သူသည် သမ္မာတရား၊ လမ်းခရီးနှင့်အသက်
၁
သူကလွဲ၍ အဘယ်သူမျှ ကျွန်ုပ်တို့အကြံအစည်တစ်ခုချင်းစီကိုမသိနိုင်ပါ
ကျွန်ုပ်တို့၏ပင်ကိုသဘာဝနှင့်သဘောသဘာဝတို့ကိုနားမလည်နိုင်ပါ
လူသား၏ပုန်ကန်မှု၊ အပြစ်ဒုစရိုက်ကိုမစီရင်နိုင်
ကောင်းကင်ဘုံဘုရားသခင် ကိုယ်စား ကျွန်ုပ်တို့ကြားတွင် စကားပြော၍ အလုပ်မလုပ်နိုင်ပါ
သူမှလွဲ၍ အဘယ်သူ့တွင်မျှ သြဇာအာဏာ၊
ဉာဏ်ပညာနှင့် ဘုရား၏ ဂုဏ်ရာထူး မရှိ
ဘုရား၏စိတ်နေသဘောထားနှင့်သဘောသဘာဝသူကတစ်ဆင့် ထင်ရှားသည်
ကျွန်ုပ်တို့၏ ငြင်းပယ်ခြင်းခံရသောသာမန် မထင်မရှားပုဂ္ဂိုလ်
သူသည် ကျွန်ုပ်တို့အတွေးထဲတွင် အမြဲရှိနေသော၊ ကျွန်ုပ်တို့ နေ့ညမပြတ် တမ်းတနေသောသခင်ယေရှု မဟုတ်ပါလား။
ထိုသူ ဖြစ်သည်၊ ကျွန်ုပ်တို့ဘုရား၊ သမ္မာတရား၊ လမ်းခရီးနှင့်အသက်
၂
သူမှလွဲ၍ မည်သူမျှ ကျွန်ုပ်တို့ကိုအလင်းပေး၍ လမ်းမပြနိုင်
ယနေ့တိုင် ဘုရားမဖော်ပြခဲ့သောနက်နဲသောအရာများမဖွင့်ပြနိုင်
သူမှလွဲ၍ မည်သူမျှ ကျွန်ုပ်တို့၏ညစ်ညူးခြင်းနှင့် စာတန်၏ချုပ်နှောင်မှုမှ မကယ်တင်နိုင်
သူသည် ဘုရားကိုကိုယ်စားပြု၍၊ ဘုရား၏အသံတော်ကိုဖော်ပြ၊
သူ၏လေးနက်တိုက်တွန်းချက်များနှင့် လူသားအားစစ်ကြောခြင်းတို့ကိုဖွင့်ဟ
ကျွန်ုပ်တို့၏ ငြင်းပယ်ခြင်းခံရသောသာမန် မထင်မရှားပုဂ္ဂိုလ်
သူသည် ကျွန်ုပ်တို့အတွေးထဲတွင် အမြဲရှိနေသော၊
ကျွန်ုပ်တို့ နေ့ညမပြတ် တမ်းတနေသောသခင်ယေရှု မဟုတ်ပါလား။
ထိုသူ ဖြစ်သည်၊ ကျွန်ုပ်တို့ဘုရား၊ သမ္မာတရား၊ လမ်းခရီးနှင့်အသက်
၃
သူသည် ခေတ်သစ်၊ ကောင်းကင်သစ်နှင့် ကမ္ဘာလောကသစ်ကိုယူဆောင်လာခဲ့သည်
သူသည် ကျွန်ုပ်တို့အတွက် အမှုသစ်နှင့် မျှော်လင့်ခြင်းကိုယူဆောင်လာသည်
မှုန်ဝါးဝါးလမ်းတွင် လျှောက်ရသောဘဝကိုအဆုံးသတ်ကာ
ကျွန်ုပ်တို့အားကယ်တင်ခြင်းလမ်းကိုတွေ့မြင်စေသည်
သူသည် ကျွန်ုပ်တို့ကိုသိမ်းယူ၍ ကျွန်ုပ်တို့နှလုံးသားကိုရယူခဲ့သည်
ယခု ကျွန်ုပ်တို့စိတ်သည် နိုးကြားလျက် ကျွန်ုပ်တို့ဝိညာဉ်သည် ပြန်၍အားပြည့်လာသည်
ကျွန်ုပ်တို့၏ ငြင်းပယ်ခြင်းခံရသောသာမန် မထင်မရှားပုဂ္ဂိုလ်
သူသည် ကျွန်ုပ်တို့အတွေးထဲတွင် အမြဲရှိနေသော၊
ကျွန်ုပ်တို့ နေ့ညမပြတ် တမ်းတနေသောသခင်ယေရှု မဟုတ်ပါလား။
ထိုသူ ဖြစ်သည်၊ ကျွန်ုပ်တို့ဘုရား၊ သမ္မာတရား၊ လမ်းခရီးနှင့်အသက်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို မြင်ခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။