လူ၏ စစ်မှန်သော နာခံခြင်းကို ဘုရားအလိုရှိ၏ကျူး
၁ ဘုရားသခင်က လူများကို ၎င်းတို့၏ နာခံခြင်း၊ စားခြင်း၊ သောက်ခြင်းနှင့် နှုတ်ကပတ်တော်အပေါ် မွေ့လျော်ခြင်း၊ ၎င်းတို့၏ အသက်တာတွင် ဒုက္ခခံခြင်းနှင့် စစ်ဆေးခြင်းတို့အားဖြင့် စုံလင်စေသည်။ ဤကဲ့သို့သော ယုံကြည်ခြင်းအားဖြင့်သာ လူတို့၏ စိတ်သဘောထား ပြောင်းလဲနိုင်သည်။ ထိုမှသာ ၎င်းတို့ သည် ဘုရားသခင်အကြောင်း စစ်မှန်သည့် အသိကို ပိုင်ဆိုင်နိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များအကြား နေထိုင် နေရခြင်းကို ကျေနပ်မနေဘဲ သမ္မာတရား ကို တက်ကြွစွာ ဆာလောင်မွတ်သိပ်ခြင်း၊ သမ္မာတရား ကို ရှာဖွေခြင်းနှင့် ဘုရားသခင်၏ ပိုင်ဆိုင်ခံရခြင်း နောက်သို့ လိုက်ခြင်းသည် ဘုရားသခင်ကို သတိရှိ နာခံခြင်းဟု အဓိပ္ပါယ်သက်ရောက်သည်။ ဤကဲ့သို့သော ယုံကြည်ခြင်း အတိအကျကို ဘုရားသခင်က လိုချင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များကို ခံစားနေခြင်းမှအပ ဘာမျှမလုပ်သည့် လူများကို စုံလင်အောင် ပြုလုပ်၍မရပေ။ သို့မဟုတ် ပြောင်းလဲ၍မရပေ။ ၎င်းတို့၏နာခံမှု၊ ဘုရားတရားကိုင်းရှိုင်းခြင်း၊ ချစ်ခြင်းမေတ္တာနှင့် စိတ်ရှည်ခြင်း များသည် အားလုံး အပေါ်ယံသာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်များတွင်သာ မွေ့လျော်သူများသည် ဘုရားသခင်ကို အမှန်တကယ် မသိနိုင်ပါ။ ဘုရားသခင်ကို ထိုသူတို့သိသော်မှ ထိုသူတို့၏သိခြင်းသည် အပေါ်ယံသာဖြစ်၍ ဘုရားသခင်က လူသားများကို ချစ်သည် သို့မဟုတ် ဘုရားသခင်သည် လူသားများအပေါ် ကရုဏာသက်သည်ဆိုသည့် စကားများကို ထိုသူတို့ပြောကြ၏။ ဤသည်မှာ လူသား၏ဘဝကို ကိုယ်စားမပြုပေ။ လူတို့က ဘုရားသခင်ကို အမှန်တကယ်သိကြောင်းကိုလည်း မပြပေ။
၂ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်က ၎င်းတို့ကို စစ်ဆေးသောအခါ သို့မဟုတ် ဘုရားသခင်၏ စုံစမ်းစစ်ဆေးခြင်းသည် ၎င်းတို့အပေါ် ကျရောက်သောအခါ၊ လူများသည် ဘုရားသခင်ကို မရိုသေ မလေးစားနိုင်ပါက၊ လေးစားမည့် အစား ၎င်းတို့သည် သံသယဖြစ်လာ၍ လဲကျပါက၊ ထိုသူတို့သည် ဘုရားကို နည်းနည်းလေးမှ မနာခံကြပေ။ ၎င်းတို့အတွင်းတွင် ဘုရားအားယုံခြင်းနှင့်ပတ်သက်ပြီး စည်းမျဉ်းများနှင့် ကန့်သတ်ချက်များ၊ နှစ်ပေါင်းများစွာ ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်လာ သည့် အတွေ့အကြုံများ သို့မဟုတ် ကျမ်းစာကို အခြေခံသည့် အမျိုးစုံသော အယူဝါဒများရှိကြသည်။ ၎င်းကဲ့သို့သော လူများက ဘုရားသခင်ကို နာခံနိုင်မည်လော။ ဤလူများသည် လူသားနှင့်ပတ်သက်သည့် အရာများနှင့်ပြည့်နေသည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်ကဲ့သို့ နာခံနိုင်မည်နည်း။ ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဦးစာပေးမှုများအရ နာခံကြသည်။ ဘုရားသခင်က ဤသို့သော နာခံမှုမျိုးကို လိုလားပါမည်လော။ ဤသည်မှာ ဘုရားသခင်ကို နာခံခြင်း မဟုတ်ဘဲ အယူဝါဒကို လိုက်နာခြင်းဖြစ်သည်။ ဤသည်မှာ သင့်ကိုယ်သင် ကျေနပ်အောင် နှင့် နှစ်သိမ့် အောင် ပြုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဤသည်ကို ဘုရားသခင်ကို နာခံခြင်းဟု ပြောပါက၊ သင်သည် ဘုရားသခင်၏ နာမကို စော်ကားခြင်းဖြစ်သည် မဟုတ်လော။ သင်သည် အဲဂုတ္တုပြည်မှ ဖာရောဘုရင်တစ်ပါးဖြစ်သည်။ သင်သည် မကောင်းမှု ကျူးလွန်၍ ဘုရားသခင်ကို ဆန့်ကျင်သည့်အလုပ်တွင် အသေအချာ ပါဝင်လုပ်ဆောင်သည်။ ဘုရားသခင်က ဤသို့သော အစေခံမှုကို လိုချင်နိုင်ပါမည်လော။ သင်သည် အမြန်နောင်တရလျက် သင့်ကိုယ်သင် သိမြင်လာအောင် လုပ်သင့်သည်။ သို့မဟုတ်ပါက သင်အိမ်ပြန်သွားခြင်းက သာ၍ကောင်းလိမ့်မည်။ ထိုသို့လုပ်ခြင်းသည် သင့်အတွက် ဘုရားသခင်ကို အစေခံခြင်းထက် သာ၍ကောင်းသည်။ သင်သည် အနှောင့်အယှက်ပေးခြင်း၊ အဆက်ပြတ်ခြင်းမဖြစ်စေဘဲ၊ သင့်နေရာသင်သိ၍ ကောင်းစွာနေလိမ့်မည်။ ဤသည်က သာ၍မကောင်းပေဘူးလော။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် အပြစ်ပေးခံရခြင်းတို့မှ ရှောင်ရှားလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ဘုရားသခင်ကို နာခံသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။