မေးခွန်း (၁၆) အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလမှာ ပေါ်ထွန်းတဲ့ ဘုရားသခင်ဖြစ်တယ်၊ သမ္မာတရားဖြစ်တယ်လို့ ပြောတယ်နော်။ ဘုရားသခင်က ဒီလောကကိုဖန်ဆင်းပြီး စိုးပိုင်တယ်လို့လည်း ပြောတယ်။ သမိုင်းတလျှောက်မှာ လူသားတွေကို လမ်းပြကယ်တင်ခဲ့တယ်လို့လည်း ပြောတယ်။ ခင်ဗျားရဲ့ယုံကြည်မှုတွေကို ချက်ကျလက်ကျ သက်သေပြလို့ ရလား။ ကွန်မြူနစ်ပါတီဝင်ကျွန်တော်တို့တွေက ဘာသာမဲ့တွေ ဘုရားသခင်ရဲ့ပညတ်တော်ကိုရော ဘုရားသခင်ရှိတယ်ဆိုတာကိုပါ နည်းနည်းလေးမှ လက်မခံဘူး။ ခင်ဗျားတို့ယုံကြည်တဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကိုဆို ပိုတောင်လက်မခံဘူး။ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ လူသားဖြစ်ကြောင်း ရှင်းနေတာပဲ။ သူ့မှာ မိဘတွေ၊ မွေးချင်းတွေရှိတယ်။ ခရစ်ယာန်ဘာသာကတော့ သူ့ကို တစ်ဆူတည်းသောဘုရားအဖြစ် ကိုးကွယ်ဖို့ နားချကြတယ်။ တော်တော်အဓိပ္ပါယ်မရှိတာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ယေရှုလိုပဲ၊ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူပဲ။ သူက လူ့ဇာတိခံယူတဲ့ဘုရားသခင်ပါလို့ ခင်ဗျားတို့က ဘာကြောင့်ယုံရတာလဲ။ ပြီးတော့ နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင် ခရစ်တော်အဖြစ် ဘာကြောင့်လက်ခံရတာလဲ။ ဒါ ရူးမိုက်တာပဲ။ ဒါတွေအကုန်လုံး စိတ်ကူးယဉ် သက်သက်ပဲ။ ဘုရားသခင်ဆိုတာမရှိဘူး။ နောက်ပြီး လူ့ဇာတိခံယူတဲ့ဘုရားသခင်ဆိုတာ မရှိဘူး။ ကျွန်တော်ထပ်ပြောမယ် ဘုရားသခင်က လူအဖြစ်ကြွဆင်းလာတယ်လို့ ခင်ဗျားပြော တယ်နော်။ ခင်ဗျား ဘာနဲ့သက်သေပြ မလဲ။ ခင်ဗျားတို့ယုံကြည်မှုက ဘာအပေါ်မှာအခြေခံထားတာလဲဆိုတာ ကျွန်တော့်ကိုရှင်းပြနိုင်ကြရဲ့လား။

အဖြေ- ဘုရားသခင်ဆိုတာ မမြင်နိုင်၊ မထိနိုင်တဲ့ နာမ်ဝိညာဉ်ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော်ဟာ လူသားတွေကြားနိုင်မြင်နိုင်တဲ့ အမှုတော်တွေပြုပြီး လူတွေကိုစကားပြောတယ်။ ဒါအမှန်တရားပဲ သမ္မာကျမ်းစာထဲမှာ ရေးသားထားတဲ့ မှတ်တမ်းတွေအရ အဲဒါကို မြင်နိုင်တယ်။ မိုးကြိုးသံအားဖြင့် ကျွန်တော်တို့ကို စကားပြောတယ်။ လောင်မီးအားဖြင့် ကျွန်တော်တို့ကို စကားပြောတယ်။ ကျွန်တော်တို့ကို တိုက်ရိုက်စကားပြောဖို့ လူ့ဇာတိကို သူခံယူနိုင်တယ်။ ဒါ ဘယ်သူမှငြင်းဆန်လို့မရတဲ့ အချက်တွေပဲ။ ပညတ်တော်ခေတ်၊ ကျေးဇူးတော်ခေတ်နဲ့ နိုင်ငံတော်ခေတ်တစ်လျှောက်လုံးမှာ ဘုရားသခင်က လူသားတွေကို နှစ်ပေါင်းထောင်နဲ့ချီပြီး လမ်းပြခဲ့တာ ဒီအဆင့်တွေအားလုံးမှာ ဘုရားသခင်ဟာ စကားတွေအများကြီးပြောခဲ့တယ်။ ကျေးဇူးတော်ခေတ်မှာ ဘုရားသခင်ဟာ သမ္မာတရားကို ပြောကြားဖို့အတွက် သခင်ယေရှုအဖြစ် လူ့ဇာတိခံယူခဲ့တယ်။ ကယ်နုတ်ခြင်းအမှုတော်ကိုဆောင်ရွက်ရင်း လူသားတွေရဲ့အပြစ်တွေကို ဖြေလွှတ်ဖို့အတွက် လက်ဝါးကပ်တိုင်မှာ ကားစင်တင်ခံခဲ့ရတယ်။ နိုင်ငံတော်ခေတ်မှာ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် နောက်တစ်ခါ လူ့ဇာတိခံယူလာခဲ့တယ်။ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်း အမှုကိုပြုဖို့ သမ္မာတရားကို ဖော်ပြခဲ့ပြီး လူတွေကို ကောင်းမွန်တဲ့ပန်းတိုင်ဆီ ခေါ်ဆောင်သွားဖို့ကြွလာခဲ့ပြီ။ ဒါကြောင့် ဆိုးယုတ်မှုနဲ့အမှောင်ထုရဲ့ခေတ်ဟာ အဆုံးသတ် ချိန်တိုင်ပြီ။ လူ့ဇာတိခံယူတဲ့ နှစ်ကြိမ်လုံးမှာ ဘုရားသခင်ပြောခဲ့တဲ့ နှုတ်ကပတ်တော်အားလုံးဟာ လူတွေကို ဘုရားသခင်ရဲ့အသံတော်ကို ကြားစေပြီး သူ့အမှုကို မြင်စေခဲ့တယ်။ တစ်ယောက်ပြီး တစ်ယောက် သူ့ကိုကိုးစားလာကြတယ်။ ဒါကြောင့် လူသားမျိုးနွယ်ဟာ ဘုရားသခင်ရဲ့ အကန့်အသတ်မဲ့ဘုန်းတန်ခိုးတော် ဉာဏ်ပညာတော် ဖြောင့်မတ်တဲ့ စိတ်သဘောထားကို နားလည်ပြီး၊ သူ့ရဲ့အမှုတော်ကို မြင်လာကြတယ်။ ဒါဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ရဲ့အမှုတော်ကနေ စွမ်းဆောင်ရရှိတဲ့ အသိသာဆုံးရလဒ်ပဲ။ သာမန်လူတစ်ယောက်အနေနဲ့ ဒီကိစ္စတွေ တစ်ခုမှတတ်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့လူသားတွေမှာ အချင်းချင်း ကယ်နုတ်ဖို့အမှန်တရားမပြောနဲ့ အမှန်တရားဆိုတာ ကိုတောင် လက်ဝယ်ပိုင်ပိုင်မရှိဘူး။ ဘုရားသခင်က ဘယ်လိုနည်းနဲ့ပဲ အမှုတော်ပြုပြု၊ စကားပြောပြော ဘုရားသခင်ပြုတဲ့အမှုတော်က ဘယ်လောက်ပဲကြီးမြတ်နေပါစေ၊ ဘုရားကိုယုံကြည်သူ ဘယ်လောက်ပဲများပါစေ၊ စာတန်အုပ်စုကတော့ ကိုယ်တော်ရဲ့ပေါ်ထွန်းခြင်းကို ရှုတ်ချဖို့ အတတ်နိုင်ဆုံးကြိုးစားကြမှာပဲ။ လူတွေ ဘုရားကိုငြင်းဆန်ပြီး သံသယဝင်လာအောင် အကြောင်းပြချက်ပေါင်းစုံပေးပြီး၊ လိမ်လည်ကြမှာပဲ။ တရုတ်ကွန်မြူနစ်ပါတီက ခရစ်တော်ကိုငြင်းဆန်ပြီး ရှုတ်ချတယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို သာမန်လူတွေလို့ သမုတ်တယ်။ ဒါဟာ သမ္မာတရားကိုမုန်းတီးပြီး ဘုရားသခင်ကို ငြင်းဆန်တဲ့ ကွန်မြူနစ်ပါတီရဲ့ စာတန်စိတ် ကြောင့်ပဲ ကွန်မြူနစ်ပါတီဆိုတာ ကောင်းကင်ဘုံကို ရောက်နေရင်တောင် ဘုရားသခင်ရှိတယ်ဆိုတာကို ငြင်းမဲ့ ဘာသာမဲ့ပါတီပဲ။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ကို ဘယ်လိုလုပ် လက်ခံမှာလဲ။

လက်တွေ့ကျတဲ့ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဟာ ဘယ်အချိန် ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သမ္မာတရားကိုဖော်ပြနိုင်ပြီး ဘုရားသခင် ကိုယ်တော်တိုင်ရဲ့အမှုကို လုပ်ဆောင်နိုင်တာကိုထောက်ရင် သိပ်ကိုထင်ရှားပါတယ်။ အပြင်ပန်းဟာ သာမန်လူဖြစ်ပေမယ့် သူက ဘုရားသခင် ဝိညာဉ်တော် လူအဖြစ်ဝင်စားလာတာပါ။ သူလုပ်သမျှ ပြောသမျှတိုင်းဟာ ဘုရားသခင်ဝိညာဉ်တော်ဖြစ်ကြောင်း ဖော်ပြနေတယ်။ လူသားတွေကို ရွေးနုတ်ကယ်တင်နိုင်တယ်။ ခေတ်သစ်အစပြုပေးနိုင်ပြီး ခေတ်ဟောင်းတွေကို အဆုံးသတ်ပေးနိုင်တယ်။ နောက်ဆုံးမှာတော့ လူသားကို ဘုရားသခင်ရဲ့နိုင်ငံတော်ထဲ ဝင်ခွင့်ပေးနိုင်တယ်။ လုံးဝသံသယဖြစ်စရာမလိုပါဘူး။ လူ့ဇာတိခံယူတဲ့ ခရစ်တော်ရဲ့အလုပ်ဟာ ဘုရားသခင်ကိုယ်တိုင်ရဲ့အလုပ်ပါပဲ။ ခရစ်တော်ဟာ ဘုရားသခင် ကိုယ်ထင်ပြခြင်းပဲ။ သခင်ယေရှုလိုပဲ အပြင်ပန်းမှာသာမန်လူဆိုပေမဲ့ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဆိုတဲ့ လမ်းကို ယူဆောင်ခဲ့ပြီး၊ ကျွန်တော်တို့ကို ရွေးနုတ်ခဲ့တယ်။ အံ့ဖွယ်အမှုတွေ အများကြီးပြုခဲ့တယ်။ မုန့်ငါးလုံးနဲ့ ငါးနှစ်ကောင်တည်းနဲ့ ထောင်နဲ့ချီတဲ့လူတွေကို ကျွေးမွေးခဲ့တယ်။ အမိန့်တော်တစ်ခုတည်းနဲ့ လေနဲ့ပင်လယ်ကို ငြိမ်သက်စေခဲ့တယ်။ သေပြီးသားလူကို ရှင်သန်ထမြောက်စေခဲ့တယ်။ ဆက်ပြောရရင် အများကြီးပဲ သူဟောခဲ့တဲ့ သမ္မာတရားနဲ့ သူပြုခဲ့တဲ့ အံ့ဖွယ်အမှုတွေကို သာမန်လူသားတစ်ဦးအနေနဲ့ ဘယ်လိုမှမလုပ်နိုင်ဘူး ဒါကြောင့် ဘုရားသခင်ရဲ့အာဏာနဲ့ တန်ခိုးဟာ ပိုထင်ရှားပြီး သခင်ယေရှုဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်၊ ကျွန်တော်တို့ရဲ့ ရွေးနုတ်ခြင်းဖြစ်တယ်ဆိုတာကို သက်သေပြနိုင်တယ်။ အဲဒီအချိန်တုန်းက ယုဒဘာသာရေးခေါင်းဆောင်တွေဟာ သခင်ယေရှုရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ ဘယ်လူသားမှမစွမ်းနိုင်တဲ့ အာဏာနဲ့ တန်ခိုးရှိကြောင်းကို သေချာသိကြပေမဲ့၊ သခင်ယေရှုဟာ သာမန်လူပါလို့ စွပ်စွဲကြပြီး ဘုရားသခင်ကို ပုန်ကန်တဲ့စကားတွေပြောတယ်။ နတ်ဆိုးတွေကိုလည်း နတ်ဆိုးဘုရင်ရဲ့အာဏာနဲ့နှင်တယ်လို့ စွပ်စွဲခဲ့ကြတယ်။ အဲဒီလိုအလိမ်တွေနဲ့ လူတွေကို လှည့်ဖြားပြီး၊ သခင်ယေရှုကို ငြင်းဆန်အောင် လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ ယုတ်မာတဲ့ သဘာဝဟာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း သမ္မာတရားကို မုန်းတီးခြင်းဆိုတာ ရှင်းနေတာပဲ။ အခုချိန်မှာ ဘာသာရေး အသိုင်းအဝိုင်းတွေက သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်။ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်တယ်လို့ ယေဘုယျအားဖြင့် လက်ခံထားကြတယ်။ စာတန်နောက်လိုက်တွေ ကသာ ဘုရားကို ငြင်းဆန်ပြီး၊ ကျိန်ဆဲကြတယ်။ ကွန်မြူနစ်ပါတီဟာလည်း အဲဒီအတိုင်းပဲ လူ့ဇာတိခံယူတဲ့ခရစ်တော်ကို သာမန်လူလို့ပြောတယ်။ ခရစ်ယာန်အသင်းတော်တွေကို အစွန်းရောက်ဝါဒတွေအဖြစ် တံဆိပ်ကပ်ပြီး ကန့်သတ်ပစ်တယ်။ ဒီလိုတွေလုပ်တဲ့ တရုတ်ကွန်မြူနစ်ပါတီကရော ဆိုးယုတ်တဲ့သူတွေ မဟုတ်ဘူးလား။ သူတို့ကရော ဘုရားစကားနားမထောင်တဲ့ စာတန်နောက်လိုက်တွေ မဟုတ်ဘူးလား။

ဘုရားသခင်က ခရစ်တော်အဖြစ် လူ့ဇာတိခံယူတာဟာ အဓိကအားဖြင့် သမ္မာတရားကိုပြောဖို့နဲ့ လူသားတွေကို ကယ်တင်ပေးဖို့ပါ။ ခရစ်တော်ရဲ့ နှုတ်ကပတ်တော်ဟာ သမ္မာတရားဖြစ်တယ်လို့ ရှင်တို့က လက်မှမခံဘဲ။ သူ့ကို ငြင်းပယ်မှာပေါ့။ ကျိန်ဆဲတောင် ကျိန်ဆဲသေးတာပဲ။ ခရစ်တော်ကို ယုံကြည်ကိုးစားပြီး ကိုးကွယ်တဲ့သူတွေသာ ဘုရားသခင်ဆီက သမ္မာတရားနဲ့ ကယ်တင်ခြင်းကို ရရှိမယ်။ နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူသားတွေရဲ့အပြစ်ကို သန့်စင်ပေးပြီး၊ ကယ်နုတ်မယ့်သမ္မာတရားကို ဖော်ပြပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာလည်း သခင်ယေရှုလိုပဲ အပြင်ပန်းမှာ သာမန်ဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ဝိညာဉ်တော် လူအဖြစ်ကြွဆင်းလာတာဖြစ်တယ်။ တစ်နည်းပြောရရင် သူက ဘုရားသခင်ပဲ ဘုရားသခင်ကိုယ်တော်တိုင်ပြုရမဲ့ အမှုတော်မျိုး ဟောပြောရမယ့်သမ္မာတရားမျိုးကို သူက ပြုနိုင်ဟောနိုင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က လူသားတွေပျက်စီးမှုရဲ့ အကြောင်းမှန်ကို ပြောပြပြီး၊ စာတန်ဟာ လူသားမျိုးနွယ်ကို ဘယ်လိုဖျက်ဆီးတာလဲဆိုတာကို နားလည်အောင် ရှင်းပြပြီးပြီ။ လူတွေကို ဘုရားသခင်တောင်းဆိုတဲ့အရာ

သူတို့မှာရှိသင့်တဲ့သမ္မာတရားကိုတောင် ပြောခဲ့ပြီးပြီ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ကျွန်မတို့ကို ထွန်းလင်းတောက်ပတဲ့လမ်းကို ခေါ်ဆောင်ပေးတယ်။ ရိုးသားမှုရှိဖို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အားဖြင့်အသက်ရှင်ဖို့ ပြောတယ်။ ဒီနည်းနဲ့ပဲ ကျွန်မတို့ ကောင်းချီးမင်္ဂလာတွေ ခံစားရရှိနိုင်မယ်။ ကျွန်မတို့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်လက်ခံပြီးနောက်ပိုင်းမှာ ဘုရားရဲ့ အမှုတော်တွေကို ကြုံတွေ့လာရပြီး သမ္မာတရားတွေကို နားလည်လာတယ်၊ မသမ္မာမှုတွေကို စွန့်ပစ်၊ ဆိုးယုတ်ကောက်ကျစ်မှုတွေကို ခဝါချပြီး သန့်စင်စေခြင်းအမှုတော် အဆင့်ဆင့်ကို ခံစားနားလည်လာရတယ်။ ကျွန်မတို့ အသက်တာမှာ ရုန်းကန်ရှင်သန်ဖို့အတွက် ယုံကြည်ခြင်းအုတ်မြစ် ချပေးခဲ့တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကြောင့် ကျွန်မတို့ ဒီလို ဖြစ်လာခဲ့ရတာဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားအစစ်ဖြစ်တယ်၊ လူတွေကို သန့်စင်စေပြီး ကယ်တင်ခြင်းပေးနိုင်တယ် ဆိုတာအတွက် သက်သေပါပဲ။ လူတွေကိုလည်း မာရ်နတ်ရဲ့ စိတ်နေသဘောတွေကို ပယ်ရှား စေပြီး၊ စာတန်လွှမ်းမိုးမှုကနေလည်း လွတ်မြောက်စေတယ်။ အံ့ဖွယ်လမ်းဆုံးပန်းတိုင်တစ်ခုကိုလည်း ဆောင်ယူပေးတယ်။ ဘုရားသခင်ကလွဲလို့ ဒီလိုအမှုတော်ကို ဘယ်သူများထမ်းဆောင်နိုင်ဦးမလဲ။ ကျွန်မတို့အပြစ်လုပ်မိအောင် အဓိကသွေးဆောင်နေတဲ့အရာကို ဘယ်သူကပယ်ဖျက်ပြီး၊ အပြစ်ရဲ့နွံကနေ ကျွန်မတို့ကို ကယ်တင်မှာလဲ။ ကျွန်မတို့ကို အံ့ဖွယ်ခရီးပန်းတိုင်ဆီ တခြားဘယ်သူက ခေါ်သွားနိုင်ဦးမှာလဲ။ ဘုရားသခင်ကိုယ်တော်တိုင်ကလွဲရင်၊ အဲဒီလိုဘုန်းတန်ခိုးမျိုးကို ဘယ်သူမှမပိုင်ဘူး။ လူ့ဇာတိခံယူတဲ့ခရစ်တော်ကလွဲရင်၊ သမ္မာတရားကို ဖော်ပြနိုင်တဲ့သူ ဘယ်သူမှ မရှိဘူး။ ဒါအမှန်တရားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေက အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ဖြစ်ကြောင်း သက်သေပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဆိုတာ ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ ကယ်တင်ရှင်ခရစ်တော်အဖြစ် ကြွဆင်းလာခြင်းပဲ။

မစ္စတာဝမ် ခင်ဗျားတို့က လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို ငြင်းပယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ အခုလိုမျိုးပေါ့၊ ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ရောဖတ် ကြည့်ဖူးလား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ အမှုတော်တွေကိုရော စိတ်ဝင်တစားလိုက် ကြည့်ဖူးလား။ မဖတ်ဖူး မကြည့်ဖူးဘူးဆိုရင် ခရစ်တော်ကို အခုငြင်းပယ်နေသလို မငြင်းပယ်တာကောင်းမယ်။ ဒါ့အပြင် ခရစ်တော်ကို အပြစ်ရှိပါတယ်လို့ မသတ်မှတ်ဖို့ အကြံပေးချင်တယ်။ ခွင့်ပြုမယ်ဆိုရင် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ကျမ်းပိုဒ်တချို့ကို ဝေမျှချင်တယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ကပြောတယ်- “ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကိုလည်း စွဲကိုင်ထားမည်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူပြုရမည့်အမှုကို လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် လူ့ဇာတိခံယူသည့်အတွက် သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားတို့ဆီသို့ သမ္မာတရားကို သယ်ဆောင်လာမည်၊ လူသားတို့အပေါ် အသက်တာကို အပ်နှင်းမည်၊ လူသားတို့အား လမ်းခရီးကို ပြမည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မပါဝင်သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် မဟုတ်သည်မှာ မုချဖြစ်၏၊ ဤသည်ကို သံသယဖြစ်ဖွယ် မရှိချေ။ ဘုရားသခင် ခံယူထားသော လူ့ဇာတိ ဟုတ်မဟုတ် စစ်ဆေးရန်အတွက် လူသားတို့သည် သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ စိစစ်ဆုံးဖြတ်ရပေမည်။ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော လူ့ဇာတိဟုတ်မဟုတ်၊ မှန်ကန်သော လမ်းခရီး ဟုတ်မဟုတ်ကို သူ၏အနှစ်သာရကိုကြည့်၍ ဆုံးဖြတ်ရမည်။ ထို့အတွက်ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆုံးဖြတ်ရာ၌က သူ၏အပြင်ပန်းပုံသဏ္ဌာန်ထက် သူ၏အနှစ်သာရ (သူ၏အမှု၊ သူ၏နှုတ်ကပတ်တော်များ၊ သူ၏စိတ်နေသဘောထားနှင့် အခြားသောအရာများစွာ) ကို ဂရုပြုရမည်မှာ အဓိကဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား) သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံး အသက်ရရှိစေရန် ခရစ်တော်သည် နောက်ဆုံးသောကာလတွင် လာခြင်းဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်၍ ခေတ်အသစ်ထဲသို့ ဝင်ရောက်ရန်ဖြစ်ကာ ခေတ်အသစ်သို့ ဝင်ရောက်မည့်သူအားလုံး လိုက်လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သူ့ကို အသိအမှတ်ပြုနိုင်စွမ်း သင့်တွင်မရှိဘဲ ပြစ်တင်ရှုတ်ချခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက သင်သည် ထာဝရလောင်ကျွမ်းခံရ၍ ဘုရားသခင်၏ နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရောက်ရမည် မဟုတ်သည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤခရစ်တော်ကိုယ်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေးစေခိုင်းခဲ့သူ ဖြစ်သောကြောင့်ဖြစ်၏။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်က ဆောင်ရွက်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုခြင်းဖြစ်သည်ဟု ငါပြော၏။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပုတ်ခတ်ပြောဆိုသူတို့ ခံစားရမည့် အကျိုးအပြစ်မှာ အားလုံးအတွက် သက်သေပြရန် မလိုပါ။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပြီးနောက် သူ့ကိုငြင်းပယ်ပါက အကျိုးသက်ရောက်မှုများကို သင့်ကိုယ်စား ခံစားပေးနိုင်သူ တစ်ဦးမျှ မရှိဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ ထောက်ခံမှုကိုရရှိရန် အခွင့်အရေး နောက်တစ်ရပ်ရှိမည် မဟုတ်ပါ။ သင့်ကိုယ်သင် ရွေးနုတ်ရန် ကြိုးစားလျှင်ပင် သင်သည် ဘုရားသခင်၏မျက်နှာကို နောက်တစ်ကြိမ် မြင်ရတော့မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သောသူမှာ လူသားတစ်ဦးမဟုတ်၊ သင်ငြင်းပယ်သောသူမှာ သေးနုပ်သည့်သတ္တဝါမဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကို သင်သိပါသလား။ သင်ပြုလိုက်သည်မှာ သေးငယ်သည့် အမှားတစ်ရပ် မဟုတ်ဘဲ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ပြစ်မှုတစ်ရပ်ဖြစ်၏။ ထို့ကြောင့် သမ္မာတရား ရှေ့မှောက်တွင် အစွယ်မထုတ်ရန်၊ သို့မဟုတ် အမှုမဲ့အမှတ်မဲ့ ကဲ့ရဲ့ပြစ်တင်ပြောဆိုမှုများ မလုပ်ရန် လူတိုင်းကို ငါအကြံပြု၏။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည်သာ သင့်ကို အသက်ပေးနိုင်၍ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားခွင့်နှင့် ဘုရားသခင်၏မျက်နှာကိုမြင်ခွင့် ပေးနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ခရစ်တော်အကြောင်းကို ကောင်းကောင်းရှင်းပြနိုင်တယ်။ ကျွန်တော်တို့ယုံကြည်သူတွေက အနန္တတန်ခိုးရှင်ရဲ့ နှုတ်ကပတ်တော်တွေကို အများကြီးဖတ်ဖူးတယ်။ အဲဒါကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်းရဲ့ သမ္မာတရားကို နားလည်နိုင်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအမှုတော်မြတ်ကို လက်ခံနိုင်တာဖြစ်တယ်။ သမ္မာတရားကိုနားမလည်ရင်၊ ဘုရားသခင်ရဲ့အမှုတော်ကိုလည်း အထင်မှားပြီး ကျိန်ဆဲတဲ့အဆင့်ထိ ရောက်နိုင်တယ်။ သမ္မာတရားနောက်လိုက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို သိထားမှ ဘုရားသခင်ကိုဆန့်ကျင်တဲ့စကားမျိုး ပြောမထွက်ဘဲနေမယ်။ ဒါရိုက်တာပန် မစ္စတာဝမ် ဘုရားသခင် ဒါမှမဟုတ် လူ့ဇာတိခံယူတဲ့ဘုရားသခင်ကို မငြင်းပယ်ခင် နှစ်ခါပြန်စဉ်းစားဖို့ ကျွန်တော်တို့မျှော်လင့်တယ်။ ဘုရားကို စော်ကားမိမှာစိုးရိမ်လို့ပါ။

ကွန်မြူနစ်ဝါဒ၏ မုသားများ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားမှာ “အနေနှင့်” ဖြစ်သည်။

အရှေ့သို့- မေးခွန်း (၁၅) နိုင်ငံ့ခေါင်းဆောင်တွေက ခရစ်ယာန်ဘာသာနဲ့ ကတ်သလစ်ဘာသာကို အစွန်းရောက်ဝါဒအဖြစ် သတ်မှတ်ပြီး သမ္မာကျမ်းစာကို အစွန်းရောက်စာအုပ်အဖြစ် သတ်မှတ်လိုက်ပြီ။ ဒါအများအားဖြင့် လက်ခံထားကြတဲ့ အချက်တွေပဲ။ ဗဟိုအစိုးရက ခရစ်ယာန်အိမ်တွင်းအသင်းတော်တွေကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ် ဘာကြောင့်သတ်မှတ်လိုက်သလဲ ဆိုတာကို ကျွန်တော် သုတေသနလုပ်ထားတဲ့အဖြေကတော့ ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က ဖန်ဆင်းရှင်ဖြစ်ပြီး လူသားမျိုးနွယ်ကို ဖန်ဆင်းတယ်လို့ သက်သေခံတဲ့သူတွေ၊ ဘုရားသခင်က အရာအားလုံးအပေါ်အစိုးရပြီး စကြဝဠာအရှင်သခင်အဖြစ် အရာအားလုံးကို ထိန်းချုပ်တယ်လို့ သက်သေခံတဲ့သူတွေ၊ ကျွန်တော်တို့ကို ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုးကွယ်စေချင်တဲ့သူတွေအားလုံးဟာ အစွန်းရောက်ဝါဒီတွေဖြစ်တယ်လို့ သတ်မှတ်လိုက်လို့ပဲ။ ဘုရားသခင်ရဲ့ သန့်ရှင်းခြင်း ဖြောင့်မတ်ခြင်း မေတ္တာတော်နဲ့ ကယ်တင်ခြင်းကို သက်သေခံတဲ့သူတွေ စာတန်ကို လူသားမျိုးနွယ်ကို ဖျက်ဆီးနေသူအဖြစ် ကျိန်ဆဲတဲ့သူတွေ၊ အထူးသဖြင့် ကွန်မြူနစ်ပါတီကို တိုက်ရိုက်တိုက်ခိုက်ပြီး ကျိန်ဆဲတဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေအဖြစ် သတ်မှတ်တယ်။ သခင်ယေရှုပြန်လာပြီလို့ သက်သေခံတဲ့သူတွေ၊ လူ့ဇာတိခံယူတဲ့ ခရစ်တော်အကြောင်း သက်သေခံတဲ့သူတွေ၊ သာမန်လူသားတစ်ယောက်ရဲ့ ဆောင်ရွက်ချက်တွေကို ကယ်တင်ရှင်ရဲ့ အမှုတော်အဖြစ် ချဲ့ကားပြောဆိုနေတဲ့သူတွေ၊ ခရစ်တော်ရဲ့စကားတွေဟာ ပကတိအမှန်တရားပါလို့ လူသိရှင်ကြား ကြေညာပြီး သက်သေခံတဲ့သူတွေ၊ ကွန်မြူနစ်ပါတီကို ယုံကြည်မယ့်အစား ဘုရားသခင်ကို လက်ခံဖို့ ကိုးကွယ်ယုံကြည်ဖို့ သူများတွေကို အားပေးအားမြှောက် လုပ်တဲ့သူတွေအားလုံးကို အစွန်းရောက်ဝါဒီတွေလို့ သတ်မှတ်တယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဟာ အရာအားလုံးရဲ့အထက်က အမှန်တရားဖြစ်တယ်၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်ပြီး "နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ပေါ်လာ၏" ဆိုတာဟာ သမ္မာတရားလို့ သက်သေခံပြီး ကွန်မြူနစ်ပါတီရဲ့ ယုံကြည်ချက်ဖြစ်တဲ့ မာ့က်စ်-လီနင်ဝါဒကို ကျိန်ဆဲတဲ့သူတွေ အားလုံးကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ဘုရားသခင် ပြန်လာပြီလို့ တရားဟောပြီး နောက်ဆုံးသောကာလခရစ်တော်ကို သက်သေခံသူတွေ ဘုရားသခင်ရဲ့ ကယ်နုတ်ခြင်းကို လူသားတွေလက်ခံနိုင်ပြီး၊ ကောင်းကင်နိုင်ငံတော်ကိုဝင်ဖို့ တစ်ခုတည်းသောလမ်းဖြစ်တဲ့ ဘုရားသခင်နောက်လိုက်ဖို့ ပန်ကြားတဲ့သူတွေကို အစွန်းရောက်ဝါဒီအဖြစ် သတ်မှတ်တယ်။ ကျွန်တော်သိသလောက်တော့ ဒီအချက်တွေကြောင့် အစိုးရက ခရစ်ယာန်အသင်းတော်တွေ အားလုံးကို အထူးသဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒ အဖြစ် သတ်မှတ်လိုက်တာပဲ။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရပါတီဖြစ်တယ်။ ကွန်မြူနစ်ပါတီဆိုတာ ဘုရားရှိဝါဒ အားလုံးကို ဆန့်ကျင်တဲ့ မာ့က်စ်-လီနင် ဘုရားမဲ့ဝါဒီပါတီပဲ။ ဘုရားသခင်ကို ယုံကြည်တဲ့ အသင်းအဖွဲ့မှန်သမျှကို အစွန်းရောက်ဝါဒီတွေအဖြစ် အပြစ်ရှိတယ်လို့ ကွန်မြူနစ်ပါတီက ကြေညာတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အကြွင်းမဲ့ အာဏာကို ပြသတာပဲ ကွန်မြူနစ်ပါတီကသာ ကြီးမြတ်ခမ်းနားပြီး မှန်ကန်တယ်၊ မာ့က်စ်-လီနင်ဝါဒနဲ့ ဆန့်ကျင်တာမှန်သမျှ မှားတယ်။ ကွန်မြူနစ်ပါတီအနေနဲ့ အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ချင်တယ်။ တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီကို ကြီးမြတ်တဲ့ပါတီအဖြစ် မြင်ကြရမယ်။ ခင်ဗျားတို့အသင်းတော်က ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ပြန်လာပြီး နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဖြစ်တယ်လို့ ဟောတယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က အမှန်တရားကိုဖော်ပြပြီး လူသားတွေကို သန့်စင်ရွေးနုတ်တယ်၊ ဘုရားသခင်ရဲ့နိုင်ငံတော် တည်ပြီလို့လည်း ဟောတယ်။ ဒါကြောင့် ဘာသာရေးအဝန်းအဝိုင်းတွေကွဲထွက်ကုန်ပြီး သန်းနဲ့ချီတဲ့လူတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကိုးကွယ်လာကြတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်အပေါ်ရိုက်ခတ်မှုရှိပြီး လူ့အဖွဲ့အစည်းအတွင်း မငြိမ်မသက်ဖြစ်လာတယ်။ ခင်ဗျားတို့တွေက တိုင်းပြည်ငြိမ်ဝပ်ပိပြားရေးကို ခြိမ်းခြောက်နေတာပဲ။ ဒါကြောင့် အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အစွန်းရောက်ဝါဒအဖြစ်ကြေညာပြီး၊ နှိမ်နင်းတာပဲ။ ခင်ဗျားတို့အားလုံး အလိမ်ခံရပြီး လမ်းလွဲနေကြပြီ။ ခင်ဗျားတို့ မြန်မြန်နောင်တရပြီး၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို စွန့်ခွာပြီး၊ ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်ရဲ့ အသင်းသားအဖြစ် ခံယူပါ။ ဒါဆိုရင်တော့ ရာဇဝတ်မှုမမြောက်တော့ဘူး။

နောက်တစ်ခုသို့- မေးခွန်း (၁၇) အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတာ နောက်ဆုံးသောကာလမှာ ကမ္ဘာပေါ်ကြွဆင်းလာတဲ့ ဘုရားသခင်ပဲလို့ ရှင်တို့ပြောတယ်။ ရှင်တို့ရဲ့ယုံကြည်မှုကလည်း ဘဝမှာ သမ္မာတရားကိုရှာဖွေလိုမှု မှန်ကန်တဲ့လမ်းကို ရှာဖွေလိုမှုကနေ မြစ်ဖျားခံလာတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်မရဲ့အတွေ့အကြုံအရတော့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တပည့်တော် အတော်များများဟာ ယေရှုရဲ့ သာသနာပြုတွေလိုပဲ၊ မိသားစုတွေ ဘဝတက်လမ်းတွေကိုစွန့်လွှတ်ဖို့၊ မတွေဝေဘဲ ဧဝံဂေလိသတင်းကောင်းဟောကြားဖို့ ၊ ဘုရားသခင်ကို သက်သေခံဖို့အတွက် သူတို့ရဲ့ ကိုယ်ရော၊ ဝိညာဉ်ကိုပါ ဘုရားသခင်ဆီ အပ်နှင်းထားတာပဲ။ အဲဒီလူတွေထဲမှာ နောက်ဆုံးသောကာလရဲ့ခရစ်တော်နောက်ကို လိုက်ဖို့အတွက်၊ လက်ထပ်ထိမ်းမြားခြင်း မပြုဖို့ရွေးချယ်လိုက်တဲ့ လူငယ်လေးတွေလည်း အများကြီးပါတယ်။ ရှင်တို့တွေ ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တဲ့အတွက်၊ ဘုရားသခင်ကိုယုံကြည်သူတွေဟာ များသထက် ပိုများလာတယ်။ ကမ္ဘာပေါ်က လူတိုင်းသာ ဘုရားသခင်ကိုယုံကြည်ကြရင်၊ ကွန်မြူနစ်ပါတီ ထဲကို ဘယ်သူကဝင်ဦးမှာလဲ။ ပါတီကိုရော ဘယ်သူကယုံကြည်ဦးမှာလဲ။ ဒါကြောင့် အစိုးရက ယုံကြည်သူတွေကို ဖိနှိပ်ဖမ်းဆီးရတာဖြစ်တယ်။ ပြဿနာကို မြင်ပြီလား။ ရှင်တို့တွေရဲ့ အဲဒီလိုယုံကြည်ချက်ကြောင့် လူတွေအများကြီး အဖမ်းခံရ၊ ထောင်အချခံရ၊ အိုးပစ်အိမ်ပစ်ထွက် ပြေးရတွေ ဖြစ်ကြရတာ။ လင်မယားတွေအများကြီး ကွာရှင်းကုန်ကြပြီး၊ ကလေးတွေအများကြီး မိဘမဲ့ဖြစ်ကြရတယ်။ သက်ကြီးရွယ်အိုတွေအများကြီးလည်း ပြုစုမယ့်သူ မရှိရှာတော့ဘူး။ ရှင်တို့တွေ ဘုရားသခင် အပေါ်ထားတဲ့ ဒီလိုယုံကြည်ချက်ကြောင့် ရှင်တို့ရဲ့မိသားစုတွေပဲ စိတ်ဆင်းရဲခံစားကြရတာ။ ရှင်တို့ရဲ့ ပန်းတိုင်ကဘာလဲ။ ဒီလမ်းက ရှင်တို့ပြောတဲ့ လမ်းပြခြင်းခံရပြီးရောက်လာတဲ့ လမ်းမှန်လား။ တရုတ်ရိုးရာယဉ်ကျေးမှုမှာ ဘိုးဘွားမိဘတွေ အပေါ်ရိုသေပူဇော်ခြင်းကို အထွဋ်အမြတ်ထား ကြတယ်။ ဆိုရိုးအရ “အရာအားလုံးထက် ဘိုးဘွားမိဘတွေအပေါ်ရိုသေဖို့ အရေးစိုက်ပါ” တဲ့။ ကွန်ဖြူးရှပ်ကလည်းပြောခဲ့တယ်၊ “မိဘတွေ သက်ရှိထင်ရှားရှိနေတုန်း ခရီးဝေးထွက်မသွားပါနဲ့” တဲ့။ မိဘတွေပေါ်ရိုသေခြင်းဟာ လူသားအချင်းချင်း ဆက်ဆံမှုမှာ အခြေခံအုတ်မြစ်ပဲ။ ရှင်တို့ကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ သူတွေကိုတောင် ဂရုစိုက်မပေးနိုင်ဘဲ၊ ဘုရားသခင် နောက်ကိုပဲ အခုရှင်တို့လိုက်သလို လိုက်နေတာက လူသားတွေအတွက် လိုက်လျှောက်စရာလမ်းမှန် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ယုံကြည်သူတွေက အကောင်းဆုံးလူတွေလို့ သူများတွေပြောကြတာ ခဏခဏကြားဖူးတယ်။ ဒါမမှားဘူး။ ဒါပေမဲ့ ဘုရားသခင်ကိုကိုးကွယ်တဲ့ရှင်တို့တွေက ဘုရားသခင်ကို အရာအားလုံးထက် အလေးအမြတ်ထားတာကို ကွန်မြူနစ်ပါတီက အမြင်မကြည်ဘူး။ အဲဒါကို သူတို့တွေ မုန်းတယ်။ ရှင်တို့တွေက ဧဝံဂေလိတရားကို လိုက်ဟောနေပေမဲ့ ကိုယ့်မိသားစုကိုတောင် ပြန်ဂရုမစိုက်နိုင်ဘူး။ ဒါမျိုးကို လုပ်ရပ်ကောင်းပါလို့ ဘယ်လိုသတ်မှတ် ရမှာလဲ။ ရှင်တို့ရဲ့ယုံကြည်မှုက တစ်နေရာရာမှာတော့ လမ်းလွဲခဲ့ပြီလို့ မထင်မိဘူးလား။ ရှင်တို့တွေ အခုလိုလုပ်နေတာတွေက ကျွန်မတို့လူ့အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ ဟန်ချက်ညီမှုကို ပျက်စီးစေတာ မဟုတ်ဘူးလား။ ရှင်တို့တွေ လမ်းမှားကို ဆက်မလျှောက်ဖို့ အကြံပေးချင်တယ်။ ရှင်တို့ရဲ့ ယုံကြည်ချက်ကိုစွန့်လွှတ်ပြီး အိမ်ပြန်ကြပါ၊ မိသားစုတွေနဲ့ပြန်ဆုံပြီး သူတို့ကိုဂရုစိုက်ပါ၊ သာမန်ဘဝနဲ့ နေထိုင်ပါ။ အဲဒါဟာ သားသမီးတွေအဖြစ်နဲ့ရော မိဘတွေအဖြစ်နဲ့ပါ ရှင်တို့ထမ်းဆောင်ရမယ့် ဝတ္တရားဖြစ်တယ်။ ဒီလိုလက်တွေ့ကျတဲ့အရာတွေကိုသာ လူသားတွေအနေနဲ့ လုပ်ဆောင်သင့်တယ်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။