၃၉။ နောက်ဆုံးတွင် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်း

ကျိုးဟုန် တရုတ်နိုင်ငံ

ကျွန်မ ၂၀၁၈ခုနှစ်မှာ အသင်းတော်ခေါင်းဆောင် ဖြစ်လာခဲ့သည့် အချိန်က၊ အစွမ်းအစကောင်းရှိပြီး၊ သမ္မာတရားကို အားထုတ်သည့် မျိုးရိုးအမည် ရမ်းရှိသည့် အစ်မတစ်ယောက်ကို တွေ့ခဲ့သည်။ ကျွန်မက “သူ့ကိုသာ ငါကောင်းကောင်း လေ့ကျင့်ပေးနိုင်ရင်၊ ငါ ပိုအဆင်ပြေလာမယ်၊ ငါတို့ အလုပ်လည်း တိုးတက်မယ်၊ ပြီးတော့ ငါ့ခေါင်းဆောင်ကလည်း ငါ့ကို ချီးမွမ်းလိမ့်မယ်။” ဟု မိမိဘာသာတွေးမိသည်။ ထို့ကြောင့် ကျွန်မက သူမကို လေ့ကျင့်ပေးရာမှာ မီးကုန်ယမ်းကုန် ကြိုးစားခဲ့သည်။ သူမ ပြဿနာ တစ်ခုကြုံတိုင်း ကျွန်မက သူမနှင့် မိတ်သဟာယပြုပေးပြီး သူမကို အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့သည်။ သူမက တိုးတက်သည်မှာ မြန်ပြီး သူမ၏ တာဝန်မှာ အာရုံစိုက်သည်။ သိပ်မကြာမီတွင် သူမအဖွဲ့၏ အလုပ်က အရှိန်ပြန်ကောင်းလာသည်။ ကျွန်မက “ငါ့မှာသာ အစ်မရမ်းလိုလူ နောက်ထပ် နည်းနည်းလောက်သာ ရှိခဲ့ရင်၊ ငါတို့ရဲ့ အသင်းတော် အလုပ်တွေအားလုံး သိသိသာသာ တိုးတက်မှာ။ ငါလည်း နည်းနည်းပါးပါး စိတ်ချနိုင်ပြီး ပိုကောင်းတဲ့ ရလဒ်တွေ ငါတို့ မြင်ရမယ်၊ ပြီးတော့ လူတိုင်းက ငါဟာ တာဝန်ကို ထိထိရောက်ရောက် ထမ်းဆောင်တယ်လို့ ပြောကြလိမ့်မယ်။” ဟုတွေးခဲ့မိသည်။ တစ်နေ့မှာ အန္တိခရစ်များနှင့် ဒုစရိုက်မှု ပြုသူများကို ထုတ်ပယ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို စုဆောင်းဖို့အတွက် လူတစ်ယောက် ချက်ချင်း လိုလာခဲ့သည်။ အစ်မရမ်းက ဤတာဝန်ကို ယူသင့်သည်ကို ကျွန်မနှင့် ကျွန်မ၏လုပ်ဖော်ဆောင်ဖက်တို့က သဘောတူကြသည်။ ကျွန်မ အံ့အားသင့်ရလောက်အောင်ကို သူမက စည်းမျဉ်းများကို မကြာမီမှာ နားလည်သဘောပေါက်ပြီး ရည်မှန်းချက်ပြည့်မီပြီး မှန်ကန်တိကျသည့် စာရွက်စာတမ်းများကို ဖန်တီးခဲ့သည်။ ထိုအချိန်ကာလအတွင်းတွင်၊ စာရွက်စာတမ်းများ စုစည်းရာမှာ တော်သည့် လူတစ်ယောက်တစ်လေ ရှိမရှိ ကျွန်မ ခေါင်းဆောင်က ကျွန်မကို ခဏခဏ မေးခဲ့သည်၊ ပြီးလျှင် အစ်မရမ်းက ထိုအတွက် သင့်တော်သည်ကို ကျွန်မ သိခဲ့ပါသည်။ သို့ရာတွင် သူမ အပြောင်းခံရပြီး ကျွန်မတို့ အလုပ်မှာ သေချာပေါက် ဖြစ်လာမည့် အကျိုးဆက်ကို ကျွန်မ တွေးလိုက်တော့၊ ကျွန်မ သူ့ကို လက်မလွှတ်ချင်ခဲ့ဘဲ၊ ခေါင်းဆောင်ထံတွင် သူ့ကို ထောက်ခံ အကြံပြုမပေးခဲ့ပါ။

တစ်ရက် စည်းဝေးပွဲမှာ၊ ခေါင်းဆောင်က အန္တိခရစ်များနှင့် ဒုစရိုက်မှု ပြုသူများကို ထုတ်ပယ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို စုစည်းဖို့ လူတစ်ယောက် သူတို့ လိုအပ်သည်ဟု ပြောပြီး၊ ကျွန်မတို့က တစ်ယောက်ယောကကို ဖြည့်ပေးနိုင်ခြင်း ရှိမရှိ ကျွန်မတို့ကို မေးခဲ့သည်။ ကျွန်မက “အစ်မရမ်းကတော့ ဒီအလုပ်မှာ တော်မှာပဲ၊ ဒါပေမဲ့ ငါသူ့ကို လက်လွှတ်လိုက်ရင်၊ တခြားတစ်ယောက်ကို လေ့ကျင့်ပေးရတော့မယ်။ အဲဒါက အများကြီး ကြိုးစားအားထုတ်ရမှာ။ ငါတို့ရဲ့အလုပ် စချွတ်ချော်လာရင် ငါ့ခေါင်းဆောင်က ဘာတွေးမလဲ။ အစ်မတမ်းလည်း စာရွက်စာတမ်းတွေကို စုစည်းခြင်းမှာ တော်ပါတယ်၊ ဒါပေမဲ့ သူက သူ့တာဝန်မှာ နည်းနည်း နမော်နမဲ့နိုင်ပြီး အကူအညီ အများကြီး လိုတတ်တယ်။ သူ့ကိုပဲ ထောက်ခံ အကြံပြုပေးလိုက်တော့မယ်။ ဒီနည်းနဲ့ ငါလည်း အလုပ်အတွက် တစ်ယောက်ယောက်ကို စီစဉ်ပေးမယ်၊ ပြီးတော့ အစ်မရမ်းလည်း ဒီအတိုင်းဆက်နေလို့ရတာပေါ့။ ငါတို့အလုပ်လည်း ထိခိုက်မှု မရှိတော့ဘူး။” ဟု တွေးမိသည်။ ထို့ကြောင့် ကျွန်မက အစ်မတမ်းကို ထောက်ခံ အကြံပြုပေးခဲ့သည်၊ ပြီးလျှင် သူ့အားသာချက်များကို အနည်းငယ် ပိုထောက်ခံပြောပြပေးသည်၊ ပြီးလျှင် အစ်မရမ်းကို ထိုမျှ မတော်ပါဟု ထင်ရစေဖို့ တမင်သက်သက် လုပ်ခဲ့သည်။ နှစ်ရက်သုံးရက်ကြာပြီးလျှင်၊ အစ်မတမ်းက အလုပ်တာဝန်အတွက် အရွေးခံခဲ့ရသည်။ အစ်မတမ်းက အလုပ်ကို သူမဘာသာ ထိရောက်အောင် မကိုင်တွယ်နိုင်ခဲ့သည်ကို ကျွန်မ နောက်ပိုင်းမှာ သိခဲ့ရသည်။ ကျွန်မက “အစ်မရမ်းသာဆို အဲဒါကို ကိုင်တွယ်နိုင်မှာ၊ ပြဿနာမရှိဘူး။ ဒါပေမဲ့ ငါက သူ့ကို မသွားစေချင်ဘူး။ သူက သူ့တာဝန်မှာ ကျွမ်းကျင်တယ်၊ သူသာထွက်သွားရင် ငါတို့အလုပ်မှာ ဘာတွေဖြစ်ကုန်မလဲ။” ဟု တွေးမိသည်။ ဤတော့ ကျွန်မက အစ်မရမ်းကို ထောက်ခံ အကြံမပြုဖို့ ထပ် ဆုံးဖြတ်လိုက်ပြန်သည်။ ထိုနောက် နှစ်ရက်သုံးရက်ကြာတော့၊ ကျွန်မ ခေါင်းဆောင်က အစ်မရမ်းကို အထူးသဖြင့် တောင်းဆိုလာပြီး၊ သူမကို ချက်ချင်း အစားထိုးဖို့ ကျွန်မတို့ကို လူတစ်ယောက် ရှာခိုင်းခဲ့သည်။ ကျွန်မက ဤအကြံဉာဏ်ကို တကယ့်ကို ဆန့်ကျင်ခဲ့သည်။ ကျွန်မက၊ “အစ်မရမ်းသာ ထွက်သွားရင်၊ ငါတို့ အသင်းတော်ရဲ့ စာရွက်စာတမ်းတွေကို ဘယ်သူ စုစည်းမှာလဲ။ သင့်တော်တဲ့ လူတစ်ယောက်ကို ငါတို့ ရှာနိုင်ရင်တောင်၊ သူတို့က အတွေ့အကြုံမရှိတဲ့ လူသစ်လေးတွေသာဖြစ်ပြီး၊ စည်းမျဉ်းတွေကိုလည်း သိမှာ မဟုတ်ဘူး။ သူတို့က လေ့ကျင့်မှု လိုလိမ့်မယ်။ ငါတို့အလုပ် ထိခိုက်ရုံတင်မကဘူး၊ ငါ့ဘက်မှာလည်း အလုပ်ပင်ပန်းခဲယဉ်းပြီး အားထုတ်မှု အများကြီး လိုလာလိမ့်မယ်။” ဟု တွေးမိသည်။ ဤသည်ကို တွေးသည်မှာ မှားမှန်း ကျွန်မ သိခဲ့သော်လည်း၊ “အစ်မရမ်းကို ငါကိုယ်တိုင် လေ့ကျင့်ပေးခဲ့ရတာ၊ သူထွက်သွားရင်၊ သူ့အလုပ်ကို လုပ်နိုင်တဲ့သူ ငါတို့အဖွဲ့မှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး။ အလုပ်ကို ဘယ်လိုပြီးအောင် လုပ်ရမလဲ။ မဖြစ်ဘူး၊ ငါ့အလုပ်လက်တွဲဖော်နဲ့ ဒါကို ဆွေးနွေးပြီး ငါတို့တစ်ယောက်ယောက်ကို လေ့ကျင့်၍ မပြီးသေးခင်အထိ အစ်မရမ်းကို လနည်းနည်း ထပ်နေခိုင်းပေးဖို့ တောင်းဆိုတဲ့စာကို ခေါင်းဆောင်ဆီ ရေးပို့ရမယ်။” ဟု မိမိကိုယ်ကိုယ် ဆင်ခြေများ ပေးနေမိသည်။ ဤသည်ကို ကျွန်မ၏ လက်တွဲဖော် နှစ်ယောက်ကို ပြောပြသည့်အခါ၊ သူတို့က ကျွန်မကို အပြစ်တင်ရင်း “ဘုရားသခင်အိမ်တော်ရဲ့ အမှုတော်ကို လုပ်ဖို့ လူတွေကို ငါတို့ လေ့ကျင့်ပေးတယ်။ အစ်မရမ်း သွားတာနဲ့တစ်ပြိုင်နက်၊ ငါတို့ တခြားတစ်ယောက်ကို လေ့ကျင့်ပေးလို့ရတာပဲ။ နင်က အစ်မရမ်း မထွက်သွားအောင် တားနေတာက တစ်ကိုယ်ကောင်းဆန်နေတာ မဟုတ်ဘူးလား။” ဟု ပြောလေသည်။ သို့ရာတွင် ကျွန်မက မိမိကိုယ်ကိုယ် မဆင်ခြင်ခဲ့မိဘဲ၊ ထိုအစား “နင်က အရမ်းစေတနာကောင်းနေတယ်။ လူတွေကို လေ့ကျင့်ပေးရတာ နင်က လွယ်တယ်မှတ်လို့လား။” ဟု တွေးမိသည်။ ကျွန်မက ပို၍ ဒေါသထွက်လာပြီး အတိုက်အခံဖြစ်လာသည်၊ ပြီးလျှင် ကျွန်မဘက်ကို မမြင်နိုင်ကြသည့်အတွက် ကျွန်မ၏ လက်တွဲဖော်များကို မကျေမချမ်းဖြစ်ခဲ့သည်။ ထိုနောက်ပိုင်း သိပ်မကြာပါ၊ ကျွန်မက ကိုယ်ပူချိန်တက်လာသကဲ့သို့ စခံစားရသည်၊ ကျွန်မက မီးလောင်နေသကဲ့သို့ဖြစ်ပြီး တစ်ကိုယ်လုံး အားအင်ကုန်ခန်းနေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ “ရာသီဥတုက ကောင်းပါတယ်၊ ပြီးတော့ ငါ အအေးမိပါဘူး။ ဒါ တကယ်ကို ထူးဆန်းတာပဲ။” ဟု တွေးမိသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မကို ပြစ်တင်ဆုံးမပြီး ဆုံးမပဲ့ပြင်နေခြင်း ဖြစ်သည်ကို သဘောပေါက်လိုက်သည်။ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိသည်။ “ယခုတွင် ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရှင်ဘုရင်များအဖြစ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ကိုယ်ပိုင် အခြေအနေ အတိအကျကို ထုတ်ဖော်ပြနေသည်ကို သဘောပေါက်လိုက်၍ ကျွန်မ ကြက်သေသေသွားသည်။ ကျွန်မက အစ်မရမ်းကို မိမိပိုင်ဆိုင်မှု တစ်ခုကဲ့သို့ ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မက သူ့ကို လေ့ကျင့်ပေးခဲ့သည့်အတွက်၊ သူမက ကျွန်မ၏ပိုင်ဆိုင်မှု ဖြစ်သင့်သည်။ ပြီးလျှင် သူမက ကျွန်မအသင်းတော်မှာ နေသင့်ပြီး၊ ကျွန်မကို နာမည်ကောင်းရအောင် လုပ်ပေးသင့်သည်။ သူမကို မည်သူခေါ်သည်ကိုမျှ ကျွန်မ ခွင့်ပြုမည်မဟုတ်ပါ။ တကယ်တမ်းတော့ ညီအစ်ကို မောင်နှမအားလုံးက ဘုရားသခင့်အိမ်တော်မှာ သူတို့ တာဝန်များကို လုပ်ဆောင်ကြသည်၊ ပြီးလျှင် သူတို့၏ တာဝန်ပေးစေခိုင်းချက်များ အားလုံးက ဘုရားသခင်ထံမှသာ ဖြစ်လေသည်။ ဘုရားသခင်၏ အိမ်တော်က သူတို့ကို မည်သည့်အချိန်ဖြစ်စေ၊ မည်သည့်နေရာတွင်ဖြစ်စေ လိုအပ်သည့်အခါမှာ သူတို့၏တာဝန်များကို ထမ်းဆောင်ကြသည်။ ပြီးလျှင် ဘုရားသခင် စီစဉ်သည့်အတိုင်း ထမ်းဆောင်ကြသည်။ သို့ရာတွင် ကျွန်မကတော့ မိမိကိုယ်ပိုင် ဂုဏ်နှင့် ရာထူးအဆင့်အတန်းများအတွက် အခြားသူများကို လှည့်စားပြီး လိမ်လည်သည်၊ အစ်မရမ်းကို ကျွန်မ တစ်ယောက်တည်းသုံးရဖို့ ကျွန်မတတ်နိုင်သမျှကို လုပ်သည်။ ကျွန်မက “မိမိတို့ကိုယ်ကိုယ် ရှင်ဘုရင်များအဖြစ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများ” ထဲက တစ်ယောက် မဟုတ်ပါလား။ ကျွန်မက အစ်မရမ်းကို ထိန်းချုပ်ဖို့နှင့် သူမကို ဘုရားသခင်ထံမှ လုယူဖို့ ကြိုးစားခဲ့သည်။ ယင်းက အန္တိခရစ်များ လုပ်သည့်အရာဖြစ်ပြီး ပျက်စီးဖို့ လမ်းကြောင်းဖြစ်သည်။ ဤသည်ကို သတိပြုမိရင်း၊ ကျွန်မက တကယ့်ကို နောင်တရခဲ့မိသည်။ ကျွန်မက အရမ်းကို မာနထောင်လွှားပြီး အတ္တကြီးခဲ့သည်။

ထိုနောက်မှာ ကျွန်မ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ရသည်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ၎င်းမှာ သင်သည် သင်၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် အဓမ္မပြုသူတစ်ဦးဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)တစ်ဦးတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ၏နှုတ်ကပတ်တော်များကို အလေးဂရုမပြုပါက၊ သမ္မာတရားကို လက်မခံပါက၊ သို့မဟုတ် သူ၏အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ကောင်းမွန်သည့် အပြုအမူအချို့ကိုသာ ပြသပြီး၊ ၎င်းတို့၏ သိက္ခာ၊ သို့မဟုတ် အကျိုးစီးပွားများနှင့်သက်ဆိုင်၍ မည်သည့်အရာကိုမျှ မစွန့်ပစ်နိုင်ပါက၊ ကြည့်ရသည်မှာ ၎င်းတို့သည် ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ကြသော်လည်း ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများအားဖြင့် အသက်ရှင်ကြဆဲဖြစ်ပြီး၊ စာတန်၏ ဒဿနအမြင်များနှင့် ဖြစ်တည်ခြင်း နည်းလမ်းများကို အနည်းငယ်မျှ မစွန့်လွှတ်သေးသကဲ့သို့ မပြောင်းလဲကြပါက- ၎င်းတို့ ဘုရားသခင်ကို ယုံကြည်သည်မှာ အဘယ်သို့ဖြစ်နိုင်မည်နည်း။ ယင်းမှာ ဘာသာတရား၌ ယုံကြည်ခြင်းဖြစ်သည်။ ထိုသို့သော လူတို့သည် အမှုအရာများကို စွန့်လွှတ်ပြီး၊ မိမိတို့ကိုယ်ကို အပေါ်ယံအားဖြင့် အသုံးတော်ခံကြသော်လည်း၊ ၎င်းတို့လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့လုပ်ဆောင်သမျှတိုင်း၏ အရင်းအမြစ်နှင့် တွန်းအားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားအပေါ် အခြေမခံထားပေ။ ထိုအစား၊ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးထင်မြင်မှုများ၊ စိတ်ဆန္ဒများ၊ ဓမ္မဓိဋ္ဌာန်မကျသော ယူဆချက်များနှင့် စာတန်၏ဒဿနအမြင်များ၊ စိတ်သဘောထားများအတိုင်း ဆက်လက်ပြုမူဆောင်ရွက်ကြပြီး၊ စာတန်၏ စိတ်သဘောထားများသည် ၎င်းတို့၏ ဖြစ်တည်ခြင်းနှင့် လုပ်ရပ်များ၏ အခြေခံအကြောင်းရင်း ဆက်လက်ဖြစ်လေသည်။ သမ္မာတရားကို ၎င်းတို့နားမလည်သည့် ကိစ္စရပ်များတွင်၊ ယင်းကို ၎င်းတို့ မရှာဖွေကြချေ။ သမ္မာတရားကို ၎င်းတို့နားလည်သည့် ကိစ္စရပ်များတွင်၊ ယင်းကို ၎င်းတို့လက်တွေ့မလုပ်ဆောင်ကြ၊ ဘုရားသခင်ကို ကြီးမြတ်သည်ဟု မချီးမြှောက်ကြချေ၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးမထားကြချေ။ ၎င်းတို့သည် အမည်ခံအားဖြင့် ဘုရားသခင်၏ နောက်လိုက်တစ်ဦးဖြစ်သော်လည်း၊ ယင်းသည် စကားဖြင့်သာ ဖြစ်၏။ ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဖော်ပြချက်များသာ ဖြစ်သည်။ ၎င်းတို့၏ စေ့ဆောချက်နှင့် ရည်ရွယ်ချက်တို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း ပြုမူဖို့ဖြစ်သည်ဟူသည့် လက္ခဏာရပ် မရှိပေ။ အခြားအရာအားလုံးမတိုင်မီ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စဉ်းစားသောလူများ၊ ပထမဦးစွာ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒများနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းသော လူများ- ဤလူတို့သည် ဘုရားသခင်နောက် လိုက်ကြသလော။ (မလိုက်ကြပါ။) ပြီးလျှင် ဘုရားသခင်နောက် မလိုက်ကြသည့်လူများသည် ၎င်းတို့၏ စိတ်သဘောထားများတွင် အပြောင်းအလဲ ဖြစ်ပေါ်စေနိုင်သလော။ (မဖြစ်ပေါ်စေနိုင်ပါ။) ပြီးလျှင် ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားများကို မပြောင်းလဲနိုင်ပါက၊ သနားစဖွယ်ဖြစ်ကြသည် မဟုတ်လော။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်”) ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ယူ သေချာစဉ်းစားပြီး၊ ကျွန်မ၏ အပြုအမူကို ပြန်ဆန်းစစ်သည်။ ကျွန်မက ဘုရားသခင်အတွက် ပေးဆပ်မှုများ ပြုလုပ်နေသကဲ့သို့ထင်ရသော်လည်း၊ ကျွန်မ၏ တာဝန်မှာ ကျွန်မ၏ ကြံရွယ်ချက်က ကိုယ်ပိုင် အကျိုးစီးပွားများကို ဖြည့်ဆည်းဖို့ ဖြစ်သည်။ စာရွက်စာတမ်းများကို စုစည်းနိုင်မည့် လူတစ်ယောက်ကို ကျွန်မ ခေါင်းဆောင်က တောင်းသည့်အခါ၊ အစ်မရမ်းက ထိုအလုပ်အတွက် အကောင်းဆုံးလူဖြစ်သည်ကို သိခဲ့သည်။ သို့ရာတွင် ကျွန်မ၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ လိမ်ညာပြီး လှည့်စားခဲ့သည်၊ ထိုအစား အစ်မတမ်းကို ထောက်ခံအကြံပြုပေးခဲ့သည်။ အစ်မတမ်းက ထိုအလုပ်မှာ အပြင်းအထန် ကြိုးပမ်းနေရသည်ကို မြင်ပြီး၊ သူမက အလုပ်အတွက် နှောင့်နှေးမှုများကို ဖြစ်စေတော့မည်ကို သိခဲ့သည့်အချိန်မှာပင်၊ ကျွန်မက အစ်မရမ်းအတွက် ထောက်ခံ အကြံမပြုသေးပါ။ ကျွန်မက ဘုရားသခင့် အိမ်တော်နှင့်ပတ်သက်ပြီး မတွေးသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း ဂရုမစိုက်ခဲ့ပါ။ ကျွန်မ၏ကိုယ်ပိုင် ဂုဏ်နှင့် ရာထူးအဆင့်အတန်းကို ကာကွယ်ဖို့ အထောက်အကူများအနေနှင့်သာ ညီအစ်ကိုမောင်နှမများကို အသုံးချခဲ့သည်။ ကျွန်မက အရမ်းကို ဆိုးညစ်သည်၊ အတ္တကြီးပြီး ယုတ်မာခြင်းဖြစ်သည်။ ကျွန်မ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သည်၊ ယင်းကလည်း ကျွန်မ၏ အတွေးများနှင့် အမြင်ရှုထောင့်များအားလုံးက ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားများ၊ စာတန်၏ ရှင်သန်မှု နည်းပရိယာယ်များမှာ အခြေပြုထားသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ကျွန်မ မလိုက်နာသကဲ့သို့၊ သမ္မာတရားကိုလည်း လက်တွေ့မလုပ်ဆောင်ခဲ့ပါ။ ကျွန်မက ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖော်ပြထားသကဲ့သို့ မယုံကြည်သူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်မ နောက်ထပ် အတ္တကြီး၍ မရတော့ပါ။ အရည်အချင်းရှိသည့် လူတစ်ယောက်ကို ကျွန်မ ဖြည့်ဆည်းပေးပြီး ကျွန်မတို့ အသင်းတော်အတွက် နောက်ထပ် လူများကို လေ့ကျင့်ပေးရမည်။ ကျွန်မတို့အသင်းတော်မှာ အစ်မရမ်း၏ အလုပ်များကို တာဝန်ယူဖို့ တစ်ယောက်ကို ကျွန်မတို့ စီစဉ်ပေးခဲ့သည်၊ ပြီးလျှင် သူမ ပြောင်းရွှေ့သွားခဲ့သည်။ ‌နောက်ပိုင်းတွင် အစ်မရမ်းက လူများကို ထုတ်ပယ်ခြင်း၊ နှင်ထုတ်ခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြန်မြန် စုဆောင်းခဲ့သည်ဟု ကျွန်မ သိခဲ့ရသည်။ ဤသည်ကို ကြားသည့်အချိန်မှာ ကျွန်မ စိတ်မကောင်းပါ။ ကျွန်မ သူမကို စောစောစီးစီးသာ ထောက်ခံအကြံပြုပေးခဲ့ပြီး ကျွန်မ၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ဘေးဖယ်ထားခဲ့ပါက၊ ဤအလုပ်က အချိန်အကြာကြီး နှောင့်နှေးခဲ့မည် မဟုတ်ပါ။ ဤအရာ ဖြစ်ခဲ့ခြင်းက ကျွန်မ၏ အတ္တကြောင့် ဖြစ်ပါသည်။ ကျွန်မ အပြစ်ကျူးလွန်ခဲ့ပြီး မကောင်းမှုကို ပြုခဲ့ပါသည်။ ဤသည်ကို ဘုရားသခင်၏အိမ်တော်ကိုကျော်ပြီး မိမိအကျိုးစီးပွားများကို ထပ်ဦးစားမပေးမိစေဖို့ သတိပေးချက်တစ်ခုအနေနှင့် ကျွန်မခံယူခဲ့သည်။

ဤအတွေ့အကြုံက ကျွန်မကို အနည်းငယ် ပြောင်းလဲစေခဲ့ပြီး ဖြစ်သည်ဟု ကျွန်မ ထင်ခဲ့သည်၊ သို့ရာတွင် ဤပြဿနာဟောင်းကြီးက ပြန်ခေါင်းပြူထွက်မလာမီ အချိန်ကောင်းကိုသာ စောင့်နေခဲ့ခြင်း ဖြစ်လေသည်။ ပြီးလျှင် သိပ်မကြာလိုက်ပါ၊ ကျွန်မခေါင်းဆောင်က အစ်မလျူအကြောင်း ကျွန်မကို မေးခဲ့သည်။ ခေါင်းဆောင်က အနီးတဝိုက်က အသင်းတော်တစ်ခုမှာ ယုံကြည်သူအ သစ်များကို ရေလောင်းခြင်း သူမကို သွားကူစေချင်သည်။ ကျွန်မက အနည်းငယ် မလိုလားပါ။ သို့ရာတွင် ကျွန်မ အတ္တမကြီးသင့်ပါ၊ အသင်းတော်၏ အမှုတော်ကို ထိန်းသိမ်းရမည်ဟု သဘောပေါက်ခဲ့သည်၊ ပြီးလျှင် အခြားတစ်ယောက်ကို မည်သည့်အချိန်တွင်မဆို လေ့ကျင့်ပေး၍ ရသည်။ အစ်မလျူကို လွှတ်ပေးလိုက်ဖို့ ကျွန်မ သဘောတူခဲ့သည်။ သို့ရာတွင် ထိုနောက်မှာ စာရွက်စာတမ်းများကို စုစည်းခြင်းမှာ ကြီးကြပ်ရသည့် အစ်မလီက ရာထူးတိုးတော့မည်ဟုပြောပြီး ကျွန်မကို အကဲဖြတ် စာတစ်စောင် ရေးခိုင်းသည်။ ဤသည်မှာ ကျွန်မအတွက် အရမ်းများသွားပြီ ဖြစ်သည်။ အစ်မလီသာ ထွက်သွားပါက၊ စာရွက်စာတမ်းများ စုစည်းဖို့ မည်သူက ကြီးကြပ်တော့မည်နည်း။ အစ်မလီကို ကျွန်မ မသွားစေချင်ခဲ့ပါ။ ထို့ကြောင့် သူမအား အကဲဖြတ်စာရေးဖို့ကို ကျွန်မ ဆိုင်းထားလိုက်သည်။ သူမ သွားဖို့ကို ရက်အနည်းငယ်ခန့် ကျွန်မ အချိန်ဆွဲထားချင်ခဲ့သည်၊ သို့မှသာ ကျွန်မ ခေါင်းဆောင်က ထိုအချိန်အတွင်းမှာ အခြားတစ်ယောက်ကို ရှာတွေ့နိုင်ပြီး အစ်မလီကို နေခိုင်းမည် ဖြစ်သည်။ ကျွန်မက အကဲဖြတ်စာကို မရေးနေသည်ကို ကျွန်မ အလုပ်လက်တွဲဖော်က သတိထားမိပြီး၊ ယင်းကို လုပ်ဖို့ ကျွန်မကို ဖိအားပေးပါတော့သည်။ ကျွန်မ ယင်းကို ချက်ချင်းလုပ်ပါ့မည်ဟု ပြောပြီး သူမကိုသာ တစ်ပတ်ရိုက်လိုက်သည်၊ သို့ရာတွင် ကျွန်မ မရေးသေးပါ။ ဆယ်ရက်လောက်ကြာပြီးနောက်၊ ကျွန်မ အလုပ်လက်တွဲဖော်က “ငါတို့ခေါင်းဆောင်က သူများတွေဆီက သိရပြီးတော့ အစ်မလီကို ပြောင်းလိုက်ပြီးပြီ။” ဟု ပြောသည်။ ဤသည်ကို ကျွန်မ သဘောပေါက်ဖို့ အချိန်အနည်းငယ် ယူလိုက်ရသည်။ ဤသည်မှာ ဖြစ်ပျက်နေခြင်းက အရမ်းမြန်လေသည်။ အစွမ်းအစကောင်း ရှိသူများအားလုံးကို ခေါ်သွားခံရခဲ့ပြီးဖြစ်သည်။ ယခုအသင်းတော်မှာ ကျွန်မတို့ မည်သည့်အရာမျှပြီးအောင် လုပ်နိုင်မည်မဟုတ်ပါ။ ဤအတွေးများက ပေါက်ထွက်တော့မတတ် ကျွန်မစိတ်ထဲပြည့်သွားသည်။ ကျွန်မရင်ထဲမှာ အလေးတစ်ခုဖိချလိုက်သကဲ့သို့ ခံစားရသည်။ နောက်နှစ်ရက်သုံးရက်မှာ ကျွန်မ အစားစားချင်စိတ်မရှိခဲ့ပါ။ ကျွန်မ လူများကို မည်သို့ရှာရမည်၊ ကျွန်မပေါ်မှာ ဖိအားမည်မျှရှိနေသည်တို့ကိုသာ တွေးခဲ့မိသည်။ ကြိုးစားအားထုတ်မှုများစွာ လုပ်ရတော့မည်။ ယင်းကို ကျွန်မ ပိုတွေးလေလေ၊ စိတ်ပူပန်မှုနှင့် ဖမ်းစားခံရလေဖြစ်သည်၊ ပြီးလျှင် ကျွန်မ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ခဲ့သည်။

တစ်နေ့ ကျွန်မ လှေကားပေါ်က အဆင်းမှာ ခြေချော်သွားခဲ့သည်။ ကျွန်မခြေထောက်မှာ ဂျွတ်ခနဲအသံကြားလိုက်သည်၊ အရိုးကျိုးသကဲ့သို့ ခံစားရသည်။ ကျွန်မ “အခု ငါတော့ သွားပါပြီ။ ခြေကျိုးတစ်ချောင်းနဲ့ ငါ့တာဝန်ကို လုပ်လို့မရဘူး။” ဟု တွေးမိသည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မကို ဆုံးမပဲ့ပြင်ခြင်းဖြစ်သည်ကို ကျွန်မ သိခဲ့သည်။ လူများ တစ်ယောက်ပြီးတစ်ယောက် ရွှေ့ပြောင်းခံရခြင်းကို ကျွန်မ ကြည့်ခဲ့ရပုံ၊ ပြီးလျှင် ကျွန်မစိတ်နှလုံးထဲမှာ ဘုရားသခင်နှင့် မည်သို့ ငြင်းခုံပြီး၊ ယင်းတို့အားလုံးကို မည်သို့ဆန့်ကျင်ခဲ့သည်တို့ကို တွေးမိသည်။ ကျွန်မ တာဝန်အပေါ်ထားသည့် ကျွန်မ၏ သဘောထားက ဘုရားသခင်ကို ရွံရှာစေပြီးဖြစ်ရမည်၊ ထို့ကြောင့် ဘုရားသခင်က ကျွန်မ၏ တာဝန်ကို ယူပစ်လိုက်ခြင်း ဖြစ်လေသည်။ ထိုအတွေးမှာ ကျွန်မ အရမ်းကြောက်မိသည်။ ကျွန်မ ခြေထောက်ကလည်း အရမ်းကို နာလေသည်။ တကယ့်ကို နောင်တရဖို့ လိုလားရင်း၊ ကျွန်မ ဘုရားသခင်ထံကိုသာ မပြတ် ဆုတောင်းနေသည်။ အံ့သြစရာကောင်းသည်မှာ ထိုနေ့ နေ့လည်စာ စားအပြီးတွင်၊ ကျွန်မခြေထောက် ရုတ်တရက် အနာရပ်သွားသည်မှာ မည်သည့်အခါကမျှ လုံးဝ ထိခိုက်ဒဏ်ရာ မရခဲ့ဖူးသကဲ့သို့ဖြစ်သည်။ ဤသည်မှာ ကျွန်မကိုယ်ကျွန်မ ပြန်သုံးသပ်ပြီး သိဖို့ ဘုရားသခင်ထံက သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်ကို ကျွန်မ စိတ်နှလုံးထဲမှာ သိခဲ့သည်။ “ကျွန်မကိုယ်ပိုင် အကျိုးစီးပွားတွေကို ကျွန်မ ဘာဖြစ်လို့ အမြဲ ရှေ့တန်းတင်တာလဲ။” ဟု ကျွန်မတွေးမိသည်။

နောက်ပိုင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ ရွတ်ဖတ်ပြခြင်း ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ဘုရားသခင်၏ အမှုကို တွေ့ကြုံရပြီး သမ္မာတရားကို ရရှိပြီးသည်အထိ အတွင်း၌ သူတို့ကို ထိန်းချုပ်၍ အုပ်စိုးသည်မှာ စာတန်၏ သဘာဝဗီဇဖြစ်၏။ အတိအကျဆိုရလျှင် ထိုသဘာဝဗီဇကို မည်သည့်အရာက ဖြစ်ပေါ်စေသနည်း။ ဥပမာ၊ သင်သည် အဘယ်ကြောင့် တစ်ကိုယ်ကောင်းဆန်ရသနည်း။ သင်၏ကိုယ်ပိုင် ရာထူးဂုဏ်ဒြပ်ကို အဘယ်ကြောင့် ကာကွယ် သနည်း။ သင်သည် အဘယ်ကြောင့် ထိုသို့သော အားကောင်းသည့် စိတ်ခံစားချက်များ ရှိသနည်း။ ထိုမဖြောင့်မတ်သော အရာများကို သင်သည် အဘယ်ကြောင့် မွေ့လျော်ခံစားသနည်း။ သင်သည် အဘယ်ကြောင့် ထိုမကောင်းမှုများကို နှစ်သက်သနည်း။ ထိုသို့သော အရာများကို သင်၏ ကြိုက်နှစ်သက်ခြင်း၏ အခြေခံအကြောင်းရင်းက အဘယ်နည်း။ ဤအရာတို့သည် အဘယ်အရပ်က လာကြသနည်း။ ၎င်းတို့အား လက်ခံသည်ကို သင် အဘယ်ကြောင့် အလွန်ပျော်ရွှင်နေသနည်း။ ဤအရာများအားလုံး၏ နောက်ကွယ်ရှိ အဓိက အကြောင်းရင်းမှာ သင်တို့အတွင်းတွင် စာတန်၏အဆိပ်ရှိခြင်းကြောင့် ဖြစ်ကြောင်း ယခုတွင် သင်တို့အားလုံး နားလည်လာကြပြီ။ စာတန်၏အဆိပ်မှာ မည်သည့်အရာဖြစ်ကြောင်းနှင့် ပတ်သက်၍၊ ယင်းကို စကားလုံးများဖြင့် အပြည့်အဝ ဖော်ပြနိုင်၏။ ဥပမာအားဖြင့်၊ ဒုစရိုက်ကိုပြုသူအချို့ကို ၎င်းတို့ အဘယ်ကြောင့် မကောင်းမှုပြုကြသည်ကို သင်မေးပါက၊ သူတို့က ‘လူတိုင်း ကိုယ့်အတွက်သာ ကိုယ်ကြည့်ပြီး၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်’ ဟု ဖြေကြလိမ့်မည်။ ဤတစ်ခုတည်းသောစကားစုက ပြဿနာ၏ တကယ့်အရင်းအမြစ်ကို ဖော်ပြလေသည်။ စာတန်၏ တွေးခေါ်မှုစနစ်သည် လူသားတို့၏ အသက်တာများ ဖြစ်လာပြီဖြစ်သည်။ သူတို့သည် အမှုအရာများကို ဤရည်ရွယ်ချက် သို့မဟုတ် ထိုရည်ရွယ်ချက်အတွက် ပြုလုပ်ကောင်းပြုလုပ်ကြသော်လည်း၊ ထိုသူတို့သည် ယင်းကို မိမိတို့အတွက်သာ ပြုကြခြင်းဖြစ်သည်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော ဖြစ်သောကြောင့်၊ သူတို့သည် မိမိတို့၏ကိုယ်ပိုင် အကျိုးအတွက်သာ အသက်ရှင်သင့်ပြီး၊ အစားအစာနှင့် ကောင်းမွန်သော အဝတ်အစားအတွက် ရာထူးကောင်းတစ်နေရာ ရရှိရန် သူတို့ အရာရာကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်သည်ဟု အယောက်တိုင်းက ထင်မှတ်ကြသည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ၎င်းက လူသား၏ သဘာဝဗီဇကိုလည်း ကိုယ်စားပြုလေသည်။ စာတန်၏ ဤစကားများမှာ အတိအကျဆိုရလျှင် စာတန်၏ အဆိပ်ဖြစ်ပြီး၊ လူတို့က ယင်းကို နှလုံးသွင်းကြသည့်အခါတွင်၊ ယင်းသည် သူတို့၏ သဘာဝဗီဇ ဖြစ်လာသည်။ စာတန်၏ သဘာဝဗီဇမှာ ဤစကားလုံးများအားဖြင့် ထုတ်ဖော်ခြင်းခံရသည်။ ယင်းတို့က ၎င်းကို လုံးလုံး ကိုယ်စားပြု၏။ ဤအဆိပ်သည် လူတို့၏ အသက်များဖြစ်လာသည့်အပြင်၊ သူတို့တည်ရှိမှု၏ အခြေခံအုတ်မြစ် ဖြစ်လာပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က နှစ်ထောင်ချီ၍ ဤအဆိပ်၏ အုပ်စိုးခြင်းကို မပြောင်းမလဲ ခံလာရပြီဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”)

ဘုရားသခင်၏နှုတ်ကပတ်တော်များက ပြောသည်မှာ လူသားမျိုးနွယ်က စာတန်၏ ဖျက်ဆီးခံရပြီးနောက်မှာ၊ ဆိုးယုတ်သည့် အဆိပ်မျိုးစုံက ကျွန်မတို့၏ စိတ်နှလုံးများထဲမှာ နေရာယူပြီး ကျွန်မတို့၏ သဘာဝ ဖြစ်လာခဲ့သည်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ကိုသာ ကြည့်ပါ။ လူတိုင်းက ဤဆိုးယုတ်သည့်အဆိပ်နှင့် အသက်ရှင်ကြသည်၊ ကျွန်မတို့လုပ်သမျှက ကျွန်မတို့ ကိုယ်ပိုင် အကျိုးအမြတ်အတွက်သာဖြစ်သည်၊ ပြီးလျှင် ယင်းက မှန်ကန် သင့်တော်သည်ဟု ကျွန်မတို့က ထင်ကြသည်၊ ထို့ကြောင့် ကျွန်မတို့က ပိုပို အတ္တကြီးလာပြီး လှည့်စားတတ်လာသည်။ ကျွန်မ မိမိကိုယ်ကိုယ် ပြန်သုံးသပ်ခဲ့သည်။ ခေါင်းဆောင်က လူများကို ကျွန်မ၏ အသင်းတော်မှ ရွှေ့ပြောင်းတုန်းက၊ အဲဒါကို ကျွန်မ ဆန့်ကျင်ပြီး ဟန့်တားဖို့ ကြိုးစားခဲ့ခြင်းက လိမ်လည်တတ်သည်အထိပင် ရောက်ခဲ့သည်။ လူများကို ကျွန်မနှင့် သက်ဆိုင်သကဲ့သို့ ဆက်ဆံခဲ့ပြီး၊ သူတို့ကို ဘုရားသခင်၏ အိမ်တော်ကို ပေးဖို့ ငြင်းဆန်ခဲ့သည်။ ကျွန်မက အရမ်းကို အတ္တကြီးပြီး စက်ဆုပ်ရွံရှာစရာကောင်းသည်၊ လုံးဝ ကျိုးကြောင်းသင့်လျော်မှုမရှိပါ။ ဘုရားသခင်၏အိမ်တော်၏ အမှုတော်ကို ကျွန်မ နှောင့်ယှက်ခဲ့သည်။ သခင်ယေရှု အမှုပြုဖို့ ကြွလာတုန်းက၊ ဖာရိရှဲများက လူများ သူ့နောက်လိုက်သည်ကို တားဆီးပြီး သူတို့၏ ရာထူးအဆင့်အတန်းများနှင့် အသက်မွေးမှုများကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြသည်။ သူတို့က ယုံကြည်သူများကို သူတို့ကိုယ်ပိုင်ကဲ့သို့ ဆက်ဆံခဲ့ပြီး၊ ထိုလူများအတွက် သခင်နှင့် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆုံးမှာ သူတို့က ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပြီး ဘုရားသခင်က သူတို့ကို အပြစ်ဒဏ်ပေးခဲ့သည်။ ကျွန်မပြုမူပုံက ဖာရိရှဲများနှင့် မည်သို့ကွဲပြားမှု တစ်ခုတစ်လေ ရှိသနည်း။ ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ သိုးများဖြစ်ပြီး ဘုရားသခင့်အိမ်တော်က ဆန္ဒရှိသည့်အတိုင်း သူတို့ကို နေရာချထားခွင့် ရှိသည်။ ကျွန်မက ဝင်စွက်ဖက်ဖို့ အခွင့်မရှိပါ။ အသင်းတော် ခေါင်းဆောင် တစ်ယောက်အနေနှင့်၊ ကျွန်မ၏ တာဝန်ကို ဘုရားအိမ်တော် လိုအပ်သည့်အတိုင်း၊ ပြီးလျှင် စည်းမျဉ်းများနှင့်အညီ ကျွန်မ ထမ်းဆောင်သင့်သည်၊ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယပြုပြီး လူများကို လေ့ကျင့်ပေးသင့်သည်။ ဤသည်မှာ ကျွန်မ၏ တာဝန်၊ ကျွန်မ၏ ဝတ္တရားဖြစ်သည်။ သို့ရာတွင် ကျွန်မက ဘုရားသခင်၏ အလိုတော်ကို အရေးမထားခဲ့သကဲ့သို့ လူများကိုလည်း စည်းမျဉ်းနှင့်အညီ နေရာမချပေးခဲ့ပါ။ နောက်ထပ်လူများကို လေ့ကျင့်ပေးဖို့ ကြိုးစားအားထုတ်ရာမှာ လိုလိုလားလား မရှိခဲ့ပါ။ ပါရမီရှိသည်ဟု ကျွန်မ သိထားသည့်သူများကို ကျွန်မ စာရင်းမပေးခဲ့ဘဲ၊ ကျွန်မ၏ ဂုဏ်အတွက် သူတို့ကို အလုပ်လုပ်ခိုင်းပြီး အစေခံခိုင်းရင်း၊ သူတို့ကို ကျွန်မ၏ ထိန်းချုပ်မှု အောက်မှာထားဖို့ ကြိုးစားခဲ့သည်၊ ကျွန်မက ဘုရားသခင့်အိမ်တော်ကို ဆန့်ကျင်ရာမှာ မိမိအမှုအရာများပဲ လုပ်နေခဲ့ခြင်း မဟုတ်ပါလား။ ကျွန်မက ဘုရားသခင်ကို အာခံနေခဲ့ပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်နေခဲ့သည်။ ဤအတွေးမှာ ကျွန်မ ကြောက်သွားပြီး ကျွန်မကို ဘုရားသခင်က ဆုံးမပဲ့ပြင်ခဲ့ပြီး မကောင်းမှုထပ်လုပ်ခြင်းကို တားဆီးခဲ့သည့်အတွက် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။

နောက်ပိုင်းမှာ နောက်ထပ် ဘုရားသခင်၏နှုတ်ကပတ်တော်များ ရွတ်ဖတ်ပြခြင်း ဗီဒီယိုတစ်ခုကို ကျွန်မ ကြည့်ခဲ့သည်။ “လူသားမျိုးနွယ်၏ စိတ်ခံစားမှုများမှာ တစ်ကိုယ်ကောင်းဆန်ပြီး အမှောင်လောကနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်အလို့ငှာ တည်ရှိဖို့ဝေးစွ၊ ဘုရားသခင်၏ အလိုတော်အတွက်ပင် မတည်ရှိပေ၊ ထို့ကြောင့် လူသားနှင့် ဘုရားသခင်ကို တစ်ချိန်တည်းတွင် အတူပြော၍ မရနိုင်ချေ။ ဘုရားသခင်သည် အစဉ်အမြဲ အထွတ်အထိပ်ဖြစ်၍ အမြဲဂုဏ်သရေရှိသည်၊ လူသားမှာမူ အစဉ်အမြဲ ယုတ်ညံ့၍ အစဉ်အမြဲ သုံးမရပေ။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် စွန့်လွှတ်မှုများ အမြဲပြုပေးကာ သူ့ကိုယ်သူ ပေးအပ်မြှုပ်နှံထားသောကြောင့် ဖြစ်သည်၊ သို့သော်လည်း လူသားမှာမူ အစဉ်အမြဲ မိမိအတွက်သာလျှင် ရယူပြီး ကြိုးပမ်းလေ၏။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် အစဉ်အမြဲ အပတ်တကုတ် ကြိုးပမ်းနေသော်လည်း လူသားကမူ အလင်းအတွက်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းအတွက် မည်သည့်အရာကိုမျှ လုံးဝမထောက်ကူပေးပေ။ လူသားအနေဖြင့် တစ်ခဏတာမျှ လုံ့လစိုက်ထုတ်လျှင်ပင် ထိုလုံ့လမှာ အားနည်းလွန်း လှသောကြောင့် ထိုးနှက်ချက် တစ်ခုကိုမျှပင် ခံနိုင်မည်မဟုတ်ပေ၊ အကြောင်းမှာ လူသား၏လုံ့လသည် သူ့ကိုယ်ပိုင်အကျိုးအတွက်သာ အစဉ်အမြဲ ဖြစ်နေပြီး အခြားသူများအတွက် မဟုတ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် အစဉ်အမြဲ တစ်ကိုယ်ကောင်းဆန်၏၊ ဘုရားသခင်ကမူ အစဉ်အမြဲ ကိုယ်ကျိုးမငဲ့ပေ။ ဘုရားသခင်သည် တရားမျှတသောအရာ၊ ကောင်းသောအရာနှင့် လှပသောအရာအားလုံး၏ အရင်းအမြစ်ဖြစ်ပြီး လူသားမှာမူ အကျည်းတန်ပြီး ဆိုးယုတ်သော အရာအားလုံးကို ဆက်ခံကာ ထင်ရှားအောင် ပြုလုပ်သူဖြစ်၏။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ပြီး လှပသည့် အနှစ်သာရကို မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ၊ သို့သော် လူသားကမူ အချိန်မရွေး၊ အခြေအနေမရွေး၌ ဖြောင့်မတ်ခြင်းကို သစ္စာဖောက်ကာ ဘုရားသခင်ထံမှ လမ်းလွဲသွားကြရန် ကောင်းကောင်းတတ်နိုင်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ စိတ်နေသဘောထားကို နားလည်ရန်မှာ အလွန်အရေးကြီးပေ၏) ဘုရားသခင်က အတ္တကင်းသည့်အကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ပြခဲ့သည်။ သူလုပ်သမျှက ကျွန်မတို့ကို ကယ်တင်ဖို့ လုပ်ဆောင်ခြင်းဖြစ်သည်၊ ယင်းတို့အားလုံးက ကျွန်မတို့ကို အကျိုးဖြစ်ထွန်းစေသည်။ ဘုရားသခင့်အိမ်တော်က အစွမ်းအစရှိသည့် သမ္မာတရားကို ရှာဖွေသည့်သူများ လက်တွေ့လုပ်ဆောင်မှု ပိုလုပ်နိုင်ဖို့နှင့် အဆုံးသတ်မှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို တာဝန်ယူ ဆောင်ရွက်နိုင်စေဖို့ ‌ထောက်ကူအားပေးပြီး လေ့ကျင့်ပေးသည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင့်အိမ်တော်ကို အကျိုး ဖြစ်ထွန်းစေသည်။ ကျွန်မအတွက်မှာမူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် အာဟာရတို့အပြင်၊ ဘုရားသခင့်အိမ်တော်က လေ့ကျင့်ပေးခြင်းကို အခမဲ့ ရရှိခဲ့သည်၊ သို့ရာတွင် ဘုရားသခင်၏ချစ်ခြင်းကို ပြန်ပေးဆပ်ဖို့ မိမိတာဝန်ကို ထမ်းဆောင်ဖို့အကြောင်း ကျွန်မ မတွေးခဲ့ပါ။ လူများကို ကျွန်မထိန်းချုပ်မှု အောက်မှာ မည်သို့ထားရမည်ကိုသာ ကျွန်မ တွေးခဲ့သည်။ ကျွန်မ၏ ဂုဏ်နှင့် ရာထူးအဆင့်အတန်းအတွက်၊ ဘုရားအိမ်တော်က လူများကို လေ့ကျင့်ပေးခြင်းကို နှောင့်ယှက်ဖို့ ကျွန်မ ဝန်မလေးခဲ့ပါ၊ ယင်းက ထိုအမှုတော်ကို ဆိုင်းငံ့စေခဲ့သည်။ ကျွန်မက အရမ်းအတ္တကြီးပြီး မလိုမုန်းထားစိတ်ရှိသည်၊ ဘုရားသခင်၏ ရှေ့တော်မှောက်မှာ အသက်ရှင်ဖို့ မလျော်ကန်ပါ။ ထိုနည်းလမ်းနှင့် ကျွန်မ ရှေ့ဆက်သွား၍မရသည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မက ဘုရားသခင့်အိမ်တော်ကို ပါရမီရှိသည့်လူများနှင့် ထောက်ကူခဲ့ရမည် ဖြစ်သည်၊ သို့မှသာ ပိုများသည့် ညီအစ်ကိုမောင်နှမများက သင့်တော်သည့်နေရာမှာ သူတို့လုပ်ရမည့်တာဝန်ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ကျွန်မ မှန်မှန်ကန်ကန် တွေးလာသည်နှင့်တစ်ပြိုင်နက်၊ အစ်မလီ၏အလုပ်ကို တာဝန်ယူထမ်းဆောင်ဖို့ တစ်ယောက်ယောက်ကို ကျွန်မ မြန်မြန်ရှာလိုက်သည်၊ ပြီးလျှင် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းခဲ့သည်။ လူသစ်က စည်းမျဉ်းများကို မသိဘဲ၊ ကျွန်မ အလုပ်ပို၍ ကြိုးစားရလည်း၊ ကျွန်မက ငြိမ်သက်ပြီး စိတ်အေးသက်သာ ရှိခဲ့သည်။ ကျွန်မလုပ်နိုင်သမျှ လုပ်ရာမှာ ပေးဆပ်ရဖို့ လိုလိုလားလားရှိခဲ့သည်၊ ပြီးလျှင် ကျွန်မတို့ အသင်းတော်အလုပ်ကို ပိုကောင်းအောင် လုပ်ဖို့ ကျွန်မ၏ ညီအစ်ကိုမောင်နှမများနှင့် ဆုတောင်းခဲ့သည်။

သီတင်းနှစ်ပတ်ကြာပြီးလျှင်၊ ကျွန်မ၏ ခေါင်းဆောင်က “ငါတို့ မှတ်တမ်းတွေတည်းဖြတ်တဲ့ အစ်မကျောက်ကို နောက်အသင်းတော်တစ်ခုမှာ သူ့တာဝန် ထမ်းဆောင်ဖို့ ပြောင်းရွှေ့ချင်တယ်။” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားပြီးလျှင်၊ ကျွန်မက “ငါဟာ ဘုရားသခင့်အိမ်တော်ရဲ့ အမှုတော် အဘက်ဘက်ကို စဉ်းစားဆင်ခြင်ရမယ်။ ငါ နောက်ထပ် အတ္တကြီးလို့မရတော့ဘူး။ ဒါပေမဲ့လည်း၊ ဒီအလုပ်ကိုလုပ်ဖို့ နောက်ထပ် အစ်မတစ်ယောက်ကို စလေ့ကျင့်ပေးရုံပဲ ရှိသေးတယ်၊ ပြီးတော့ သူက စည်းမျဉ်းတွေလည်း မသိဘူး။ ကျွန်မတို့အလုပ်က ထိခိုက်နစ်နာရကိန်း ရှိတယ်။ အစ်မကျောက်က သူရှိတဲ့နေရာမှာ နေရင် ပိုကောင်းတယ်။” ဟုတွေးခဲ့သည်။ ကျွန်မဟာ မိမိအကျိုးစီးပွားများကို ထပ်ကြည့်နေပြန်ပြီကို သဘောပေါက်လိုက်သည်။ ကျွန်မက အသင်းတော် အလုပ်ကို အကြိမ်ကြိမ် နှောင့်ယှက်ပြီး ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရင်း၊ အန္တိခရစ်များ၏ လမ်းကြောင်းမှာ လျှောက်ခဲ့ပုံကို တွေးမိသည်။ ကျွန်မ အရမ်း ကြောက်ခဲ့ရသည်။ ကျွန်မက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိသည်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ သိက္ခာ၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာရှိဖို့ သင် အစွမ်းကုန် လုပ်ဆောင်ပြီးခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းရန် အကောင်းဆုံး သင် လုပ်ဆောင်ပြီး သင်၏အရာအားလုံး ပေးပြီးခြင်း ရှိမရှိဆိုသည်အပြင်၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သောအရာများ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို ထည့်သွင်းစဉ်းစားခြင်း မပြုသကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားပြီး၊ ယင်း၏ အကျိုးများကို စဉ်းစားနေကာ၊ သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်သောအခါ၊ သင်သည် ဘုရားသခင်ရှေ့၌ ကောင်းသောအကျင့်များကို စုဆောင်းနေခြင်း ဖြစ်လိမ့်မည်။ ဤကောင်းသော လုပ်ဆောင်ချက်များ ရှိကြသောလူများသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သောသူများ ဖြစ်သည်၊ ထိုသို့ဖြင့် ၎င်းတို့သည် သက်သေခံကြပြီး ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏နှုတ်ကပတ်တော်များက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းပေးခဲ့သည်။ ကျွန်မက ဘုရားသခင်၏အလိုတော်နှင့် အသင်းတော် အလုပ်ကို သတိရှိဖို့သာ လိုခဲ့ခြင်းသာ ဖြစ်သည်။ ကျွန်မက အတ္တကြီး၍မရသကဲ့သို့၊ အရည်အချင်းကို မိမိအတွက်ပဲ သိမ်းထားဖို့ ကြိုးစား၍ မရတော့ပါ။ ထို့ကြောင့် ကျွန်မ ဘုရားသခင်ထံကို “ချစ်ရသော ဘုရားသခင်၊ ကျွန်မက အရမ်း အတ္တကြီးပြီး ယုတ်မာနေခဲ့ပါတယ်၊ ဘုရားအိမ်တော်က လူတွေကို ထောက်ကူပေးတာကနေ ကျွန်မ အမြဲတမ်း တားဆီးပြီး အသင်းတော် အလုပ်ကို ထိခိုက်ခဲ့တယ်။ ကိုယ်တော့်ကို ကျွန်မ နောက်ထပ် မဆန့်ကျင်ချင်တော့ပါဘူး။ ကျွန်မရဲ့ ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြတော်မူပါ...” ဟု ဆုတောင်းလျှောက်ခဲ့သည်။ ဆုတောင်းပြီးနောက်မှာ၊ အစ်မကျောက်ထံကို သွားပြီး သူမ၏ ရွှေ့ပြောင်းမှုအကြောင်း ကျွန်မ ပြောခဲ့သည်။ သူမက ရွှေ့ပြောင်းခံရသော်လည်း၊ ကျွန်မ ယခင်ကကဲ့သို့ စိတ်မဆိုးတော့ပါ။ ထိုအစား ဤကဲ့သို့ အရည်အချင်းကို ဘုရားသခင်၏ အိမ်တော်ကို ကျွန်မ ဖြည့်ဆည်းနိုင်ခြင်းက ဘုရားသခင်၏ ကြင်နာခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ ဖြစ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ၏ ကိုယ်ပိုင်တာဝန်ကိုလည်း ကျွန်မ လုပ်နိုင်ခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့နှင့် ပြည့်နေခဲ့သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါသည်။

အရှေ့သို့- ၃၈။ ဂုဏ်အဆင့်အတန်းမှ လွတ်မြောက်မှုကို ရှာဖွေခြင်း

နောက်တစ်ခုသို့- ၄၀။ မနာလိုစိတ်အတွက် ကုထုံးတစ်ခု

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၇။ လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၆။ ကြွယ်ဝချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုတို့မှလွတ်မြောက်ခြင်း

ရှောင်မင် တရုတ်နိုင်ငံ လွန်ခဲ့သည့်တစ်နှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာနှင့်...

၆၄။ မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

ရှင်းဂျီး တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။