နိဂုံးအမှာစကား

ဤနှုတ်ကပတ်များသည် ဘုရားသခင်၏ ဖော်ပြချက်များ အလုံးစုံ ဖွဲ့စည်းပါဝင်ခြင်းမရှိသော်လည်း၊ ယင်းတို့သည် လူများအတွက် ဘုရားသခင်အား သိကျွမ်းခြင်း၏ ရည်ရွယ်ချက်များနှင့် စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ကြုံခြင်းတို့ကို စွမ်းဆောင်ရရှိဖို့ လုံလောက်ပါသည်။ တရုတ်ပြည်မထဲက ဘုရားသခင်၏ အမှု အဆုံးသတ်ပြီးဖြစ်သောကြောင့်၊ ဤအရာက သူမြွက်ဆိုသင့်သည့် နှုတ်ကပတ်များအားလုံးကို သူ မြွက်ဆိုပြီးဖြစ်သည်ကို သက်သေပြပြီး၊ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကိုသာ ပြောဆိုနိုင်သည့်အတွက်၊ သူသည် သစ်လွင်သောအရာ တစ်ခုတစ်လေမျှ ပြောဖို့ ရှိကောင်းရှိနိုင်မည်မဟုတ်ဟု တွေးထင်သော သူအချို့ ရှိကောင်းရှိပေမည်။ ထို့အပြင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တွင် နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ ဖော်ပြချက်များ အားလုံးပါရှိသကဲ့သို့၊ ဤစာအုပ်ကို ရရှိခြင်းသည် ဘုရားသခင်၏ အရာခပ်သိမ်းအား ရရှိခြင်းနှင့် ညီမျှသည် သို့မဟုတ် ဤစာအုပ်သည် သမ္မာကျမ်းစာ လုပ်ဆောင်ခဲ့သကဲ့သို့ပင် လူသားမျိုးနွယ်အား အနာဂတ်တွင် ဦးဆောင်လိမ့်မည်ဟု ယုံကြည်သောသူများ ရှိလေသည်။ လူတို့သည် ဘုရားသခင်အပေါ် ကန့်သတ်ချက်များ ချမှတ်ရန် အမြဲ နှစ်သက်ကြသောကြောင့်၊ ထိုသို့သော အမြင်များကို ကိုင်စွဲထားသော သူများသည် အနည်းစု မဟုတ်ဟု ငါယုံကြည်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး၊ အလုံးစုံကို ခြုံငုံသောသူ ဖြစ်သည်ဟု ၎င်းတို့အားလုံး ကြေညာကြသော်လည်း၊ ၎င်းတို့၏ သဘာဝက ဘုရားသခင်အား အတိုင်းအတာတစ်ခုခုအတွင်း ဘောင်ခတ်ရန် လွယ်ကူစေဆဲ ဖြစ်သည်။ အယောက်တိုင်းသည် ဘုရားသခင်ကို သိကျွမ်းလာနေကြသော်လည်း၊ ထိုချိန်အတောအတွင်းတွင်၊ အယောက်တိုင်းသည် ဘုရားသခင်ကို ခုခံလည်းခုခံကာ ဘောင်ခတ်လည်းဘောင်ခတ်နေကြပေသည်။

နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏ အမှုသည် အစပြုရုံသာရှိသေးသည်။ ဤစာအုပ်ထဲက ဘုရားသခင်၏ မိန့်မြွက်ချက်များ အားလုံးသည် ထိုအချိန်က သူ့နောက်လိုက်နေခဲ့ကြသော သူများသက်သက်ကို ရည်ရွယ်ထားပြီး၊ ယင်းတို့သည် သူ၏ လတ်တဆလော လူ့ဇာတိခံယူခြင်းတွင် ပြုလုပ်ထားပြီးဖြစ်သည့် သူ၏ ဖော်ပြချက်များ အစိတ်အပိုင်းတစ်ခုမျှ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အရာအားလုံးကို ကိုယ်စားမပြုပေ။ ထို့အပြင်၊ ယင်းသည် ဘုရားသခင်က ဤလူ့ဇာတိခံယစဉ်အတွင်း လုပ်ဆောင်လိမ့်မည့် အမှုအားလုံးကို ခြုံငုံသည်ဟု ဆို၍မရပေ။ ဘုရားသခင်သည် သူ၏နှုတ်ကပတ်များကို အမျိုးမျိုးသော လူမျိုးစုများနှင့် နောက်ခံများမှ လူတို့ထံ ရည်ရွယ်လိမ့်မည်ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ် အားလုံးကို သိမ်းပိုက်ကာ၊ ခေတ်ဟောင်းကို အဆုံးသတ်လိမ့်မည် ဖြစ်သည်။ ထိုသို့ဖြင့်၊ သူသည် သူ့နှုတ်ကပတ်တော်များ၏ အင်မတန် သေးငယ်သော အစိတ်အပိုင်းတစ်ခုကိုသာ ဖော်ပြပြီးနောက်တွင် ထိုအရာအားလုံးကို မည်သို့ လက်စသတ်နိုင်မည်နည်း။ ယင်းမှာ ဘုရားသခင်၏ အမှုသည် ကွဲပြားခြားနားသော အချိန် ကာလများနှင့် ကွဲပြားခြားနားသော အဆင့်များအဖြစ်သို့ ခွဲခြားထားသောကြောင့်သာ ဖြစ်သည်။ သူသည် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုနေပြီး၊ သူ၏ ခြေလှမ်းများနှင့်အညီ သူ၏ နှုတ်ကပတ်များကို ဖော်ပြနေသည်။ လူသားသည် ဘုရားသခင်၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာကို အဘယ်သို့ နားလည်နိုင်မည်နည်း။ ဤနေရာတွင် ငါ ရှင်းပြရန် ဆန္ဒရှိသည့် အချက်မှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ ဖြစ်ခြင်းနှင့် အရာအားလုံးသည် ထာဝရ မကုန်ခမ်းနိုင်သကဲ့သို့ အဆုံးမရှိဖြစ်သည်။ ဘုရားသခင်သည် အသက်နှင့် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်သည်။ သူ့ကို မည်သည့် ဖန်ဆင်းခံသတ္တဝါကမျှ နားမလည်နိုင်ပေ။ နောက်ဆုံးအနေနှင့်၊ အယောက်တိုင်းကို ငါ ဆက်လက်သတိပေးရမည်။ ဘုရားသခင်အား စာအုပ်များ၊ စကားလုံးများ၊ သို့မဟုတ် သူ၏ အတိတ်က မိန့်မြွက်ချက်များဖြင့် နောက်တစ်ဖန် ဘောင်မခတ်နှင့်။ ဘုရားသခင့်အမှု၏ ထူးခြားသော ပင်ကိုလက္ခဏာအတွက် စကားလုံးတစ်လုံးသာ ရှိသည်- အသစ်ဟူ၍ ဖြစ်၏။ သူသည် လမ်းဟောင်းများကို လျှောက်ရန် သို့မဟုတ် သူ၏ အမှု တစ်ကျော့ပြန်ရန် မနှစ်သက်ပေ။ ထို့အပြင် သူသည် လူတို့အား သူ့ကို နယ်ပယ်တစ်ခုအတွင်း ဘောင်ခတ်ခြင်းအားဖြင့် မကိုးကွယ်စေချင်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။

အရှေ့သို့- နောက်ဆက်တွဲ ၄- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။