၃၇။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ
အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၏ လက်ရှိ နောက်ဆုံးသောကာလ အမှုတော်ထဲတွင်၊ ဘုရားသခင်သည် ယခင်က လုပ်ဆောင်ခဲ့သည့်အတိုင်း လူသားအပေါ် ကျေးဇူးတော် နှင့် ကောင်းချီးမင်္ဂလာများကို ပေးအပ်ခြင်း မပြုတော့ သကဲ့သို့၊ လူကို ရှေ့ဆက်ရန် စည်းရုံးခြင်းလည်း မပြုတော့ပေ။ ဤအမှုတော် အဆင့်အတွင်းတွင် လူသားသည် သူကြုံတွေ့ရပြီး ဖြစ်သည့် ဘုရားအမှုတော်၏ သွင်ပြင်လက္ခဏာ အားလုံးမှ မည်သည့်အရာကို မြင်ပြီးပြီနည်း။ လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်ပြီး ဖြစ်သည်။ ဤအချိန်ကာလ အတွင်းတွင်၊ လူသားအနေဖြင့် ဘုရားသခင်၏ရည်ရွယ်ချက်တို့ကို တဖြည်းဖြည်း သိလာရန်၊ ဘုရားသခင် မိန့်ဆိုသော နှုတ်ကပတ်တော်များနှင့် လူသားအပေါ် အပ်နှင်းသော သမ္မာတရားကို တဖြည်းဖြည်း သိလာရန်အလို့ငှာ၊ ဘုရားသခင်သည် လူသားကို ထောက်ပံ့၏၊ ပံ့ပိုး၏၊ ဉာဏ်အလင်းပေးကာ လမ်းပြလေသည်။...ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် လူတို့အား လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်သော အနှစ်သာရကို တဖြည်းဖြည်း သိလာစေသည်။ ဘုရားသခင် ထောက်ပံ့သော အရာ၊ လူသားအပေါ် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သူ၏လမ်းပြမှု အားလုံးသည် လူသားမျိုးနွယ်အား သမ္မာတရား၏ အနှစ်သာရကို ပို၍ပို၍ သိလာခွင့်ပေးပြီး လူတို့ လိုအပ်သောအရာ၊ ၎င်းတို့ လျှောက်သင့်သောလမ်း၊ မည်သည့်အရာအတွက် ရှင်သန်နေထိုင်သင့်ပုံ၊ ၎င်းတို့အသက်တာများ၏ တန်ဖိုးနှင့် အဓိပ္ပါယ်အပြင်၊ ရှေ့တွင်ရှိသော လမ်းအား မည်သို့လျှောက်ရမည် ဆိုသည်တို့ကို တိုး၍ တိုး၍ သိလာခွင့်ပေး၏။...လူသား၏ နှလုံးသား ပြန်လည်အားပြည့် လာသည့်အခါ၊ လူသည် ဆုတ်ယုတ်သော ပျက်စီးသော စိတ်သဘောထား တစ်ခုဖြင့် အသက်ရှင်ရန် ဆန္ဒမရှိတော့ပဲ၊ ယင်းအစား ဘုရားသခင်ကို စိတ်ကျေနပ်စေရန် သမ္မာတရားကို ရှာဖွေဖို့သာ ဆန္ဒရှိလာသည်။ လူ၏ နှလုံးသားသည် နိုးထ လာသည့်အခါ၊ လူသည် စာတန်ထံမှ အပြည့်အဝ ရုန်းထွက် နိုင်လေသည်။ စာတန်၏ အန္တရာယ်ပြုခြင်း၊ စာတန်၏ ထိန်းချုပ်ခြင်း သို့မဟုတ် အရူးလုပ်ခြင်းကို မခံရတော့ပေ။ ယင်းအစား ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေဖို့ ဘုရားသခင်၏ အမှုနှင့် သူ၏ နှုတ်ကပတ်တော်တို့တွင် ဖန်တီးယူကာ ပူးပေါင်းဆောင်ရွက်နိုင်၏၊ ထိုသို့ဖြင့် ဘုရားသခင်ကို ကြောက်ရွံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိလေသည်။ ဤသည်မှာ ဘုရားအမှုတော်၏ မူလရည်ရွယ်ချက် ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၆)) ကျွန်မ၌ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဤအပိုဒ်နှင့်သက်ဆိုင်သည့် အတွေ့အကြုံအချို့ ရှိပါသည်။
၂၀၁၆ခုနှစ်၊ ဇွန်လမှာ အင်္ဂလိပ်ဘာသာဖြင့် ရွတ်ဖတ်သည့် အဖွဲ့မှာ ကျွန်မကို ထမ်းဆောင်ဖို့ ချပေးခြင်း ခံခဲ့ရပြီး၊ ကျွန်မ တကယ်ကို ပျော်ရွှင်ခဲ့ပါသည်၊ အကြောင်းမှာ ကျွန်မ၏ အင်္ဂလိပ်စာ ကျွမ်းကျင်မှုကို နောက်ဆုံးတွင် အသုံးချရတော့မည် ဖြစ်သည်။ ကျွန်မ၏ကျွမ်းကျင်မှုကို အပြည့်အဝ ချပြရတော့မည်။ အိမ်ပြန်ရောက်ပါက ကျွန်မ၏ ညီအစ်ကို မောင်နှမများကို ပြောပြပြီး သတင်းကောင်းကို အသိပေးဖို့ ကျွန်မ မစောင့်နိုင်တော့ပါ။ ယင်းကို သူတို့ သိသွားသည့်အခါ၊ သူတို့၏ မျက်နှာပေါ်က အားကျသည့်အကြည့်များကိုပင် ကျွန်မ စိတ်ကူးယဉ် ကြည့်ခဲ့သည်။
တာဝန်ကို ကျွန်မ စတင် ထမ်းဆောင်ပြီးသည့်နောက်၊ အခြား ညီအစ်ကို မောင်နှမများက အင်္ဂလိပ်စာကို တကယ်ကို ကျွမ်းကျင်စွာ ဖတ်နိုင်ပြီး အသံထွက်ကောင်းကြသည်ကို ကျွန်မ သတိပြုမိသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အင်္ဂလိပ်စကား မကြာခဏ ပြောပြီး၊ ဝတ်ပြုစည်းဝေးများနှင့် တာဝန် ထမ်းဆောင် နေသည့်အခါတွင်ပင် အင်္ဂလိပ်လိုသာ ပြောဆို ဆက်ဆံကြသည်။ ကျွန်မ၏ အင်္ဂလိပ်စာက သူတို့လောက် မကောင်းပါ။ ကျွန်မ အားကျခြင်းရော၊ စိုးရိမ်ခြင်းပါ ဖြစ်မိသော်လည်း၊ ကျွန်မ စာကြိုးစားသရွေ့ တစ်နေ့ကျရင် သူတို့ထက်ပင် သာလိမ့်မည်ဟု မိမိကိုယ်ကိုယ် ပြောလိုက်သည်။ ထို့ကြောင့် ကျွန်မ အင်္ဂလိပ်စာလေ့လာပြီး ဝေါဟာများကို အလွတ်ကျက်ဖို့ အစောကြီးထပြီး နောက်ကျမှ အိပ်သည်။ ကျွန်မ၏ အလုပ် လုပ်ဆောင်မှုကို မည်သို့တိုးတက်အောင်လုပ်ရမည်ကို ကျွန်မ အမြဲတမ်း စဉ်းစားနေခဲ့ပါသည်။ တစ်စုံတစ်ဦးက သူတို့၏ အလုပ်အတွေ့အကြုံကို မျှဝေသည်ကို ကျွန်မ ကြားရသည့်အခါတိုင်း၊ ကျွန်မက ဘောလ်ပင်ထုတ်ပြီး စတင် မှတ်သားသည်။ သို့ရာတွင် ခဏလေးအတွင်းတွင် လများစွာ ကုန်ဆုံးသွားပြီး ကျွန်မက အဖွဲ့မှာရှိသည့် လူတိုင်းထက် တိုးတက်မှု အနှေးဆုံး ဖြစ်နေသကဲ့သို့၊ ဆောင်ရွက်ချက်ကလည်း အဆိုးဆုံး ဖြစ်နေသေးသည်။ ကျွန်မက မိမိတာဝန်များကို မဖြည့်ဆည်းနေဘဲ၊ ငယ်ရွယ်သည့် ညီအစ်ကို မောင်နှမများထံမှ အကြံပြုချက်များနှင့် အကူအညီများကို ခဏခဏ ယူနေရသည့်အပြင်၊ ထိုအချိန်အတွင်းတွင် အဖွဲ့ခေါင်းဆောင်က ကျွန်မကို အောက်ခြေအလုပ်၊ အလှည့်ကျအလုပ်များကိုသာ မကြာခဏ တာဝန်ချပေးနေသည့်အချက်ကို သိလျက်၊ အဖွဲ့မှာ ကျွန်မ မရှိပါကလည်း လုံးဝ ရနေသည်ဟု ခံစားလာခဲ့ရသည်။ ကျွန်မ တကယ်ကို စိတ်ဓာတ်ကျပြီး ဝမ်းနည်းလာခဲ့သည်။ နောက်ပိုင်းမှာ ကျွန်မတို့အဖွဲ့မှာ အစ်မအသစ်တစ်ယောက် လာပြီး အလုပ်လုပ်သည်။ သူက ကျွန်မတို့ အဖွဲ့တာဝန်များနှင့် အကျွမ်းတဝင် မရှိသောကြောင့်၊ သူ့ကို ကူညီပေးဖို့ ကျွန်မကို အခိုင်းခံရသည်။ ကျွန်မတို့အဖွဲ့မှာ ကျွန်မက ကျွမ်းကျင်မှု အနည်းဆုံး မဟုတ်တောသောကြောင့်၊ ကျွန်မ တိတ်တဆိတ် ကြည်နူးမိသည်။ သို့ရာတွင် ဤအစ်မက အရည်အချင်းရှိပြီး တတ်လွယ်သောကြောင့်၊ သူမ၏အင်္ဂလိပ်စာက အမြန် တိုးတက်သွားသည်ကို ကျွန်မ အံ့အားသင့်ခဲ့ရသည်။ နှစ်လ၊ သုံးလအတွင်းမှာ သူက ကျွန်မထက်သာပြီး လုပ်ဆောင်နိုင်နှင့်နေပြီ ဖြစ်သည်။ ဤသည်က ကျွန်မကို ထိတ်ထိတ်ပျာပျာ ဖြစ်နေစေသည်။ “ဒီလိုပုံစံနှင့်ဆိုရင် ငါက မကြာခင်မှာ ငါတို့အဖွဲ့မှာ အဆိုးဆုံးအဖွဲ့ဝင် ထပ်ဖြစ်တော့မှာပဲ။ ငါ့ထက်ကြာအောင် အလုပ်လုပ်နေခဲ့တဲ့ တခြား အဖွဲ့ဝင်တွေလောက် ငါက မထမ်းဆောင်နိုင်တာက နားလည်လို့ရတယ်။ အခု ဒီလူသစ်က ရောက်လာပြီး သူ့ကို ကူညီပေးဖို့ဆိုပြီး ငါ အခိုင်းခံခဲ့ရတယ်။ ဒါပေမဲ့ ခဏလေးအတွင်းမှာ သူက ငါ့ထက် သာနေပြီ။ ရှက်စရာကောင်းလိုက်တာ။” ကျွန်မက တစ်ရက်ပြီးတစ်ရက် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမအတွက် ယှဉ်ပြိုင်နေရင်း အသက်ရှင်နေခဲ့ပြီး အမြဲတမ်း စိတ်မအေးနိုင်ဖြစ်နေခဲ့သည်။ ကျွန်မ၏ နေ့ရက်များကို လုံးလုံး စိတ်ဆင်းရဲရင်းနှင့် ကုန်ဆုံးခဲ့ပါသည်။ ကျွန်မ၏ မွေးရပ်မြေမှာ တာဝန်များ ထမ်းဆောင်ခဲ့သည့် ယခင် ရက်များကို ကျွန်မ သတိရလာမိသည်။ ဆွေးနွေးတိုင်ပင်ခြင်းများ၊ အစီအစဉ်ချခြင်းများကို ကျွန်မ ဦးဆောင်ခဲ့ဖူးသည်။ ညီအစ်ကို မောင်နှမများအားလုံးက ကျွန်မ၏ အမြင်များကို သဘောတူကြပြီး အသင်းတော်ခေါင်းဆောင်များက ကျွန်မကို မျက်နှာသာပေးခဲ့သည်။ ကျွန်မက အရေးကြီးသည့်သူ တစ်ယောက် ဖြစ်ခဲ့သော်လည်း၊ ယခု အရမ်း နိမ့်ကျသွားခဲ့သည်။ ယင်းကို ကျွန်မ စဉ်းစားလေလေ စိတ်ထိခိုက်ပြီး မတရားခံရသကဲ့သို့ ခံစားရလေလေ ဖြစ်သည်။ တစ်ခါတွင် ကျွန်မ ရေချိုးခန်းထဲပုန်းပြီး ငိုနေရခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ ထိုညမှာ အိပ်ရာပေါ်မှာ ကျွန်မ လူးလှိမ့်နေရင်းနှင့် အိပ်မပျော်နိုင်ခဲ့ပါ။ “ငါက စတဲ့နေ့ကတည်းက ငါ့အဖွဲ့မှာ အဆိုးဆုံး အဖွဲ့ဝင်ဖြစ်ခဲ့်တယ်။ တခြား ညီအစ်ကို မောင်နှမတွေက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါ ဒီမှာ မနေချင်ဘူး။” ဟု ကျွန်မ မတွေးဘဲ မနေနိုင်ပါ။ သို့ရာတွင် ထို့နောက် ဘုရားသခင်ကို ကျွန်မ အသက်ရှင်သရွေ့ သူ့၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ သူ့အတွက် မိမိကိုယ်ကိုယ် အသုံးခံဖို့ဟူသည့် လေးနက်သော ကတိသစ္စာတစ်ခု မည်သို့ပေးခဲ့သည်ကို ကျွန်မ စဉ်းစားမိသည်။ ကျွန်မက မိမိတာဝန်များကို တကယ် စွန့်လွှတ်ခဲ့ပါက၊ ကျွန်မ ကတိမတည်ခြင်း ဖြစ်မည် မဟုတ်ပါလား။ ကျွန်မက ဘုရားသခင်ကို လိမ်ညာပြီး သစ္စာဖောက်မိမည် မဟုတ်ပါလား။ ကျွန်မ အလွန် ဝမ်းနည်းခဲ့သောကြောင့်၊ “ချစ်လှစွာသော ဘုရားသခင်၊ ဒီအခြေအနေကို ဘယ်လို ဖြတ်သန်းရမယ် ဆိုတာ၊ ဒီကနေ ဘာကို သင်ယူရမည်ဆိုတာ ကျွန်မ သေချာမသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပြီး ဉာဏ်အလင်းပွင့်စေတော်မူပါ။” ဟု ကျွန်မ ပြောပြီး ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။
ထို့နောက်မှာ ကျွန်မ ဖုန်းကို ဖွင့်ပြီး ဘုရားသခင်၏ ဤနှုတ်ကပတ်တော် အပိုဒ်ကို ဖတ်ခဲ့သည်။ “သင်တို့ ရှာဖွေရာတွင်၊ တစ်ဦးချင်းစီ၌ များစွာသော အယူအဆများ၊ မျှော်လင့်ချက်များနှင့် အနာဂတ်များ ရှိကြသည်။ လက်ရှိအမှုမှာ ရာထူးအဆင့်အတန်းအပေါ် သင်တို့၏ တပ်မက်မှုနှင့် သင်တို့၏ လွန်ကဲသော အလိုဆန္ဒများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဖြစ်သည်။ မျှော်လင့်ချက်များ၊ အဆင့်အတန်းနှင့် အယူအဆများ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထား၏ ဂန္တဝင် ကိုယ်စားပြုချက်များ ဖြစ်သည်။ လူတို့၏ စိတ်နှလုံးများထဲတွင် ဤအရာများ တည်ရှိနေရသည့် အကြောင်းရင်းမှာ စာတန်၏ အဆိပ်အတောက်သည် လူတို့၏ အတွေးအခေါ်များအား အမြဲတစေ ပျက်စီးယိုယွင်းစေနေခြင်းကြောင့်ဖြစ်ပြီး လူတို့သည် စာတန်၏ ဤစုံစမ်းနှောင့်ယှက်မှုများကို အမြဲတစေ မဖယ်ရှား နိုင်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် အပြစ်တရားကြားတွင် အသက်ရှင်နေကြသော်လည်း၊ ၎င်းအား အပြစ်ဟု မယုံကြည်ကြ သကဲ့သို့၊ ၎င်းတို့သည်၊ ‘ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူသည် ငါတို့အပေါ် ကောင်းချီး မင်္ဂလာများကိုပေးပြီး ငါတို့အတွက် အရာခပ်သိမ်းကို သင့်တော်သလို စီစဉ်ပေးရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် ငါတို့သည် အခြားသူများထက် သာလွန်ကာ ငါတို့၌ အခြားသူများထက် သာလွန်သော အဆင့်အတန်းနှင့် အနာဂတ်တစ်ခု ရှိရမည်။ ငါတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် သူသည် ငါတို့အား အကန့်အသတ်မရှိသော ကောင်းချီးမင်္ဂလာများကို ပေးကို ပေးရမည်။ သို့မဟုတ်ပါက ၎င်းကို ဘုရားသခင်အား ယုံကြည်ခြင်းဟု ခေါ်လိမ့်မည် မဟုတ်’ ဟူ၍ ယုံကြည် ကြသေးသည်။ လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့ သစ္စာဖောက်သော သူများ၊ သူရဲဘောကြောင်သောသူများ နှင့် စက်ဆုပ်ဖွယ် ကောင်းသောသူများ ဖြစ်လာသည်အထိ ၎င်းတို့၏ စိတ်နှလုံးများကို နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းစေခဲ့သည်။ ၎င်းတို့၌ စိတ်ဓာတ်ခွန်အားနှင့် စိတ်ဆုံးဖြတ်ချက် ကင်းမဲ့ကြသည်သာမက ၎င်းတို့သည် လောဘကြီးလာကြပြီး၊ မောက်မာလာကြကာ၊ တစ်ဇွတ်ထိုး လုပ်လာကြလေသည်။ ၎င်းတို့၌ အတ္တကို ကျော်လွန်သော စိတ်ဆုံးဖြတ်ချက် တစ်ခုတစ်လေ လုံးဝကင်းမဲ့နေပြီး ထိုမျှမက ၎င်းတို့၌ ဤမှောင်မိုက် လွှမ်းမိုးမှုများ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရန် သတ္တိ အနည်းငယ်ပင် မရှိကြချေ။ လူတို့၏ အတွေးအခေါ်များ နှင့် အသက်တာများသည် ပုပ်သိုးလွန်းသည်မှာ ဘုရားသခင် အပေါ် ယုံကြည်ခြင်းနှင့် သက်ဆိုင်သော ၎င်းတို့၏ ရှုထောင့်အမြင်များမှာ သည်းမခံနိုင်အောင် အကျည်းတန် နေသေးသည်သာမက ဘုရားသခင်အပေါ် ယုံကြည်ခြင်း အကြောင်း ၎င်းတို့၏ ရှုထောင့်အမြင်များကို လူတို့ ပြောကြသည့်အခါ ၎င်းမှာ တကယ်ပင် နားမခံနိုင်စရာ ဖြစ်သည်။ လူအားလုံးသည် သူရဲဘောကြောင်ကြသည်၊ အစွမ်းအစမရှိ၊ စက်ဆုပ်ရွံရှာဖွယ် ဖြစ်ကြသည်သာမက ခိုင်ခံ့ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် အမှောင်စွမ်းအားများကို ရွံရှာခြင်း မရှိကြသကဲ့သို့ အလင်းနှင့် သမ္မာတရားကို ချစ်ခြင်း မရှိကြ၊ ထိုသို့ဖြစ်ရမည့်အစား ၎င်းတို့ကို ထုတ်ပစ်ရန်အတွက် အစွမ်းကုန် လုပ်ဆောင်ကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အဖြည့်ခံဖြစ်ရန် သင်အဘယ်ကြောင့် လိုလားခြင်းမရှိသနည်း) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မ၏ အခြေအနေကို စုံလင်စွာ ရှင်းပြခဲ့ပါသည်။ ဂုဏ်အဆင့်အတန်းအတွက် ကျွန်မ၏ လိုအင်ဆန္ဒက မပြည့်ဝသောကြောင့်၊ ကျွန်မက အရမ်း နာကျင်ခံစားနေရပြီး ကျွန်မ တာဝန်များကို ထမ်းဆောင်ဖို့ပင် အာခံနေကာ၊ ကျွန်မ တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ချင်နေခြင်း မဟုတ်ပါလား။ ကျွန်မ အဖွဲ့ကို ဝင်လာကတည်းက၊ ကျွန်မ၏ အလုပ် လုပ်ဆောင်မှုကို တိုးတက်စေဖို့ အင်္ဂလိပ်စာကို အရမ်းလေ့လာနေခြင်းသည် ကျွန်မက မိမိကိုယ်ကိုယ် သက်သေပြပြီး အဖွဲ့မှာ ပေါ်လွင်ချင်၍ သက်သက် မဟုတ်ပါလား။ အသစ်ရောက်လာသည့် အစ်မက အရမ်းကို မြန်မြန် တိုးတက် လာသည်ကိုတွေ့လျက်၊ သူမက ကျွန်မထက် သာပြီး လုပ်နိုင်မည်ကိုလည်းကောင်း၊ ကျွန်မက အဖွဲ့မှာ နောက်တစ်ခါ အညံ့ဆုံး ဖြစ်သွားမည်ကိုလည်းကောင်း စိတ်ပူခဲ့သည်။ ဂုဏ်အဆင့်အတန်းနှင့် ပတ်သက်ပြီး စိတ်ဖိစီးရင်းနှင့် တစ်နေကုန်သွားပြီး လုံးဝ စိတ်ဒုက္ခ ရောက်ခြင်း၌ ရှင်သန်ခဲ့ရသည်။ “လူတို့သည် ၎င်းတို့ အသက်ရှင်ရန်အတွက် အမှီပြုခဲ့သော အတွေးအခေါ်များသည် ၎င်းတို့၏ စိတ်နှလုံးများကို ပျက်စီးယိုယွင်းစေခဲ့သည်။” ဟူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ရင်းနှင့် “ငါ ဘာလို့ ဂုဏ်အဆင့်အတန်းအတွက် ကြိုးစားနေတာလဲ။ ဘယ်အတွေးများက ငါ့ကို စိတ်ဒုက္ခရောက်စေတာလဲ။” ဟု ကျွန်မ မိမိကိုယ်ကိုယ် မေးလိုက်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်စဉ်းစား ပြီးသည့်နောက်မှသာ၊ “ထင်ရှားကျော်ကြားမှုရရှိခြင်း သည် သူ၏ဘိုးဘေးများအတွက် ဂုဏ်အသရေ ယူဆောင်လာသည်၊” “လူသားသည် အထက်သို့ ရုန်းကန်ဆန်တက်သည်၊ ရေသည်နိမ့်ရာသို့ စီးဆင်း၏၊” နှင့် “ကောင်းကင်နှင့်မြေကြီးတစ်လျှောက်လုံးတွင် ငါသည်သာ ငါ၏အရှင်သခင်ဖြစ်၏၊” တို့ကဲ့သို့ ဆိုးယုတ်သည့် နီတိများအတိုင်း ကျွန်မက ရှင်သန်နေသည်ကို သဘောပေါက်ခဲ့ပါသည်။ ငယ်ငယ်ကတည်းက ကျွန်မတို့ ဆရာများက ကျွန်မတို့ကို ထူးချွန်အောင်လုပ်ဖို့၊ အတော်ဆုံးဖြစ်အောင်လုပ်ဖို့ သင်ကြားပေးခဲ့သည်။ ဂုဏ်သိက္ခာရှိပြီး နာမည်ကြီးသည့် လူများကို ကျွန်မ အမြဲတမ်း အရမ်း အထင်ကြီးလေးစားပြီး အားကျခဲ့သည်၊ ပြီးလျှင် သူတို့ကဲ့သို့ ဖြစ်ချင်ခဲ့သည်။ ကျွန်မ မည်သည့်နေရာတွင်ရှိရှိ လူများကို ကျွန်မကို အထင်ကြီးစေချင်သည်၊ ပြီးလျှင် သူတို့အားလုံးက ကျွန်မကို လေးစားသည်၊ ပံ့ပိုးပေးသည်၊ ချီးမွမ်းကြပါက၊ ပို၍ပင် ကောင်းသေးသည်။ ဤသည်မှာ ပျော်မွေ့ဖွယ်ကောင်းပြီး ထိုက်တန်သည့် ဘဝကို ရှင်သန်ဖို့ နည်းလမ်းသာ ဖြစ်သည်ဟု ကျွန်မ ထင်ခဲ့သည်။ အခြားသူများ၏ လေးစားခြင်းနှင့် ချီးမွမ်းခြင်းကို မရနိုင်သည့်အခါ၊ ဘဝက စိတ်ဆင်းရဲစရာကောင်းသည်၊ ပြီးလျှင် ကျွန်မ အလွန်ု စိတ်ဓာတ်ကျသည်။ ဘုရားသခင်၏အိမ်တော်မှာ ကျွန်မ၏ တာဝန်များကို စပြီး ထမ်းဆောင် ပြီးသည့်နောက်မှာ၊ ဤအရာများကို ကျွန်မ လိုက်စားနေဆဲ ဖြစ်သည်။ သို့သော် ကျွန်မ တိုးတက်မှု သိပ်မတွေ့ရသည့်အခါ သို့မဟုတ် အခြားသူများ၏ ချီးမွမ်းခြင်းနှင့် လေးစားခြင်းကို မရသည့်အခါ ကျွန်မ အဆိုးမြင်လာသည်၊ စိတ်ဓာတ်ကျပြီး အားငယ်လာသည်။ ကျွန်မ တာဝန်များကို စွန့်လွှတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်ဖို့ပင် စဉ်းစားလာခဲ့သည်။ ဂုဏ်သိက္ခာအပေါ် ကျွန်မ၏ စွဲလမ်းမှုက ကျွန်မကို လုံးဝ ဝါးမျိုသွားခဲ့သည်။ ယင်းကို ကြိုးပမ်းရယူဖို့ မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခံပြီး မည်သည့်တိုက်ပွဲကိုမဆို ကျွန်မ တိုက်ခိုက်မည်ဖြစ်သည်မှာ ဤအရာထက် အရေးကြီးသည့်အရာ ကျွန်မမှာ မရှိတော့ပါ။ ထိုအချိန်တွင် ကျွန်မက လွဲမှားနေသည့် အရာအတွက် ကြိုးပမ်းနေသည်ကို နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မက သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ ကျွန်မ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ပါ။ ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ကျွန်မ၏ ကိုယ်ပိုင် ဆန္ဒကို ဖြည့်ဆည်းဖို့သာ လုပ်နေခြင်း ဖြစ်ပါသည်။
ကျွန်မ၏ အားထုတ်လိုက်စားမှုက မည်သို့လမ်းလွဲနေသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ထုတ်ဖော်ခြင်းက ကျွန်မကို ပြသခဲ့ပါသည်။ နောက်ပိုင်းမှာ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဤအပိုဒ်ကို ဖတ်ရပါသည်။ “သင်တို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့် သင်တို့ အသီးသီးအတွက်၊ သမ္မာတရားကို သင် မည်သို့ နက်နက်နဲနဲ နားလည်ပါစေ၊ သမ္မာတရား လက်တွေ့အရှိတရားထဲသို့ သင်တို့ ဝင်ရောက်လိုလျှင်၊ လက်တွေ့လုပ်ဆောင်ဖို့ အရိုးရှင်းဆုံးသော နည်းလမ်းမှာ သင်တို့ လုပ်ဆောင်သမျှတိုင်းတွင် ဘုရားသခင့် အိမ်တော်၏ အကျိုးများကို တွေးဖို့ရန်နှင့် သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ သင်၏ တစ်ဦးချင်း အကြံ၊ ကြံရွယ်ချက်များ၊ ဂုဏ်ဒြပ်နှင့် အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးများကို ဦးစားပေးလော့- ဤသည်မှာ သင် အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။...ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်လျှင်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်လျှင်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်လျှင်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်လျှင်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားသခင်နှင့် သူ၏အိမ်တော်တို့၏ အကျိုးများကို ဦးစားပေးနိုင်လျှင်၊ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ အသက်ရှင်ရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စိတ်သဘောထားကျဉ်းမြောင်းခြင်း သို့မဟုတ် ခက်ထန်ခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ တဖြည်းဖြည်းနှင့်၊ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အလိုဖြည့်ဖို့ သင်၏ စိတ်နှလုံးအတွင်းရှိ လိုအင်ဆန္ဒသည် သာ၍ လျော့ပါးသွားပေလိမ့်မည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက်မှာ အခြားသူများ လေးစားခြင်းကို ခံရခြင်းက အရေးမကြီးသည်ကို နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို နာခံခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတာဝန်များကို ထမ်းဆောင်ခြင်း- ဤအရာများက တကယ် အရေးကြီးသည့်အရာများ ဖြစ်ပြီး ဤသည်မှာ ပွင့်လင်းစွာနှင့် ရိုးသားစွာ ရှင်သန်ဖို့ နည်းလမ်း ဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည် ပြီးသည့်နောက်မှာ ကျွန်မ တော်တော်ကို စိတ် လွတ်လပ် ပေါ့ပါးသွားသည်ဟု ခံစားခဲ့ရသည်။ ကျွန်မက ကျွန်မတို့အဖွဲ့မှာ ဆောင်ရွက်ချက် အညံ့ဆုံး အဖွဲ့ဝင်ဖြစ်နေဆဲသာ ဖြစ်သော်လည်း၊ ယင်းနှင့်ပတ်သက်ပြီး ကျွန်မ သိပ် စိတ်မညစ်တော့ပါ။ ပြီးလျှင် တစ်ခုခုက ကျွန်မ၏ ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းကို ထိခိုက်လာသည့်အခါ၊ အရင်ကဖြစ်ခဲ့သကဲ့သို့ အားမနည်းတော့ပါ။ ဘုရားသခင်ကို သတိရှိရှိနှင့် ဆုတောင်းပြီး ကျွန်မ၏မှားယွင်းသည့် ရည်ရွယ်ချက်များကို ကျွန်မ စွန့်လွှတ်သည်၊ ပြီးလျှင် ကျွန်မ စိတ်ကို ငြိမ်အောင်ထားနိုင်ခဲ့ပြီး ကျွန်မ၏တာဝန်များကို ထမ်းဆောင်ခဲ့သည်။ သို့ရာတွင် စာတန်၏ အဆိပ်က ကျွန်မအထဲမှာ အမြစ်တွယ်နေပြီး ကျွန်မ၏ တကယ့် သဘာဝဖြစ်လာသည်။ နားလည်ခြင်း သက်သက်နှင့်က အမြစ်ဖြတ်ဖို့ မလုံလောက်ပါ။ သန့်စင်ခံရပြီး ပြောင်းလဲဖို့အတွက် နောက်ထပ် တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းကို ကျွန်မ ကြုံတွေ့ဖို့ လိုသေးသည်။
ကျွန်မတို့၏ အဖွဲ့ခေါင်းဆောင်က အစ်မလျူနှင့် အစ်မကျန်းတို့ နှစ်ယောက်လုံးကို ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ အများကြီး ရှိသောကြောင့်၊ ကျွန်မတို့၏အလုပ်ကို ကြီးကြပ်ဖို့ တာဝန်ချပေးခဲ့သည်။ ကျွန်မ အားကျပြီး မနာလိုလည်းဖြစ်မိသည်။ အခြားညီအစ်ကို မောင်နှမများကို နည်းပြလုပ်ပေးရသည်မှာ ဩဇာတိက္ကမရှိသည့် အမှတ်အသား တစ်ခုဟု မြင်ရသည်။ ကျွန်မက အဘယ့်ကြောင့် သူတို့ကဲ့သို့ မဖြစ်နိုင်ရသနည်း။ ကျွန်မက မည်သည့်ကျွမ်းကျင်မှုမှ မပါသည့် အလုပ်ရှုပ်သည့် အလုပ်များသာ လုပ်နိုင်သည်။ နောက်ပိုင်းမှာ အခြားသူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရင်းနှင့် အဖွဲ့မှာ ရေလောင်းသည့် တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ ထောက်ခံ အကြံပြုခြင်းခံရသည်။ သို့ရာတွင် ကျွန်မက ဤတက်လမ်းအပေါ် လုံးဝ စိတ်မလှုပ်ရှားဘဲ ဤတာဝန်ကို အထင်အမြင်ပင် သေးခဲ့ပါသည်။ တကယ့် ကျွမ်းကျင်မှုမရှိသည့်သူများသာ ဤတာဝန် ချပေးခံရခြင်းဖြစ်သည်ဟု ကျွန်မ မြင်မိသည်။ ကျွန်မတို့အဖွဲ့က ကောင်းစွာ လုပ်နိုင်ပါက၊ လူတိုင်းက ယင်းသည် ထိုအစ်မနှစ်ယောက်ကြောင့်သာဖြစ်သည်ဟု ပြောကြမည်။ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယ ပြုနေရင်း၊ နောက်ကွယ်မှာ အလုပ်လုပ်နေသည့် ကျွန်မကို မည်သူက သတိပြုမိမည်နည်း။ ကျွန်မက လွဲမှားသည့် စိတ်ထားရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်မှုကို မရရှိနိုင်ဘဲ၊ ကျွန်မတာဝန်များကို ထမ်းဆောင်ဖို့ စိတ်ပါဝင်စားမှု မရှိနိုင်ဖြစ်ပြီး “ငါ့ အစွမ်းအစက ဘာလို့ တခြားလူတိုင်းလောက် မကောင်းတာလဲ။ ငါက ဘယ်နေရာမှာ တော်တာလဲ။ ငါ့ရဲ့ ကျွမ်းကျင်မှုတွေကို ဘယ်အချိန်ကျမှ အပြည့်အဝ ပြသရမှာလဲ။” ဟု တစ်ခါတစ်ရံ မိမိဘာသာ စဉ်းစားမိသည်။ တဖြည်းဖြည်းနှင့် ကျွန်မ ပိုပိုပြီး အတိုက်အခံဖြစ်လာပြီး စိတ်အနှောင့်အယှက်ဖြစ်လာသည်။ သိပ်မကြာမီတွင် အစ်မကျန်းက ကျွန်မကို တံခါးပိတ်ခိုင်း၊ ဖွင့်ခိုင်းသည့်အခါတိုင်းမှာ ကျွန်မ ဒေါသထွက် လာသည်။ ကျွန်မက “နင်က ယုံကြည်သူဖြစ်တာ ဘယ်လောက် ကြာနေပြီလဲ။ နင်က နည်းနည်း ပိုပြီး ကျွမ်းကျင်တာပဲရှိတာပါ၊ ဒါပါပဲ။ အဲဒါက ငါ့ကို ဆရာလုပ်ဖို့ အဆင့်မီသွားရောလား။” ဟု တွေးမိသည်။ နောက်ဆုံးတွင် အစ်မကျန်းက ကျွန်မကို စကားပြောသည့်အခါ၊ ကျွန်မ လျစ်လျူရှုနေလိုက်သည်။ တစ်ခါတစ်ရံ ကျွန်မကို သူ မေးခွန်း မေးသည့်အခါ၊ သူပြောသည်ကို မကြားသကဲ့သို့ ဟန်ဆောင် နေလိုက်သည်။ ကျွန်မ ပြန်ပြောပါကလည်း၊ ကောင်းကောင်းမပြောခဲ့ပါ။ အကျိုးဆက်အနေနှင့် သူမက စိတ်တင်းကျပ်သလို ခံစားနေရသည်ကို ကျွန်မ မြင်သည့်အခါ၊ ကျွန်မ စိတ်မကောင်း ဖြစ်မိသော်လည်း၊ ဂုဏ်အဆင့်အတန်း၊ ဩဇာတိက္ကမနှင့်ပတ်သက်ပါက ကျွန်မ၏ စိတ်ခံစားချက်များကို ရှေ့တန်းတင်နေဆဲ ဖြစ်လေသည်။
တစ်မနက်မှာ အစ်မလျူနှင့် အစ်မကျန်းက အလုပ်တာဝန်တစ်ခုနှင့် အပြင်ထွက်သွားသည်ကို ကျွန်မ တွေ့လိုက်သည်။ သူတို့ကို ကြည့်ရသည်မှာ တော်တော်ကို ပုံစံကျပြီး သူတို့၏ဝတ်စုံများက ခေတ်မီနေသည်၊ ကျွန်မ စိတ်ညစ်သွားပြီး သူတို့ကို မနာလိုဖြစ်မိသည်။ ကျွန်မက “နင်တို့က ဂုဏ်ကျက်သရေတွေအားလုံး ရနေတယ်။ ငါကတော့ နောက်ကွယ်မှာ ကျေးဇူးအတင်မခံရဘဲ အပင်ပန်းခံနေရတယ်။ ငါ ဘယ်လောက် အလုပ်ကြိုးစားတယ်ဆိုတာ ဘယ်သူကမှ လုံးဝ သိမှာမဟုတ်ပါဘူး။...” ဟု မိမိဘာသာ စဉ်းစားမိသည်။ ထိုနေ့ညမှာ အစ်မများ ပြန်လာသည့်အခါ၊ ကျွန်မတို့အဖွဲ့ထဲက လူတိုင်းက သူတို့ကို ကြိုဆိုနှုတ်ဆက်ဖို့ အမြန်သွားကြသည်၊ ပြီးလျှင် အချို့က သူတို့အတွက် ညစာပင် အဆင်သင့်ပြင်ဆင်ထားလေသည်။ အစတော့ ကျွန်မလည်း သူတို့ကို သွားနှုတ်ဆက်ပြီး သူတို့အလုပ်မှာ အခြေအနေမည်သို့ရှိသည်ကို မေးချင်ခဲ့ပါသည်၊ သို့ရာတွင် လူတိုင်းက သူတို့ကို တုံ့ပြန်ပုံကို မြင်ရတော့ ကျွန်မ မနာလိုထပ်ဖြစ်သွားပြီး “ရှင်တို့နှစ်ယောက်က ဂုဏ်ကျက်သရေတွေ အားလုံးကို ထပ်ရနေပြန်ပြီ၊ ကျွန်မမှာတော့ အခု ပိုပြီးတော့တောင် တန်ဖိုးမရှိတဲ့ ပုံစံဖြစ်လာတယ်။” ဟု တွေးမိသည်။ ထိုအတွေးဖြင့်၊ ကျွန်မ အခန်းဘက်ကို တည့်တည့် လှည့်ပြန်သွားခဲ့သည်။ ကျွန်မ မိမိကိုယ်ကိုယ် စိတ်ငြိမ်အောင် မထားနိုင်သောကြောင့်၊ ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။ ကျွန်မက “ချစ်လှစွာသော ဘုရားသခင် ဂုဏ်အဆင့်အတန်းအပေါ် ကျွန်မရဲ့ စွဲလမ်းမှုက ပြန်ပြီး ခေါင်းထောင်လာပြန်ပါပြီ။ ဩဇာတိက္ကမနဲ့ ဂုဏ်အဆင့်အတန်းကို လိုချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို စွန့်လွှတ်ချင်ပေမဲ့ ကျွန်မ စွန့်လွှတ်လို့ကို မရပါဘူး။ ကျေးဇူးပြုပြီး နာမည်ကောင်းနှင့် ဂုဏ်အဆင့်အတန်းတွေရဲ့ ချည်နှောင်မှုတွေကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လို လွတ်မြောက်အောင် လုပ်ရမလဲဆိုတာ ပြသတော်မူပါ။” ဟု ပြောခဲ့ပါသည်။
နောက်တစ်နေ့မှာ အစ်မတစ်ယောက်က ကျွန်မ အခြေအနေဆိုးတွင် ရှိနေသည်ကို မြင်ပြီး အောက်ပါကျမ်းပိုဒ်ကို ဖတ်ပြသည်။ “ရာထူး မျက်နှာ သို့မဟုတ် နာမည်ဂုဏ်သတင်းတို့ကို့ ထိုအရာက ပတ်သက်မိသည်နှင့်တပြိုင်နက်၊ လူတိုင်း၏ စိတ်နှလုံးများက မျှော်လင့်စောင့်စားချက်ဖြင့် ခုန်တက်သွားကြပြီး သင်တို့အသီးသီးက ထင်ပေါ်ချင်ကြသည်၊ ကျော်ကြားချင်ကြပြီး အသိအမှတ်ပြုခံချင်ကြသည်။ လူတိုင်းက အလျှော့ပေးရန် မလိုလားကြ၊ ယင်းအစား ယှဉ်ပြိုင်ခြင်းက စိတ်ကသိကအောက်ဖြစ်စေကာ ဘုရားအိမ်တော်ထဲတွင် ခွင့်မပြုထားသော်လည်း အမြဲ ဖက်ပြိုင်ချင်ကြသည်။ သို့သော်၊ ယှဉ်ပြိုင်မှုမရှိဘဲ သင်တို့သည် မရောင့်ရဲနိုင်ကြသေး။ တစ်စုံတစ်ဦးက ထင်ပေါ်သည်ကို သင်မြင်သည့်အခါ၊ မနာလိုဝန်တိုမှုကို သင်ခံစားရသည်၊ မုန်းတီးမှုကို ခံစားရပြီး ယင်းမှာ မျှတခြင်းမရှိဟု သင်ခံစားရသည်။ ‘ဘာကြောင့် ငါ မထင်ပေါ်နိုင်ရတာလဲ။ အဲဒီလူက ဘာလို့ အမြဲ ထင်ပေါ်ရတဲ့သူဖြစ်ရပြီး ငါ့အလှည့် ဘယ်တော့မှ မရောက်ရတာလဲ။’ ထို့နောက် သင်သည် မကျေမချမ်းမှုအနည်းငယ် ခံစားရ၏။ ယင်းကို သင် ချုပ်တည်းရန် ကြိုးစားသော်လည်း သင် မတတ်နိုင်။ ဘုရားသခင်ထံ သင် ဆုတောင်းပြီး တစ်ခဏမျှ သင် သက်သာသလို ခံစားရသော်လည်း နောက်ပိုင်းတွင်၊ ဤကဲ့သို့သော ကိစ္စရပ်မျိုးကို တစ်ဖန် သင် ကြုံရသည်နှင့်တစ်ပြိုင်နက် ယင်းကို သင် မကျော်လွှားနိုင်ပေ။ ဤအရာက ရင့်ကျက်မှုမရှိသည့် ဝိညာဉ်အသက်တာ အခြေအနေကို ပြသသည် မဟုတ်လော။ ထိုသို့သော အခြေအနေတွေထဲ လူတစ်ဦး ကျဆင်းရခြင်းသည် ထောင်ချောက် တစ်ခုမဟုတ်လော။ ဤသည်တို့မှာ လူသားများကို ချည်နှောင်သော စာတန်၏ ဖောက်ပြန်ပျက်စီးသည့် သဘာဝ၏ အချုပ်အနှောင်များ ဖြစ်ကြသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ကျွန်မ လိုက်စားသည့်အရာကို အမှန်တကယ် မပြောင်းလဲသေးသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို ပြသခဲ့ပါသည်။ ကျွန်မသည် ဂုဏ်သတင်း၊ ဂုဏ်အဆင့်အတန်းကို ရှာဖွေဆဲဖြစ်ပြီး သူများထက် ထူးချွန်အောင် အားထုတ်ဆဲဖြစ်ပါသည်။ ဤအရာများ၏ ထိန်းချုပ်ခြင်းကို ခံရပြီး ကျွန်မ အမြဲတမ်း ပေါ်လွင်ပြီး သတိပြုခံရချင်ခဲ့သည်၊ ပြီးလျှင် အရေးကြီးသည့်၊ ကျွမ်းကျင်မှုလိုအပ်သည့် တာဝန်များကို လုပ်ချင်ခဲ့သည်။ ဤသည်မှာ အခြားသူများ၏ လေးစားခြင်းနှင့် တန်ဖိုးထားခြင်းတို့ကို ခံရမည့်၊ ဘုရားသခင်၏ လက်ခံခြင်းကို ခံရပြီး အဆုံးမှာ ကောင်းချီးခံစားရမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ကျွန်မ ထင်ခဲ့သည်။ အရေးမကြီးပါဟု ထင်သည့် မည်သည့်အလုပ်ကိုမဆို ကျွန်မ အထင်အမြင်သေးခဲ့ပြီး ကျွန်မ၏ ရေလောင်းသည့်တာဝန်များကိုပင်လျှင် အထင်သေးသည့် အကြည့်နှင့် ကြည့်ခဲ့သည်။ အစ်မနှစ်ယောက်ကို အရေးကြီးသည့် တာဝန်များ ချပေးသော်လည်း၊ ကျွန်မကိုမူ မည်သည့်အခါမျှ သတိပြုခံရမည်မဟုတ်သည့် အသေးအဖွဲ တာဝန်များ ချပေးခြင်းကို ကြည့်ပြီး ကျွန်မက မနာလိုဖြစ်ကာ မကျေမချမ်း ဖြစ်ခဲ့ပါသည်၊ ပြီးလျှင် ကျွန်မကို ပိုကောင်းသည့် အရည်အချင်း၊ ကျွမ်းကျင်မှုကို မပေးသည့်အတွက် ဘုရားသခင်ကိုပင် ညည်းညူပြီး အပြစ်တင်ခဲ့သည်။ ကျွန်မက တော်တော် အကျိုးအကြောင်း မသင့်လျော်ခဲ့ခြင်း ဖြစ်ပါသည်။ ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ကျွန်မ၏ ဆန္ဒက မပြည့်ဝသောကြောင့်၊ ကျွန်မ၏တာဝန်မှာ သိပ်ပြီး အားမစိုက်ထုတ်ခဲ့ဘဲ၊ ကျွန်မ၏ မကျေနပ်ချက်ကို ထွက်ပေါက် ရှာဖို့အတွက်ပင် အစ်မများအပေါ်ကို ပေါက်ကွဲခဲ့သည်။ ဤသည်က အစ်မများအတွက် စိတ်တင်းကျပ်ပြီး ထိခိုက်နစ်နာစေသည်မှာ သေချာပါသည်။ ဤသည်ကို ကျွန်မ ဆင်ခြင်စဉ်းစားကြည့်လေလေ အပြစ်ရှိသလို ခံစားရလေလေ ဖြစ်သည်။ ကျွန်မက မည်မျှ တစ်ကိုယ်ကောင်းဆန်ပြီး လူသားဆန်မှု ကင်းမဲ့သည်ကို နားလည်သဘောပေါက်ခဲ့ပါသည်။
နောက်ပိုင်းမှာ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ဖတ်မိသည်။ “လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသော ကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားကိုအုပ်စိုးသော ဘုရားသခင်၏ ဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ လုံးဝ အောက်ခြေမလွတ်ဘဲ ဘုရားသခင်၏ အရည်အချင်းမီ ဖန်ဆင်းခံဖြစ်ရန်၊ ဖန်ဆင်းခံ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်သူ ဖြစ်ရန်နှင့် လူသားနေရာတွင် နေနိုင်ရန် ကြိုးစားသူကို ကိုယ်တော်အလိုရှိသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြန်လည် သုံးသပ်ပြီး ဘုရားသခင်က မြင့်မြတ်သည့်သူများ၊ အရမ်း အံ့သြဖို့ကောင်းသည့် အရည်အချင်းများကို မလိုအပ်ဘဲ၊ ဘုရားသခင်၏ ဖန်ဆင်းခံများအနေနှင့် သူတို့၏ တာဝန်များကို ထမ်းဆောင်နိုင်သည့် စဉ်းစားချင့်ချိန်တတ်သည့်သူများကို လိုချင်သည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ ဘုရားသခင်က ကျွန်မကို အရမ်းကောင်းသည့် အရည်အချင်းများ သို့မဟုတ် ထိပ်တန်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ရှိဖို့ မလိုအပ်ပါ၊ ကျွန်မ၏ နေရာမှာ နေပြီး ကျွန်မတာဝန်များကို အစွမ်းကုန် ထမ်းဆောင်ရန်သာ သူ တောင်းဆိုခြင်း ဖြစ်ပါသည်။ ဤသည်က ကျွန်မလုပ်နိုင်သည့် အရာတစ်ခုသာ ဖြစ်သည်။ ဘုရားသခင်က လူတိုင်းကို မတူညီသည့် အစွမ်းအစနှင့် မတူညီသည့် အရည်အချင်းများ ပေးသည်။ ကျွန်မတို့က ကျွန်မတို့၏ အရည်အချင်းများကို အကောင်းဆုံး အသုံးချနိုင်သရွေ့၊ အချင်းချင်း ကူညီပြီး အတူတူလုပ်ဆောင်သရွေ့၊ ကျွန်မတို့ တာဝန်များကို ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေမည် ဖြစ်သည်။
ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကိုလည်း ကျွန်မ ဖတ်ခဲ့ရပါသည်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်က ဖြောင့်မတ်သည့် ဘုရားသခင် ဖြစ်သည်။ ဘုရားသခင်က မည်သူ့ကို ချီးကျူးသည်၊ ပြီးလျှင် လူတစ်ယောက်စီအတွက် မည်သည့်အဆုံးသတ်နှင့် ပန်းတိုင်ကို ပြင်ဆင်ပေးသည်ကို သူတို့မှာ ဩဇာတိက္ကမ သို့မဟုတ် နာမည်ကျော်ကြားမှု ရှိမရှိ၊ သူတို့ကို လူ မည်မျှက ပံ့ပိုးပြီး လက်ခံကြသည်၊ သို့မဟုတ် သူတို့က မည်သည့်အရာကို အသုံးချသည်တို့ ပေါ်တွင် အခြေမခံပါ။ ထို့ထက် အားလုံးက သူတို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို နာခံခြင်း ရှိမရှိ၊ ဘုရားသခင်၏ ဖန်ဆင်းခံများအနေနှင့် သူတို့တာဝန်များကို ထမ်းဆောင်ခြင်း ရှိမရှိတို့အပေါ် အခြေခံပါသည်။ ဥပမာ ဂိုဏ်းချုပ် ဆရာတော်ကြီးများ၊ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို ကြည့်ပါ။ သူတို့မှာ ဂုဏ်အဆင့်အတန်းနှင့် လွှမ်းမိုးမှုရှိသည်၊ လူအများစုက လူများစွာတို့က သူတို့ကို ကိုးကွယ်ပြီး နာခံကြသော်လည်း၊ သခင်ယေရှုက သူ့အလုပ်ကို လုပ်ဖို့ ကြွလာသည့်အခါ၊ သူတို့က သမ္မာတရားကို မရှာဖွေသကဲ့သို့၊ ဘုရားသခင်၏ လုပ်ဆောင်ချက်ကိုလည်း လုံးဝ လက်မခံပါ။ သူတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းနှင့် ဝင်ငွေကို ကာကွယ်ဖို့အတွက် သခင်ယေရှုကို အရူးအမူး ရှုတ်ချပြီး အာခံကြသည်မှာ၊ အဆုံးတွင် သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သံမှိုရိုက်ပြီး ဘုရားသခင်၏ ကျိန်ဆဲမှုနှင့် အပြစ်ဒဏ်ပေးမှုတို့ကို ခံခဲ့ကြရသည်။ နောဧအကြောင်းကိုလည်း ကျွန်မ စဉ်းစားမိသည်- သူက ဘုရားသခင် ညွှန်ကြားသည့်အတိုင်း သင်္ဘောကြီးကို တည်ဆောက်ခဲ့သည်။ ထိုအချိန်က လူတိုင်းက သူ ရူးနေသည်ဟု ထင်ကြသည်၊ သို့ရာတွင် သူက ဘုရားသခင်ကို နားထောင်ပြီး လိုက်နာသောကြောင့် ဘုရားသခင်၏ ချီးကျူးခြင်းကို သူရရှိပြီး ရေလွှမ်းမိုးခြင်းမှ လွတ်မြောက်ခဲ့သည်။ ပြီးလျှင် သမ္မာကျမ်းစာမှာ ဆင်းရဲသည့် မုဆိုးမ တစ်ယောက်ရှိသည်။ သူမ ပေးခဲ့သည့် ဒင်္ဂါးနှစ်ပြားက လူတိုင်းအတွက် သိပ်များသည့် ပုံစံရှိမည် မဟုတ်သော်လည်း၊ သူမ မှာရှိသည့် အရာတိုင်းကို ဘုရားသခင်ကို ပေးခဲ့သောကြောင့်၊ ဘုရားသခင်က သူ့ကို ချီးကျူးခဲ့သည်။ ဤဇာတ်လမ်းများကို စဉ်းစားဆင်ခြင် ကြည့်ပြီး ဘုရားသခငသည် တကယ်ကို ဖြောင့်မတ်သည်ကို ကျွန်မ မြင်တွေ့ခဲ့ပါသည်။ လူများ၏ ရိုးသားစစ်မှန်မှုကို ဘုရားသခင် တန်ဖိုးထားသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားထောင်ခြင်းအားဖြင့်၊ ဘုရားသခင်ကို နာခံခြင်းအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ယောက်အနေနှင့် မိမိတာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့်သာ အဓိပ္ပာယ်ရှိသည့် အသက်တာကို ရှင်သန်နိုင်မည် ဖြစ်ပါသည်။ အခြားသူများ ချီးမွမ်းခြင်းခံရဖို့ ကြိုးပမ်းခြင်းသည် ကျွန်မတို့ကို ဒုစရိုက်မှုများကိုသာ လုပ်မိစေမည်၊ ဘုရားသခင်ကို အာခံပြီး သူ့၏ အပြစ်ဒဏ်ပေးမှုကို ခံရစေလိမ့်မည်။ ဘုရားသခင်က ကျွန်မကို ထိုပတ်ဝန်းကျင်မှာ မိမိ၏တာဝန်ကို ထမ်းဆောင်ဖို့ စီစဉ်ပေးခြင်းက သူက ကျွန်မကို ဒုက္ခခံစေချင်၍၊ အရှက်ရစေချင်၍ မဟုတ်ဘဲ၊ ကျွန်မအတွက် အစီအစဉ် တစ်ခုရှိသောကြောင့် ဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မက ဂုဏ်အဆင့်အတန်းကို စွဲလမ်းလွန်းနေခဲ့သောကြောင့်၊ ကျွန်မ မိမိကိုယ်ကိုယ် တကယ်သိဖို့၊ ဩဇာတိက္ကမနှင့် အဆင့်အတန်း၏ အချည်အနှောင်များကို ဖယ်ရှားပြီး ဘုရားသခင်ရှေ့မှာ လွတ်လပ်ပြီး ချုပ်ချယ်မှုကင်းသည့် ဘဝကို ရှင်သန်ဖို့အတွက် ဖော်ထုတ်ခံရပြီး စစ်ဆေးခံရခြင်းကို ကြုံတွေ့ခဲ့ရပါသည်။ ဤသည်မှာ ကျွန်မကို ပြောင်းလဲပြီး သန့်စင်ဖို့အတွက် ဘုရားသခင်၏ အကောင်းဆုံး နည်းလမ်းသာ ဖြစ်သည်။ ဤအတွေးဖြင့် ကျွန်မက “အိုဘုရားသခင်၊ ကျွန်မကို ကယ်တင်ဖို့နဲ့ သန့်စင်ဖို့ ဒီပတ်ဝန်းကျင်တွေကို အသေးစိတ် စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဩဇာတိက္ကမနဲ့ ဂုဏ်အဆင့်အတန်းအတွက် အသက်မရှင်ချင်တော့ပါ။ ကျွန်မကို ဘာတာဝန်ပဲ ချပေးပါစေ၊ တခြားသူတွေ အမြင်မှာ အဲဒါဟာ ဘယ်လောက်ပဲ နိမ့်ကျပါစေ၊ ကျွန်မတို့ တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် ညီအစ်ကို မောင်နှမများနှင့်အတူ အလုပ်လုပ်ပြီး နာခံဖို့ ဆန္ဒနေပါတယ်။” ဟု ဘုရားသခင်ထံ ဆုတောင်းခဲ့ပါသည်။
နောက်ပိုင်းမှာ ကျွန်မ အဖွဲ့က အသင်းတော်အရေးကိစ္စများအတွက် အပြင်သွားဖို့ လူနည်းနည်း လိုသည်။ ယင်းကို ကျွန်မ ကြားသည့်အခါ၊ ကျွန်မစိတ်ထဲမှာ ဆန္ဒက နောက်တစ်ခါ ပြည့်လာပြန်သည်။ နောက်ဆုံးတော့ မိမိကိုယ်ကိုယ် ပြဖို့ အခွင့်အလမ်းရတော့မည်ဟု ကျွန်မ ထင်ခဲ့သည်။ ညီအစ်ကို မောင်နှမများက မည်သူသွားရမည်ကို ဆုံးဖြတ်နေစဉ်၊ ကျွန်မကို ရွေးဖို့ မျှော်လင့်နေခဲ့သော်လည်း၊ နောက်ဆုံးတော့ အစ်မလျူနှင့် အစ်မကျန်းကိုပဲ ပို့ဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျွန်မ နည်းနည်း စိတ်ပျက်သွားသည်။ ကျွန်မ အောင်မြင်သည့်အချိန် မည်သည့်အခါမျှ ရှိလာမည့်ပုံမပေါ်ခဲ့ပါ။ ကျွန်မက နောက်တစ်ခါ ကျော်ကြားမှုအတွက် ယှဉ်ပြိုင်နေသည်ဆိုတာ သတိပြုမိလိုက်သောကြောင့်၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပြီး ကျွန်မ၏ မှားယွင်းသည့် ရည်ရွယ်ချက်များကို စွန့်လွှတ်လိုက်ပါသည်။ ကျွန်မက ဤအချိန်ကာလတစ်လျှောက်လုံးမှာ မိမိအလုပ်တွင် မည်သို့ အာရုံမစိုက်ခဲ့ဘဲ၊ ဤတန်ဖိုးရှိသည့်အချိန်များအားလုံးနှင့် စွမ်းအင်များကို ဂုဏ်အဆင့်အတန်းအတွက် ယှဉ်ပြိုင်ရင်း ဖြုန်းတီးခဲ့ပြီး ကျွန်မ၏ တာဝန်များကို နည်းနည်းလေးမျှ မထမ်းဆောင်ခဲ့သည်ကို ကျွန်မ တွေးမိသည်။ နေ့တိုင်း ဂုဏ်အဆင့်အတန်းအတွက် ကျွန်မ ယှဉ်ပြိုင်ခဲ့ပြီး ယင်းက တကယ်ကို ဆိုးဝါးသည့် ခံစားချက်ဖြစ်သည်။ ကျွန်မ စာတန်၏ လှည့်စားခြင်းကိုခံရသကဲ့သို့ ခံစားမိသည်။ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမက လူများကို အမှန်တကယ် ထိခိုက်စေပါသည်။ တကယ်တမ်း ကျွန်မတို့အဖွဲ့က ညီအစ်ကို မောင်နှမများအားလုံးက မတူညီသည့် ကျွမ်းကျင်မှုနှင့် အစွမ်းအစများ ရှိကြသည်။ ဘုရားသခင်က တစ်ယောက်ချင်းစီတိုင်းကို ကျွန်မတို့၏ ကျွမ်းကျင်မှုများကို အသုံးပြုဖို့၊ အချင်းချင်းဆီကနေ သင်ယူပြီး ဖြည့်ဆည်းပေးဖို့၊ ကျွန်မတို့၏ တာဝန်များကို အတူတကွ ကောင်းစွာ ထမ်းဆောင်ဖို့ ဆန္ဒရှိသောကြောင့် ကျွန်မတို့ အတူတူလုပ်ဖို့ ဘုရားသခင်က စီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်က ရှေးကတည်းက ကျွန်မ၏ အရည်အချင်းနှင့် ဝိညာဉ်ရင့်ကျက်မှုကို ဆုံးဖြတ်ခဲ့ပါသည်။ အဖွဲ့မှာ မည်သည့်ကဏ္ဍကို ကျွန်မ လုပ်ဆောင်ပြီး မည်သည့်တာဝန်ကို ကျွန်မ ထမ်းဆောင်ရမည်ကိုလည်း ဘုရားသခင်က ကြိုတင်သတ်မှတ်ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ ရောက်နေသည့်နေရာမှာ ပျော်ရွှင်သင့်ပြီး ကျွန်မ တာဝန်ကို ထမ်းဆောင်ဖို့ အကောင်းဆုံး ကြိုးစားသင့်သည်၊ ပြီးလျှင် ဘုရားသခင်ကို နာခံနိုင်သည့် အသိတရားရှိသည့်သူတစ်ယောက် ဖြစ်သင့်သည်။ ဤသည်ကို သဘောပေါက်ပြီးသည့်နောက်မှာ ကျွန်မ ပို၍ စိတ်သက်သာရာရသည်ဟု ခံစားခဲ့ရသည်။ အစ်မနှစ်ယောက်က သူတို့တာဝန်အတွက် အပြင်ထွက်သည့်အခါတိုင်း၊ ကျွန်မ သူတို့အတွက် ဆုတောင်းပြီး အခြားအစ်မများက သူတို့တာဝန်များကို ထမ်းဆောင်သည့်နေရာမှာ အာရုံစိုက်နိုင်ဖို့အလို့ငှာ အလှည့်ကျ အလုပ်များအားလုံးပြီးရန် ကျွန်မ အကောင်းဆုံး ကြိုးစားသည်။ ညီအစ်ကို မောင်နှမများက အလုပ်လုပ်ခြင်းအပြင်၊ အသက်ဝင်ရောက်မှု အတွက်လည်း အချိန်ပေးဖို့အလို့ငှာ၊ သူတို့၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းများကို တက်ရောက်ဖို့ ကျွန်မ သူတို့ကို တိုက်တွန်းခဲ့သည်။ အကြောင်းကိစ္စများကို ကျွန်မ စပြီး အာရုံစူးစိုက် လုပ်သည့်အခါ၊ ကျွန်မ ပိုပြီး စိတ်တည်ငြိမ်မှုရှိပြီး ငြိမ်းချမ်းသည်ဟု ခံစားခဲ့ရပါသည်။ ဘုရားသခင်နှင့် ကျွန်မ ပို၍ နီးစပ်လာသကဲ့သို့ ခံစားရပြီး ညီအစ်ကို မောင်နှမများနှင့် ကျွန်မ၏ ဆက်ဆံရေးကလည်း ပုံမှန်ဖြစ်လာသည်။ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ် အရမ်းအလေးမထားတော့ဘဲ၊ ကျွန်မ ပို၍ ပွင့်လင်းလာသည်။ ကျွန်မ စိတ်နှလုံးထဲမှာ ဤပြောင်းလဲမှုလေးအတွက် ဘုရားသခင်အပေါ် ကျေးဇူးတင်ခြင်းများနှင့် ပြည့်နေခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးကို နိုးထစေသည်မှာ၊ ကျော်ကြားမှုနှင့်ဂုဏ်အဆင့်အတန်းကို ရှာဖွေခြင်း၏ အနှစ်သာရမဲ့မှုနှင့် ဒုက္ခကို ပြသခဲ့သည်မှာ၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း၊ သမ္မာတရားကို လိုက်စားပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့်သာ အဓိပ္ပာယ်ရှိသည့် အသက်တာကို ကျွန်မတို့ ရှင်သန်နိုင်သည်တို့ကို နားလည်အောင် ကူညီပေးခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသာ ဖြစ်ပါသည်။