၃၈။ ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

ဒေါင်အန်း ပြင်သစ်

၂၀၁၉ ခုနှစ်မှာ ကျွန်မ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ ကျွန်မသည် အကြောင်းကိစ္စများကို ကိုယ်ပိုင် နည်းလမ်းနှင့် ဆောင်ရွက်ခဲ့သည်၊ မိမိတာဝန်ကို သိတတ်သည့်စိတ် မရှိခဲ့ဘဲ၊ လူများကို သူတို့နှင့် သင့်တော်သည့် တာဝန်များ ချမပေးခဲ့သည်မှာ၊ ယင်းတို့အားလုံးက အသင်းတော်အသက်တာကို ထိခိုက်စေခဲ့ပါသည်။ ကျွန်မ နောင်တများနှင့် ပြည့်နေခဲ့သည်။ ထို့ကြောင့် အသင်းတော်အလုပ်ကို ကောင်းစွာ ကိုင်တွယ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့သည်။ ထိုအချိန်က နေရာပြန်ချထားပေးရမည့် အဖွဲ့ခေါင်းဆောင် နှစ်ယောက် ရှိသော်လည်း၊ သူတို့ကို အစားထိုးဖို့ သင့်တော်သည့်သူ ကျွန်မ ရှာမတွေ့ခဲ့ပါ။ ကျွန်မမှာ စိုးရိမ်မှုများနှင့် ပြည့်နေပြီး “ဒီနေရာတွေနဲ့ ကိုက်တဲ့သူ တစ်ယောက်မှ ငါ ရှာမတွေ့ရင်၊ ငါက လက်တွေ့ကျတဲ့အလုပ်ကို မလုပ်နိုင်ဘူးဆိုပြီး ငါ့ ခေါင်းဆောင်က ပြောမယ်။ နောက်ဆုံးကျ ငါ လူစားထိုးခံခဲ့ရရင် ဘယ်လိုလုပ်မလဲ။” ဟု စဉ်းစားမိသည်။ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးနောက် အစ်မကျန်းကို သွားစဉ်းစားမိသည်။ သူမက အစွမ်းအစရှိပြီး သူ့တာဝန်မှာ တော်သည်။ သူက အဖွဲ့ခေါင်းဆောင်အဖြစ်နှင့် အလွန် ကိုက်ညီမည် ဖြစ်သည်။ ထိုအတွေး၌ ကျွန်မ သက်ပြင်းချလိုက်မိသည်။ ထိုနေရာကို ဖြည့်ဖို့ လူတစ်ယောက် ရှာတွေ့ခဲ့ပြီး အခု အလုပ်မှာ သင့်တော်သည့်သူရှိလာ၍ ကျွန်မ အလုပ်က ပို၍ လွယ်ကူလာတော့မည်ဟု ခံစားခဲ့ရသည်။

သို့သော် ထိုအချိန်မှာပင် အခြားအသင်းတော်တစ်ခုက ခေါင်းဆောင် တစ်ယောက်ဖြစ်သည့် အစ်မလီက ကျွန်မကို ဖုန်းခေါ်ပြီး ပြောသည်။ သူမ၏အသင်းတော်မှာ ပြောင်းလဲလာသူ လူသစ်များ အများကြီး စုရောက်လာပြီး သူတို့ကို ရေလောင်းပေးဖို့ လူ မလုံလောက်ဟု ဖြစ်သည်။ သူမ၏အသင်းတော်မှာ ပြောင်းလဲလာသူ လူသစ်များကို ရေလောင်းပေးသည့်နေရာမှာ ဦးဆောင်ဖို့ အစ်မကျန်းကို နေရာချပေးဖို့ ဖြစ်နိုင်ချေရှိမရှိ သူမက ကျွန်မနှင့် ဆွေးနွေးချင်သည်။ ဤစိတ်ကူးနှင့်ပတ်သက်ပြီး ကျွန်မက လုံးဝကို ဆန့်ကျင်မိသည်။ “ကျွန်မတို့ အသင်းတော်အတွက်ကျတော့ရော။” ဟု တွေးမိသည်။ “အစ်မကျန်းကို တခြားနေရာမှာ ချပေးရင် ငါတို့က ဘာလုပ်ရမလဲ။ အဖွဲ့ခေါင်းဆောင်လုပ်ဖို့ ဘယ်သူ့ကိုမှ ငါ မရှာနိုင်ဘူးဆိုရင် ငါ ဒီအလုပ်ကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး၊ နောက်ဆုံးကျရင် ငါ လူစားထိုးခံရနိုင်တယ်။” ကျွန်မ မည်သည့်အရာမျှ မပြောသည်ကို သတိထားမိတော့ “ညီမ အသင်းတော်က လူအများစုက ယုံကြည်သူဖြစ်တာ ကြာနေပြီ။ သူတို့ ယုံကြည်ခြင်းက ခိုင်မာတယ်။ အစ်မကျန်းကို ရွှေ့ပြောင်းလိုက်ရင်လည်း ညီမ ဘယ်အချိန်မဆို တစ်ယောက်ယောက်ကို လေ့ကျင့်ပေးလို့ ရပါတယ်။ ညီမရဲ့အလုပ်ကို အရမ်း ထိခိုက်မှာမဟုတ်ပါဘူး။” ဟု အစ်မလီက ပြောသည်။ ထိုသို့ပြောသည်ကို ကျွန်မ တကယ်ကို မကြားချင်ခဲ့ဘဲ၊ တော်တော်ကို လက်မခံချင်သကဲ့သို့ ခံစားရသည်။ “အစ်မက ခပ်ပေါ့ပေါ့ပြောနေတာပဲ။ လူတစ်ယောက်ကို လေ့ကျင့်ပေးရတာ လွယ်တာကျနေတာပဲ။” ဟု စဉ်းစားမိသည်။ အစ်မလီ၏ အသင်းတော်က အကူအညီ လိုနေသည်ကို ကျွန်မ သိခဲ့သော်လည်း၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှု အောက်မှာ ကျွန်မ ရောက်နေသည်။ သူမ မည်သည့်အရာကိုပြောပါစေ ကျွန်မ သူလိုချင်တာကို ပေးဖို့ ငြင်းဆန်ခဲ့သည်။ သူမက တစ်ကိုယ်ကောင်းဆန်ပြီး သူ့၏ ကိုယ်ပိုင်အသင်းတော်ကိုသာ ထည့်စဉ်းစားသည်ဟု တွေးလျက်၊ သူမကိုလည်း အပြစ်တင်ခဲ့သည်။ ဤစိတ်ကူးကို ကျွန်မ မည်မျှ အတိုက်အခံ လုပ်နေသည်ကို မြင်လျက်၊ အစ်မလီက ဆက်မတိုက်တွန်းတော့ပါ။ ဖုန်းချပြီးသည့်အခါ ကျွန်မ ငြိမ်ငြိမ်မနေနိုင်ဖြစ်ပြီး ကျွန်မ အလျှော့မပေးပါ၊ မည်သူက တောင်းတောင်း အစ်မကျန်းကို မပေးဟု ကျွန်မမိမိဘာသာ စိတ်ပိုင်းဖြတ်ခဲ့သည်။ နောက်တစ်နေ့မှာ ကျွန်မ၏ ခေါင်းဆောင်က ဤပြဿနာနှင့်ပတ်သက်ပြီး ပြောဖို့ ကျွန်မဆီ ရောက်လာသည်။ ကျွန်မတို့ အသင်းတော်က လူနည်းနေပြီး ကျွန်မတို့ ရင်ဆိုင်နေရသည့် အခက်အခဲများအကြောင်းကိုသာ ကျွန်မ ထပ်ထပ်ပြောနေခဲ့သည်။ ခေါင်းဆောင်က မည်သည့်အရာမျှ ပြန်မပြောနိုင်စေရန် ကျွန်မတို့၏ အခက်အခဲများကိုသာ ကျွန်မ ဆက်ဆက်ပြီး ပြောနေခဲ့သည်။ နောက်ဆုံးတော့ သူ မည်သည့်အရာကိုမျှ မပြောနိုင်တော့ဘဲ၊ ဤကိစ္စကိုလည်း ဆက်မတိုက်တွန်းတော့ပါ။ ကျွန်မ ကျေနပ် သွားခဲ့သည်။ အစ်မကျန်းကို ကျွန်မ ခေါ်ထားနိုင်ပြီ။ ထိုနေ့ညနေမှာ အစ်မကျန်းကို ရာထူးတိုးပေးဖို့ကိစ္စ ဆွေးနွေးဖို့ သင်းထောက်အချို့နှင့် ကျွန်မ တွေ့ခဲ့သည်။ သို့သော် အစ်မလီက သူမ၏အသင်းတော်မှာ ရင်ဆိုင်နေရသည့် အခက်အခဲ သို့မဟုတ် အစ်မကျန်းကို နေရာပြန်ချ ထားပေးဖို့အတွက် ကျွန်မတို့၏ ခေါင်းဆောင်က လာမေးသည်ကို ကျွန်မ မပြောပြဖြစ်ခဲ့ပါ။ ဖြစ်ပျက်ခဲ့သည့်အရာများ အားလုံးကို သူတို့ကို ကျွန်မ ပြောမပြခဲ့သောကြောင့်၊ အစ်မကျန်းကို အဖွဲ့ခေါင်းဆောင်အဖြစ်ထားဖို့ သူတို့ အားလုံး သဘောတူခဲ့ကြသည်။ ကျွန်မက မိမိကိုယ်ကိုယ် ကျေနပ်နေစဉ်တွင် ကျွန်မနှင့် ကျွန်မ၏ လက်တွဲဘက်ကို စကားပြောဖို့ ကျွန်မတို့ ခေါင်းဆောင်က ရုတ်တရက် ရောက်လာသည်။ အလုပ်၏ လိုအပ်ချက်များအရ အစ်မကျန်းကို နေရာပြန်ချထားပေးဖို့ ဆုံးဖြတ်ပြီးသွားပြီ ဟု ပြောသည်။ အားလုံးက ဤသည်ကို သဘောတူသည်ကို တွေ့ရတော့ ကျွန်မ မကန့်ကွက်နိုင်တော့သော်လည်း၊ ဤအရာနှင့်ပတ်သက်ပြီး ကျွန်မ တကယ်ကို မကျေနပ်ပါ။ ကျွန်မ၏ ညာလက်ကို တစ်ယောက်ယောက်က ဖြတ်လိုက်သကဲ့သို့ ခံစားခဲ့ရသည်။ နောက် သုံးလေးရက်လောက်မှာ ဤ အမှုကိစ္စတစ်ခုလုံးက ကျွန်မစိတ်ထဲ ပေါ်လာသည့်အချိန်မှာ ကျွန်မ တကယ်ကို စိတ်တိုမိသည်။ ကျွန်မ၏ တာဝန်ကိုလည်း သိပ် မလုပ်ချင်ပါ။ ညမှာ အိပ်ရာပေါ်လှဲပြီး လူးလိမ့်နေရင်း တစ်မှေးမှ အိပ်မပျော်နိုင်ပါ။ ဤကိစ္စကို စိတ်ထဲမှာ ခဏခဏ တွေးနေမိသည်။ နောက်ဆုံးတွင် “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မရဲ့ ကိုယ်ပိုင် ရာထူးကို ကာကွယ်ဖို့အတွက်နဲ့ အစ်မကျန်းကို စွန့်လွှတ်ဖို့ ဆန္ဒမရှိဘူး ဖြစ်နေပါတယ်။ ကျွန်မ မစွန့်လွှတ်နိုင်ဘူး ဖြစ်နေတာပါ။ ဘုရားသခင် ကျေးဇူးပြု၍ ကျွန်မကို လမ်းညွှန်ပြီး ဒီအခြေအနေတစ်လျှောက်မှာ ဦးဆောင်တော်မူပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်း သိလာနိုင်အောင် ပြုလုပ်တော်မူပါ။” ဟု ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်။

ဤဆုတောင်းချက်ကို တောင်းလျှောက်ပြီးသည့်နောက် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ခဲ့သည်။ “လူတို့သည် အများအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ၊ သမ္မာတရားကို မကြာခဏ ၎င်းတို့ လျစ်လျူရှုတတ်ကြပြီး၊ မိမိတို့၏ မာန်မာန၊ မိမိတို့၏ ဂုဏ်သတင်း၊ မိမိတို့၏ အဆင့်အတန်းနှင့် မိမိတို့၏ ကိုယ်ကျိုးများကို ကာကွယ်လျက်၊ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သော၊ ဖောက်ပြန်ပျက်စီးပြီး ဆိုးယုတ်သော စိတ်သဘောထားအတွင်းတွင် မကြာခဏ အသက်ရှင်တတ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို ရရှိထားခြင်း မရှိပေ။ ဤအကြောင်းကြောင့် သင်သည် အလွန်အမင်း စိတ်သောကရောက်ရသည်၊ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်ရပြီးလျှင် အလွန်အမင်း ချုပ်ချယ်ခံရလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အသက်အတွင်း ဝင်ရောက်ခြင်းသည် မိမိ၏တာဝန်များကို ထမ်းဆောင်ခြင်း အတွေ့အကြုံဖြင့် စတင်ရမည်”)ရက်စက်သော လူသားမျိုးနွယ်ပါတကား။ မသိကျိုးကျွန်ပြုခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၊ တစ်ဦးကိုတစ်ဦးမှ အလစ်သုတ်ခြင်းနှင့် လုယူခြင်း၊ ကျော်စောမှုနှင့် အခွင့်အလမ်းအတွက် အလုအယက် ကြိုးပမ်းခြင်း၊ အပြန်အလှန် သတ်ဖြတ်နေခြင်း၊ ဤအရာများက မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း။ ဘုရားသခင်သည် နှုတ်ကပတ်တော်များ သိန်းသန်းချီ မြွက်ဆိုထားစေကာမူ မည်သူကမျှ အသိတရား မရကြပါ။ လူတို့သည် သူတို့၏မိသားစု၊ သူတို့၏ သားသမီးများ၊ သူတို့၏အလုပ်အကိုင်၊ အနာဂတ်တက်လမ်း၊ ရာထူးနေရာ၊ အပေါ်ယံ ဂုဏ်ပကာသနနှင့် ငွေကြေးတို့အလို့ငှာ၊ အစားအစာ၊ အဝတ်အစားနှင့် အသွေးအသားအလို့ငှာသာ လုပ်ဆောင်ကြလေသည်။ သို့သော် မိမိ၏လုပ်ဆောင်ချက်များက အမှန်တကယ် ဘုရားသခင်အတွက် ဖြစ်သောသူ တစ်စုံတစ်ယောက် ရှိသလော။ ဘုရားသခင်အတွက် လုပ်ဆောင်သောသူများကြားမှာပင် ဘုရားသခင်ကို သိကျွမ်းသောသူ အနည်းငယ်သာရှိ၏။ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဆိုးညစ်သောသူများသည် အပြစ်ဒဏ်ပေးခြင်းကို မုချခံကြရလိမ့်မည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ စိတ်နှလုံးကို ထိုးဖောက်ခဲ့သည်။ စာတန်ကြောင့်ဖြစ်သည့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှု၏ အကျည်းတန်မှု၊ ကျော်ကြားမှုနှင့် စည်းစိမ်ချမ်းသာအတွက် လူများ၏ မသိမသာ ယှဉ်ပြိုင်မှုများကို ဘုရားသခင်က ထုတ်ဖော်ပြခဲ့သည်- ဤသည်မှာ ကျွန်မ၏ အခြေအနေ အတိအကျပင် ဖြစ်သည်။ အစ်မကျန်း၏ ဤကိစ္စမှာ ကျွန်မ ထုတ်ဖော်ပြခဲ့သည့်အရာကို တွေးမိသည်။ ကျွန်မ၏ ခေါင်းဆောင်ရာထူးကို ကာကွယ်ဖို့အလို့ငှာ၊ အစ်မကျန်းကို ဆုံးရှုံးရပါက၊ ကျွန်မတို့ အသင်းတော်၏အလုပ်ကို ထိခိုက်ပြီး ကျွန်မ၏ ခေါင်းဆောင်ရာထူး ဆုံးရှုံးရမည်ကို စိုးရွံ့လျက်၊ ဘုရားအိမ်တော်၏ အလုပ်တစ်ခုလုံးကို လျစ်လျူရှုခဲ့သည်။ ထိုအကြောင်းကြောင့် အစ်မကျန်းကို ကျွန်မ၏ခေါင်းဆောင်က လာမေးသည့်အခါက၊ ငြင်းပယ်ဖို့အတွက် အကြောင်းပြချက်မျိုးစုံ ထုတ်သုံးခဲ့သည်။ အစ်မကျန်း၏ တာဝန်များကို စီစဉ်သည့်နေရာမှာ ကျွန်မက ထိန်းချုပ်ခဲ့ပြီး ဦးဆောင်ခဲ့သည်။ အစ်မလီနှင့် ကျွန်မ၏ ခေါင်းဆောင်တို့ကို လှည့်စားပြီး သင်းထောက်များကို လိမ်ညာဖို့ စီစဉ်ခဲ့သည်။ ကျွန်မက မိမိနာမည်ကျော်ကြားမှု၊ ချမ်းသာမှုနှင့် ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့အတွက် များစွာ ကြိုးစားခဲ့ပြီး ဦးနှောက်အခြောက်ခံခဲ့သည်။ ကျွန်မ မည်မျှ တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်ဖွယ်ကောင်းပြီး လှည့်စားလိုက်လေခြင်း။ ယင်းက တိရစ္ဆာန်လောကမှ ရိုင်းစိုင်းသည့် သားရဲကောင်များကို ကျွန်မ စဉ်းစားမိစေသည်။ နယ်မြေနှင့် အစားအစာအတွက် သူတို့က အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ကြပြီး အသန်မာဆုံးအကောင်က အနိုင်ရသည်။ ကျွန်မမှာမူ လူများကို ထိန်းချုပ်ဖို့ ယှဉ်ပြိုင်ပြီး ကျွန်မ၏ ရာထူးကို ကာကွယ်ဖို့ ကြိုးစားသောကြောင့်၊ ကျွန်မက လူသားဆန်မှု လုံးဝမရှိတော့ဘဲ၊ ရိုင်းစိုင်းသည့် သားရဲကောင်တစ်ကောင်ကဲ့သို့ ဖြစ်လာသည်။ ကျွန်မ၏ အပြုအမူက မည်မျှ ကြောက်စရာ ကောင်းသည်ကို သတိပြုမိခဲ့ပါသည်။ ကျွန်မက ဝန်ထုပ်ဝန်ပိုးတစ်ခုကို ထမ်းရွက်နေပြီး ကျွန်မတို့ အသင်းတော်၏ အလုပ်ကို ထည့်တွက် စဉ်းစားပေးသည်ဟု ထင်မြင်ရသော်လည်း၊ တကယ်တမ်း စိတ်ထဲမှာ စဉ်းစားသည့်အရာက ကျွန်မ၏ ကိုယ်ပိုင် ရာထူး ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်ပြသကဲ့သို့ပင် ဖြစ်သည်။ “မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် မလုပ်ဆောင်သောသူ မည်မျှရှိသနည်း။ မိမိကိုယ်ပိုင်ရာထူးနေရာအား ကာကွယ်ရန်အလို့ငှာ အခြားသူများကို မဖိနှိပ်သူ၊ ခွဲခြားမဆက်ဆံသူ မည်မျှရှိသနည်း။” အစကနေ အဆုံးအထိ ကျွန်မက အစ်မကျန်းကို လွှတ်ပေးဖို့ ဆန္ဒမရှိနေဘဲ သူ့ကို ချုပ်ကိုင်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ သူ့ကို ကျွန်မတို့ အသင်းတော်၏ အသင်းဝင်အဖြစ်လည်းကောင်း၊ သူ့တာဝန်နှင့်ပတ်သက်ပြီး ကျွန်မတို့ လုပ်ပိုင်ခွင့် ရှိသည်ဟုလည်းကောင်း ကျွန်မ မှတ်ယူခဲ့သည်။ ကျွန်မက ခေါင်းဆောင်လုပ်ခဲ့ပြီး မည်သူ့ကိုမှ ဝင်ရောက်စွက်ဖက်ဖို့ ခွင့်မပြုခဲ့ပါ။ ကျွန်မက မည်မျှ မာနထောင်လွှားသည်ကို မြင်ခဲ့ရသည်။ ကျွန်မက လူသားဆန်မှုနှင့် အသိစိတ် ပျောက်ဆုံးခဲ့သည်မှာ ရှင်းပါသည်။ ထိုအချိန်မှာ ဘာသာရေးလုပ်သည့်လူများကို ကျွန်မ ဧဝံဂေလိ ဟောပြောသည့်အချိန်ကို စဉ်းစားမိသည်၊ သင်းအုပ်ဆရာများက သူတို့ လူအုပ်စုထဲက အဖွဲ့ဝင်များစွာက ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံနေကြပြီး သူတို့၏ ရာထူးများကို ကာကွယ်နိုင်စွမ်း မရှိလာသည်ကို သူတို့ မြင်ကြသည်။ လူများ စစ်မှန်သည့် လမ်းကို စူးစမ်းရှာဖွေခြင်းကို တားဆီးဖို့ သူတို့ တတ်နိုင်သမျှ လုပ်ခဲ့ကြသည်။ သူတို့က ဧဝံဂေလိ ဖြန့်ဝေသည့်သူများကို တိုက်ခိုက်ရုံသာမကဘဲ၊ ယုံကြည်သူများကို သူတို့၏ ကိုယ်ပိုင်သိုးစုဖြစ်ပြီး မည်သူကမျှ သူတို့ကို ခိုးယူ၍ မရပါဟုလည်း အရှက်မရှိ အခိုင်အမာပြောဆိုကြသည်။ ထိုအချိန်မှာ ကျွန်မ၏ အပြုအမူက အနှစ်သာရ အရ ထိုသင်းအုပ်ဆရာများ၏ အပြုအမူနှင့် မကွာသည်ကို သိလိုက်ရသည်။ ကျွန်မ၏ ရာထူးနှင့် အသက်မွေးမှုကို ထိန်းသိမ်းဖို့အတွက် ညီအစ်ကို မောင်နှမများကို ကျွန်မ၏ ထိန်းချုပ်မှုအောက်မှာ ထားချင်ခဲ့ပြီး ဘုရားသခင်၏ အိမ်တော်က သူတို့ကို အခြားနေရာတွင် နေရာပြန်ချထားပေးဖို့ကို ကျွန်မ ခွင့်မပြုခဲ့ပါ။ ကျွန်မက ဘုရားသခင်၏ သိုးများကို ဖမ်းကိုင်ထားပြီး ဤလူများနှင့်ပတ်သက်ပြီး ဘုရားနှင့် ယှဉ်ပြိုင်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ထိုအတွေး၌ ကျွန်မ စတင် ကြောက်ရွံ့လာသည်။ ကြောက်ရွံ့တုန်လှုပ်နေရင်း ဘုရားသခင်ရှေ့ကို သွားပြီး ဆုတောင်းခဲ့သည်။ “ချစ်လှစွာသော ဘုရားသခင်၊ ကျွန်မ မှားခဲ့ပါပြီ။ ကိုယ်တော်ကို အာခံခဲ့ပါတယ်၊ ပြီးတော့ ကိုယ်တော့်ဆီမှာ ကျွန်မ နောင်တရချင်ပါတယ်။”

ထို့နောက် သိပ်မကြာပါ။ ဘုရားသခင်က ကျွန်မကို စမ်းသပ်ဖို့ အခြေအနေတစ်ခုကို စီစဉ်ခဲ့ပြန်သည်။ အခြားအသင်းတော်တစ်ခုက ခေါင်းဆောင်တစ်ယောက်က ကျွန်မဆီကို စာရွက်စာတမ်းများ တည်းဖြတ်သည့်နေရာမှာ ဦးဆောင်နိုင်သည့်သူတစ်ယောက်ကို အရေးတကြီး တောင်းထားသည့် စာတစ်စောင် ပို့ခဲ့သည်။ ကျွန်မတို့ အသင်းတော်က အစ်မချန်က ထိုနေရာမှာ ကျွမ်းကျင်ပြီး သူ့တာဝန်ကိုလည်း သိတတ်သည်ဟု သူမက ကြားထားသောကြောင့်၊ ဤနေရာကို အစ်မချန်က တာဝန်ယူ ဆောင်ရွက်နိုင်ခြင်း ရှိမရှိကို သူမက မေးခဲ့သည်။ အစ်မချန်က ဤနေရာအတွက် အကောင်းဆုံး ဖြစ်သည်ကို ကျွန်မ ကောင်းစွာ သိသော်လည်း၊ သူမက ကျွန်မတို့ အသင်းတော်မှာ တရားဟောဆရာမတစ်ယောက်ဖြစ်ပြီး ထိုနေရာမှာလည်း သူမက တော်သည်။ အစ်မချန်ကို ပြောင်းရွှေ့လိုက်ပြီး ရလဒ်အနေနှင့် ကျွန်မတို့၏ ဧဝံဂေလိအမှုကို ထိခိုက်မည်ဆိုပါက၊ မည်သည့်အရာ ဖြစ်မည်နည်း။ နောက်ဆုံးမှာ လက်တွေ့ကျသည့်အလုပ်ကို မလုပ်နိုင်ပါဟု ခေါင်းဆောင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်မ ခံရပါက မည်သို့လုပ်မည်နည်း။ ကျွန်မ၏နေရာကိုပင် ထိန်းထားနိုင်မည် မဟုတ်လောက်ပါ။ သူတို့ အခြားတစ်ယောက်ကို တွေ့သွားပါက၊ ပိုကောင်းသည်ဟု ကျွန်မ ဆုံးဖြတ်ခဲ့သောကြောင့်၊ ထိုခေါင်းဆောင်၏ စာကို ပြန်ဖို့ တမင်တကာ လျစ်လျူရှုထားခဲ့သည်။ ထိုအချိန်မှာ ကျွန်မက “ငါ့ရဲ့ကိုယ်ပိုင်နေရာကို ကာကွယ်ဖို့အတွက် အရင်တုန်းက အစ်မကျန်းကို လွှဲပြောင်းပေးဖို့ ဆန္ဒမရှိခဲ့ဘူး။ ဒီတစ်ခါတော့ အရမ်းတားဆီးနေလို့ မဖြစ်တော့ဘူး။” ဟု ရုတ်တရက် တွေးမိလာသည်။ သို့သော် ကျွန်မ တကယ်ကို နာကျင်ပြီး ဒွိဟဖြစ်နေသကဲ့သို့ ခံစားခဲ့ရသည်။ “တစ်ယောက်ယောက်ကို နေရာပြန်ချပေးထားရမယ့် အခါတိုင်းမှာ ငါ ဘာလို့ အရမ်းခုခံနေရတာလဲ။ ငါတို့ အလုပ်ထိခိုက်ပြီး ငါ့နေရာ ပျောက်သွားမှာကို ငါ အမြဲတမ်း စိတ်ပူနေတယ်။ ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာနဲ့ ဂုဏ်အဆင့်အတန်းတို့ရဲ့ အချည်အနှောင်တွေကနေ ငါ ဘယ်လို လွတ်မြောက်နိုင်မလဲ။” ဟု ကျွန်မ စဉ်းစားမိသည်။ ထို့နောက်မှာ ကျွန်မ ဘုရားသခင်ဆီကို တိတ်တဆိတ် ဆုတောင်းခဲ့သည်။ ဂုဏ်အဆင့်အတန်း နောက်လိုက်သည့် ကျွန်မ၏ အနှစ်သာရကို နားလည်ဖို့အတွက် လမ်းပြဦးဆောင်ဖို့၊ ကျွန်မ၏ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့အတွက် ကူညီဖို့ တောင်းလျှောက်ခဲ့သည်။

ကျွန်မ၏ဝတ်ပြုခြင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို ဖတ်ရပါသည်။ “အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းလျှင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်း ရရှိဖို့နှင့် အသိအမှတ်ပြုခြင်းခံရဖို့ အခြားနည်းစနစ်များကို အသုံးပြုဆဲ ဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များ လုပ်သမျှအရာ အားလုံးသည် ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မှု တစ်ခုပါဝင်ပုံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များဖြစ်ပုံရသော်လည်း၊ လူများကို ထိန်းချုပ်ဖို့- ပြီးလျှင် လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာရဖို့- ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေ ဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ ရည်မှန်းချက်က ၎င်းတို့ကို ဖမ်းစားထားကာ၊ ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ပြီး ညွှန်ကြား၍ ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။ ဤနေရာတွင် မည်သည့်အရာကို အလေးထား ပြောထားသနည်း။ လူအချို့က ‘အန္တိခရစ်များသည် လူများကို ရရှိဖို့ ဘုရားသခင်နှင့် ယှဉ်ပြိုင်သူများ၊ သူ့ကို အသိအမှတ်မပြုသူများဖြစ်ကြသည် မဟုတ်ပါသလား’ ဟု မေးကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အသိအမှတ်ပြုကောင်း ပြုနိုင်မည်၊ ၎င်းတို့သည် သူ၏တည်ရှိမှုကို စစ်မှန်စွာ အသိအမှတ်ပြုပြီး ယုံကြည်ကောင်း ယုံကြည်နိုင်မည်၊ ပြီးလျှင် ၎င်းတို့သည် သူ့နောက်ကို လိုက်ဖို့နှင့် သမ္မာတရားကို ရရှိအောင်အားထုတ်ဖို့ လိုလားကောင်း လိုလားနိုင်မည်၊ သို့ရာတွင် တစ်ခုတော့ မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းအတွက် ၎င်းတို့၏ ရည်မှန်းချက်ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ ပတ်ဝန်းကျင်ကြောင့်ဖြစ်စေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားကြောင့်ဖြစ်စေ ထိုအရာများကို ၎င်းတို့၏ လိုက်စားမှုကိုလည်း မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ပေ။ ဤသည်တို့မှာ အန္တိခရစ်များ၏ ထူးခြားသောလက္ခဏာများ ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှဒုက္ခခံစားပြီးဖြစ်ပါစေ၊ သမ္မာတရား မည်မျှကို ၎င်းတို့နားလည်ပြီးဖြစ်ပါစေ၊ သမ္မာတရား စစ်မှန်မှုများ မည်မျှကို ၎င်းတို့ဝင်ရောက်ပြီးဖြစ်ပါစေ၊ ပြီးလျှင် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာမည်မျှကို ၎င်းတို့ ပိုင်ဆိုင်ပြီးဖြစ်ပါစေ၊ ဤအပြင်ပန်းဖြစ်စဉ်နှင့် သရုပ်သကန်များထက် ကျော်လွန်၍၊ ၎င်းတို့သည် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့အတွက် ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုက်စားခြင်းတို့ကို မည်သည့်အခါမျှ ထိန်းချုပ်မည် မဟုတ်ပေ၊ သို့မဟုတ် စွန့်လွှတ်မည် မဟုတ်ပေ၊ ပြီးလျှင် ဤအရာက ၎င်းတို့၏ သဘာဝအနှစ်သာရကို အတိအကျ သတ်မှတ်ပေးလေသည်။ ထိုသို့သောလူများကို အန္တိခရစ်များအဖြစ် ဘုရားသခင်၏ သမုတ်ခြင်းတွင် အမှားစိုးစဉ်းမျှ မရှိပေ။ ယင်းကို ၎င်းတို့၏ တကယ့်သဘာဝ အနှစ်သာရအားဖြင့် သတ်မှတ်ထားပြီး ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များအတွက်၊ လမ်းကြောင်းတစ်ခုကို ရွေးချယ်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည် (၃)”) အန္တိခရစ်များ၏ သဘာဝနှင့် ထူးခြားသောလက္ခဏာများက အာဏာနှင့် ဂုဏ်အဆင့်အတန်းကို မြတ်နိုးခြင်း၊ ထိုအရာများကို သူတို့၏ ရှင်သန်နေထိုင်ခြင်း အကြောင်းပြချက်အဖြစ် မှတ်ယူခြင်းသာဖြစ်သည်ဟု ဘုရားသခင်က ထုတ်ဖော်ပြခဲ့ပါသည်။ သူတို့၏ လုပ်ရပ်တိုင်း၏ အရင်းအမြစ်နှင့် တွန်းအားများက ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်အဆင့်အတန်းကို အလွန် လိုချင်သည့် ဆန္ဒသာ ဖြစ်သည်မှာ ဘုရားသခင်၏ သိုးများကို သူတို့၏ကိုယ်ပိုင်အဖြစ်မှတ်ယူသည့်အထိဖြစ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး နောင်တရဖို့ လုံးဝ ငြင်းဆန်သည်မှာ နောက်ဆုံးတွင် သူတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှင်းမခံရခင်အထိ ဖြစ်လေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်တွေးတောရင်းနှင့် ကျွန်မ စတင် ကြောက်ရွံ့လာခဲ့သည်။ ကျွန်မက ဂုဏ်ဒြပ်ကို တကယ်ကို ချစ်မြတ်နိုးပေသည်။ ပထမတစ်ခါတွင် ကျွန်မ၏ရာထူးကို ကာကွယ်ဖို့အတွက် အစ်မကျန်းကို နေရာပြန်ချထားပေးဖို့ကို ခွင်ပြုဖို့ ငြင်းဆန်ခဲ့သည်။ ယခုတစ်ခါမှာ ကျွန်မ၏ ကိုယ်ပိုင်နေရာအတွက် အစ်မချန်းကို လက်လွှတ်ဖို့ ဆန္ဒရှိမနေပြန်ပါ။ ကျွန်မ၏ ဂုဏ်အဆင့်အတန်းကိုပဲ တွေးပြီး ဘုရားသခင်၏ အလိုတော်ကို လုံးဝ ထည့်မစဉ်းစားပါ။ ဘုရားသခင်၏အိမ်တော်၏အလုပ်နှင့်ပတ်သက်ပြီး တွေးဖို့ဆိုသည်မှာ သာ၍နည်းပါသည်။ ဘုရားအိမ်တော်၏အလုပ်ကို ထိခိုက်နစ်နာလျှင်ပင် ကျွန်မ၏ နေရာကို ထိန်းထားဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး၊ ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်ဒြပ်အတွက် လူများနှင့်ပတ်သက်ပြီး ဘုရားသခင်နှင့် ဖက်ပြိုင်နိုင်စွမ်းရှိသည်။ ဘုရားသခင်အပေါ် ကျွန်မ၏ ကြောက်ရွံ့ခြင်းက အဘယ်နည်း။ ကျွန်မ၏ ယုံကြည်ခြင်းက ဘုရားသခင်ဆီမှာ မရှိပါ။ ဂုဏ်အဆင့်အတန်းနှင့် အာဏာအပေါ်မှာ ကျွန်မ၏ ယုံကြည်ခြင်းကို ထားထားခဲ့ပြီး၊ ယင်းက အန္တိခရစ်တစ်ယောက်၏ သဘာဝ မဟုတ်ပါလား။ အစ်မချန်က စာရွက်စာတမ်းများ တည်းဖြတ်ရာမှာ ကျွမ်းကျင်ပြီး ထိုကဲ့သို့ အလုပ်မျိုးလုပ်ရသည်ကို ပျော်သည်ကို ကျွန်မ ကောင်းကောင်း သိခဲ့သည်။ သို့သော် ကျွန်မ၏ ကိုယ်ပိုင် နေရာကို ကာကွယ်ဖို့အတွက် သူ၏ ထင်မြင်ချက်ကို ကျွန်မ မမေးခဲ့သကဲ့သို့ သူ့၏အားသာချက်နှင့် ကိုက်ညီပြီး သင့်တော်သည့်တာဝန်ကို ချမပေးခဲ့ဘဲ၊ ထိုအစား သူ့၏အရှင်သခင် တစ်ယောက်ကဲ့သို့ ပြုမူခဲ့ပြီး အခြားအသင်းတော်မှာ သူ့တာဝန်ကို သွားလုပ်ရန် လွှတ်ပေးဖို့အတွက် ငြင်းဆန်ခဲ့သည်။ ကျွန်မက အသင်းတော်ကို ကျွန်မ၏ ကိုယ်ပိုင် နယ်မြေကဲ့သို့ သဘောထားနေပြီး ကျွန်မ ခွင့်မပြုဘဲ မည်သူ့ကိုမျှ နေရာမပြောင်းပေးခဲ့ပါ။ ကျွန်မက အန္တိခရစ် တစ်ယောက်ကဲ့သို့ လူများကို ပိတ်လှောင်ပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတာမဟုတ်ပါလား။ ကျွန်မ၏နေရာကို ခိုင်မြဲစွာ ထိန်းသိမ်းထားဖို့အတွက် ကျွန်မ၏ အသင်းတော်မှာ အရည်အချင်းနှင့် အားသာချက်များရှိသည့် ညီအစ်ကို မောင်နှမများကို ခေါ်ထားဖို့ ကြိုးစားခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် ရာထူးအတွက် လူများကို ပို၍ အပင်ပန်းခံစေချင်လျက်၊ သူတို့ကို ကျွန်မ၏ ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထားခဲ့ပြီး သူတို့အပေါ် အုပ်စိုးခဲ့သည်။ ဘုရားသခင်က ကျွန်မ၏ ဤရည်မှန်းချက်ကို ရွံရှာပြီး ကျွန်မသည် ကျိန်ဆဲခံရဖို့ ထိုက်တန်ပါသည်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့သည့် နှစ်ကာလ တစ်လျှောက်လုံးမှာ ကျွန်မ အားထုတ် လိုက်စားသည့် အမြင်က မပြောင်းသေးသည်ကိုလည်းကောင်း၊ ကျွန်မသည် ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်အဆင့်အတန်းများ၏ တင်းကျပ်စွာ ချုပ်နှောင်ထားမှုကို ခံရပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်နေသည်ကို ကျွန်မ မြင်ခဲ့ရပါသည်။ ကျွန်မ အရင်က သိခဲ့သည့် အန္တိခရစ်တစ်ယောက်က စိတ်ထဲမှာ ပေါ်လာသည်။ သူက ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ်နောက်ကို အမြဲတမ်း လိုက်ပြီး သူ ခေါင်းဆောင်ဖြစ်သည်နှင့် တစ်ပြိုင်နက် လူများကို သူ့ထိန်းချုပ်မှုအောက်မှာထားပြီး သူ၏ ကိုယ်ပိုင် အမှီအခိုကင်းသည့် နယ်မြေတစ်ခု တည်ထောင်ဖို့ ကြိုးစားရင်းနှင့် သူ့နေရာကို ခိုင်မြဲအောင် ကြိုးစားခဲ့သည်။ သမ္မာတရားကို လုံးဝ လက်မခံခဲ့ဘဲ အာဏာရှင်တစ်ယောက်ကဲ့သို့ ပြုမူခဲ့သည်။ ဘုရားသခင်၏ အိမ်တော်၏အလုပ်ကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ဖြစ်စေခဲ့ပြီး နောက်ဆုံးမှာ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံခဲ့ရသည်။ ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ်များနောက်လိုက်ခြင်းသည် ငရဲကို ကျစေမည့် အန္တိခရစ်များ၏ လမ်းကြောင်းဖြစ်သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မ အချိန်မီ နောက်ပြန်လှည့်ဖို့အလို့ငှာ၊ ကျွန်မ၏ ကိုယ်ပိုင် ဆိုးယုတ်သည့် သဘာဝကို သတိပြုမိပြီး မှားယွင်းသည့် လမ်းကြောင်းပေါ်မှာ ရောက်နေသည်ကို မြင်ဖို့အတွက် ကျွန်မကို ထပ်ခါထပ်ခါ ဖော်ထုတ်ဖို့ အခြေအနေများကို ဘုရားသခင်က စီစဉ်ခဲ့သည်။ ဤအခြေအနေများက ကျွန်မအပေါ် တရားစီရင်ခြင်း တစ်ခုသော်လည်း၊ ထိုထက်ပိုသည်မှာ ဤအရာများသည် ဘုရားသခင်၏ ကြီးမြတ်သည့် ချစ်ခြင်းနှင့် ကယ်တင်ခြင်း ဖြစ်ပါသည်။ ဘုရားသခင် လုပ်ခဲ့ရသည့် အပင်ပန်းခံအားထုတ်မှုများကို ကျွန်မ တွေးဆရင်းနှင့် ကျွန်မ စပြီး အရှုံးပေးခဲ့ပြီး ဤကဲ့သို့ အခြေအနေများကို အာခံချင်သကဲ့သို့ မခံစားရတော့ပါ။ ဘုရားသခင် စီစဉ်ခဲ့သည့် အရာရာတိုင်းက ကျွန်မ လိုအပ်သည့်အရာ အတိအကျဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျွန်မ အမှန်တကယ် နောင်တရချင်ခဲ့ပြီး နာခံသည့်နှလုံးသားနှင့် ထိုအခြေအနေများကို တွေ့ကြုံချင်ခဲ့ပါသည်။

နောက်ပိုင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ် နှစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “တာဝန်မှာ မည်သည့်အရာ ဖြစ်သနည်း။ သင်၏တာဝန်ကို သင်စီမံသည် မဟုတ်ပေ၊ ၎င်းမှာ သင်၏စီမံကိန်း သို့မဟုတ် သင်၏ကိုယ်ပိုင်အလုပ် မဟုတ်ပေ။ ယင်းအစား ၎င်းမှာ ဘုရားသခင်၏အမှု ဖြစ်သည်။ ဘုရားသခင်၏အမှုသည်၊ သင်၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ပေသည်၊ ယင်းက သင်၏တာဝန်ကို ဖြစ်ပေါ်စေခြင်း ဖြစ်၏။ လူသား ပူးပေါင်းဆောင်ရွက်ရမည့် ဘုရားသခင်၏ အမှု အစိတ်အပိုင်းမှာ လူသား၏တာဝန် ဖြစ်သည်။ တာဝန်မှာ ဘုရားသခင်၏ အမှု အစိတ်အပိုင်း ဖြစ်သည်- သင်၏စီမံကိန်း၊ သင်၏ အိမ်တွင်းရေး ကိစ္စမဟုတ်သကဲ့သို့ ဘဝထဲက သင်၏ ပုဂ္ဂိုလ်ရေး ကိစ္စမဟုတ်ပေ။ သင်၏ တာဝန်သည် အပြင်ပိုင်း အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်စေ အတွင်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ ဖြစ်စေ ၎င်းမှာ ဘုရားသခင်၏ အိမ်တော်၏အလုပ် ဖြစ်သည်၊ ၎င်းမှာ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး၊ သင့်ကို ဘုရားသခင် ပေးခဲ့ပြီးသော တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ ယင်းသည် သင်၏ ကိုယ်ပိုင်လုပ်ငန်းမဟုတ်ချေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရား၏အခြေခံသဘောတရားများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်”)သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်၏လိုအပ်ချက်များနှင့်အညီ သင် လုပ်ဆောင်သင့်သည်- ဥပမာအနေဖြင့် သင်သည် အသင်းတော် ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးဖြစ်ပါက၊ အသင်းတော်၏ ဦးဆောင်မှုသည် သင်၏တာဝန်ဖြစ်သည်- သင်သည် ယင်းကို သင်၏တာဝန်အဖြစ် မြင်ပါက၊ ယင်းကို သင်မည်သို့ လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဖြစ်ပါသည်။) ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ အလုပ်လုပ်ခြင်းဟူသည်မှာ ယင်းအကြောင်းကို ယေဘုယျအနေဖြင့် ပြောသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ တိကျသည့် အသေးစိတ် အချက်အလက်များမှာ အဘယ်နည်း။ ပထမဦးစွာ ဤသည်မှာ ရာထူးအာဏာတစ်ခု မဟုတ်ဘဲ၊ တာဝန်တစ်ခုဖြစ်သည်ကို သင်သိရမည်။ သင်သည် ရာထူးအာဏာတစ်ခုကို တာဝန် ယူထားသည်ဟု တွေးထင်ပါက၊ ယင်းက ပြဿနာများ ဖြစ်စေလိမ့်မည်။ သို့ရာတွင် သင်က ‘ကျွန်ုပ်သည် အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး ဖြစ်သောကြောင့်၊ အခြားသူများထက် ကျွန်ုပ် အဆင့်တစ်ခုနိမ့်ဖို့ လိုအပ်သည်။ သင်တို့အားလုံးသည် ကျွန်ုပ်ထက် မြင့်မားပြီး ကျွန်ုပ်ထက် ကြီးမြတ်ကြသည်။’ ဟု ပြောပါက၊ ဤသည်မှာလည်း မမှန်ကန်သည့် သဘောထားတစ်ခုဖြစ်သည်။ သင်သည် သမ္မာတရားကို နားမလည်ပါက၊ အစွမ်းကုန် ဟန်ဆောင်မှုသည် သင့်ကို မည်သည့်ကောင်းကျိုးမျှ မဖြစ်စေပေ။ ထို့ထက် သင်သည် ယင်းနှင့်သက်ဆိုင်သည့် သင့်တင့်လျောက်ပတ်သည့် နားလည်မှုတစ်ခု ရှိရမည်။ ဦးစွာ သင်သည် ဤတာဝန်က အလွန်အရေးကြီးသည်ကို သိရမည်။ အသင်းတော်တစ်ခုတွင် အသင်းသားဒါဇင်နှင့်ချီရှိကြပြီး ဤလူများကို ဘုရားသခင် ရှေ့မှောက်သို့ မည်သို့ ဆောင်ကြဉ်းဖို့နှင့် ၎င်းတို့အများစုကို သမ္မာတရားကို နားလည်စေပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်စေဖို့ တွေးရမည်။ ထို့အပြင် အားနည်းပြီး မတုန်မလှုပ်သောလူများဖြင့်မူ၊ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို တက်ကြွစွာ ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ ၎င်းတို့ကို အားနည်းခြင်းနှင့် မတုန်မလှုပ်ဖြစ်ခြင်းမှ ရပ်စေဖို့ သင်ကြိုးစား ရမည်ဖြစ်ပြီး၊ မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြသည့်သူများ အားလုံးအတွက်မူ၊ သင်က ၎င်းတို့အား ထိုသို့လုပ်ဆောင်စေပြီး အစွမ်းကုန် ထမ်းဆောင်စေရမည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင် မပေါ့ဆဖို့၊ ယင်းတို့ကို ကောင်းမွန်စွာ ဖြည့်ဆည်းဖို့နှင့် ၎င်းတို့သည် ဘုရားသခင်နှင့်သာမန်ဆက်ဆံရေး ရှိနိုင်ဖို့အလို့ငှာ မိမိတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် ဆက်နွှယ်သည့် သမ္မာတရားများကို ၎င်းတို့အား နားလည်စေရမည်။ ပျက်စီးခြင်းနှင့် အနှောင့်အယှက်များကို ဖြစ်စေသည့်သူများ သို့မဟုတ် ဘုရားသခင်၌ နှစ်ပေါင်းများစွာ ယုံကြည်ပြီး ဖြစ်သော်လည်း၊ ဆိုးယုတ်သော လူ့သဘာဝတစ်ခု ရှိကြသည့်သူများလည်း ရှိပေသည်။ လူပုဂ္ဂိုလ် တစ်ဦးချင်းစီကို ၎င်းတို့၏အမျိုးအစားအတိုင်း သင့်တင့်လျောက်ပတ်သည့် စီစဉ်မှုများ ပြုလုပ်ပေးလျက်၊ ထိုလူများထဲမှ ကိုင်တွယ်ဖြေရှင်း သင့်သည့်သူများကို သင် ကိုင်တွယ်ဖြေရှင်းသင့်ပြီး၊ သန့်စင်သင့်သည့်သူများကို သင် သန့်စင်သင့်သည်။ အသင်းတော်၌ အတော်အတန် လူ့သဘာဝကောင်းဖြင့်သူအနည်းငယ်၊ အစွမ်းအစ အနည်းငယ်ဖြင့်သူများ၊ အလုပ်၏ရှုထောင့် တစ်ခုအတွက် တာဝန်ယူနိုင်သည့်သူများ အားလုံးတို့ကို ပျိုးထောင် ထားရမည်မှာလည်း အရေးကြီးပေသည်။...သင်သည် ၎င်းတို့၏သီးခြား စွမ်းဆောင်ရည်များကို မလွတ်တမ်းအသုံးချပြီး ၎င်းတို့ လုပ်ဆောင်နိုင်သည့်အတိုင်း၊ ၎င်းတို့၏ အစွမ်းအစ အရည်အသွေးအတိုင်း၊ ၎င်းတို့ အသက်အရွယ် မည်မျှရှိသည်နှင့် ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်ပြီးဖြစ်သည်တို့အတိုင်း ၎င်းတို့အတွက် သင့်တော်သည့် တာဝန်များကို စီစဉ်ပေးလျက်၊ လူတိုင်းကို အကောင်းဆုံး အသုံးချရမည်။ လူအမျိုးအစား တစ်ခုချင်းစီနှင့် လူတစ်ဦးနှင့်တစ်ဦး ကွဲပြားချက်များအတွက် ၎င်းတို့သည် ဘုရားသခင်၏အိမ်တော်၌ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်တာဝန်များကို အကြီးမားဆုံး အတိုင်းအတာအထိ အားထုတ်ကြိုးပမ်းနိုင်ဖို့အလို့ငှာ၊ လိုအပ်ချက်နှင့် အံဝင်ခွင်ကျ စီမံထားသော အစီအစဉ်တစ်ခုကို သင် ချမှတ်ရမည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) တာဝန်တစ်ခုသည် မိမိ ကိုယ်ပိုင်လုပ်ငန်းတစ်ခု မဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြသခဲ့ပါသည်။ ကျွန်မတို့၏ တာဝန်များက ဘုရားသခင်ထံမှ လာပါသည်။ ဘုရားသခင် လိုအပ်သကဲ့သို့ ကျွန်မတို့ ဆောင်ရွက်သင့်သည်။ လူများကို လေ့ကျင့်ပေးခြင်းက ခေါင်းဆောင်များလုပ်ဖို့အတွက် ဘုရားသခင် သတ်မှတ်ထားသည့် အရာတစ်ခု ဖြစ်ပါသည်။ ဘုရားသခင်က သူ့၏အလုပ်အတွက် ကျွမ်းကျင်သည့်လူမျိုးစုံကို ပြင်ဆင် ထားပါသည်၊ အသင်းတော် ခေါင်းဆောင်တစ်ယောက်အနေနှင့် ဘုရားသခင်၏ လိုအပ်ချက်နှင့် စည်းမျဉ်းများနှင့်အညီ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ လူတိုင်းက မှန်ကန်သည့်နေရာမှာ သူတို့၏ အားသာချက်များကို အပြည့်အဝ သုံး၍ ရနိုင်ကာ၊ သူတို့တာဝန်များကို ထမ်းဆောင်နိုင်ပြီး၊ ဧဝံဂေလိအလုပ်ကို ပိုပြီး ချဲ့ထွင်ဖို့အတွက် သူတို့၏ သက်ဆိုင်ရာ တာဝန်ကို ဖြည့်ဆည်းနိုင်ဖို့အလို့ငှာ၊ အရည်အချင်း ရှိသည့်သူတစ်ယောက်ကို တွေ့ပါက၊ သူတို့ကို ကျွန်မ လေ့ကျင့်ပေးပြီး ထောက်ခံအကြံပြုပေးသင့်သည်။ ဤအရာကသာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပြီး၊ ညီအစ်ကို မောင်နှမများ လုပ်ဆောင်ချင်သည့် အရာလည်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည်နှင့်တစ်ပြိုင်နက် အခြားအသင်းတော်က ခေါင်းဆောင်ထံသို့ စာတစ်စောင်ပို့ခဲ့ပြီး အစ်မချန်ကို ကျွန်မ နေရာပြန်ချ ထားပေးမည်ဟု အတည်ပြု လိုက်သည်။ ကျွန်မ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ဖို့ စတင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျွန်မ၏ စိတ်နှလုံးမှာ ပိုပြီး သက်သာရာရလာခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ ကောင်းချီးများကို ကျွန်မ မြင်ခဲ့ရသည်။ အံ့သြစရာကောင်းသည်မှာ ထိုနှစ် နိုဝင်ဘာလမှာ ကျွန်မတို့၏ ဧဝံဂေလိအလုပ်ကနေ ရလာသည့် ပြောင်းလဲသူအရေအတွက်က အရင်လထက် သုံးဆပိုများ လာခဲ့သည်။ ဤသည်က ဘုရားသခင်၏ အမှုကတစ်ဆင့် ရရှိခဲ့သည်ကို ကျွန်မ သိခဲ့ပြီး ဘုရားသခင်ကို ကျွန်မ အဆက်မပြတ် ကျေးဇူးတင်ပြီး ချီးမွမ်းမိသည်။

ယခင်က ကျွန်မ ကျော်ကြားမှုနှင့် စည်းစိမ်ချမ်းသာအတွက် ယှဉ်ပြိုင်သည့် သို့မဟုတ် ကျော်ကြားမှု၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်ဒြပ် နောက်ကိုလိုက်သည့် ဖောက်ပြန်ပျက်စီးမှုကို ရွံရှာခြင်း တစ်စုံတစ်ရာ မဖြစ်မိပါ။ လူတိုင်းက စာတန်၏ ဖျက်ဆီးခြင်းကို ခံထားရသည်ကို မြင်လျက်၊ ကျွန်မတို့အားလုံးလည်း ထိုစိတ်သဘောထားအတိုင်း ရှိမည် ဖြစ်ပြီး၊ ဤသည်မှာသုံးလေးရက်နှင့် ပြောင်းလဲနိုင်မည့်အရာတစ်ခုမဟုတ်ဟု ကျွန်မ ထင်ခဲ့သည်။ ယင်းက ကျွန်မအား ပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာစေဖို့ ဖြစ်ခဲ့ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို ကြုံရခြင်းအားဖြင့်၊ စမ်းသပ်ခံ၊ ဖော်ထုတ်ခံရခြင်းအားဖြင့် နောက်ဆုံးမှာ ထိုအရာများ နောက်လိုက်ခြင်း၏ အနှစ်သာရအပေါ် ပိုင်းခြားသိမြင်မှုအချို့ ရှိလာခဲ့သည်။ ထိုကဲ့သို့ အရာများ နောက်ကိုလိုက်ခြင်းသည် ဘုရားသခင်ကို အာခံခြင်း ဖြစ်သည်ကို ကျွန်မ သိခဲ့ပြီး မိမိကိုယ်ကိုယ် တကယ့်စိတ်နှလုံးအတွင်းထဲကနေ စတင် မုန်းတီးလာခဲ့သည်။ သမ္မာတရားကို လိုက်စားဖို့၊ နောင်တရပြီး ပြောင်းလဲဖို့ ကျွန်မ ဆန္ဒရှိလာခဲ့သည်။ ယခု ကျွန်မ မိမိ၏ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်မှုကြောင့်သာ ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

အရှေ့သို့- ၃၇။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ ဝိညာဉ်ကို လှုပ်နှိုးခဲ့ပြီ

နောက်တစ်ခုသို့- ၃၉။ နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။