၂၁၉ ထက်မြက်သောအသင်၊ အလျင်အမြန်နိုးထလော့ကျူး

၁ သန့်ရှင်းသော ဝိညာဉ်တော်၏ လတ်တလော အမှုသည် လူတို့အတွက် စိတ်ကူးကြည့်ရန် ဧကန်အမှန် ခက်ခဲပြီး၊ အားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြလေသည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစဉ်းစားစား မရှိခြင်းသည် အမှန်တကယ် အဆင်ပြေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်၏ နှလုံးသားနှင့် စိတ်သည် ထားသင့်သည့် နေရာတွင် မရှိပါက၊ သင်သည် ရှေ့ဆက်ရမည့်လမ်း ရှိလိမ့်မည်မဟုတ်။ အစမှ အဆုံးအထိ၊ အချိန်တိုင်း သင် သတိရှိရမည်ဖြစ်ပြီး၊ ပေါ့ဆမှုအပေါ် နိုးနိုးကြားကြားရှိဖို့ သေချာစေရမည်။ စဉ်ဆက်မပြတ် သတိရှိကာ စောင့်ဆိုင်း နေသောသူများနှင့် ငါ၏ရှေ့မှောက်တွင် ငြိမ်သက်သောသူများသည် မင်္ဂလာရှိကြ၏။ မိမိတို့၏ စိတ်နှလုံးများဖြင့် ငါ့အား အမြဲ လေးစားကြည်ညိုသောသူများ၊ ငါ၏ အသံကို သေချာစွာ နားထောင်ဖို့ ဂရုစိုက်သောသူများ၊ ငါ၏ လုပ်ဆောင်ချက်များကို အာရုံစိုက်သောသူများနှင့် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သောသူများသည် မင်္ဂလာရှိကြ၏။ အချိန်သည် နောက်ထပ် နှောင့်နှေးမှုကို အမှန်တကယ် ခွင့်မပြုနိုင်ပေ။ အမျိုးမျိုးသော ကပ်ဆိုးတို့သည် သင်တို့အားလုံးကို ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ဝါးမျိုပစ်ရန်အလို့ငှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ပါးစပ်များကို ဖွင့်ဟလျက်၊ သောင်းကျန်းကြလိမ့်မည်။ အချိန် ကျရောက်လေပြီ။ ချင့်ချိန်တွေးဆစရာ နောက်ထပ်မရှိတော့။ သင်တို့အား ငါ၏ ကွယ်ကာမှုအောက်သို့ ခေါ်ဆောင်လာပေးမည့် တစ်ခုတည်းသော လွတ်လမ်းမှာ ငါ၏ရှေ့မှောက်သို့ ပြန်လာဖို့ ဖြစ်သည်။

၂ ချက်ချာပါးနပ်သော သူတို့သည် သမ္မာတရား၌ အလျင်အမြန် နိုးထသင့်ပေ၏။ သင် မစွန့်လိုသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်လော့။ ထိုသို့သော အရာများသည် သင်၏ အသက်တာအဖို့ အမှန်တကယ် အန္တရာယ်ရှိပြီး၊ အကျိုးမရှိလေပြီ။ သင်သည် သင်၏ လုပ်ဆောင်မှုများတွင် ငါ့အပေါ် အမှီပြုနိုင်မည်ဟု ငါ မျှော်လင့်သည်။ သို့မဟုတ်ပါက၊ ရှေ့ဆက်ရမည့် တစ်ခုတည်းသောလမ်းကြောင်းမှာ သေခြင်းလမ်း ဖြစ်သည်- ထိုအခါ သင်သည် အသက်လမ်းကို မည်သည့်နေရာ၌ သွားရှာမည်နည်း။ အပြင်ပန်း အရာများနှင့် အလုပ်များရသည်ကို နှစ်သက်သော သင်၏ စိတ်နှလုံးကို ရုပ်သိမ်းလော့။ အခြားလူတို့ကို မနာခံတတ်သော သင်၏ စိတ်နှလုံးကို ရုပ်သိမ်းလော့။ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိ လုပ်ဆောင်ချက်သည် သင် စိတ်ကူးသည့်အရာ မဟုတ်ပေ။ အကယ်၍ သင်သည် သင်၏ အယူအဆများကို မစွန့်လွှတ်နိုင်ပါက၊ ကြီးစွာသော ဆုံးရှုံးမှုတစ်ခုကို သင် ခံစားရလိမ့်မည်။ အမှုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီနေစေရန်ဆိုပါက၊ သင်၏ ဟောင်းနွမ်းသော သဘာဝနှင့် အယူအဆများသည် ပေါ်လွင်လာနိုင်မည်လော။ သင်သည် မိမိကိုယ်ကိုယ် သိရှိနိုင်မည်လော။ သင်သည် အယူအဆများ ကင်းရှင်းသည်ဟု သင် တွေးထင်ဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤအချိန်တွင် သင်၏ အကျည်းတန်သည့် စရိုက်လက္ခဏာ အမျိုးမျိုးသည် ရှင်းလင်းစွာ ပေါ်လွင်လာလိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၁၈ အဆုံးထိတိုင်လိုက်လျှောက်ဖို့ ဝိညာဉ်တော်၏ အမှုတော်ကို နာခံပါ

နောက်တစ်ခုသို့- ၂၂၀ ယုံကြည်သူများသည် ဘုရား၏ခြေရာများကို ထက်ကြပ်မကွာ လိုက်ရသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၇၄၉ ဘုရားရဲ့ ကောင်းချီးအပေါ်ထားတဲ့ ယောဘရဲ့ သဘောထား

၁ယောဘဟာ သူလက်ထဲပိုင်သမျှသူ့ ကြိုးပမ်းမှုမဟုတ်ဘဲ ဘုရားပေးခဲ့တာကိုယုံခဲ့တယ်။ကောင်းချီးတွေကို အခွင့်ကောင်းယူစရာလို့ မမြင်ဘဲသူ လိုက်နာရမယ့်...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

၈၁ နောက်ဆုံးသောကာလ၌ စီရင်ခြင်းသည် ခေတ်ကို အဆုံးသတ်စေမည်

၁ နောက်ဆုံးသောကာလသည် ကျေးဇူးတော်ခေတ်၊ ပညတ်တော်ခေတ်တို့နှင့် အလွန်ကွဲပြားခြားနား။နောက်ဆုံးသောကာလ၏ အမှုတော်ကို အစ္စရေးပြည်မှာ မပြု၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။