားရမည်ဖြစ်သည်။ သင်တို့သည် ဇာတိပကတိထဲသို့ သင်တို့ ထားရှိသည့် ကြိုးပမ်းအားထုတ်မှု၏ တစ်ထောင်ပုံ တစ်ပုံမျှကို သမ္မာတရားအဖို့ ဖြည့်ဆည်းမည် (သို့မဟုတ် ပေးလှူမည်) ဆိုပါက၊ သင်သည် မကြာခဏ ဒုစရိုက်အပြစ်များကို ပြုမိမည်မဟုတ်သကဲ့သို့၊ ပုပ်နေသည့် နှုတ်တို့ ရှိမည်မဟုတ်ဟု ငါပြောမည်။ ဤသည်မှာ သိသာထင်ရှားသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

(၆၁၄) ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

(၆၁၅) သင်တို့သည် ပွင့်လင်းပြီး ရိုးသားသော စိတ်နှလုံးများဖြင့် သင်တို့၏တာဝန်ကို အစွမ်းကုန် အသီးသီး လုပ်ဆောင်သင့်ပြီး၊ လိုအပ်သည့် မည်သည့်အဖိုးအခကိုမဆို ပေးရန် လိုလားလျက် ရှိနေသင့်ပေသည်။ သင်တို့ ပြောကြပြီးသည့်အတိုင်း၊ နေ့ရက်အချိန် ကျရောက်လာသည့်အခါ၊ ဘုရားသခင်သည် သူ့အတွက် ဆင်းရဲဒုက္ခခံခဲ့သူ သို့မဟုတ် အဖိုးအခတစ်ခု ပေးဆပ်ခဲ့သူ မည်သူမဆိုအပေါ် တာဝန်ပေါ့လျော့မည် မဟုတ်ပေ။ ဤသို့သော ခံယူချက်မျိုးသည် ထိန်းသိမ်းထားထိုက်သကဲ့သို့၊ ယင်းကို သင်တို့ မည်သည့်အခါမျှ မမေ့သင့်သည်မှာ မှန်ပေသည်။ ဤနည်းဖြင့်သာ ငါသည် သင်တို့နှင့်ပတ်သက်၍ ငါ၏ စိတ်ကို သက်သာစေနိုင်ပေသည်။ သို့မဟုတ်ပါက၊ သင်တို့သည် ငါ၏ စိတ်ကို သက်သာစေနိုင်မည် မဟုတ်သည့် လူများ ထာဝရ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး၊ သင်တို့သည် ငါ၏ စက်ဆုပ်ခြင်းကို ခံကြရသူများ ထာဝရ ဖြစ်ကြလိမ့်မည်။ သင်တို့ အားလုံးသည် ငါ၏အမှုအတွက် မည်သည့်အားထုတ်မှုမျှ မချန်ဘဲလျက်၊ ပြီးလျှင် ငါ၏ ဧဝံဂေလိအမှုအဖို့ တစ်သက်တာ အားအင်ကို ဆက်ကပ်ရင်း၊ သင်တို့၏ အသိစိတ်ကို လိုက်နာနိုင်ပြီး ငါ့အတွက် သင်တို့၏ အရာအားလုံးကို ပေးနိုင်ပါက၊ ငါ၏စိတ်နှလုံးသည် သင်တို့အတွက်ကြောင့် ဝမ်းမြောက်မှုဖြင့် မကြာခဏ ခုန်ပေါက် လိမ့်မည် မဟုတ်လော။ ဤနည်းဖြင့်၊ ငါသည် သင်တို့နှင့်စပ်လျဉ်း၍ ငါ၏ စိတ်ကို လုံးလုံးလျားလျား သက်သာစေနိုင်မည်၊ မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရီးပန်းတိုင်နှင့်ပတ်သက်၍

(၆၁၆) သင်သည် ခေတ်အသီးသီးတွင် ဘုရားသခင် ဖော်ပြသည့် စိတ်သဘောထားကို ခိုင်လုံသော နည်းလမ်းဖြင့်၊ ခေတ်ကာလ၏ အရေးပါမှုကို အလိုက်အထိုက်အားဖြင့် သိရှိစေသည့် ဘာသာစကားဖြင့် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုကို ကြုံတွေ့ရသည့် သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို အသေးစိတ် ဖော်ပြနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားကို ရှင်းရှင်းလင်းလင်းနှင့် မှန်ကန်တိကျစွာ သင် ဖော်ပြနိုင်သလော။ ဖြောင့်မတ်ခြင်းတရားကို ဆာလောင်ကာ ငတ်မွတ်ပြီး ၎င်းတို့အား ထိန်းကျောင်းဖို့ သင့်ကို စောင့်မျှော်နေသည့် သနားစရာကောင်းပြီး၊ ဆင်းရဲမွဲတေကာ ဘုရားတရားရိုသေကိုင်းရှိုင်းသော ဘာသာရေး ယုံကြည်သူများကို သင် မြင်ဖူး ကြုံဖူးထားသည့်အရာကို မည်သို့ လက်ဆင့်ကမ်းမည်နည်း။ မည်သို့သော လူစားမျိုးများက ၎င်းတို့အား ထိန်းကျောင်းပေးရန်အတွက် သင့်ကို စောင့်မျှော်နေကြသနည်း။ သင် စိတ်ကူးကြည့်နိုင်သလော။ သင် ထမ်းထားရသည့် ဝန်ထုပ်ဝန်ပိုးများ၊ သင်၏ စေခိုင်းချက်တာဝန်နှင့် သင်၏ တာဝန်ဝတ္တရားများကို သင်သိရှိသလော။ သမိုင်းတွင်သည့် တာဝန်နှင့်သက်ဆိုင်သော သင်၏အသိစိတ် ဘယ်မှာနည်း။ နောင်လာမည့်ခေတ်တွင် သခင်အဖြစ် သင် မည်သို့ ပြည့်ပြည့်ဝဝ အစေခံမည်နည်း။ သခင်ဘဝနှင့်သက်ဆိုင်၍ အားကောင်းသော အသိစိတ်တစ်ခု သင်၌ ရှိသလော။ အရာခပ်သိမ်းတို့၏ သခင်ကို သင် မည်သို့ ရှင်းပြမည်နည်း။ ယင်းသည် အသက်ရှင်သော သတ္တဝါအားလုံးနှင့် ကမ္ဘာလောကထဲရှိ ရုပ်ဝတ္ထုအရာအားလုံး၏ သခင် အမှန်တကယ် ဟုတ်သလော။ အမှု၏ နောက်တစ်ဆင့် တိုးတက်မှုအတွက် သင်၌ မည်သည့်အစီအစဉ်များ ရှိသနည်း။ သင့်ကို ၎င်းတို့၏ သိုးထိန်းအဖြစ် လူမည်မျှက စောင့်မျှော်နေကြပါသနည်း။ သင်၏အလုပ်တာဝန်သည် ကြီးလေးသောအရာတစ်ခုလော။ ၎င်းတို့သည်- လမ်း အဘယ်မှာ ရှိသနည်းဟု အမှောင်ထဲတွင် မြည်တမ်းလျက်- ဆင်းရဲ မွဲတေကြသည်၊ သနားဖွယ် ဖြစ်ကြသည်၊ မျက်စိကန်းကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပေသည်။ ဥက္ကာပျံကဲ့သို့ ရုတ်တရက် သက်ဆင်းပြီး လူကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့် အမှောင်ထု၏အင်အားများကို ဖြိုခွင်းဖို့ အလင်းကို ၎င်းတို့ တမ်းတလေစွ။ ၎င်းတို့ စိုးရိမ်တကြီး မျှော်လင့်သည့် အရာနှင့် ဤအရာအတွက် နေ့ရောညပါ ၎င်းတို့ အောက်မေ့တမ်းတကြပုံ အဆုံးစွန်အတိုင်းအတာကို မည်သူသိနိုင်သနည်း။ အလင်းရောင် ဖြတ်သန်းလင်းလက်သည့် နေ့တွင်ပင်၊ အလွန်အမင်း ဆင်းရဲဒုက္ခ ခံစားနေရသော ဤလူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်မရှိဘဲ၊ မှောင်မိုက်သော အကျဉ်းတိုက်တစ်ခုထဲတွင် အကျဉ်းကျခံရလျက် ရှိနေကြ၏။ မည်သည့်အခါတွင် ၎င်းတို့ မငိုတော့ဘဲနေမည်နည်း။ မည်သည့်အခါတွင်မျှ အနားပေးခြင်းမခံခဲ့ရသော ဤနုနယ်သော ဝိညာဉ်များ၏ ကံအကြောင်းမလှသည့်ဖြစ်ရပ်မှာ ဆိုးရွားလှပြီး ရက်စက်သော အနှောင်အဖွဲ့များနှင့် အေးစက်သော သမိုင်းတို့ဖြင့် ဤအခြေအနေတွင် ၎င်းတို့ ချည်နှောင်ခံထားရသည်မှာ ကြာမြင့်ပြီဖြစ်သည်။ ၎င်းတို့၏ မြည်တမ်းခြင်းအသံကို မည်သူ ကြားဖူးသနည်း။ ၎င်းတို့၏ စိတ်မချမ်းမြေ့သော အခြေအနေကို မည်သူ မျက်မြင်တွေ့ဖူးသနည်း။ ဘုရားသခင်၏ စိတ်နှလုံးသည် မည်မျှ ဝမ်းနည်းကြေကွဲပြီး စိုးရိမ်ပူပန်သည်ကို သင်တွေးမိဖူးသလော။ သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သော အပြစ်မဲ့လူသားမျိုးနွယ်သည် ထိုသို့သော ညှဉ်းဆဲမှု ခံစားနေရသည်ကို သူ မည်သို့ မြင်ရက်နိုင်မည်နည်း။ တကယ်တမ်းမူ၊ လူသားများသည် အဆိပ်ခတ်ခံထားရသည့် သားကောင်များ ဖြစ်ကြပေသည်။ လူသားသည် ဤနေ့အထိ ရှင်ကျန်ခဲ့သော်လည်း၊ လူသားမျိုးနွယ်သည် အချိန်ကြာမြင့်စွာ ဆိုးယုတ်သူတစ်ဦး၏ အဆိပ်ခတ်ခံထားရသည်ကို မည်သူ သိခဲ့လိမ့်မည်နည်း။ သင်သည် သားကောင်များထဲမှ တစ်ဦးဖြစ်သည်ကို သင် မေ့လျော့ပြီလော။ သင်သည် ဤအသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ဖို့ သင်၏ဘုရားသခင်ကို ချစ်ခြင်းကြောင့် ကြိုးပမ်းရန် လိုလားလျက် မရှိသလော။ လူသားမျိုးနွယ်ကို သူကိုယ်တိုင်၏ သွေးသားသဖွယ် ချစ်ခင်သည့် ဘုရားသခင်ကို ပြန်လည်ပေးဆပ်ရန် သင်၏ အားအင်ဟူသမျှကို ဆက်ကပ်ဖို့ သင် လိုလားခြင်း မရှိသလော။ နောက်ဆုံး စာရင်းချုပ်လိုက်ပါက၊ သင်၏ ထူးခြားသော အသက်တာကို အသက်ရှင်ရန် ဘုရားသခင်၏အသုံးပြုခံရခြင်းကို သင်မည်သို့ အဓိပ္ပာယ် ကောက်မည်နည်း။ သင်သည် ဘုရားတရားကိုင်းရှိုင်းသော ဘုရားသခင်ကို အစေခံသည့် လူတစ်ဦး၏ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်ဖို့ သန္နိဌာန်နှင့် ယုံကြည်စိတ်ချမှုတို့ အမှန်တကယ် ရှိသလော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏အနာဂတ်တာဝန်ကို မည်သို့ အာရုံစိုက်၍ လုပ်ဆောင်သင့်သနည်း

(၆၁၇) သင်သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သည်- သင်သည် ဘုရားသခင်ကို ကိုးကွယ်သင့်ပြီး အဓိပ္ပါယ်ရှိသော အသက်တာကို လိုက်စားရှာဖွေသင့်သည်မှာ အမှန်ပင် ဖြစ်ပေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို မကိုးကွယ်ဘဲ ညစ်ညမ်းသော သင်၏ ဇာတိပကတိအထဲ၌ အသက်ရှင်ပါက၊ သင်သည် လူ့အဝတ်အစားဖြင့် သားရဲတိရစ္ဆာန် တစ်ကောင်သာ ဖြစ်သည်မဟုတ်လော။ သင်သည် လူသားတစ်ဦး ဖြစ်သည့်အတွက်၊ သင့်ကိုယ်သင် ဘုရားသခင်အတွက် အသုံးခံသင့်ပြီး ဆင်းရဲဒုက္ခအားလုံးကို ခံရပ်သင့်ပေသည်။ သင်သည် ယနေ့ခံစားရသော ဆင်းရဲဒုက္ခအနည်းငယ်ကို ဝမ်းမြောက်စွာနှင့် အသေအချာ လက်ခံသင့်ပြီး ယောဘနှင့် ပေတရုကဲ့သို့ အဓိပ္ပါယ်ရှိသော အသက်တာတစ်ခုကို အသက်ရှင်သင့်သည်။ ဤကမ္ဘာလောကတွင်၊ လူသားသည် နတ်ဆိုး၏ အဝတ်အထည်ကို ဆင်မြန်းသည်၊ နတ်ဆိုးထံမှ အစားအစာကို စားပြီး၊ ယင်း၏ ညစ်ညမ်းခြင်း၌ လုံးလုံးလျားလျား နင်းချေခြင်းခံလာရလျက်၊ နတ်ဆိုး၏ ကြိုးဆွဲရာကလျက် အလုပ်လုပ်ကာ အစေခံလေသည်။ သင်သည် အသက်၏အဓိပ္ပါယ်ကို သဘောမပေါက်ပါက သို့မဟုတ် စစ်မှန်သော လမ်းခရီးကို မရရှိပါက၊ ဤသို့အသက်ရှင်ခြင်း၌ မည်သည့် အဓိပ္ပာယ် ရှိသနည်း။ သင်တို့သည် လမ်းကြောင်းမှန်ကို လိုက်စားရှာဖွေသောသူများ၊ တိုးတက်မှုကို ရှာဖွေသောသူများ ဖြစ်ကြသည်။ သင်တို့သည် အဆင်းနီသောနဂါးကြီး၏ တိုင်းနိုင်ငံထဲတွင် ထမြောက်ကြသူများ၊ ဘုရားသခင်က ဖြောင့်မတ်သည်ဟု ခေါ်ဆိုသောသူများ ဖြစ်ကြသည်။ ယင်းမှာ အဓိပ္ပါယ်အရှိဆုံး အသက်တာ ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်း (၂)

(၆၁၈) သင်တို့သည် ငြိမ်းချမ်းသော ဤပတ်ဝန်းကျင်တွင် ဘုရားသခင်ကို အစွမ်းကုန်ကြိုးစား၍ ချစ်သင့်၏။ အနာဂတ်တွင် သင်တို့သည် ဘုရားသခင်ကိုချစ်ရန် နောက်ထပ် အခွင့်အရေးများ ရတော့မည်မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇာတိပကတိ၌သာ ဘုရားသခင်ကို ချစ်ရန် အခွင့်အရေးရှိသောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် အခြားသော ကမ္ဘာတွင် နေထိုင်သည့်အခါ ဘုရားသခင်အား ချစ်ခြင်းအကြောင်းကို မည်သူမျှ ပြောလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ပင် ဖြစ်သည်မဟုတ်လော။ ထို့ကြောင့် သင်တို့သည် မိမိတို့အသက်တည်သည့်ကာလပတ်လုံး ဘုရားသခင်ကို မည်ကဲ့သို့ချစ်သင့်သနည်း။ ဤအရာကို သင်တွေးဖူးသလော။ ဘုရားသခင်ကိုချစ်ရန် သင်သေဆုံးပြီးသည့်အချိန်အထိ စောင့်နေသလော။ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည် မဟုတ်လော။ ယနေ့ သင်သည် ဘုရားသခင်အား ချစ်ခြင်းအရာကို အဘယ်ကြောင့် မလိုက်စားသနည်း။ အလုပ်များနေစဉ် ဘုရားသခင်ကို ချစ်ခြင်းမှာ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ဖြစ်နိုင်သလော။ ဘုရားသခင့်အမှု၏ ဤအဆင့်သည် မကြာမီ ဆုံးခန်းတိုင်လိမ့်မည်ဟု ဆိုထားရသည့်အကြောင်းရင်းမှာ ဘုရားသခင်သည် စာတန်ရှေ့တွင် သက်သေခံချက် ရှိနှင့်ပြီဖြစ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် လူသားအနေဖြင့် ဘာတစ်ခုကိုမျှ လုပ်စရာမလိုပေ၊ သူအသက်ရှင်သော နှစ်ကာလများအတွင်း ဘုရားသခင်အား ချစ်ခြင်းအရာကို လိုက်စားရန် လူသားကို တောင်းဆိုရုံမျှသာဖြစ်သည်၊ ဤအရာမှာ အဓိကသော့ချက်ဖြစ်၏။ ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်းမရှိသည့်အပြင် သူ၏စိတ်နှလုံးထဲတွင် ပြင်းပြင်းပြပြ ဆန္ဒစောနေသောကြောင့် အမှု၏ဤအဆင့် မပြီးဆုံးမီ အမှု၏နောက်တစ်ဆင့်အကြောင်း အကျဉ်းချုပ်ကို သူဖော်ပြထားခြင်း ဖြစ်သည်၊ ထိုအချက်က အချိန်မည်မျှ ကျန်ကြောင်းကို ရှင်းလင်းစွာ ပြနေ၏၊ အကယ်၍ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲ၌ ဆန္ဒမစောပါက ဤနှုတ်ကပတ်တော်များကို အလွန်စောစီးစွာ သူပြောလိမ့်မည်လော။ အချိန်တိုတောင်းသောကြောင့် ဘုရားသခင်သည် ဤနည်းဖြင့် အမှုပြုခြင်းဖြစ်သည်။ သင်တို့သည် သင်တို့၏အသက်ကို မြတ်နိုးသကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဖြင့် ချစ်နိုင်ကြမည်ဟု မျှော်လင့်ရသည်။ ဤသည်မှာ အဆုံးစွန် အဓိပ္ပာယ်ရှိသော အသက်တာ ဖြစ်သည်မဟုတ်လော။ ဘဝ၏အဓိပ္ပာယ်ကို အခြားမည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။ သင်သည် မျက်စိကန်းလွန်းနေသည် မဟုတ်လော။ သင်သည် ဘုရားသခင်ကိုချစ်ရန် လိုလိုလားလားရှိသလော။ ဘုရားသခင်သည် လူသား၏ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်သလော။ လူတို့သည် လူသား၏ ကြင်နာမြတ်နိုးခြင်းနှင့် ထိုက်တန်သလော။ ထို့ကြောင့် အဘယ်အရာကို သင်ပြုသင့်သနည်း။ သံသယများမရှိဘဲ ဘုရားသခင်ကို ရဲဝံ့စွာ ချစ်လော့၊ ထိုအခါ ဘုရားသခင်သည် သင့်အား အဘယ်အရာပြုလိမ့်မည်ကို ကြည့်လော့။ သူသည် သင့်ကို သတ်ဖြတ်မည်၊ မသတ်ဖြတ်မည်ကို ကြည့်လော့။ အချုပ်အားဖြင့် ဘုရားသခင်ကို ချစ်သောအလုပ်သည် ဘုရားသခင်အတွက် အကြောင်းအရာများကို မိတ္တူကူး၍ ရေးချပေးခြင်းထက် ပို၍အရေးကြီးသည်။ သင်၏အသက်တာသည် ပို၍တန်ဖိုးရှိပြီး ပျော်ရွှင်မှုဖြင့်ပြည့်နိုင်ရန်အတွက် သင့်အနေဖြင့် အရေးကြီးဆုံးသောအရာကို ပထမနေရာတွင် ထားသင့်သည်၊ ထို့နောက် သင့်အတွက် ဘုရားသခင်၏ “စီရင်ချက်” ကို သင်စောင့်ဆိုင်းသင့်သည်။ သင်၏အကြံအစည်ထဲတွင် ဘုရားသခင်ကို ချစ်ခြင်းအရာ ပါဝင်မည်လောဟု ငါသိချင်မိသည်။ လူတိုင်း၏ အကြံအစည်များသည် ဘုရားသခင်၏ ပြည့်စုံစေခြင်းကိုခံရသော အကြံအစည်များ ဖြစ်လာကြရန်နှင့် ထိုအကြံအစည်အားလုံးသည် လက်တွေ့အရှိတရားဖြစ်လာကြရန် ငါဆန္ဒပြုပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ “စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ” နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၄၂)

(၆၁၉) လူသည် အဓိပ္ပာယ်ရှိသော အသက်တာကို နေထိုင်ရန် ရှာဖွေလိုက်လျှောက်ရမည်ဖြစ်ပြီး သူ၏ လက်ရှိအခြေအနေများဖြင့် ရောင့်ရဲမနေသင့်ပါ။ ပေတရု၏ ပုံရိပ်အတိုင်း ရှင်သန်ရန် လူသည် ပေတရုအကြောင်း အသိပညာနှင့် သူ၏ အတွေ့အကြုံများကို ပိုင်ဆိုင်ရမည်။ လူသည် ပိုမိုမြင့်မားပြီး ပိုမိုနက်နဲသိမ်မွေ့သော အရာများကို လေ့လာလိုက်စားရမည်။ သူသည် ဘုရားသခင်အား ပိုမိုလေးနက်၍ ပိုမိုဖြူစင်သော ချစ်ခြင်းအပြင် တန်ဖိုးနှင့် အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို ရှာဖွေလိုက်လျှောက်ရမည် ဖြစ်သည်။ ဤသည်သာ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏၊ သို့မှသာ လူသည် ပေတရုနှင့် တူမည်ဖြစ်သည်။ အကောင်းဘက်တွင် သင်၏ ဝင်ရောက်မှုအတွက် တက်ကြွထက်သန်ခြင်းကို သင်အာရုံစိုက်ရမည်၊ ပိုမိုလေးနက်ပြီး ပိုမိုတိကျကာ ပိုမိုလက်တွေ့ကျသည့် သမ္မာတရားများကို လျစ်လျူရှုရင်း တဒင်္ဂသာယာမှုအလို့ငှာ ဒုံရင်းသို့ပြန်ဆိုက်ရန် သင့်ကိုယ်သင် အညံ့ခံကာ ခွင့်မပြုရ။ သင့်ချစ်ခြင်းသည် လက်တွေ့ကျရမည်ဖြစ်ပြီး တိရစ္ဆာန်၏ဘဝနှင့် မခြားသည့် အကျင့်စာရိတ္တပျက်ပြားကာ ပေါ့ပေါ့တန်တန်ဘဝမှ မိမိကိုယ်ကို လွတ်မြောက်စေရန် နည်းလမ်းများကို သင်ရှာရမည်။ သင်သည် အဓိပ္ပာယ်ရှိသောဘဝ၊ တန်ဖိုးရှိသောဘဝကို ရှင်သန်နေထိုင်ရမည်ဖြစ်ပြီး သင့်ကိုယ်သင် အရူးလုပ်ခြင်း သို့မဟုတ် သင့်ဘဝကို ဆော့ကစားစရာ အရုပ်ကဲ့သို့ သဘောထားခြင်းတို့ကို မပြုလုပ်ရ။ ဘုရားသခင်အား ချစ်ရန် ဆန္ဒပြင်းပြသော လူတိုင်းအတွက် မရရှိနိုင်သော သမ္မာတရားများ ဆိုသည်မှာ မရှိပါ၊ သူတို့ ကြံ့ကြံ့မခံနိုင်သောအရာအတွက် တရားစီရင်မှုလည်း မရှိပါ။ သင့်အသက်တာကို မည်သို့နေထိုင်သင့်သနည်း။ ဘုရားသခင်ကို သင်မည်သို့ ချစ်သင့်ပြီး သူ့အလိုကိုဖြည့်ဆည်းရန် ထိုချစ်ခြင်းကို မည်သို့အသုံးပြုသင့်သနည်း။ သင့်အသက်တာတွင် ထို့ထက်ပို၍ ကြီးမြတ်သောအရာ မရှိပါ။ အထူးသဖြင့် သင့်တွင် ထိုကဲ့သို့သော ရည်မှန်းချက်များနှင့် ဇွဲလုံ့လတို့ ရှိရမည်ဖြစ်ပြီး ထိုကြောက်တတ်သော လူပျော့လူညံ့များကဲ့သို့ မဖြစ်သင့်ပါ။ အဓိပ္ပာယ်ပြည့်ဝသော အသက်တာကို တွေ့ကြုံရန်နှင့် အဓိပ္ပာယ်ပြည့်ဝသော သမ္မာတရားများကို တွေ့ကြုံရန် သင်လေ့လာရမည်ဖြစ်ပြီး ထိုကဲ့သို့ သင့်ကိုယ်သင် ဝတ်ကျေတန်းကျေ သဘောမထားသင့်ပေ။ သင်သတိမထားမိဘဲ သင့်အသက်တာသည် သင့်ကို ဝကွက်ချန်ထားခဲ့လိမ့်မည်၊ ယင်းနောက်တွင် ဘုရားသခင်ကိုချစ်ရန် သင်၌ နောက်တစ်ကြိမ် အခွင့်အရေး ရှိပါဦးမည်လော။ လူသည် သေလွန်ပြီးနောက် ဘုရားသခင်အား ချစ်နိုင်ပါမည်လော။ သင့်တွင် ပေတရုကဲ့သို့ တူညီသည့် ရည်မှန်းချက်များနှင့် စိတ်ဓာတ်ရှိရမည်၊ သင့်အသက်တာသည် အဓိပ္ပာယ်ပြည့်ဝရမည်ဖြစ်ပြီး သင့်ကိုယ်သင် မကစားသင့်ပါ။ လူသားတစ်ဦးအနေဖြင့်သာမက ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူတစ်ဦးအနေဖြင့် သင့်အသက်တာကို မည်သို့သဘောထားသင့်သည်၊ ဘုရားသခင်ထံ သင့်ကိုယ်သင် မည်သို့ဆက်ကပ်အပ်နှံသင့်သည်၊ ဘုရားသခင်၌ ပိုမိုလေးနက်သော ယုံကြည်မှုကို မည်သို့ထားရှိသင့်သည်တို့အပြင် ဘုရားသခင်ကို သင်ချစ်သည့်အလျောက် ဘုရားသခင်အား ပိုမိုဖြူစင်စွာ၊ ပို၍လှပစွာ၊ ပိုမိုကောင်းမွန်စွာ မည်သို့ချစ်သင့်သည်တို့ကို အသေအချာ သင်စဉ်းစားနိုင်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ

(၆၂၀) လူသားမျိုးနွယ်နှင့် ဘုရားသခင် နောက်လိုက်သော သူများနှင့်ဆိုင်သည့် ဘုရားသခင်၏ မှန်ကန်သော သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်၏။ သူသည် သူ့နောက်သို့လိုက်သောသူများထံမှ အမှုအရာ ငါးခုကို တောင်းဆိုသည်- စစ်မှန်သောယုံကြည်မှု၊ သစ္စာစောင့်သိသော နောက်လိုက်ခြင်း၊ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း၊ စစ်မှန်သော အသိပညာနှင့် အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းတို့ ဖြစ်သည်။

ဤအရာငါးခုတွင် လူတို့သည် သူ့ကို မေးခွန်းမထုတ်တော့ရန် သို့မဟုတ် ၎င်းတို့၏ စိတ်ကူးစိတ်သန်းများ သို့မဟုတ် မရေရာသကဲ့သို့ စိတ်ကူးသက်သက် ရှုထောင့်အမြင်များကို အသုံးပြုရင်း သူ့နောက် မလိုက်ရန် ဘုရားသခင် တောင်းဆို၏။ ၎င်းတို့သည် ဘုရားသခင် နောက်သို့ မည်သည့် စိတ်ကူးစိတ်သန်းများ သို့မဟုတ် အယူအဆများကိုမျှ အခြေခံ၍ မလိုက်ရ။ သူနောက်သို့လိုက်သောသူ အယောက်တိုင်းက ထိုသို့ သစ္စာစောင့်သိစွာ လုပ်ဆောင်ရန်၊ စိတ်မပါ့တပါ သို့မဟုတ် ဆက်ကပ်အပ်နှံမှု မရှိဘဲ မလိုက်ရန် သူ တောင်းဆိုသည်။ ဘုရားသခင်သည် သင့်အပေါ် သတ်မှတ်ချက်များ တစ်ခုတစ်လေ ပြုလုပ်သည့်အခါ၊ သင့်ကို စစ်ဆေးသည့်အခါ၊ သင့်ကို တရားစီရင်သည့်အခါ၊ သင့်ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည့်အခါ သို့မဟုတ် သင့်ကို ဆုံးမပဲ့ပြင်ပြီး ရိုက်နှက်သည့်အခါ၊ သင်သည် သူ့ကို လုံးဝ ကျိုးနွံနာခံသင့်ပေသည်။ သင်သည် အကြောင်းပြချက်များကို ပြောဆိုသင့်ဖို့မဆိုထားနှင့်၊ အကြောင်းတရားကို သင် မမေးသင့် သို့မဟုတ် သတ်မှတ်ချက်များကို မပြုလုပ်သင့်ပေ။ သင်၏နာခံမှုသည် အကြွင်းမဲ့ ဖြစ်ရမည်။ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာသည် လူတို့ အချို့တဲ့ဆုံးသော နယ်ပယ် ဖြစ်၏။ ၎င်းတို့သည် ထိုသို့သော စကားများက ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာအတွက် အတိကျဆုံးသော အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်သည်ဟု ယုံကြည်လျက်၊ ဘုရားသခင်နှင့် ဆက်နွှယ်ခြင်းမရှိသော ဆိုရိုးများ၊ မိန့်မြွက်ချက်များနှင့် စကားများကို ဘုရားသခင်အပေါ် သတ်မှတ်ကြသည်။ လူတို့၏ စိတ်ကူးစိတ်သန်း၊ ၎င်းတို့ ကိုယ်တိုင်၏ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ကိုယ်ပိုင် အသိပညာမှလာသော ဤဆိုရိုးများသည် ဘုရားသခင်၏ အနှစ်သာရနှင့် စိုးစဉ်းမျှ ဆက်နွှယ်မှုမရှိသည်ကို ၎င်းတို့ မသိကြချေ။ ထို့ကြောင့် လူတို့ ရှိကြဖို့ ဘုရားသခင် ဆန္ဒရှိသည့် အသိပညာနှင့် ပတ်သက်လာသည့်အခါ၊ သူသည် သင့်ကို သူနှင့် သူ၏နှုတ်ကပတ်တော်များအား သတိပြုမိဖို့ တောင်းဆိုရုံမျှ မတောင်းဆိုဘဲ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သင်၏ အသိပညာသည် မှန်ကန်ဖို့လည်း တောင်းဆိုသည်ကို ငါသည် သင်တို့အား ပြောပြလို၏။ သင်သည် ဝါကျတစ်ကြောင်းသာ ပြောနိုင်လျှင်ပင် သို့မဟုတ် အနည်းငယ်မျှသာ သိလျှင်ပင်၊ ဤအနည်းငယ်မျှသည် မှန်ကန်ပြီး စစ်မှန်ကာ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရနှင့် သဟဇာတဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ့အပေါ် လက်တွေ့မကျသည့် သို့မဟုတ် ပေါ့ပေါ့တန်တန်ဖြစ်သော ချီးမွမ်းခြင်း သို့မဟုတ် ချီးကျူးခြင်းတစ်ခုတစ်လေကို စက်ဆုပ်ရွံရှာသောကြောင့် ဖြစ်သည်။ ထိုထက်ပို၍ လူတို့က သူ့ကို မတူမတန် သဘောထားကြသောအခါ၊ သူမုန်းတီး၏။ ဘုရားသခင်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးနေသည့် အတောအတွင်းတွင် လူတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ သဘောရှိ ပြောဆိုရင်း၊ သင့်တော်သည်ဟု ၎င်းတို့ မြင်သည်အတိုင်း ပြောဆိုရင်း၊ အမှန်တရားများကို အလေးထားခြင်းမရှိဘဲ ပြောဆိုကြသည်ကို သူမုန်းတီး၏။ ထို့အပြင် ဘုရားသခင်ကို ၎င်းတို့သိသည်ဟု ယုံကြည်ပြီး၊ ချုပ်တည်းမှု မရှိသကဲ့သို့ ကိုယ်နှုတ်စောင့်ထိန်းမှုမရှိဘဲ သူနှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို ဆွေးနွေးကြရင်း၊ သူနှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာနှင့်ပတ်သက်၍ ကြွားဝါကြသောသူတို့ကို မုန်းတီး၏။ အထက်ဖော်ပြပါ သတ်မှတ်ချက်များ ငါးခုအနက် နောက်ဆုံးမှာ အူလှိုက်သည်းလှိုက် ရိုသေလေးမြတ်ခြင်းဖြစ်သည်- ဤသည်မှာ သူ့နောက်လိုက် သူတို့အားလုံးအပေါ် ဘုရားသခင်၏ အဆုံးစွန်သော သတ်မှတ်ချက် ဖြစ်၏။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပတ်သက်သည့် မှန်ကန်ပြီး စစ်မှန်သော အသိပညာတစ်ခု ပိုင်ဆိုင်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ရိုသေလေးမြတ်နိုင်ကြပြီး မကောင်းမှုကို စစ်မှန်စွာ ရှောင်ကြဉ်နိုင်ကြ၏။ ဤရိုသေလေးမြတ်မှုသည် ၎င်းတို့နှလုံးသား၏ နက်ရှိုင်းသော နေရာများမှ လာပေသည်။ ဤရိုသေလေးမြတ်မှုသည် လိုလိုလားလား‌ ပေးထားခြင်းဖြစ်ပြီး၊ ဘုရားသခင်ထံမှ ဖိအား၏ ရလဒ်တစ်ခု မဟုတ်ပေ။ ဘုရားသခင်သည် သူ့ထံ ကောင်းမွန်သည့် သဘောထား သို့မဟုတ် အမူအကျင့် သို့မဟုတ် အပြင်ပန်း အပြုအမူ တစ်ခုတစ်လေနှင့်ဆိုင်သည့် လက်ဆောင်တစ်ခုပေးရန် သင့်အား မတောင်းဆိုပေ။ ထို့ထက် သင်သည် သူ့အား ရိုသေလေးမြတ်ရန်နှင့် သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင် သူ့ကို ကြောက်ရွံ့ရန် သူတောင်းဆို၏။ ထိုသို့သော ရိုသေလေးမြတ်မှုကို သင်၏ အသက် စိတ်သဘောထား၌ ပြောင်းလဲမှုများ၊ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာနှင့် ဘုရားသခင်၏လုပ်ဆောင်ချက်များကို သိနားလည်ခြင်း တစ်ခု ရရှိခြင်း၊ ဘုရားသခင်၏အနှစ်သာရကို သိနားလည်လာခြင်းနှင့် သင်သည် ဘုရားသခင်၏ သတ္တဝါများထဲမှ တစ်ဦးဖြစ်သည်ဆိုသည့် အချက်ကို သင်၏ အသိအမှတ်ပြုခြင်းတို့၏ ရလဒ်တစ်ခုအဖြစ် ကြိုးပမ်းရရှိပေသည်။ ထို့ကြောင့် ဤနေရာတွင် ရိုသေလေးမြတ်မှုကို အဓိပ္ပာယ်သတ်မှတ်ရန် “အူလှိုက်သည်းလှိုက်” ဟူသော စကားလုံးကို အသုံးပြုရာတွင် ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်အတွက် ၎င်းတို့၏ရိုသေလေးမြတ်မှုသည် ၎င်းတို့ နှလုံးသားများ၏ အရင်းခံနေရာမှ လာသင့်သည်ကို လူသားများ နားလည်ရန်အတွက် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁၀)

(၆၂၁) သင်တို့အားလုံးသည် ငါ့ကို သစ္စာဖောက်ခြင်း မည်မျှ သင်တို့အတွင်း ကျန်ရှိသည်ကို မြင်ဖို့ရန် ယခု မြန်နိုင်သမျှမြန်မြန် မိမိကိုယ်ကိုယ် စုံစမ်းစစ်ဆေးသင့်၏။ သင်တို့၏ တုန့်ပြန်မှုကို စိတ်အားထက်သန်စွာ ငါ စောင့်ဆိုင်းနေ၏။ ငါနှင့် ဆက်ဆံရာတွင် ဝတ်ကျေတမ်းကျေ မဖြစ်နှင့်။ လူတို့နှင့် ငါ ဘယ်သောအခါမျှ ပေါ့ပေါ့ဆဆ ဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ရာ ငါပြုမည်ဟု ဆိုပါက၊ ထိုအရာကို သေချာပေါက် ငါ ပြု၏။ သင်တို့ အသီးသီးသည် ငါ၏ နှုတ်ကပတ်တော်များကို အလေးအနက် ခံယူကြသည့် သူတစ်ဦးဖြစ်ပြီး ၎င်းတို့ကို သိပ္ပံ စိတ်ကူးယဉ်ဇာတ်လမ်းကဲ့သို့ ထင်လိမ့်မည်မဟုတ်ဟု ငါ မျှော်လင့်၏။ ငါလိုချင်သည်မှာ သင်တို့ထံမှ ခိုင်လုံသော လုပ်ရပ်ဖြစ်သည်၊ သင်တို့၏ စိတ်ကူးစိတ်သန်းများ မဟုတ်ပေ။ ထို့နောက်၊ ငါ၏ အောက်ပါ မေးခွန်းများကို သင်တို့ ဖြေကြရမည်- ၁။ သင်သည် အမှန်တကယ် အစေခံသူတစ်ဦး ဖြစ်ပါက၊ လျော့ရဲမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း တစ်ခုမျှ မပါဘဲ၊ သင်သည် ငါ့ကို သစ္စာရှိရှိ အစေခံမှု ပေးနိုင်သလော။ ၂။ သင့်ကို ငါ လုံးဝ အသိအမှတ်မပြုသည်ကို သင် တွေ့ရှိပါက၊ သင်သည် ဆက်လက် နေထိုင်ပြီး ငါ့ကို ရာသက်ပန် အစေခံမှု ပေးနိုင်ဦးမည်လော။ ၃။ သင်သည် အားထုတ်မှုများစွာ အသုံးပြုပြီးဖြစ်သော်လည်း သင့်ကို ငါ အလွန်စိမ်းကားဆဲဖြစ်ပါက၊ မထင်ပေါ်ဘဲ သင်သည် ငါ့အတွက် ဆက်လက် အလုပ်လုပ်နေနိုင်မည်လော။ ၄။ ငါ့အတွက် သုံးစွဲခြင်းများ ပြုပြီးသည့်နောက်၊ သင်၏ အသေးအဖွဲ တောင်းဆိုချက်များကို ငါ မဖြည့်ဆည်းပေးပါက၊ သင်သည် ငါနှင့်ပတ်သက်၍ စိတ်အားငယ်ကာ စိတ်ပျက်လာမည်လော သို့မဟုတ်၊ ဒေါသပင် ထွက်လာပြီး အော်ဟစ် ဆဲရေးမည်လော။ ၅။ ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။ ၆။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ ၇။ သင် ရရှိဖို့ မျှော်လငင့်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။ ၈။ ငါ့အမှု၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ်ကို သင် လုံးဝ နားမလည်ပါက၊ သင်သည် ထင်ရာမြင်ရာ ဝေဖန်မှုများနှင့် ကောက်ချက်ချမှုများ မပြုလုပ်သည့် နာခံသော လူတစ်ဦး ဖြစ်နိုင်သလော။ ၉။ ငါသည် လူသားမျိုးနွယ်နှင့်အတူတကွ ရှိစဉ်တွင်၊ ငါ ပြောပြီးသည့် နှုတ်ကပတ်တော်များအားလုံးနှင့် ငါပြုပြီးသည့် အမှုအားလုံးကို သင် တန်ဖိုးထားနိုင်သလော။ ၁၀။ သင်သည် မည်သည့်အရာကိုမျှ မရရှိသော်လည်း ငါ့အတွက် တစ်သက်တာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံရန် လိုလားလျက် ငါ၏ သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်နိုင်သလော။ ၁၁။ ငါ့အဖို့အလို့ငှာ၊ သင်၏ အနာဂတ် ရှင်သန်ရေး လမ်းကြောင်းအတွက် စဉ်းစားဆင်ခြင်ခြင်း၊ စီစဉ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်းတို့ကို သင် စွန့်လွှတ်နိုင်သလော။ ဤမေးခွန်းများသည် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များကို ကိုယ်စားပြုပြီး၊ သင်တို့အားလုံး ငါ့ကို အဖြေများပေးနိုင်ဖို့ ငါမျှော်လင့်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)

(၆၂၂) ငါ ဆန္ဒရှိသည်မှာ ယခု သင်၏သစ္စာစောင့်သိမှုနှင့် နာခံမှု၊ ယခု သင်၏ ချစ်ခြင်းမေတ္တာနှင့် သက်သေခံချက်တို့ ဖြစ်သည်။ သင်သည် ဤအခိုက်အတန့်တွင် မည်သည့် သက်သေခံချက် ဖြစ်သည် သို့မဟုတ် မည်သည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို မသိလျှင်ပင်၊ ငါ့ထံ သင်၏ အရာအားလုံးကို ယူဆောင်လာသင့်ပြီး၊ သင်၌ တစ်ခုတည်းသော ရတနာများ- သင်၏ သစ္စာစောင့်သိမှုနှင့် နာခံခြင်း- ကို ငါ့ထံ လွှဲအပ်သင့်ပေသည်။ လူသားကို ငါ၏ လုံးဝ သိမ်းပိုက်ခြင်း သက်သေခံချက်ကဲ့သို့၊ စာတန်ကို ငါ၏ အောင်နိုင်ခြင်းနှင့်ဆိုင်သော သက်သေခံချက်သည် လူသား၏ သစ္စာစောင့်သိမှုနှင့် နာခံမှုအတွင်းတွင် တည်ရှိသည်ကို သင် သိသင့်သည်။ ငါ၌ သင့်ယုံကြည်ခြင်းနှင့်ဆိုင်သော တာဝန်မှာ ငါ့အဖို့ သက်သေခံရန်၊ ငါ့ကို သစ္စာစောင့်သိရန်နှင့် အခြားမည်သူ့ကိုမျှ သစ္စာမစောင့်သိရန်၊ ပြီးလျှင် အဆုံးတိုင်အောင် နာခံရန် ဖြစ်သည်။ ငါ့အမှု၏ နောက်တစ်ဆင့်ကို ငါ မစတင်မီ၊ သင်သည် ငါ့အဖို့ မည်သို့ သက်သေခံလိမ့်မည်နည်း။ ငါ့ကို သင် မည်သို့သစ္စာရှိကာ နာခံမည်နည်း။ သင်၏သစ္စာစောင့်သိမှုအားလုံးကို သင်၏ အလုပ်တာဝန်အဖို့ သင် ဆက်ကပ်ပါသလော သို့မဟုတ် တကယ်ကို လက်လျှော့လိမ့်မည်လော။ ယင်းထက် သင်သည် (သေသည်ဖြစ်စေ၊ ပျက်စီးခြင်း ဖြစ်စေ) ငါ၏စီမံခန့်ခွဲမှုတိုင်းကို ကျိုးနွံနာခံမည်လော သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို ရှောင်ရှားရန် လမ်းတစ်ဝက်တွင် ထွက်ပြေးလိမ့်မည်လော။ သင်သည် ငါ့အဖို့ သက်သေခံရန်နှင့် ငါ့ကို သစ္စာစောင့်သိကာ နာခံရန်အလို့ငှာ သင့်ကိုငါ ပြစ်တင်ဆုံးမပေသည်။ ထို့အပြင် လက်ရှိ ပြစ်တင်ဆုံးမခြင်းသည် ငါ၏အမှု၏ နောက်အဆင့်ကို ဖွင့်ပြရန်နှင့် အမှုကို ပိတ်ဆီးထားခြင်း မရှိဘဲ တိုးတက်စေရန် ဖြစ်သည်။ ထို့ကြောင့် သင်သည် အမြော်အမြင် ရှိရန်နှင့် သင်၏ ဘဝဖြစ်စေ၊ သင်၏ တည်ရှိခြင်းနှင့်ဆိုင်သည့် အရေးပါမှုကို ဖြစ်စေ တန်ဖိုးမဲ့သည့် သဲကဲ့သို့ သဘောမထားရန် ငါတိုက်တွန်း၏။ ငါ၏လာမည့်အမှုသည် မည်သည့်အရာ ဖြစ်လိမ့်မည်ကို သင် အတိအကျသိနိုင်ပါသလော။ လာမည့် နေ့ရက်များတွင် ငါ မည်သည့်အရာပြုမည်ဆိုသည်နှင့် ငါ၏အမှု မည်သို့ ဖွင့်ဟမည်ကို သင်သိပါသလော။ သင်သည် ငါ၏အမှုနှင့်ဆိုင်သည့် သင့်အတွေ့အကြုံ၏ အရေးပါမှုအပြင်၊ ငါ၌ သင်၏ ယုံကြည်ခြင်း အရေးပါမှုကို သိသင့်သည်။ ငါသည် များစွာ လုပ်ဆောင်ပြီး ဖြစ်သည်။ သင်စိတ်ကူးသည့်အတိုင်း ငါသည် လမ်းတစ်ဝက်တွင် အဘယ်သို့ လက်လျှော့နိုင်မည်နည်း။ ငါသည် ထိုသို့သော ကြီးကျယ်သည့် အမှုကို ပြုပြီးဖြစ်သည်။ ယင်းကို မည်သို့ ငါ ဖျက်ဆီးပစ်နိုင်မည်နည်း။ အကယ်စင်စစ် ငါသည် ဤခေတ်ကို အဆုံးသတ်ရန် ကြွလာပြီးဖြစ်သည်။ ဤသည်မှာ အမှန်ဖြစ်သော်လည်း၊ ငါသည် ခေတ်သစ်ကို စတင်ရန်၊ အမှုအသစ်ကို စတင်ရန်နှင့်၊ အဓိကကျဆုံးအနေဖြင့် နိုင်ငံတော်၏ ဧဝံဂေလိတရား ဖြန့်ဝေရန် ရှိသည်ကို သင်သိရမည်။ သို့ဖြစ်၍ လက်ရှိအမှုသည် ခေတ်တစ်ခေတ် စတင်ရန် ဖြစ်ပြီး၊ လာမည့်အချိန်ကာလ၌ ဧဝံဂေလိတရား ဖြန့်ဝေခြင်းနှင့် အနာဂတ်တွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်းအတွက် အခြေခံအုတ်မြစ်ချရန်သာ ဖြစ်သည်ကို သင်သိသင့်သည်။ ငါ၏ အမှုသည် သင်တွေးထင်သလောက် မလွယ်ကူသကဲ့သို့၊ သင်ယုံကြည်သလောက် အသုံးမကျ သို့မဟုတ် အဓိပ္ပာယ်မဲ့သည်လည်း မဟုတ်ပေ။ ထို့ကြောင့် သင့်ကို ငါပြောရဦးမည်- ငါ၏အမှုအဖို့ သင်၏အသက်ကို ပေးသင့်သည်၊ ထို့အပြင် ငါ၏ ဘုန်းအသရေအဖို့ သင့်ကိုယ်သင် ဆက်ကပ်သင့်သည်။ ငါ့အဖို့ သက်သေခံရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ ကြာပြီဖြစ်ပြီး ငါ၏ဧဝံဂေလိတရားကို ဖြန့်ရန် သင့်ကို ငါ တမ်းတခဲ့သည်မှာ သာ၍ ကြာမြင့်ပြီ ဖြစ်သည်။ ငါ၏ စိတ်နှလုံး၌ ရှိသည့်အရာကို သင် နားလည်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း

အရှေ့သို့- ၁၃။ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ တိုက်တွန်းချက်များ၊ နှစ်သိမ့်မှုများ၊ သတိပေးချက်များနှင့် ပတ်သက်သည့် နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- (ခ) လူသားအပေါ် ဘုရားသခင်၏ တိုက်တွန်းချက်များ၊ နှစ်သိမ့်မှုများ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။