၄၁၃ ယုံကြည်သူများသည် ဘုရား၏ခြေရာများကို ထက်ကြပ်မကွာ လိုက်ရသည်
၁
လူသည် ဘုရားအားယုံကြည်တဲ့အတွက် သူ့ခြေရာကို နီးကပ်စွာ လိုက်ရမည် ဘုရားနောက်တော်သို့ တစ်ဆင့်ပြီးတစ်ဆင့် လိုက်သင့် သိုးသူငယ်သွားရာနောက်ကို လိုက်ပါ သမ္မာတရားလမ်း ရှာဖွေသောသူတို့သာ ဝိညာဉ်တော်ရဲ့အမှုကို သိသောသူတွေ ဝိညာဉ်တော်ရဲ့အလုပ်ဟာ အယူဝါဒ နောက်သို့ မျက်စိစုံမှိတ် လိုက်သောသူတို့ကို သုတ်သင်ဖယ်ရှား ခေတ်တစ်ခုဆီတိုင်းတွင် ဘုရားဟာ အသစ်သောအမှုပြုပြီး လူတို့အကြားမှာ အသစ်သောအစကို ပြုရန်ဖြစ်သည်။ ယေ ဟောဝါသည် ဘုရားဖြစ်ကြောင်း၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း စတဲ့ ခေတ်တစ်ခေတ်ရှိ သမ္မာတရားများအားဖြင့်သာ လူသည်ရပ်တည်နေမယ်ဆိုရင် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အမှုကို လက်လှမ်းမမီဘဲ ထိုအမှုကို ရရှိလိမ့်မည်မဟုတ် သိုးသူငယ်နောက် သို့ အဆုံးတိုင်အောင် လိုက်သောသူတို့သာ နောက်ဆုံးသောကောင်းချီး ရရှိကြ
၂
သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်နှင့်အတူ အဆုံးတိုင်အောင် လက်လှမ်းမီအောင် မလိုက်သောသူ၊ အမှုဟောင်းသာ ဖက်တွယ်သောသူတို့သည် ဘုရားအပေါ် သစ္စာမဲ့ကြပြီး ဘုရားကို ဆန့်ကျင်သောသူများဖြစ်လာကြ ခေတ်သစ်၌ ငြင်းပယ်ခြင်းခံရသောသူများဖြစ်လာကာ အဆုံးတွင် ပြစ်ဒဏ်ပေးခြင်းခံကြရလိမ့်မည်။ ဒီထက် သနားဖွယ်လူ ရှိဉီးမလား။ ပညတ်တရား စွဲစွဲမြဲမြဲ ဖက်တွယ်သောသူတို့သည် ပညတ်တရား အပေါ် ပိုသစ္စာရှိကြပြီး ဘုရားအား ပိုပို ဆန့်ကျင်ပုန်ကန်ကြတာ ယခုသည် ပညတ်တော်ခေတ်မဟုတ်ဘဲ နိုင်ငံတော်ခေတ် ဖြစ်တဲ့အတွက် ယနေ့ပြုတဲ့အမှုသည် ယခင်အချိန်ကပြုခဲ့ပြီးသည့် အမှုများနှင့် နှိုင်းယှဉ်၍ မရနိုင်ပါ ဘုရားရဲ့အမှု ပြောင်းလဲခဲ့ပြီ။ လူရဲ့ လက်တွေ့ကျင့်ဆောင်မှုလည်း ပြောင်းလဲ ပညတ်တော်ကို ထိန်းသိမ်းဖို့မဟုတ်၊ ကားတိုင်ထမ်းဖို့ (လည်း) မဟုတ်။ ဒါကြောင့် ကားတိုင်နှင့် ပညတ်တော်အပေါ် သစ္စာရှိတဲ့ လူတို့သည် ဘုရားရဲ့ ထောက်ခံခြင်းရရှိမည်မဟုတ်
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။