ဖြည့်စွက်ချက်- အခန်း ၁

သင်တို့လုပ်ဆောင်ဖို့ ငါတောင်းဆိုသည့်အရာသည် ငါပြောဆိုသည့် မရေရာသကဲ့သို့ အနှစ်မဲ့သည့် သဘောတရား မဟုတ်သကဲ့သို့၊ လူ့ဦးနှောက်ဖြင့် စဉ်းစား၍မရနိုင်သည်လည်းမဟုတ်၊ သို့မဟုတ် လူ၏ ဇာတိခန္ဓာဖြင့် စွမ်းဆောင်၍ မရရှိနိုင်သည်လည်း မဟုတ်ပေ။ ငါ့အိမ်တော် အတွင်းတွင် မည်သူသည် ပြီးပြည့်စုံသော သစ္စာစောင့်သိနိုင်စွမ်းရှိသနည်း။ ငါ့နိုင်ငံတော်အတွင်းတွင် မည်သူသည် တတ်နိုင်သမျှ အစွမ်းကုန် ပူဇော်ဆက်ကပ်နိုင်သနည်း။ ငါ၏အလိုတော်နှင့် ဆိုင်သည့် ထုတ်ဖော်ပြခြင်းအတွက် မဟုတ်ပါက၊ ငါ့စိတ်နှလုံးကို ကျေနပ်စေရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် တောင်းဆိုကြမည်လော။ ငါ့စိတ်နှလုံးကို မည်သူမျှ နားမလည်ဖူးကြသကဲ့သို့၊ ငါ၏ အလိုတော်ကို မည်သူမျှ မသိမြင်ဖူးပေ။ ငါ့မျက်နှာကို မည်သူက မြင်ဖူးသနည်း သို့မဟုတ် ငါ့အသံကို မည်သူ ကြားဖူးသနည်း။ ပေတရုလော။ ပေါလုလော။ ယောဟန်လော။ ယာကုပ်လော။ မည်သူသည် ငါ့အားဖြင့် ယူတင်ဝတ်ဆင်ခြင်း ခံရဖူးသနည်း သို့မဟုတ် ငါပိုင်ဆိုင်ခြင်းကို မည်သူခံရဖူးသနည်း သို့မဟုတ် ငါ၏ အသုံးပြုခြင်းကို မည်သူ ခံရဖူးသနည်း။ ပထမအကြိမ် ငါလူ့ဇာတိခံယူသည်မှာ ဘုရား၏ သဘောသဘာဝ အတွင်းတွင် ဖြစ်ပျက်ခဲ့သော်လည်း၊ ငါသည် ပုံသဏ္ဌာန်တစ်ခုဖြင့် လူ့ဇာတိမခံယူခဲ့ရသောကြောင့်၊ ငါ့ကိုယ်ငါ ယူတင်ဝတ်ဆင်ခဲ့သည့် လူ့ဇာတိသည် လူသား၏ဆင်းရဲဒုက္ခကို မသိခဲ့ပေ၊ ထို့ကြောင့် လူ့ဇာတိသည် ငါ့အလိုတော်ကို ပြည့်ဝစွာ လုပ်ဆောင်ခဲ့သည်ဟု ဆို၍မရနိုင်ပေ။ သာမန်လူ့သဘာဝရှိသည့် လူတစ်ဦးဖြင့် ငါ၏ ဘုရားသဘောသဘာဝက အဟန့်အတား သို့မဟုတ် တားဆီးပိတ်ပင်မှုမရှိဘဲ၊ ငါလုပ်မည့်အရာကို လုပ်ပြီး ငါ ပြောမည့်အရာကို ပြောဆိုနိုင်သည့်အခါမှသာ၊ ငါ၏အလိုကို လူ့ဇာတိ၌ လုပ်ဆောင်သည်ဟု ဆို၍ ရနိုင်ပေသည်။ ငါ၏ ပုံမှန်လူ့သဘာဝက ငါ၏ဘုရားသဘောသဘာဝကို ကွယ်ကာ ပေးနိုင်သောကြောင့်၊ ထိုသို့ဖြင့် နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ဆိုင်သည့် ငါ၏ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပေသည်။ လူ့ဇာတိ၌ အမှု၏ အဆင့်အတွင်းတွင် ဘုရားသဘောသဘာဝသည် တိုက်ရိုက် ဆောင်ရွက်သော်လည်း၊ ထိုသို့သော လုပ်ရပ်များကို လူတို့ မြင်တွေ့ဖို့ မလွယ်ကူပေ၊ ယင်းမှာ သာမန်လူ့သဘာဝ၏ ဘဝနှင့် ဆောင်ရွက်ချက်များကြောင့်မျှသာ ဖြစ်သည်။ ဤလူ့ဇာတိခံယူခြင်းသည် ပထမလူ့ဇာတိခံယူခြင်းကဲ့သို့ ရက်ပေါင်းလေးဆယ် အစာမရှောင်နိုင်သော်လည်း၊ ပုံမှန်အလုပ်လုပ်ကာ စကားပြောနိုင်သည်။ သူသည် နက်နဲသောအရာများကို ထုတ်ဖော်ပြသော်လည်း အလွန်ပုံမှန် ဖြစ်သည်။ ယင်းမှာ လူတို့ထင်သကဲ့သို့ မဟုတ်ပေ- သူ၏အသံသည် မိုးချုန်းသံကဲ့သို့ မဟုတ်ပေ၊ သူ၏မျက်နှာသည် အလင်းဖြင့် မတောက်ပသကဲ့သို့၊ သူလမ်းလျှောက်သည့်အခါ ကောင်းကင်သည် မတုန်လှုပ်ပေ။ ထိုသို့ဖြစ်ပျက်ခဲ့ပါက၊ ဤတွင် ငါ၏ဉာဏ်ပညာထဲမှ မည်သည့်အရာမျှ ရှိမည်မဟုတ်သကဲ့သို့၊ စာတန်ကို အရှက်ရစေကာ အနိုင်ယူဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။

သာမန်လူ့သဘာဝ၏ အကာအရံနောက်တွင် ငါ၏ဘုရားသဘောသဘာဝကို ငါ ပြသသည့်အခါတွင်၊ ငါသည် ဘုန်းအသရေ အပြည့်အဝ ရရှိသည်၊ ငါ၏ကြီးမားသောအမှု ပြီးမြောက်ပြီး၊ မည်သည့်အရာကမျှ မည်သည့်အခက်အခဲမျှ မပါရှိပေ။ ဤသည်မှာ ငါ၏လူ့ဇာတိခံယူခြင်း၏ ရည်မှန်းချက်သည် အဓိကအားဖြင့် လူ့ဇာတိ၌ ငါ၏ဘုရားသဘောသဘာဝ၏ လုပ်ဆောင်ချက်များကို ငါ့ကိုယုံကြည်သောသူများအား ရှုမြင်ခွင့်ပေးရန်နှင့် လက်တွေ့ကျသော ဘုရားသခင်ကိုယ်တော်တိုင်ကို တွေ့မြင်ခွင့်ပေးရန် ဖြစ်ကာ၊ ထိုသို့ဖြင့် မြင်၍မရသကဲ့သို့ လက်ဆုပ်လက်ကိုင်ပြ၍ရသည့် ဘုရားသခင်က နေရာယူထားသော လူတို့၏ စိတ်နှလုံးများအတွင်းရှိ နေရာကို ပပျောက်စေရန် ဖြစ်သည်။ ပြည့်ဝသော ဘုရားသဘောသဘာဝ၏ အနှစ်သာရကို ပိုင်ဆိုင်စဉ်တွင်၊ ငါသည် ပုံမှန်လူတစ်ဦးကဲ့သို့ စားသောကြောင့်၊ မိမိကိုယ်ကိုယ် ဝတ်ဆင်သောကြောင့်၊ အိပ်စက်ကာ နေထိုင်ပြီး ပြုမူသောကြောင့်၊ ပုံမှန်လူတစ်ဦးကဲ့သို့ စကားပြောကာ ရယ်မောပြီး၊ ပုံမှန်လူတစ်ဦး၏ လိုအပ်ချက်များ ရှိသောကြောင့်၊ ငါသည် “လက်တွေ့ကျသောဘုရားသခင်” ဟု ခေါ်ဆိုခြင်းခံရ၏။ ဤသည်မှာ စိတ်ကူးသက်သက် မဟုတ်သကဲ့သို့၊ နားလည်ရန် လွယ်ကူသည်။ ယင်း၌ ငါ့အမှုတော်၏အချက်အချာသည် မည်သည့်အပိုင်း၌ တည်ရှိသည်ဆိုသည်နှင့် ငါ၏ အာရုံစိုက်ရာသည် အမှုတော်၏ မည်သည့်အဆင့်တွင်ရှိသည်ကို တွေ့မြင်နိုင်သည်။ ငါ၏ လူ့ဇာတိခံယူခြင်း၏ အဓိက ရည်မှန်းချက်မှာ သာမန်လူ့သဘာဝမှတစ်ဆင့် ဘုရားသဘောသဘာဝကို ထုတ်ဖော်ပြရန် ဖြစ်သည်။ ငါ့အမှုတော်၏ဗဟိုသည် တရားစီရင်ခြင်းခေတ်၏ ဒုတိယအပိုင်းတွင် ရှိသည်ကို မြင်တွေ့ရန် မခက်ပေ။

ငါ၌ မည်သည့်အခါတွင်မျှ လူ့အသက် မရှိဖူးသကဲ့သို့၊ လူသားမျိုးနွယ်၏ အရိပ်လက္ခဏာတစ်ခုမျှ မရှိဖူးပေ။ လူသားအသက်သည် ငါ့အထဲတွင် နေရာတစ်ခု မည်သည့်အခါတွင်မျှ မတည်ဖူးသကဲ့သို့၊ ငါ၏ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် ထုတ်ဖော်ပြမှုကို မည်သည့်အခါတွင်မျှ မဖုံးဖိဖူးချေ။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ငါ၏အသံနှင့် ငါ့ဝိညာဉ်တော်၏အလိုကို ပို၍ဖော်ပြလေလေ၊ စာတန်သည် ပို၍ အရှက်ရနိုင်လေလေဖြစ်ပြီး၊ ထို့ကြောင့် သာမန်လူ့သဘာဝအတွင်း၌ ငါ၏အလိုကို လုပ်ဆောင်ရန် ပို၍ လွယ်ကူလာလေလေ ဖြစ်သည်။ ဤအရာတစ်ခုတည်းက စာတန်ကို အနိုင်ယူပြီးဖြစ်သည်။ စာတန်သည် လုံးလုံး အရှက်ရနှင့်ပြီး ဖြစ်သည်။ ငါသည် ကွယ်ဝှက်သော်လည်း၊ ဤအရာက ငါ၏ ဘုရားသဘောသဘာဝနှင့်ဆိုင်သည့် မိန့်မြွက်ချက်များနှင့် ဆောင်ရွက်ချက်များကို မဟန့်တားပေ- ဤအရာက ငါသည် အောင်နိုင်ပြီးဖြစ်သကဲ့သို့ ဘုန်းအသရေ ပြည့်ပြည့်ဝဝ ရရှိပြီးဖြစ်သည်ကို ပြသရန် လုံလောက်ပေသည်။ လူ့ဇာတိ၌ ငါ၏အမှုသည် အတားအဆီးမရှိသောကြောင့်၊ ပြီးလျှင် ယခုတွင် လက်တွေ့ကျသော ဘုရားသခင်သည် လူတို့၏ နှလုံးသားများ၌ နေရာတစ်ခုရှိပြီးဖြစ်ကာ ၎င်းတို့၏ နှလုံးသားများတွင် အမြစ်တွယ်ထားပြီးဖြစ်သောကြောင့်၊ ငါသည် စာတန်ကို အနိုင်ယူပြီး ဖြစ်သည်ကို ယင်းက အပြည့်အဝ သက်သေပြပေသည်။ ပြီးလျှင် စာတန်သည် လူသားအလယ်တွင် နောက်ထပ် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်း မရှိသောကြောင့်၊ ပြီးလျှင် လူ၏ ဇာတိပကတိတွင် စာတန်၏အရည်အချင်းကို သွတ်သွင်းရန် ခက်ခဲသောကြောင့်၊ ငါ၏အလိုသည် အတားအဆီးမရှိဘဲ ရှေ့ဆက်သည်။ ငါ့အမှုတော်၏ ပါဝင်သည့်အကြေင်းအရာမှာ အဓိကအားဖြင့် လူအားလုံးအား ငါ၏ အံ့သြဖွယ်ဖြစ်သော လုပ်ဆောင်ချက်များကို ရှုမြင်စေဖို့နှင့် ငါ၏စစ်မှန်သောမျက်နှာကို မြင်တွေ့စေရန် ဖြစ်သည်။ ငါသည် လက်လှမ်းမမီနိုင်သည် မဟုတ်၊ ငါသည် မိုးကောင်းကင်ထက် မြင့်မားနေသည် မဟုတ်သကဲ့သို့၊ ငါသည် ပုံသဏ္ဌာန်မဲ့ကာ ပုံဖမ်းမရသည်လည်း မဟုတ်ပေ။ ငါသည် လေကဲ့သို့ မြင်၍မရသည် မဟုတ်သကဲ့သို့၊ အလွယ်တကူ လွင့်သွားသည့် လွင့်မျောနေသော တိမ်တစ်ခုကဲ့သို့လည်း မဟုတ်ပေ။ ထိုအစား လူသားအလယ် ငါ အသက်ရှင်ပြီး ချိုမြိန်မှု၊ အချဉ်၊ အခါးနှင့် အစပ်တို့ကို လူသားအလယ် တွေ့ကြုံသော်လည်း၊ ငါ၏ ဇာတိခန္ဓာသည် လူသား၏ခန္ဓာနှင့် ဂုဏ်ဒြပ်အားဖြင့် မတူပေ။ လူအများစုက ငါနှင့် ထိတွေ့ဆက်ဆံခြင်းတွင် အခက်အခဲရှိကြသော်လည်း၊ အများစုကလည်း ငါနှင့် ထိတွေ့ဆက်ဆံရန် တမ်းတကြသည်။ ယင်းမှာ လူ့ဇာတိခံ ဘုရားသခင်အတွင်းတွင် ကြီးမားပြီး နားလည်၍မရသော နက်နဲမှုများရှိသည့်အလား ဖြစ်သည်။ ဘုရားသဘောသဘာဝ၏ တိုက်ရိုက် ထုတ်ဖော်ပြခြင်းကြောင့်၊ ပြီးလျှင် လူသား၏ သွင်ပြင်နှင့်ဆိုင်သော အကာအရံကြောင့်၊ လူများက ငါသည် သနားကရုဏာနှင့်ပြည့်စုံပြီး ချစ်ခင်သည့် ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်သော်လည်း၊ ငါ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသတို့ကို ကြောက်ရွံ့လျက်၊ ငါ့ကို လေးစားသမှုဖြင့် ခပ်ဝေးဝေးမှ နေကြသည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးများတွင် ၎င်းတို့သည် စိတ်အားထက်သန်မှုဖြင့် ငါနှင့်စကားပြောရန် ဆန္ဒရှိကြသော်လည်း၊ ၎င်းတို့ဆန္ဒရှိသည်အတိုင်း ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ- ၎င်းတို့နှလုံးသားများက ဆန္ဒရှိသည့်အရာကို လုပ်ဆောင်ဖို့၊ ၎င်းတို့မှာ ခွန်အား မရှိပေ။ ယင်းမှာ ဤအခြေအနေများရှိ အယောက်တိုင်း၏ အနေအထားများ ဖြစ်သည်- လူများသည် ဤသို့ ပို၍ဖြစ်လေလေ၊ ငါ့စိတ်သဘောထား၏ လက္ခဏာသွင်ပြင် အမျိုးမျိုးနှင့်ဆိုင်သည့် ထုတ်ဖော်ခြင်း၏ သက်သေသည် သာ၍ ကြီးမားလေလေဖြစ်ပြီး၊ ထိုသို့ဖြင့် လူတို့ ဘုရားသခင်အားသိခြင်း၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ သို့သော် ဤသည်မှာ သာမည ဖြစ်သည်။ အဓိကအချက်မှာ လူတို့အား ငါ၏လူ့ဇာတိ၏ လုပ်ဆောင်မှုများမှ အံ့သြဖွယ်ကောင်းသော ငါ၏ လုပ်ဆောင်ချက်များကို သိစေခြင်း၊ ဘုရားသခင်၏ အနှစ်သာရကို ၎င်းတို့အား သိရှိစေခြင်း ဖြစ်သည်။ လူတို့ထင်သကဲ့သို့ ငါသည် ပုံမှန်မဟုတ်သကဲ့သို့ သဘာဝထက်လွန်ကဲသောသူ မဟုတ်ပေ။ ထို့ထက် ငါသည် အရာခပ်သိမ်း၌ ပုံမှန်ဖြစ်သည့် လက်တွေ့ကျသောဘုရားသခင် ဖြစ်သည်။ လူတို့၏ အယူအဆများအတွင်းရှိ ငါ၏နေရာ ပပျောက်ပြီး ၎င်းတို့သည် လက်တွေ့အရှိတရား၌ ငါ့ကို သိရှိလာကြသည်။ ထိုအခါမှသာ လူများ၏စိတ်များ၌ ငါ၏စစ်မှန်သော နေရာကို ငါရယူပေသည်။

လူအပေါင်းတို့ရှေ့တွင်၊ ငါသည် လူတို့က ချစ်ခင်မြတ်နိုးသည့် သဘာဝထက်လွန်ကဲသော မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ဖူးဘဲ၊ အလွန့်အလွန် သာမန်ဖြစ်ကာ ပုံမှန်ဖြစ်ပေသည်။ ငါ၏လူ့ဇာတိခံ ခန္ဓာ၌ ဘုရားသခင်၏အရိပ်အယောင် တစ်ခုတစ်လေ ရှိသောအရာကို လူတို့အား တမင်တကာ တွေ့မြင်ခွင့်မပေးပေ။ သို့သော် ငါ့နှုတ်ကပတ်တော်များကြောင့်၊ လူတို့သည် လုံးဝ သိမ်းပိုက်ခံရပြီး ငါ၏သက်သေခံချက်ကို ကျိုးနွံနာခံကြသည်။ ထိုသို့ဖြင့်သာ ဒွိဟမရှိဘဲနှင့် ဘုရားသခင် ဧကန်အမှန် တည်ရှိသည်ဟု အပြည့်အဝ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်အပေါ် အခြေခံ၍ လူ့ဇာတိ၌ရှိသည့် ငါ့ကို လူများ သိရှိလာကြသည်။ ဤနည်းဖြင့် ငါနှင့်ပတ်သက်သည့် လူတို့၏ အသိပညာသည် သာ၍ စစ်မှန်လာသည်၊ သာ၍ ရှင်းလင်းလာပြီး၊ ၎င်းတို့၏ ကောင်းမွန်သည့် အပြုအမူ၏ စွန်းထင်းခြင်းကို လုံးဝ မခံရပေ။ ဘုရားသဘောသဘာဝသည်သာ ဘုရားသခင်၏ စစ်မှန်သော မျက်နှာနှင့် ဘုရားသခင်၏ ပင်ကိုအရည်အသွေးဖြစ်သည့်အတွက်၊ အားလုံးသည် ငါ၏ဘုရားသဘောသဘာဝက တိုက်ရိုက်လုပ်ဆောင်ခြင်း၊ ငါ၏ ဘုရားသဘောသဘာဝနှင့်ပတ်သက်သည့် သာ၍ ကြီးမားသော အသိပညာကို လူတို့အား ပေးခြင်း၏ ရလဒ်ဖြစ်သည်။ ဤအရာကို လူတို့ မြင်သင့်သည်။ ငါလိုချင်သည့်အရာများမှာ ဘုရားသဘောသဘာဝ၌ရှိသည့် နှုတ်ကပတ်တော်များ၊ လုပ်ဆောင်ချက်များနှင့် လုပ်ရပ်များဖြစ်သည်- လူ့သဘာဝ၌ရှိသည့် စကားများနှင့် လုပ်ရပ်များကို ငါဂရုမစိုက်ပေ။ ငါ့ရည်မှန်းချက်မှာ ဘုရားသဘောသဘာဝဖြင့် အသက်ရှင်ရန်နှင့် ဆောင်ရွက်ရန် ဖြစ်သည်- ငါသည် လူ့သဘာဝ၌ အမြစ်တွယ်ကာ အညှောက်ထွက်ရန် ဆန္ဒမရှိသကဲ့သို့၊ လူ့သဘာဝ၌ နေထိုင်ရန် ဆန္ဒမရှိပေ။ ငါပြောနေသည့်အရာကို သင်တို့နားလည်သလော။ ငါသည် လူ့သဘာဝ၌ ဧည့်သည်ဖြစ်သော်လည်း၊ ဤအရာကို ငါ မလိုချင်ပေ။ ငါသည် ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝ၌ ဆောင်ရွက်ပြီး၊ ဤနည်းဖြင့်သာ လူများသည် ငါ၏စစ်မှန်သောမျက်နှာကို သာ၍ကောင်းမွန်စွာ နားလည်နိုင်ပေသည်။

အရှေ့သို့- အခန်း ၉

နောက်တစ်ခုသို့- အခန်း ၁၀

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။